ပေါက်ကရ လေးဆယ်

Subscribe:

Thursday, May 24, 2012

ညစ်တဲ့ ဇော်မင်း


ပရိစ္ဆေ
နှစ်တွေသာ ညောင်းခဲ့ပေါ့
ပြောင်းတော့မယ်တဲ့
ခေတ်ဟောင်းရယ်....။
မောလျဖွယ် အတိတ်အကြောင်းဆီက
ခွတ်ဒေါင်းတွေ အတောင်ကျွတ်ခဲ့ပေါ့
ဖွတ်စောင်းတွေ ပလ္လင်ရှေ့ထွက်တော့
ညက်ညက်ကြေတဲ့ မြန်မာပြည်
ဒီအတိုင်း မနေတော့ပါဘူး
ရည်စူးကာ တွန်းကြမယ်ဟဲ့
နို့ငတ်တဲ့ နွားသငယ်
ဘယ့်နှယ် ရုန်းမတုန်း..။
ထုံးထုံး သံမြည်
မီးစက်သံ ညံစီစီကြား
တို့ပြည်သားတွေ အသက်ငင်
ရယ်ရွှင်စရာအဖြစ်
ထွက်တဲ့လျှပ်စစ် သူများရောင်း
ပြည်သားအပေါင်းအတွက် ဖယောင်းတိုင်
ပိုင်လိုက်တဲ့ စိတ်ကူး
သူရူးတွေ ၀န်မင်းဖြစ်လေတော့
ဘယ်သင်းကို ကယ်ပါတမ်းရပါ့
မကျန်းမာ ကိုယ့်ဓာတ်စာ ကိုယ်ဖော်စားရတဲ့ခေတ်မှာ
မြစ်ဧရာ ဓားစာခံဖြစ်ပါပေါ့
ချော့တစ်ခါ ခြောက်တစ်လှည့်ရယ်နဲ့
ညစ်တဲ့ ဇော်မင်း။
                                   ငချွန်းယေ(၂၃.၅.၂၀၁၂)

0 comments:

Post a Comment