Saturday, December 26, 2015
အဘများနှင့် အင်္ဂါနံ (တစ်ခန်းရပ်ပြဇာတ်
NLD တွေ ဒေါင်းအရှင်လေးတွေကိုင်ပြီး မဲဆွယ်တော့ ကြံ့ခိုင်ရေးက အဘတွေ နေမထိထိုင်မရ ဖြစ်ကုန်သတဲ့။
အဘတစ်ယောက်ကပြောတယ်။ ဒါ ယတြာဖြစ်ရမယ်တဲ့။ ယတြာလို့ အသံကြားလိုက်တာနဲ့ ဦးဌေးဦး ခေါင်းထောင်သွားတယ်။ ဦးသိန်းစိန် မျက်နှာလှမ်းကြည့်တော့ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေတဲ့ပုံ သွားတွေ့တယ်။ ဦးဌေးဦး ရုံးကနေ ကားနဲ့ ချက်ချင်း အပြင်ထွက်သွားတယ်။ တစ်နာရီလောက်ကြာမှ ရေးကြီးသုတ်ပြာနဲ့ ပြန်ရောက်လာတယ်။ ရုံးခန်းထဲက အဘတွေ ဦးဌေးဦးဆီ အပြေးအလွှား ၀ိုင်းအုံသွားကြတယ်။
အဘတစ်ယောက်ကပြောတယ်။ ဒါ ယတြာဖြစ်ရမယ်တဲ့။ ယတြာလို့ အသံကြားလိုက်တာနဲ့ ဦးဌေးဦး ခေါင်းထောင်သွားတယ်။ ဦးသိန်းစိန် မျက်နှာလှမ်းကြည့်တော့ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေတဲ့ပုံ သွားတွေ့တယ်။ ဦးဌေးဦး ရုံးကနေ ကားနဲ့ ချက်ချင်း အပြင်ထွက်သွားတယ်။ တစ်နာရီလောက်ကြာမှ ရေးကြီးသုတ်ပြာနဲ့ ပြန်ရောက်လာတယ်။ ရုံးခန်းထဲက အဘတွေ ဦးဌေးဦးဆီ အပြေးအလွှား ၀ိုင်းအုံသွားကြတယ်။
သိုင်းလောက၏ စိမ်ခေါ်သံ (၂၀၁၅ သိုင်းလောကအဖွင့်ကျမ်း)
တိတ်ဆိတ်သော ညတစ်ည .... ညဥ့်ငှက်တောင်ပံခတ်သံသဲ့သဲ့နှင့် ခွေးအူသံတချို့မှလွဲ၍ အရာခပ်သိမ်းသည် အိပ်မောကျလျက်ရှိနေသည်။ လရောင်ပြပြအောက်တွင် အရိပ်နက်တစ်ခု ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။
"ချောက်!!ချက်!! ...ချောက်!!ချက်!!
နက်ရှိုင်းသောအတွင်းအားကို စုစည်း၍ ရိုက်လိုက်သော ကီးဘုတ်ရိုက်သံသဲ့သဲ့ အရိပ်နက်ထံမှ ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်း အရိပ်နက်၏ လက်တွင် ကိုင်ထားသော လေးထာင့်သဏ္ဍာန်အရာထံမှ အလင်းရောင်တစ်ခု အမှောင်ထုကို ထိုးခွင်း၍ ထွက်ပေါ်လာသည်။
"ခွီး" သောက်ရေးထဲ password မေ့နေပြန်ဘီ"
Friday, October 3, 2014
ထိုင်းနိုင်ငံ၌ ကျွန်ခံစဉ်
![]() |
| Koh Tao ကျွန်းပေါ်မှ ဘွရှင် အလုပ်လုပ်ခဲ့ဖူးသည့် Charm Churee Villa Resort |
Thursday, October 2, 2014
ရွှေနန်းရှင်နှင့် အာဏာပိုင် အပိုင်း(၂)
အသက်ကိုးနှစ်လောက်ကတည်းက
ထိုင်းဘုရင်ဖြစ်လာတဲ့ အနန္ဒမဟီဒေါဟာ ဖခင်ဖြစ်သူ နိုင်ငံခြားရောက်နေတဲ့အချိန် ဂျာမနီနိုင်ငံ၊
Heidelberg မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ထိုင်းဘာသာစကားထက် ဥရောပဘာသာစကားတွေကို ပိုကျွမ်းကျင်ပြီး
အနောက်တိုင်းယဉ်ကျေးမှုနဲ့ ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ သူ့ခမည်းတော်မင်းသား မဟီဒေါကိုယ်တိုင်က
ထီးညွှန့်နန်းလျာမဖြစ်ခဲ့တဲ့အတွက် အနန္ဒမဟီဒေါနဲ့ ဘူမိဘောတို့ညီအစ်ကိုဟာ နောင်တချိန်မှာ
ဘုရင်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ကြပါဘူး။ အနန္ဒမဟီဒေါဘုရင်ဖြစ်ပြီးတဲ့အချိန်ထိ
နိုင်ငံခြားမှာ ကြီးပြင်းလာခဲ့တဲ့ ညီနောင်နှစ်ပါးဟာ အချင်းချင်းစကားပြောရင် မိခင်ထိုင်းဘာသာစကားနဲ့
မပြောပဲ ပြင်သစ်စကားနဲ့ပဲ ပြောလေ့ရှိတယ်လို့ သိရပါတယ်။ ကိုယ်ဟန်အမူအရာ ယဉ်ကျေးသိမ်မွေ့ပြီး
ကျန်းမာရေးချူချာတဲ့ အနန္ဒမဟီဒေါဟာ မိခင်ဖြစ်သူရဲ့ အချစ်ဆုံးသားကြီးဖြစ်ပါတယ်။
Monday, September 29, 2014
ဇာတ်သိမ်း၏ နောက်ကွယ်
ပြဿနာများဖြင့်
ကန့်လန့်ကာချ၍ ဇာတ်သိမ်းခဲ့လေပြီ။ ဘ၀တွင် မျှော်လင့်ခဲ့သမျှ၊ ရည်မှန်းခဲ့သမျှ၊ ကြိုးစားတည်ဆောက်ခဲ့သမျှသော
အရာဟူသမျှတို့ကား ဇာတ်သိမ်းခန်းနှင့်အတူ ပါသွားလေပြီ။ သူရင်ဆိုင်ရန် မျှော်လင့်ခဲ့သည့်
ဇာတ်သိမ်းခန်းကား ဤသို့မဟုတ်ချေ။ မီးစာမကုန်မှီ ဆီမခန်းမှီ ရင်ကွဲခန်းဖြင့် အိပ်မက်တို့
ဇာတ်သိမ်းခဲ့လေပြီ။
ဆောင်းကြိုရာသီ၏
ညသည် လေရူးများဖြင့် သွေးပျက်ဖွယ် ကောင်းလှသည်။ ၀ါကျင့်ကျင့် လမ်းမီးရောင်များ အောက်တွင်
လေတိုက်၍ ယိမ်းနွဲ့နေသော သစ်ပင်တို့သာ သက်ရှိအနေဖြင့် မြင်တွေ့နေရသည်။ ၀ရံတာ၌ သူထွက်ထိုင်နေသည်မှာ
ညနေစောင်း ကတည်းကပင်။ ဆေးလိပ်တစ်ဗူး ကုန်သွားသည်ကို သတိထားမိတော့မှ ညသန်းခေါင် ကျော်နေပြီကို
သူသတိပြုမိသည်။ ညစာ မစားရသေးသဖြင့် ဗိုက်က အောင့်လာသည်။ ထိုင်ခုံမှထသည့်အချိန် ထုံကျင်နေသည့်
ခြေထောက်များက ခန္ဓာကိုယ်အား မတ်တပ်ရန် ခွင့်မပြု။ ကြမ်းပြင်ပေါ် ထိုင်ချရင်း အိတ်တွင်းမှ
ဖုန်းကို ထုတ်ကြည့်မိသည်။ ဖုန်းမျက်နှာပြင်ပေါ်မှ သူမ၏အပြုံးသည် သူ့အား တဒင်္ဂ လန်းဆန်းသွားစေသည်။
မခေါ်ဖြစ်သည့် နံပါတ်လေးအား ၀တ္တရားမပျက်ဖွင့်ကြည့်ပြီးနောက် အိမ်တွင်းသို့ သူပြန်ဝင်လာခဲ့သည်။
***********
Subscribe to:
Posts (Atom)










