ပေါက်ကရ လေးဆယ်

Subscribe:

Thursday, July 11, 2013

ဘွရှင်ကော်မရှင်

သမ္မတအိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်စင်တာတွင် ရက်တိုသင်တန်းအမြန်တက်၍ TOEFL ဖြေကာ အမေရိကန်ပြည်ထောင်စုသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော ရိုတိန်ညာကိင်းဒမ်း၏ Emir ဖြစ်သူ ရှိတ်ခါလီဖာ ဘာညာသာရကာ ဘင် စူလတန်အာလာဒင်ဘွရှင်သည် ၎င်း၏ချစ်ကြည်ရေးခရီးစဉ်ကာလအတွင်း ၀ါဒီယာနေပြည်တော်၌ မပြီးပြတ်သေးသည့် လုပ်ငန်းဆောင်တာများအား စစ်ဆေးကြီးကြပ်စုံစမ်းရန် အလို့ငှာ ကော်မရှင်ပေါင်း သောင်းခြောက်ထောင်ဖွဲ့စည်းခဲ့လေသည်။
ကော်မရှင် (၁)

ဘွမဟေသီ ဒေါ်မေ၀င်းလဲ့ရီ၏ ဘွရှင်အပေါ်စိတ်ကောက်ခြင်းအကြိမ်အရေအတွက်အား တစ်နေ့လျှင် အကြိမ်အရေအတွက် မည်မျှစိတ်ကောက်သည်ကို စုံစမ်းစစ်ဆေးရေးကော်မရှင်

ကော်မရှင်(၂)

ကော်မရှင်(၁)မှစုံစမ်းစစ်ဆေးတင်သွင်းသည့် စိတ်ကောက်သည့် အကြိမ်တိုင်းတွင် အဘယ်ကြောင့် စိတ်ကောက်သည်ဟူသော အကြောင်းရင်းအား စုံစမ်းစစ်ဆေးမည့် ကော်မရှင်

ကော်မရှင်(၃)

ကော်မရှင်(၂)မှတင်သွင်းသည့် စိတ်ကောက်သည့် အကြောင်းရင်းအစီအရင်ခံစာအား အသေးစိတ်စုံစမ်းစစ်ဆေး အဖြေရှာ၍ စိတ်ကောက်သင့်၊မသင့်ကို ဆန်းစစ်လေ့လာ သုတေသနပြုမည့် ကော်မရှင်

ကော်မရှင်(၄)

ကော်မရှင်(၃)မှတင်သွင်းသည့် အစီအရင်ခံစာအရ ဒေါ်မေ၀င်းလဲ့ရီ၏ စိတ်ကောက်ခြင်းများထဲမှ အမှန်တကယ်စိတ်ကောက်သင့်သည့် အကြောင်းရင်းများအား ပြေပျောက်စေရန် သင့်တော်သည့်နည်းလမ်းများအား ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်

ကော်မရှင်(၅)

ကော်မရှင်(၄)၏ လုပ်ငန်းဆောင်ရွက်မှုများ တိကျသေချာမှုရှိစေရန် အနီးကပ်စောင့်ကြည့်လေ့လာ အကဲခတ်၍ လိုအပ်ချက်များအား ဘွရှင်ထံသို့ တိုက်ရိုက်အစီရင်ခံတင်ပြရန်

ကော်မရှင်(၆)

ကော်မရှင်(၅)ထံမှ အစီအရင်ခံတင်ပြလာသည့် အချက်များအပေါ် အခြေခံစဉ်းစားဆုံးဖြတ်ရန် နည်းလမ်းများအား အကြံပြုတင်ပြရန်

ကော်မရှင်(၇)

ကော်မရှင်(၆)မှတင်ပြလာသော နည်းလမ်းများအား ကော်မရှင်(၄)နှင့် ပူးပေါင်း၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်

ကော်မရှင်(၈)

ကော်မရှင်(၇)နှင့် ကော်မရှင်(၄)တို့၏ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု တိုးတက်ခြင်းရှိမရှိကို အနီးကပ်စောင့်ကြည့်လေ့လာ၍ ဘွရှင်ထံတင်ပြရန်

ကော်မရှင်(၉)

ကော်မရှင်အသီးသီး၏ လုပ်ငန်းဆောင်ရွက်နေမှုများအား အများပြည်သူသိရှိစေရန်အတွက် သတင်းထုတ်ပြန်ခြင်း ဆောင်ရွက်ရန်

ကော်မရှင်(၁၀)

ဒေါ်မေ၀င်းလဲ့ရီ စိတ်ကောက်ပြေသွားသည့်အချိန်တွင် ဘွရှင်ထံ အဘယ်ကြောင့် စိတ်ကောက်ပြေသွားခြင်း ဖြစ်ကြောင်း ကော်မရှင်အသီးသီး၏ တာဝန်ယူဆောင်ရွက်ပုံ အဆင့်ဆင့်အား အစီအရင်ခံစာ အပြည့်အစုံတင်သွင်းရန်

လိုအပ်ပါက ကော်မရှင်အား အမှတ် (၁၁)မှ (၉၉)အထိ ထပ်မံတိုးချဲ့မည်ဖြစ်သည်။

ပုံ/

ဘွရှင်

ခေတ္တ

အမေရိကန်ပြည်ထောင်စု....ခိခိ
  
၁၁.၃.၂၀၁၃

2 comments: