Showing posts with label ပေါက်ကရလေးဆယ်. Show all posts
Showing posts with label ပေါက်ကရလေးဆယ်. Show all posts
Saturday, December 26, 2015
အဘများနှင့် အင်္ဂါနံ (တစ်ခန်းရပ်ပြဇာတ်
NLD တွေ ဒေါင်းအရှင်လေးတွေကိုင်ပြီး မဲဆွယ်တော့ ကြံ့ခိုင်ရေးက အဘတွေ နေမထိထိုင်မရ ဖြစ်ကုန်သတဲ့။
အဘတစ်ယောက်ကပြောတယ်။ ဒါ ယတြာဖြစ်ရမယ်တဲ့။ ယတြာလို့ အသံကြားလိုက်တာနဲ့ ဦးဌေးဦး ခေါင်းထောင်သွားတယ်။ ဦးသိန်းစိန် မျက်နှာလှမ်းကြည့်တော့ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေတဲ့ပုံ သွားတွေ့တယ်။ ဦးဌေးဦး ရုံးကနေ ကားနဲ့ ချက်ချင်း အပြင်ထွက်သွားတယ်။ တစ်နာရီလောက်ကြာမှ ရေးကြီးသုတ်ပြာနဲ့ ပြန်ရောက်လာတယ်။ ရုံးခန်းထဲက အဘတွေ ဦးဌေးဦးဆီ အပြေးအလွှား ၀ိုင်းအုံသွားကြတယ်။
အဘတစ်ယောက်ကပြောတယ်။ ဒါ ယတြာဖြစ်ရမယ်တဲ့။ ယတြာလို့ အသံကြားလိုက်တာနဲ့ ဦးဌေးဦး ခေါင်းထောင်သွားတယ်။ ဦးသိန်းစိန် မျက်နှာလှမ်းကြည့်တော့ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေတဲ့ပုံ သွားတွေ့တယ်။ ဦးဌေးဦး ရုံးကနေ ကားနဲ့ ချက်ချင်း အပြင်ထွက်သွားတယ်။ တစ်နာရီလောက်ကြာမှ ရေးကြီးသုတ်ပြာနဲ့ ပြန်ရောက်လာတယ်။ ရုံးခန်းထဲက အဘတွေ ဦးဌေးဦးဆီ အပြေးအလွှား ၀ိုင်းအုံသွားကြတယ်။
သိုင်းလောက၏ စိမ်ခေါ်သံ (၂၀၁၅ သိုင်းလောကအဖွင့်ကျမ်း)
တိတ်ဆိတ်သော ညတစ်ည .... ညဥ့်ငှက်တောင်ပံခတ်သံသဲ့သဲ့နှင့် ခွေးအူသံတချို့မှလွဲ၍ အရာခပ်သိမ်းသည် အိပ်မောကျလျက်ရှိနေသည်။ လရောင်ပြပြအောက်တွင် အရိပ်နက်တစ်ခု ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။
"ချောက်!!ချက်!! ...ချောက်!!ချက်!!
နက်ရှိုင်းသောအတွင်းအားကို စုစည်း၍ ရိုက်လိုက်သော ကီးဘုတ်ရိုက်သံသဲ့သဲ့ အရိပ်နက်ထံမှ ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်း အရိပ်နက်၏ လက်တွင် ကိုင်ထားသော လေးထာင့်သဏ္ဍာန်အရာထံမှ အလင်းရောင်တစ်ခု အမှောင်ထုကို ထိုးခွင်း၍ ထွက်ပေါ်လာသည်။
"ခွီး" သောက်ရေးထဲ password မေ့နေပြန်ဘီ"
Friday, October 3, 2014
ထိုင်းနိုင်ငံ၌ ကျွန်ခံစဉ်
![]() |
| Koh Tao ကျွန်းပေါ်မှ ဘွရှင် အလုပ်လုပ်ခဲ့ဖူးသည့် Charm Churee Villa Resort |
Thursday, July 11, 2013
ဘွရှင်ကော်မရှင်
သမ္မတအိုဘားမား၏
ဖိတ်ကြားချက်အရ အမေရိကန်စင်တာတွင် ရက်တိုသင်တန်းအမြန်တက်၍ TOEFL ဖြေကာ
အမေရိကန်ပြည်ထောင်စုသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော ရိုတိန်ညာကိင်းဒမ်း၏ Emir ဖြစ်သူ ရှိတ်ခါလီဖာ ဘာညာသာရကာ ဘင် စူလတန်အာလာဒင်ဘွရှင်သည် ၎င်း၏ချစ်ကြည်ရေးခရီးစဉ်ကာလအတွ င်း
ဝါဒီယာနေပြည်တော်၌ မပြီးပြတ်သေးသည့် လုပ်ငန်းဆောင်တာများအား
စစ်ဆေးကြီးကြပ်စုံစမ်းရန် အလို့ငှာ ကော်မရှင်ပေါင်း
သောင်းခြောက်ထောင်ဖွဲ့စည်းခဲ့လေသည်။
မြန်မာနိုင်ငံ၏ စစ်မှန်သော ကယ်တင်ရှင် (လှလေးစိန် ဘွရှင်)
စစ်ဖက်မှာ လှလေးစိန်ဘွဲ့ရတဲ့အထိ ထူးချွန်ပြောင်မြောက်ရုံသာမ က အရပ်ဖက်ဆိုင်ရာမှာလည်း သူမတူအောင် ထူးချွန်ကြောင်း လက်ရှိမြန်မာဖေ့ဘုတ်လောကက သက်သေပြနေပါပြီ။
တကယ်တမ်းပြောရရင် ဘွရှင်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးလော ကထဲက
ရှိသမျှလူတွေထက် ဥာဏ်အမြှော်အမြင်ကြီးသူ၊ လုပ်ရည်ကိုင်ရည်ရှိသူ ဖြစ်ပါတယ်။
အဲလိုဖြစ်လာဖို့အတွက် ဘွရှင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံဟာ မနည်းလှပါဘူး။
တကယ်တမ်းပြောရရင် ဘွရှင်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးလော
သိုင်းလောက၏ စိမ်ခေါ်သံ သတ္တမပိုင်း
နွေအကုန်မိုးပြောင်းသည့်အခါ သမယတွင် သိုင်းလောက၌ လျှပ်စီးလက်သံ၊မိုးခြိမ်းသံ များနှင့်အပြိုင်
ဓားချင်းလှံချင်းထိခတ်သံ၊ မာန်သွင်းကြုံးဝါးသံ၊ လက်နက်ပုန်းပစ်သံ၊
ဗုံးခွဲသံများဖြင့် ဆူညံပွက်သလောက်ရိုက်၍ ရှိနေကြသည်။
မကြာသေးခင်ကာလက နယ်ခြား၌ မူဂျာဟစ်ဂိုဏ်း၏ လိုက်လံသတ်ဖြတ်မှုကြောင့် သိုင်းလောကနှင့်မသက်ဆိုင်သည့် အရပ်သားတို့ သေကြေဒဏ်ရာရသည့် သတင်းသည် သိုင်းလောကအား ပြင်းထန်စွာကိုင်လှုပ်ခဲ့သည်။ အလောင်းများဖွေးဖွေးလှုပ်သည် အထိ သိုင်းလောကထိပ်သီးဂိုဏ်းများကား တုတ်တုတ်ပင်မလုပ်။ သိုင်းလောကဥသျှောင် ၀ူတန်းဂိုဏ်းကား ပျံကျဂိုဏ်းခွဲမှူးအား သိုင်းလောကအတွင်း နိုင်ငံတော်အကျိုးပြုရုပ်ရှ င်
ရိုက်ခိုင်းခြင်းဖြင့်သာ အရေးတယူပြုလျှက်ရှိသည်။
ပြိုင်ဖက်အော်မေ့ဂိုဏ်းကား တုတ်တုတ်ပင်မလှုပ်။ ၀ူတန်းဂိုဏ်း၏
နယ်ခြားကိုယ်စားလှယ်သည် မြန်မာ့အသံမှ ဟန်ရေးပြလျှက်ရှိနေသည်။
မကြာသေးခင်ကာလက နယ်ခြား၌ မူဂျာဟစ်ဂိုဏ်း၏ လိုက်လံသတ်ဖြတ်မှုကြောင့် သိုင်းလောကနှင့်မသက်ဆိုင်သည
Monday, February 11, 2013
သိုင်းလောက၏ စိမ်ခေါ်သံ ဆဋ္ဌမပိုင်း
သိုင်းလောက၏ စိမ်ခေါ်သံ ဆဋ္ဌမပိုင်း
ဓားရောင်များဖွေးဖွေးလက်၊ လျှပ်တပြက်ထိုးနှက်တိုက်ခိုက်သံ၊
မာန်သွင်းကြုံးဝါးသံများဖြင့် သိုင်းလောကကား
ပုံမှန်အတိုင်းစည်ကားလျှက်ရှိနေသည်။ အဖြစ်အပျက်တို့သည်ကား အဆက်အစပ်မရှိ
ဖြစ်ချင်သလိုဖြစ်၍ ပျက်ချင်သလိုပျက်နေကြသည်။ ဓားခုတ်ခံရသော ဒဏ်ရာအား
အတွင်းအားသုံး၍ ကုစားကြသည့် သိုင်းလောကသားတချို့ရှိသကဲ့သို့ အတွင်းကြေသော
ဒဏ်ရာအား ဥုံဖွမန်း၍ ကုစားသည့် သိုင်းလောကသားတချို့လည်း ရှိနေကြသည်။
မရောင်ရာဆီလူး၍ ပြောင်ချော်ချော်ဖြစ်နေသော သူများလည်းရှိနေကြသည်။ ငါးပွက်ရာ
ငါးစာချသော်လည်း ချသည့်ငါးစာ ငါးလာမစား၍ အရင်းရှုံးသောသူများလည်း
ရှိနေကြသည်။ နေရာတကာ လက်ကမ်းကြော်ငြာလိုက်ကပ်ပြီး စကားစစ်ထိုးရန်
စိမ်ခေါ်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ပရိုမိုးရှင်းလုပ်ကာ စပွန်ဆာရှာနေကြသည့်
ခွက်ပျောက်သိုင်းသမားများလည်း ရှိနေကြသည်။ ကိုယ်မွေးစားသည့်ခွေးအပေါ်
အချစ်ပို၍ တလောကလုံးကို ခွေးနှင့်နှိုင်းသောအခါ ခွေးသည် သစ္စာရှိသည်ဟု
စစ်ခွေးဟုအခေါ်ခံရစဉ်က မနာခဲ့သော လူအချို့မှာ
ပေါင်ကြားမီးလောင်ဗုံးထိသကဲ့သို့ ဆတ်ဆတ်ခါ၊ဖြတ်ဖြတ်လူး ဖြစ်ကုန်ကြလေသည်။
ဤသည်ကား သိုင်းလောက၏ မထူးဆန်းသော မျက်မှောက်ခေတ် အနိဋ္ဌာရုံတို့ပင်တည်း။
Thursday, February 7, 2013
တစ္ဆေများနှင့် ဘွ အပိုင်း(၁)
တစ္ဆေသရဲ..
နာမည်နဲ့တင်ဖြဲလိုက်တာ လူတွေကြက်သီးဖြန်းခနဲ ထပြီးကြောက်ကြတယ်။ မှတ်မှတ်ရရ
နှစ်တန်းနှစ်က ဘကြီးမောင်စောနှင်း ညဖက်တစ္ဆေ ခြောက်တဲ့အကြောင်း ပြောပြတော့
ကြောက်ပြီး ရှူးရှူးပေါက်ချင်တာ ထမသွားရဲပဲ အောင့်ထားရင်း မခံနိုင်လို့
လူကြားထဲမှာ ထွက်ကျဖူးတယ်။
တစ္ဆေအကြောင်းရေးတယ်ဆိုတော့
ဗီဒီယိုတွေထဲကလို မျက်နှာချင်းဆိုင်ခြောက်ခံဖူးလား မေးလာရင် ဟင့်အင်းလို့ပဲ
ဖြေရမှာပဲ။ ဒါပေမယ့် တစ္ဆေတကယ်ရှိတယ်၊ တကယ်ခြောက်တယ်ဆိုတာကို
လက်တွေ့ကြုံဖူးပါတယ်။ ခြောက်မှန်းမသိလို့ မကြောက်ပဲ နောက်မှပြန်သိရလို့
ကြောက်တာမျိုးလည်း ကြုံခဲ့ဖူးပါတယ်။ အဲဒီလိုကြုံခဲ့တုန်းက ကြောက်စိတ်က
ခုနေများပြန်စဉ်းစားမိရင် ဆံပင်တွေထောင်၊ ကြက်သီးတွေထ၊
မွှေးညှင်းတွေထောင်လာတဲ့အထိ ကြောက်ပါတယ်။
Wednesday, February 6, 2013
ဘွပျက်ချိန်
ဘွပျက်ချိန်
တချိန်ကပေါ့လေ ခုလိုမျိုး လက်တော့ပ်လေးဖွင့်၊ မက်ဒေါ်နယ်လေး
တကိုက်မြုံ့လိုက်၊ ကိုလာလေးသောက်လိုက်၊ ဒန်ဟေးလေးဖွာလိုက်နဲ့
ဖေ့ဘုတ်သုံးဖို့မပြောနဲ့ တစ်နာရီ၃၀၀တန် အင်တာနက်ဆိုင်နား ယောင်လို့တောင်
မကပ်နိုင်တဲ့ဘ၀မျိုးမှာ ဘွရှင် ရှင်သန်ခဲ့ရဖူးပါတယ်။ (ညည်းရင်းနဲ့
ကြွားတဲ့နည်း မသိရင်မှတ်ထား ခိခိ)
စောက်ချိုးမပြေလို့
အလုပ်ပြုတ်လာပြီး ကိုယ့်ကိုလူရာမသွင်းတာကို မရိပ်မိပဲ
ကိုယ်ကလူရာသွင်းဆက်ဆံနေတဲ့ အသိုင်းအ၀ိုင်းဆီကနေ ပိုက်ဆံချေးပြီး
နိုင်ငံခြားသွားဖို့ စိတ်ကူးယဉ်ပြီး Deposit မပေးရတဲ့ အင်တာဗျူးတွေကို
နင်းကန်လိုက်ဖြေနေတဲ့ အချိန်ပေါ့။ နေတာက ကျောက်မြောင်းရှစ်လွှာက
တိုက်ခန်းတစ်ခန်းမှာပါ။ ဘွတို့သူငယ်ချင်းနှစ်ယောက်ကို သားအရင်းလိုချစ်တဲ့
အိမ်ပိုင်ရှင်က တစ်နှစ်ကိုးသီတင်း အလကားနေခွင့်ပေးထားတဲ့
တိုက်ခန်းဖြစ်ပါတယ်။ အလကားသာပေးမနေရင် ဘွတို့ရတဲ့ကုမ္ပဏီလစာလေးနဲ့
သွားကြားတောင်ညှပ်မှာ မဟုတ်ပါဘူး။ အဲဒီသွားကြားညပ်စရာမပြည့်တဲ့
နှစ်ပြားတပဲလစာလေးရနေတဲ့ အလုပ်ပြုတ်တော့ နေရင်းထိုင်ရင်း
ထမင်းငတ်ကိန်းဆိုက်သွားတာပေါ့လေ။
Thursday, January 31, 2013
ဘွရှင်မင်းတြားဂျီး လွှတ်တော်ဝင်ခဏ်း
တစ်နေ့သ၌
ဘွရှင်မင်းတြားဂျီး ရှိတ်ခါလီဖာ ဘာညာသာရကာ မူဂျာဟေဒင် ဘင် အာလာဒင်
ဘြင်မင်းမြတ်သည် ၀ါဒီယာသမ္မတအိမ်တော်မှနေ၍ ဖေ့ဘုတ်ဖွင့်ကာ
တိုင်းရေးပြည်ရေးများအား သေချာအကဲခတ်သည့်အချိန်တွင် ဖေ့ဘုတ်ပေါ်၌
ရုတ်ရုတ်သဲသဲ လွှတ်တော်အမတ်များ၊၀န်ကြီးများ၏ သောက်တလွဲသတင်းများကို မြင်တွေ့ရသည့်အတွက် ချွတ်ချော်သည့် လွှတ်တော်အား Surprise check ၀င်ရန်အလို့ငှာ အပါးတော်မြဲ ဆူး လှည်း အားဆင့်ခေါ်လိုက်လေသည်။
Tuesday, January 29, 2013
ပင်လယ်ထဲက ဘွ
ကျွန်းသားဆိုတော့ မွေးကတည်းက
ပင်လယ်ထဲကလူပေါ့လေ။ ဒါပေမယ့် Life Guard certificate မရခင်အထိ
ရေကူးနည်းစနစ်တွေထဲက ခွေးကူးတစ်မျိုးတည်းကိုပဲ
ပိုင်ပိုင်နိုင်နိုင်ကူးတတ်တဲ့ အာဂကျွန်းသားအစစ်ပါ။
ရေပြင်သက်ကယ်နည်းစနစ်သင်တန်းမှာ
ဘွကိုရေကူးပြီးရေနစ်တဲ့လူကို ကယ်တတ်အောင် သင်ကြားပေးခဲ့တဲ့
ဆရာသခင်ကျေးဇူးရှင်တွေထဲမှာ မူဆလင်တစ်ယောက်ပါပါတယ်။ ကြုံတုန်းလေး ပြောပြတာ။
တော်ကြာ ရှိရှိသမျှကုလား ၀ါးလုံးချီးသုတ်ရမ်းပြီး မုန်းနေတဲ့လူလို့ ထင်မှာစိုးလို့။
Friday, January 4, 2013
သမိုင်းပညာရှင်ခေါ် ဦးဌေးလွင်ဦး၏ ဗုဒ္ဓဘာသာမပေါ်ပေါက်ခင် တည်ရှိခဲ့သည့် ရိုဟင်ဂျာသမိုင်း သုတေသနပြုချက်များအား ပက်ပက်စက်စက် ထောက်ခံခြင်း
သမိုင်းပညာရှင်ခေါ်
ဦးဌေးလွင်ဦး၏ ဗုဒ္ဓဘာသာမပေါ်ပေါက်ခင် တည်ရှိခဲ့သည့် ရိုဟင်ဂျာသမိုင်း
သုတေသနပြုချက်များအား ပက်ပက်စက်စက် ထောက်ခံခြင်း
လွန်ခဲ့သည့်
နှစ်ပေါင်း ၂၅၀၀ကျော်ကာလ ဗုဒ္ဓပွင့်တော်မမူခင် ယခုခေတ်
ရခိုင်ပြည်ဟုခေါ်တွင်သော ဒေသ၌ ရှေးဦးရိုဟင်ဂျာလူမျိုးများ
ထီးနန်းစိုးစံနေခဲ့ကြသည်ဟု ဦးဌေးလွင်ဦးမှ သုတေသနပြုဖော်ထုတ်နိုင်ခဲ့သည်။
သိုင်းလောက၏ စိမ်ခေါ်သံ ပဉ္စမပိုင်း
ကမ္ဘာပျက်မည်ဟူသော ကောဟာလဟသည် ဆောင်းကာလ၌ သိုင်းလောကသားများအား ထင်သလောက်အိပ်မက်ဆိုး မမက်စေခဲ့ပေ။ လက်ပတောင်းတောင်မှ မီးလောင်ဗုံး၏ ဒဏ်ရာဒဏ်ချက်များကြောင့် ကမ္ဘာပျက်၍ သေသွားလည်း အေးတာပဲဟု ခံယူသူများပင် ရှိနေသည်။ ဆိုင်ကယ်စီးရင်း လေယာဉ်ပျံဝင်တိုက်၍ ကွယ်လွန်သူအပါအ၀င် ရုပ်ဆိုးအကျည်းတန်မှုများဖြင့် ၂၀၁၂ခုနှစ်အား ကန့်လန့်ကာချခဲ့သော်လည်း သိုင်းလောကတစ်ခုလုံး ဟက်ပီးနယူရီးယား ကြွေးကြော်သံများဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။
Tuesday, December 18, 2012
အွန်လိုင်းပျော် ငပေါများ ဂရု
လူတွေသိပ်မသိကြသေးတဲ့ ဂရုလေးတစ်ခုအကြောင်း ပြောပြပါရစေ။
ဂရုထဲမှာ လူတွေသိပ်မများပါဘူး။ ဆယ်ယောက်ကျော်လေးပဲ ရှိတာပါ။ ဒါပေမယ့်
အဲဒီဆယ်ယောက်ကျော်ကျော် အရေအတွက်ထဲက ပုဂ္ဂိုလ်တွေဟာ ဖေ့ဘုတ်မှာ
တစ်နေကုန်တနေခန်း ကိုးတောင်ကိုးကျင်း လျှောက်မွှေ၊ ရန်ဖြစ်၊
ဆဲဆိုနေတဲ့လူတွေ၊ လူတကာကို မထိတထိ ကလိတိတိ ရိတတ်တဲ့လူတွေ၊ HTML
တွေဖန်တီးပြီး လူတကာလာဆဲတာကို အရသာခံနေတဲ့လူတွေ၊ လှတပတချစ်စရာပုံလေးတွေ
တင်ထားလို့ ကောင်လေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ကောင်မလေးတွေ အားလုံး
သူ့နေရာနဲ့သူ ထိတ်ထိတ်ကြဲ နာမည်ကြီးတဲ့လူတွေပါ။ ဥပမာ ဘာဘာရိုဟင်ဂျာလို
လူမျိုးပေါ့။ အားလုံးသိလိုက်ကြမှာပါ။
သိုင်းလောက၏ စိမ်ခေါ်သံ စတုထ္ထပိုင်း
သိုင်းလောက၏ စိမ်ခေါ်သံ စတုထ္ထပိုင်း
ဆောင်းကာလကား အေးမြမြ ချမ်းစိမ့်လျက်…။
မည်မျှပင် တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်နေသည် ဆိုစေကာမူ
သိုင်းလောကသားများမှာ ပုံမှန်အတိုင်း စားသောက်ဆိုင်များတွင် စည်ကားစွာ
ဝင်ထွက်စားသောက်လျက် ရှိနေကြသည်။ သတင်းနည်းပညာခေတ်တွင်
အင်ဖော်မေးရှင်းအစုံဆုံးနေရာသည် ဇူကာဘတ်၏ ဖေ့ဘုတ်စားသောက်ဆိုင်ကဲ့သို့
နေရာမျိုးပင် မဟုတ်ပါလား။
လက်ပတောင်းတောင် သိုင်းလောကအရေးအခင်း၊
ဝမ်ပေါင်းဂိုဏ်း၏ ၀င်ရောက်စွက်ဖက် ကလိမ်ကျမှု၊ ဦးပိုင်၏ လုပ်ရပ်ကြောင့်
ဝူတန်းဂိုဏ်း၏ အကြပ်အတည်း၊ ရှောင်လင်ဂိုဏ်း၏ ထိခိုက်နစ်နာမှု၊
ဝူတန်းဂိုဏ်းချုပ်အား စိမ်ခေါ်သည့် အညတရ လူဝင်စား သိုင်းလုလင်၊
အဖြူရောင်သိုင်းလောက အကွဲအပြဲစသည့် သတင်းများမှာ လက်ရှိအချိန်တွင်
သိုင်းလောကအတွင်း လူပြောများနေသည့် ရေပန်းအစားဆုံး သတင်းများဖြစ်ကြသည်။
သို့သော် လက်ပတောင်းသိုင်းသရဖူလုပွဲ မတိုင်မှီ ဓားချင်းခုတ်သံ၊
ရဲရဲတောက်မာန်သွင်းသံ၊ လက်နက်ပုန်းပစ်ခတ်သံ၊ အငြင်းအခုန်ဖြစ်သံများကြားထဲမှ
ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းပြီး ၀မ်းနည်းကြေကွဲစရာ နိဂုံးချုပ်ခဲ့ရသည့်
ချစ်ဇာတ်လမ်းလေးတစ်ခုအား သိုင်းလောကစောင့်ကြည့်လေ့လာသူ Expert များအပါအ၀င် သိုင်းလောကမီဒီယာများ၊ ရိုးရိုးသိုင်းလောကသမားများ မည်သူမျှ မသိရှိလိုက်ကြချေ။
သိုင်းလောက၏ စိမ်ခေါ်သံ (တတိယပိုင်း)
သိုင်းလောက၏ စိမ်ခေါ်သံ (တတိယပိုင်း)
သိုင်းလောက၏ အခြေအနေကား ဆူပွက်သယောင်ယောင်၊ ငြိမ်သက်သယောင်ယောင် ခန့်မှန်းရခက်လှသည်။
ဆယ့်နှစ်လေးလုံးပူး အထိမ်းအမှတ်အဖြစ် ကမ္ဘာပျက်မည်ဟူသော
ဟောကိန်းကိုအံတုလျက် ရှောင်လင်ဂိုဏ်းက အောင်လံတလူလူလွင့်၍ ချီတက်လာသည်။
လူအများက ၀ူတန်းဂိုဏ်းနှင့် ထိပ်တိုက်တိုးလျှင် ယခင်ကဲ့သို့
အနိဌာရုံများမြင်ရတော့မည်ဟု စိုးရိမ်ထိတ်လန့်လျက်ရှိနေကြသည်။ သို့သော်
ဝူတန်းဂိုဏ်းကား ပါးနပ်လှချေသည်။ ဤတစ်ကြိမ်၌ လူအများကဲ့ရဲ့ခံရမည့်အရေးကို
လိမ္မာပါးနပ်စွာရှောင်ရှားသွားသည်။ သို့သော် ရှောင်လင်ဂိုဏ်း၏
လူတန်းရှည်အနီးတွင်မူ ကင်မရာလျှပ်စီးလက်သံများက တဖြတ်ဖြတ်...။
Monday, December 10, 2012
ဘွရှင်၏ တကျော့ပြန် ညီလာခံသဘင်
ရိုတိန်ညာ ဒီမိုကရက်တစ် ကင်းဒမ်း၏ ပြည့်ရှင် ရှိတ်ခါလီဖာ ကူလီကူမာ မူဂျာဟေဒင် ဘွရှင်သည် နန်းတော်သစ်တည်ထောင်ပြီးနော က် နိုင်ငံတကာသို့ အညောင်းပြေခြေဆန့်လက်ဆန့်ထွ က်ရန် အကြောင်းရှာလျှက်ရှိနေလေသည် ။ ထို့ကြောင့် မင်းတိုင်ပင် ပြင်ညာယှိ သုထမိန်များဖြစ်ကြသော ဌေးလွင်ဦးနှင့်ဘစိန်တို့အား ရှေ့တော်သွင်း၍ မျက်မှောက်ခေတ် ၎င်းတို့ထိုးကွင်းထနေသော အခင်းအကျင်းတို့ကို ခေါ်ယူမေးမြန်းလေသည်။
ဘွရှင်၏ အချစ်များ အပိုင်း(၁)
ဘွရှင်၏ အချစ်များ
အသက် ၁၅နှစ် မရိုးမရွဖြစ်စအရွယ်...
ပြင်ကောက် Tin Ma Ma တို့ရွာကို တောကြက်တောင်ဘုရားပွဲကနေ အလည်သွားတာ
ရောက်တာနဲ့ အဲကသူငယ်ချင်းတွေက အုန်းရည်အရက်(ဓနိရည်အရက်)၊
မရမ်းသီးတစ်တောင်း၊ဆားတစ်ခွက်၊ ရှမ်းဒေါင်းတစ်စည်းနဲ့ ဧည့်ခံကြတယ်။
ကျွန်တော်တို့ကျေးလက်ဒေသရဲ့ ထုံးစံအရ ရောက်လာတဲ့ဧည့်သည်ကို
လိုလေးသေးမရှိအောင်ဧည့်ခံတဲ့နေရာမှာ တကယ့်ရှာမှာရှား။
Subscribe to:
Posts (Atom)






















