ပေါက်ကရ လေးဆယ်

Subscribe:

Thursday, November 15, 2012

မြတ်သိန်းထွန်း အားအားယားယား ကြီးကြီးကျယ်ကျယ် တွေးနေသည်




ခေါင်းစဉ်ကတော့ ဆွဲဆောင်မှု တစ်စက်မှကို မရှိပါဘူး။ ဒါပေမယ့် အထဲမှာ တတ်သလောက်၊မှတ်သလောက် အနှစ်တွေထည့်ပေးထားပါတယ်။ သူများဆီမှာ သောက်ညင်အကပ်မခံရရင် စားမ၀င်၊အိပ်မပျော်တတ်တဲ့လူမျိုးဆိုတော့ခါ ဒီထက်ပိုကောင်းတဲ့ခေါင်းစဉ်ကို အုန်းစားခံပြီး မစဉ်းစားတော့ပါဘူး။ သည်းညည်းခံပြီး ဆက်ဖတ်တော်မူကြပါ။

တစ်ကိုယ်ရေ တစ်ကာယအတွက်တောင်မှ ကိုယ့်နိုင်ငံအတွင်းမှာ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတဲ့အခါ မသွားချင်သွားချင်နဲ့ နိုင်ငံခြားဆိုတာကြီးကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကာလတုန်းက ကျွန်တော်ထွက်လာခဲ့ရပါတယ်။ အဆင်မပြေတဲ့ဘ၀ရဲ့ သိမ်ငယ်မှုတွေကို နိုင်ငံခြားထိ ခရီးဆောင်အိတ်ထဲခေါက်ထည့်ယူခဲ့ရတယ် ဆိုပါစို့။ သူများနိုင်ငံလေဆိပ်ရဲ့ လ၀ကကောင်တာက တာဝန်ကျဝန်ထမ်းက ကျွန်တော့်ရဲ့ ပတ်စပို့အနီရောင်လေးကို အခေါက်ခေါက်အခါခါ စစ်ဆေးရင်း သူ့နိုင်ငံထဲဝင်မယ့် ကျွန်တော့်ကို သိမ်ငယ်မှုတွေ ဆယ်ကီလိုစာလောက် ထပ်ထည့်ပေးလိုက်ပါတယ်။

အလောင်းချင်းထပ်၍ ခင်းသည့်လမ်း(သို့) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း မှတ်တမ်းဓာတ်ပုံများ





ပြိုကွဲခြင်း၏ နိဒါန်း

၁၉၄၇ ခုနှစ် သြဂုတ်လ ရက်တစ်ရက် သန်းခေါင်ယံအချိန်မှာ  ဗြိတိသျှပိုင် အိန္ဒိယတိုက်ငယ်ဟာ နိုင်ငံသစ်နှစ်ခုအဖြစ် ထက်ခြမ်းကွဲပြီး လွတ်လပ်ရေးရရှိခဲ့ပါတယ်။ တစ်ခုက မူဆလင်တွေကြီးစိုးရာ ပါကစ္စတန်ဖြစ်ပြီး နောက်တစ်ခုကတော့ ဟိန္ဒူတွေကြီးစိုးတဲ့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ ဒီလိုလွတ်လပ်ရေးရှိခဲ့ကြရာမှာ အိန္ဒိယနိုင်ငံကတော့ ကုန်းမြေအများစု တစ်စုတစည်းတည်းရှိတဲ့နိုင်ငံအဖြစ် လွတ်လပ်ရေး ရရှိခဲ့ပြီး ပါကစ္စတန်နိုင်ငံကတော့ အိန္ဒိယနိုင်ငံကို အလယ်မှာထားပြီး အရှေ့ပါကစ္စတန်(အရှေ့ဘင်ဂေါ)နဲ့ အနောက်ပါကစ္စတန်ရယ်လို့ နယ်မြေနှစ်ပိုင်းရှိတဲ့ နိုင်ငံအဖြစ် လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ဒီလိုမျိုးနယ်မြေနှစ်ခြမ်းကွဲပြီး လွတ်လပ်ရေးရရှိခဲ့တဲ့အချိန်မှာ အုပ်ချုပ်ရေးအာဏာကို အနောက်ပါကစ္စတန်ဖက်ကပဲ လက်ဝါးကြီးအုပ်ထားခဲ့ပြီး အရှေ့ပါကစ္စတန်ကတော့ လက်အောက်ခံနယ်မြေအဖြစ် ရပ်တည်ခဲ့ရပါတယ်။ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတူတွေဖြစ်ပေမယ့်လို့ အရှေ့နဲ့အနောက်ဟာ စာပေ၊ဘာသာစကားနဲ့ ယဉ်ကျေးမှုစရိုက် လက္ခဏာချင်း မတူကြပါဘူး။ နိုင်ငံရေးမှာ အနောက်သြဇာခံဖြစ်ခဲ့ရတဲ့ အရှေ့ဒေသဟာ စီးပွားရေး၊လူမှုရေး၊ပညာရေး စတဲ့နယ်ပယ်တွေမှာ အနောက်ဒေသလောက် ဖွံ့ဖြိုးတိုးတက်ခြင်း မရှိခဲ့ပါဘူး။ အဲဒီလိုမညီမျှမှုတွေကပဲ ဒီနိုင်ငံရဲ့ ဒေသကြီးနှစ်ခုကြားမှာ အက်ကြောင်းကြီးကြီးမားမား ဖြစ်လာစေခဲ့ပါတယ်။