ပေါက်ကရ လေးဆယ်

Subscribe:

Friday, October 3, 2014

ထိုင်းနိုင်ငံ၌ ကျွန်ခံစဉ်

Koh Tao ကျွန်းပေါ်မှ ဘွရှင် အလုပ်လုပ်ခဲ့ဖူးသည့်
Charm Churee Villa Resort
ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလတုန်းက တရားမ၀င် အလုပ်သွားရောက် လုပ်ကိုင်ရသူတွေဟာ လမ်းခရီးမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ သွားဖူးသူတွေကြားမှာ ရာနှုန်းပြည့်နီးပါး ကြုံခဲ့ဖူးလို့ ဒီနေရာမှာ ရေးမပြချင်တော့ပါဘူး။ ဒါပေမယ့် Koh Tao ကျွန်းက တိုးရစ်စုံတွဲ သတ်ခံရမှုမှာ မြန်မာအလုပ်သမားတွေကို စွဲချက်တင်တဲ့သတင်းကြောင့် အဲနေရာမှာ ကျွန်ခံတုန်းက အတွေ့အကြုံလေးတချို့ကို စားမြုံ့ပြန်ပါရစေ။

Thursday, October 2, 2014

ရွှေနန်းရှင်နှင့် အာဏာပိုင် အပိုင်း(၂)



အသက်ကိုးနှစ်လောက်ကတည်းက ထိုင်းဘုရင်ဖြစ်လာတဲ့ အနန္ဒမဟီဒေါဟာ ဖခင်ဖြစ်သူ နိုင်ငံခြားရောက်နေတဲ့အချိန် ဂျာမနီနိုင်ငံ၊ Heidelberg မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ထိုင်းဘာသာစကားထက် ဥရောပဘာသာစကားတွေကို ပိုကျွမ်းကျင်ပြီး အနောက်တိုင်းယဉ်ကျေးမှုနဲ့ ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ သူ့ခမည်းတော်မင်းသား မဟီဒေါကိုယ်တိုင်က ထီးညွှန့်နန်းလျာမဖြစ်ခဲ့တဲ့အတွက် အနန္ဒမဟီဒေါနဲ့ ဘူမိဘောတို့ညီအစ်ကိုဟာ နောင်တချိန်မှာ ဘုရင်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ကြပါဘူး။ အနန္ဒမဟီဒေါဘုရင်ဖြစ်ပြီးတဲ့အချိန်ထိ နိုင်ငံခြားမှာ ကြီးပြင်းလာခဲ့တဲ့ ညီနောင်နှစ်ပါးဟာ အချင်းချင်းစကားပြောရင် မိခင်ထိုင်းဘာသာစကားနဲ့ မပြောပဲ ပြင်သစ်စကားနဲ့ပဲ ပြောလေ့ရှိတယ်လို့ သိရပါတယ်။ ကိုယ်ဟန်အမူအရာ ယဉ်ကျေးသိမ်မွေ့ပြီး ကျန်းမာရေးချူချာတဲ့ အနန္ဒမဟီဒေါဟာ မိခင်ဖြစ်သူရဲ့ အချစ်ဆုံးသားကြီးဖြစ်ပါတယ်။

Monday, September 29, 2014

ဇာတ်သိမ်း၏ နောက်ကွယ်


ပြဿနာများဖြင့် ကန့်လန့်ကာချ၍ ဇာတ်သိမ်းခဲ့လေပြီ။ ဘ၀တွင် မျှော်လင့်ခဲ့သမျှ၊ ရည်မှန်းခဲ့သမျှ၊ ကြိုးစားတည်ဆောက်ခဲ့သမျှသော အရာဟူသမျှတို့ကား ဇာတ်သိမ်းခန်းနှင့်အတူ ပါသွားလေပြီ။ သူရင်ဆိုင်ရန် မျှော်လင့်ခဲ့သည့် ဇာတ်သိမ်းခန်းကား ဤသို့မဟုတ်ချေ။ မီးစာမကုန်မှီ ဆီမခန်းမှီ ရင်ကွဲခန်းဖြင့် အိပ်မက်တို့ ဇာတ်သိမ်းခဲ့လေပြီ။
ဆောင်းကြိုရာသီ၏ ညသည် လေရူးများဖြင့် သွေးပျက်ဖွယ် ကောင်းလှသည်။ ၀ါကျင့်ကျင့် လမ်းမီးရောင်များ အောက်တွင် လေတိုက်၍ ယိမ်းနွဲ့နေသော သစ်ပင်တို့သာ သက်ရှိအနေဖြင့် မြင်တွေ့နေရသည်။ ၀ရံတာ၌ သူထွက်ထိုင်နေသည်မှာ ညနေစောင်း ကတည်းကပင်။ ဆေးလိပ်တစ်ဗူး ကုန်သွားသည်ကို သတိထားမိတော့မှ ညသန်းခေါင် ကျော်နေပြီကို သူသတိပြုမိသည်။ ညစာ မစားရသေးသဖြင့် ဗိုက်က အောင့်လာသည်။ ထိုင်ခုံမှထသည့်အချိန် ထုံကျင်နေသည့် ခြေထောက်များက ခန္ဓာကိုယ်အား မတ်တပ်ရန် ခွင့်မပြု။ ကြမ်းပြင်ပေါ် ထိုင်ချရင်း အိတ်တွင်းမှ ဖုန်းကို ထုတ်ကြည့်မိသည်။ ဖုန်းမျက်နှာပြင်ပေါ်မှ သူမ၏အပြုံးသည် သူ့အား တဒင်္ဂ လန်းဆန်းသွားစေသည်။ မခေါ်ဖြစ်သည့် နံပါတ်လေးအား ၀တ္တရားမပျက်ဖွင့်ကြည့်ပြီးနောက် အိမ်တွင်းသို့ သူပြန်ဝင်လာခဲ့သည်။
                                                       ***********

Sunday, May 11, 2014

ရခိုင်သားတို့ အိမ်ပြန်ချိန်


ဓာတ်ပုံ - အေးမောင်
သတိ - အက်တမ်ဗုံး (ပေါက်ကွဲတတ်သည်)

တစ်ယောက်စ၊နှစ်ယောက်စမှသည် အသုတ်လိုက်၊ အသုတ်လိုက်မှသည် အစုလိုက်၊အပြုံလိုက် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် တရွေ့ရွေ့ထွက်ခွာလာခဲ့သည့် နောက်ပိုင်းတွင် အဖရခိုင်ပြည်ကား ခြောက်ကပ်မှုအပေါင်း သရဖူဆောင်းလျှက် ရှိနေလေတော့သည်။ တစ်ခေတ်တစ်ခါက စည်ကားမှုအပေါင်းကား အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့ရလေပြီ။ ပွဲလမ်းသဘင်တို့သည်လည်း တချိန်က ကြက်ဝိုင်းမျှပင် မစည်နိုင်တော့ချေ။ သန်သန်မာမာ အရွယ်ကောင်းတို့ကား ရခိုင်ပြည်၌ ရှားပါးလှချေသည်။ စစ်တမ်းကောက်လျှင် နို့သောက်နှင့် ဒုတ်ထောက်အရွယ်တို့ကို အများဆုံးတွေ့ရပေလိမ့်မည်။ ယောင်္ကျားသားများ မဆိုထားလင့်၊ အရွယ်ကောင်း မိန်းမများပင် မွေးရပ်မြေအား စွန့်ခွာ၍ ရေကြည်ရာ၊မြက်နုရာသို့ ၀မ်းစာရှာထွက်ကြရလေသည်။ တရပ်တမြေတွင် ကာယ၊ဥာဏတို့ကို အရင်းတည်၍ ၀င်ငွေရှာပြီး ရသည့်ဝင်ငွေဖြင့် ရခိုင်ပြည်မှ ခလေးသူငယ်၊ အိုမင်းမစွမ်းများ ရှင်သန်ရပ်တည်ရေးကို ဖြည့်ဆည်းရလေသည်။ များမကြာသော ကာလအတွင်း မိသားစုလိုက်ပါ တရပ်တရွာသို့ ပြောင်းရွေ့ကြလေသည်။ ဤကား ရခိုင်ပြည်တွင် နစ္စဒူဝဖြစ်ပျက်နေသည့် သင်္ခါရတရားများ ပင်တည်း။

Wednesday, January 22, 2014

ရွှေနန်းရှင်နှင့် အာဏာပိုင် အပိုင်း(၁)

ရွှေနန်းရှင်နှင့် အာဏာပိုင်

၂၀၁၃ခုနှစ် ဒီဇင်ဘာလငါးရက်နေ့မှာ ဗန်ကောက်မြို့ ဘုရင့်နန်းတော်ရှေ့မှာ အ၀ါရောင် အလံတွေကိုင်ဆောင်ပြီး အ၀ါရောင်တီရှပ်တွေ ၀တ်ဆင်ထားတဲ့ ထိုင်းပြည်သူတွေနဲ့ စည်ကားနေပါတယ်။ အဲဒီနေ့ရက်ဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ သက်တော် ၈၆နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ်။ နန်းတော်တွင်းမှာတော့ အစိုးရအကြီးအကဲတွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ ထိုင်းသူကောင်းမျိုးတွေဟာ ချပ်ဝတ်တန်ဆာ၊ မှူးမတ်အဆောင်အယောင်တွေနဲ့ ဘုရင်မင်းမြတ်ရဲ့ မိန့်ခွန်းကို နာခံဖို့ စောင့်ဆိုင်းနေကြပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ဘူမိဘောဘုရင်မင်းမြတ်ဟာ ထိုင်းပြည်သူတွေကို နန်းတော်လသာဆောင်ပေါ်ကနေ မိန့်ခွန်းပြောနေကျပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျန်းမာရေးယိုယွင်းနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ ဘုရင်မင်းမြတ်ဟာ နန်းတော်တွင်းက ညီလာခံပလ္လင်တော်ပေါ်ကပဲ စာရွက်ကြည့်ပြီး မိန့်ခွန်းပြောခဲ့ရပါတယ်။