မိုးသားဖွဲဖွဲတို့သည် လမ်းပေါ်ရှိ ရေအိုင်ကွက်လေးများပေါ်သို့ ဖွဖွညင်သာစွာတို့ထိလျှက်ရှိသည်။ လမ်းဘေးတဖက်တချက်ရှိ ခါးစောင်းခန့်မြင့်သော မြက်ရိုင်းတို့က လေနှင့်အတူ ယိမ်းထိုးနေကြသည်။ မိုးဖွဲဖွဲအောက် ထီးမပါပဲလမ်းလျှောက်ရသည်မှာ သူ့အတွက် အရာရာမေ့ပျောက်ခြင်းနှင့်အတူ စိတ်ချမ်းမြေ့မှုအား တဒင်္ဂခံစားရစေသည်။ မိုးရေစက်များကြောင့် သူဝတ်ထားသည့် တိုက်ပုံ စိုထိုင်းလာသော်လည်း မိုးနံ့သင်းသည့် လတ်ဆတ်သောလေအား ရှူရှိုက်ကာ လေကိုဆန်၍ လမ်းလျှောက်ရသည့် အရသာကို ကလေးငယ်ပမာ သူမြတ်နိုးသည်။ မိုးတစတစသည်းလာခြင်းနှင့်အတူ လေကလည်း ပိုပြင်းလာသည်။ သူဝတ်လာသည့် ယောပုဆိုးက လေပြင်းကြောင့် နောက်သို့ တဖြတ်ဖြတ်လွင့်နေသည်။ ခဏကြာသောအခါ သူ့တကိုယ်လုံး ရွှဲရွှဲစိုသွားသည်။ မိုးတိတ်သွားသောအခါ လမ်းပေါ်တွင် ခြေကျင်းဝတ်မြှုပ်ခန့် ရေတို့တင်ကျန်ခဲ့သည်။ မိုးကား လမ်းပေါ်မှနေ၍ မျက်စိတဆုံး လှမ်းမြင်နေရသည့် လယ်ကွင်းပြင်သို့ လေနှင့်အတူ မြူးတူးစွာ လိုက်ပါသွားလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကား စိမ်းစိုလန်းဆန်းလျှက်ပင်။ သူ့ရင်တွင်းသို့ ကာရန်တချို့ အစီအရီ ၀င်ရောက်လာသည်။ မိုးရေအောက်၌ ကလေးတစ်ယောက်ပမာ ပျော်ရွှင်မြူးတူးခဲ့သော သူ့အတွက် ထိုနေ့က ကလေးကဗျာနှစ်ပုဒ် ရလိုက်သည်။ အချိန်ကား ၁၉၃၁ ခုနှစ်။
Showing posts with label ရသစာတမ်း ၊ ကဗျာ၊ ၀ထ္ထုတို. Show all posts
Showing posts with label ရသစာတမ်း ၊ ကဗျာ၊ ၀ထ္ထုတို. Show all posts
Saturday, December 26, 2015
Monday, September 29, 2014
ဇာတ်သိမ်း၏ နောက်ကွယ်
ပြဿနာများဖြင့်
ကန့်လန့်ကာချ၍ ဇာတ်သိမ်းခဲ့လေပြီ။ ဘ၀တွင် မျှော်လင့်ခဲ့သမျှ၊ ရည်မှန်းခဲ့သမျှ၊ ကြိုးစားတည်ဆောက်ခဲ့သမျှသော
အရာဟူသမျှတို့ကား ဇာတ်သိမ်းခန်းနှင့်အတူ ပါသွားလေပြီ။ သူရင်ဆိုင်ရန် မျှော်လင့်ခဲ့သည့်
ဇာတ်သိမ်းခန်းကား ဤသို့မဟုတ်ချေ။ မီးစာမကုန်မှီ ဆီမခန်းမှီ ရင်ကွဲခန်းဖြင့် အိပ်မက်တို့
ဇာတ်သိမ်းခဲ့လေပြီ။
ဆောင်းကြိုရာသီ၏
ညသည် လေရူးများဖြင့် သွေးပျက်ဖွယ် ကောင်းလှသည်။ ၀ါကျင့်ကျင့် လမ်းမီးရောင်များ အောက်တွင်
လေတိုက်၍ ယိမ်းနွဲ့နေသော သစ်ပင်တို့သာ သက်ရှိအနေဖြင့် မြင်တွေ့နေရသည်။ ၀ရံတာ၌ သူထွက်ထိုင်နေသည်မှာ
ညနေစောင်း ကတည်းကပင်။ ဆေးလိပ်တစ်ဗူး ကုန်သွားသည်ကို သတိထားမိတော့မှ ညသန်းခေါင် ကျော်နေပြီကို
သူသတိပြုမိသည်။ ညစာ မစားရသေးသဖြင့် ဗိုက်က အောင့်လာသည်။ ထိုင်ခုံမှထသည့်အချိန် ထုံကျင်နေသည့်
ခြေထောက်များက ခန္ဓာကိုယ်အား မတ်တပ်ရန် ခွင့်မပြု။ ကြမ်းပြင်ပေါ် ထိုင်ချရင်း အိတ်တွင်းမှ
ဖုန်းကို ထုတ်ကြည့်မိသည်။ ဖုန်းမျက်နှာပြင်ပေါ်မှ သူမ၏အပြုံးသည် သူ့အား တဒင်္ဂ လန်းဆန်းသွားစေသည်။
မခေါ်ဖြစ်သည့် နံပါတ်လေးအား ၀တ္တရားမပျက်ဖွင့်ကြည့်ပြီးနောက် အိမ်တွင်းသို့ သူပြန်ဝင်လာခဲ့သည်။
***********
Thursday, July 11, 2013
Tuesday, January 15, 2013
Friday, December 21, 2012
တေးပြုစာဆို အလိုရှိသည်

စန္ဒကိန္ဒရီ၏ လွမ်းမောဆို့နစ်ဖွယ် ငိုကြွေးသံသည် ကွန်ပြူတာမှတဆင့် နှလုံးသားတွင်းသို့ စီးဝင်လာသည်။ သီဆိုသူက မေသက်ထားဆွေ၊ လေးတန်းကျောင်းသူလေး၏ အနုပညာမှော်အစွမ်းကား နားဆင်သူအား လက်ရှိလောကအား မေ့လျှော့လျက် တောကြီးဂနိုင်တွင်းသို့ ဆွဲခေါ်သွားခဲ့သည်။ စန္ဒကိန္ဒရီနှင်အတူ ငိုပွဲဆင်ခိုင်းခဲ့သည်။ စန္ဒကိန္ဒရီ၏ သောကသည် နားဆင်သူ၏ နှလုံးသားကို ၀င်ရောက်ဖြစ်ညှစ်လျက် ရှိသည်။ ဤသီချင်းကို မူရင်းတေးသံရှင် မေ(ခေါ်) မလှရွှေ၊ မာမာအေးတို့ သီဆိုသည်ကို ကြိမ်ဖန်များစွာ နားဆင်ဖူးသည်။ သို့သော် သီချင်းစာသားနှင့် သံစဉ်အတွင်း နက်ရှိုင်းစွာပျော်ဝင်နေသည့် ရသသည် ဤတစ်ကြိမ်တွင် အပေါ်လွင်ဆုံးဖြစ်သည်ကို ရင်နှင့်ရင်း၍ ခံစားလိုက်ရသည်။
Monday, April 16, 2012
စံပြဖခင်
စံပြဖခင်
တရုတ်နိုင်ငံက ဆံပင်ညှပ်သမားတစ်ယောက်ဖြစ်တဲ့ Liu Renneng ဟာ သူ့ရဲ့ ၁၁နှစ်အရွယ် ချစ်စရာသမီးလေးအတွက် ပူပင်သောကရောက်ပြီး ညညအိပ်မပျော်နိုင်ဖြစ်နေရပါတယ်။ သမီးလေးခမျာ ပြီးခဲ့တဲ့ ၂၀၁၁ အောက်တိုဘာလကတည်းက သွေးကင်ဆာရောဂါကို စတင်ခံစားနေရပြီး ဒီရောဂါကိုကုသဖို့အတွက် ရိုးတွင်းချဉ်ဆီလဲဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒီအဖြစ်ဟာ ချစ်စရာသမီးလေးနဲ့ သာယာချမ်းမြေ့နေတဲ့ Liu တို့မိသားစုအတွက် ကောင်းကင်ကြီး ပြိုကျသွားသလိုပါပဲ။ ဒီလိုကုသဖို့အတွက် ကုန်ကျမယ့်ငွေကြေးပမာဏဟာ သာမန်ဆံပြင်ညှပ်သမားတစ်ဦးဖြစ်တဲ့ Liu အတွက် ခြေလက်မစုံတဲ့ ဒုက္ခိတတစ်ယောက်က ဧ၀ရက်တောင်ကို တက်ရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်။ ကင်ဆာရောဂါကို ပျောက်ကင်းအောင်အခမဲ့ဆေးကုသပေးမယ့် နေရာမျိုးကလည်း မရှိလေတော့ Liu အနေနဲ့ သမီးလေးရဲ့အသက်ကိုကယ်ဖို့ ယွမ်ငွေ ခြောက်သိန်းကျော်ကို မဖြစ်မနေရှာဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒီပိုက်ဆံကို ရှာဖို့အတွက် သူဘယ်လိုမှမတတ်နိုင်ပါဘူး။မင်းကျန်စစ်သို့ တမ်းချင်း
မင်းကျန်စစ်သို့ တမ်းချင်း

တချိန်တခါဆီက
နေလိုလလို ထွန်းကား
မင်းတစ်ပါးရဲ့ ကျူးရင့်သံ
စူးနစ်ကျန် ပြည်သူ့ နှလုံးသားတွင်ပ
ပုဂံတံခါးဝမှသည်
ဧရာဝတီသို့  စုန်လေပြီ
Sunday, April 15, 2012
အော်ဂင်းနစ်ပဲ ကောင်းပါတယ်
ပန်းတွေ ပွင့်လာဖို့ 
အသီးတွေ အချိန်အခါမဟုတ်သီးစေဖို့ 
အညွှန့် အခက်တွေ ရာသီမကျခင် ဝေဆာဖို့ 
အဥအဖုနဲ့ မျှစ်စို့ တွေ လိုသလို တူးဖဲ့ချိုးယူရစေဖို့ 
ဘယ်အရာမဆို လိုတဲ့အချိန် ရောင်းတမ်းဝင်ဖြစ်စေဖို့ 
...................................................စေဖို့ 
...................................................စေဖို့ 
အသီးတွေ အချိန်အခါမဟုတ်သီးစေဖို့ 
အညွှန့် အခက်တွေ ရာသီမကျခင် ဝေဆာဖို့ 
အဥအဖုနဲ့ မျှစ်စို့ တွေ လိုသလို တူးဖဲ့ချိုးယူရစေဖို့ 
ဘယ်အရာမဆို လိုတဲ့အချိန် ရောင်းတမ်းဝင်ဖြစ်စေဖို့ 
...................................................စေဖို့ 
...................................................စေဖို့ 
မားကို့စ်ရဲ့ ကဗျာ

မိုနီကာ
နင့်နှုတ်ခမ်းလွှာ မပြုံးပေမယ့်
ငါ့နှလုံးသား နွေးထွေးဆဲပါအချစ်ရယ်
ဖြစ်သမျှအကြောင်း
အကောင်းချည်း မဟုတ်ဘူးဆိုရင်တောင်
နှောင်ကြိုးတစ်မျှင်အနေနဲ့
ရှင်သန်နေတဲ့ငါ
ရင်ထဲမှာအသာပွေ့
မွေ့ရာထက်မှာတင်
နင်အသက်ဆက်ဖို့အတွက်
မနက်စာ ခပ်နွေးနွေး
ငါခွံ့ကျွေးတဲ့အခါတိုင်း
နင်မျက်လုံးဝိုင်းဝိုင်းနဲ့ကြည့်တတ်တယ်
ဘိလပ်ကိတ်
တိတ်ဆိတ်သောညတစ်ည..လမ်းထိပ်မှ သံချောင်းခေါက်သံ ဆယ့်နှစ်ချက် တိတိထွက်ပေါ်လာသည်။သံချောင်းခေါက်သံကြောင့် ကိုမြတ်လေးစာရေးရာမှ ခဏရပ်ကာ ခါးဆန့်လိုက်သည်။ စာထဲစိတ်ရောက်၍ ညသန်းခေါင်ရောက်သွားသည်ကို သတိမထားလိုက်မိပေ။ တစ်ချိန်လုံးကြည်နေခဲ့သော အတွေးတို့က နောက်ကျိသွားသည်။ ကိုမြတ်လေးစိတ်ထဲတွင် တစ်နုန့်နုန့်နှင့် မကျေမနပ်ဖြစ်ရသည်မှာ တစ်ပတ်ခန့်ရှိပြီ။ တစ်သက်နှင့်တစ်ကိုယ် ကိစ္စတစ်ခုကို ဤမျှကြာအောင်တစ်ခါမှ ခေါင်းထဲမထည့်ခဲ့ဖူး။ ကိုယ်ရေးကိုယ်တာမဟုတ်ပဲဘဲ သူများကိစ္စကိုခေါင်းထဲထည့်ကာခံစားနေသည့် ကိုယ့်ကိုကိုယ်လည်းမကျေနပ်။ ထိုပြဿနာကို စတင်ဖန်တီးခဲ့သည့် လူကိုလည်းဒေါသဖြစ် ၊ ကျေကျေနပ်နပ်လက်သင့်ခံနေသည့် လူကိုလည်း ဒေါသဖြစ် ။ စဉ်းစားရင်းပို၍ ဒေါသထွက်လာသည်။
Subscribe to:
Posts (Atom)













