ပေါက်ကရ လေးဆယ်

Subscribe:

Saturday, December 26, 2015

ကောင်းကင်ဘုံရဲ့ အမှောင်ခြမ်း (သို့) ကော့တောင်ကျွန်း မာဖီးယား

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ အာရှတိုက်မှာ နာမည်အကြီးဆုံးလို့ ပြောလို့ရမယ် ထင်ပါတယ်။ သာယာလှပတဲ့ ကမ်းခြေတွေ၊ အရှေ့တောင်အာရှကို ကိုယ်စားပြုနိုင်တဲ့ ရသာကောင်းမွန်လှတဲ့ စားသောက်ဖွယ်ရာတွေ၊ လွတ်လပ်ပွင့်လင်းတဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ၊ လွယ်လင့်တကူ ၀ယ်ယူနိုင်တဲ့ မူးယစ်ဆေးဝါးတွေ၊ တခြားနိုင်ငံတွေထက်စာရင် အစစအရာရာ ဈေးနှုန်းသက်သာမှု စတဲ့အချက်တွေဟာ ထိုင်းနိုင်ငံကို နှစ်စဉ်ကြိတ်ကြိတ်တိုး ၀င်လာနေတဲ့ တိုးရစ်တွေအတွက် အဓိကဆွဲဆောင်မှု ဖြစ်နေပါတယ်။ အနောက်နိုင်ငံသား အဖြူတွေအပေါ် တခြားလူမျိုးတွေထက် ပိုပြီး ဖော်ရွေရင်းနှီးလိုတဲ့ ထိုင်းလူမျိုးတွေရဲ့ စရိုက်ကြောင့်လည်း ထိုင်းနိုင်ငံဟာ အနောက်နိုင်ငံသားတွေအတွက် Paradise တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံအကြောင်း ထဲထဲဝင်ဝင် မသိသေးသရွေ့ကတော့ လူတော်တော်များများရဲ့ စိတ်ထဲမှာ ထိုင်းနိုင်ငံဟာ တိုးရစ်တွေအတွက် အိပ်မက်ထဲက ကောင်းကင်ဘုံတစ်ခုအဖြစ် တည်ရှိနေအုန်းမှာပါပဲ။ ဒီဆောင်းပါးမှာ လူအများစု ကောင်းကင်ဘုံလို့ ထင်မှတ်တဲ့ နေရာထဲက အမှောင်ခြမ်း သို့မဟုတ် လူအများစု မသိသေးတဲ့ ထိုင်းနိုင်ငံရဲ့ ဒုစရိုက်လောကအကြောင်းကို တင်ပြသွားမှာဖြစ်ပါတယ်။

အိမ်ဖြူတော်၏ လျှို့ဝှက်ချက်များ

ကမ္ဘာ့အကြီးမားဆုံး စစ်အင်အားရဲ့ ဗဟိုချက်မ၊ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ စနစ်အကျဆုံး လုံခြုံရေးစနစ်များနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးနဲ့ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးရဲ့ နေအိမ်ကို ပြပါဆိုရင် 1600 Pennsylvania Avenue မှာ တည်ရှိတဲ့ အမေရိကန်ပြည်ထောင်စုသမ္မတရုံး သို့မဟုတ် အိမ်ဖြူတော်ကိုပဲ လူတိုင်းပြေးမြင်မိမှာ သေချာပါတယ်။ဒီအချက်တွေဟာ ကမ္ဘာပေါ်က လူအများစု အပေါ်ယံသိထားတဲ့ အချက်တွေပါ။ ဒါပေမယ့် အိမ်ဖြူတော်မှာ လူတွေ မြင်ဖူးနေကျ ဂန္တ၀င်ဆန်တဲ့ ဗိသုကာလက်ရာတွေနဲ့ လှပစိမ်းစိုနေတဲ့ ဥယျာဉ်မြက်ခင်းတွေရဲ့ နောက်ကွယ်မှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပါတယ်။ အဲဒီလျှို့ဝှက်ချက်တွေထဲက တချို့ကို ဗဟုသုတအဖြစ် မျှဝေပါရစေ။ တချို့ လျှို့ဝှက်ချက်တွေဟာ အများထင်ထားသလိုမဟုတ်ပဲ စနစ်ကျပြီး အရမ်းတင်းကြပ်ထားတဲ့ ကြားက အစီအစဉ်မကျပဲ ကမောက်ကမ ချွတ်ယွင်းချက်တွေ ဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်တွေကို လူတွေမသိအောင် ဖုံးကွယ်ထားလို့ နှစ်ပေါင်းအတော်ကြာတဲ့အထိ တိမ်မြှုပ်နေခဲ့တာပါ။

ပတ်ဝန်းကျင်တွင်း ဆူညံခြင်း ကင်းရှင်းကြပါစေ

The traditional definition of noise is “unwanted or disturbing sound”.

ဆူညံခြင်းသည် မလိုလားသော (၀ါ) စိတ်အနှောင့်အယှက်ဖြစ်စေသော အသံဟု အဓိပ္ပါယ်ရသည်။ ဆူညံခြင်းသည် သဘာဝအလျှောက်ဖြစ်ပေါ်လာသည်ထက် လူတို့၏ဖန်တီးမှုကြောင့် ထွက်ပေါ်လာသည်က ပိုများသည်။ သဘာဝအလျှောက်ဖြစ်ပေါ်လာသည့် မိုးရွာခြင်း၊ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်တော်လဲခြင်း စသည့် အခြင်းအရာများကား တခြားထိခိုက်ပျက်စီးစေမှုများမှ လွဲ၍ လူသားတို့အတွက် အမြဲတစေ စိတ်အနှောင့်အယှက်ဖြစ်စေသောအရာများမဟုတ်ချေ။ 

အဘတို့ရဲ့ ဘွ

၂၀၁၈.ခုနှစ် တစ်ခုသော နေ့လည်ခင်း. .!!

"ဆိုက္ကားအားလား. ."

"အားပါဒယ်. .ဦးဇင်း
ငင်. .ဘူးး. .ဘူးလက် .. ဦးဇင်း. .ဘူးလက်. ."

"Lol!!!ကသိန်းအောင်။ ဒကာကြီး ဝမ်းသာလိုက်တာကွာ
မတွေ့ရတာတောင် အတော်ကြာပြီ
ဒါနဲ့ ဘောက်မယ်ကြောင့် ဒီဘွ ရောက်နေတာတုန်းး"

အဘများနှင့် အင်္ဂါနံ (တစ်ခန်းရပ်ပြဇာတ်


NLD တွေ ဒေါင်းအရှင်လေးတွေကိုင်ပြီး မဲဆွယ်တော့ ကြံ့ခိုင်ရေးက အဘတွေ နေမထိထိုင်မရ ဖြစ်ကုန်သတဲ့။

အဘတစ်ယောက်ကပြောတယ်။ ဒါ ယတြာဖြစ်ရမယ်တဲ့။ ယတြာလို့ အသံကြားလိုက်တာနဲ့ ဦးဌေးဦး ခေါင်းထောင်သွားတယ်။ ဦးသိန်းစိန် မျက်နှာလှမ်းကြည့်တော့ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေတဲ့ပုံ သွားတွေ့တယ်။ ဦးဌေးဦး ရုံးကနေ ကားနဲ့ ချက်ချင်း အပြင်ထွက်သွားတယ်။ တစ်နာရီလောက်ကြာမှ ရေးကြီးသုတ်ပြာနဲ့ ပြန်ရောက်လာတယ်။ ရုံးခန်းထဲက အဘတွေ ဦးဌေးဦးဆီ အပြေးအလွှား ၀ိုင်းအုံသွားကြတယ်။

ဥုံ ဒူ ဝေ ဝေ

ဤကာလ၌ ဝေဠုကျော်ကဲ့သို့သော အသက်နှင့်ရင်း၍ ကယ်ဆယ်ရေးလုပ်သူများသည် ရှိ၏။ ကင်မရာများကား အကြင်သူတို့အား မရိုက်။ ဝေဠုကျော်အားသာ ရိုက်ကြ၏။

ဤကာလ၌ ဝေဠုကျော်ကဲ့သို့သော ဆန်အိတ်ထမ်းသူများသည် ရှိ၏။ ကင်မရာများကား အကြင်သူတို့အား မရိုက်။ ဝေဠုကျော်အားသာ ရိုက်ကြ၏။

သိုင်းလောက၏ စိမ်ခေါ်သံ (၂၀၁၅ သိုင်းလောကအဖွင့်ကျမ်း)

တိတ်ဆိတ်သော ညတစ်ည .... ညဥ့်ငှက်တောင်ပံခတ်သံသဲ့သဲ့နှင့် ခွေးအူသံတချို့မှလွဲ၍ အရာခပ်သိမ်းသည် အိပ်မောကျလျက်ရှိနေသည်။ လရောင်ပြပြအောက်တွင် အရိပ်နက်တစ်ခု ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။
"ချောက်!!ချက်!! ...ချောက်!!ချက်!!
နက်ရှိုင်းသောအတွင်းအားကို စုစည်း၍ ရိုက်လိုက်သော ကီးဘုတ်ရိုက်သံသဲ့သဲ့ အရိပ်နက်ထံမှ ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်း အရိပ်နက်၏ လက်တွင် ကိုင်ထားသော လေးထာင့်သဏ္ဍာန်အရာထံမှ အလင်းရောင်တစ်ခု အမှောင်ထုကို ထိုးခွင်း၍ ထွက်ပေါ်လာသည်။
"ခွီး" သောက်ရေးထဲ password မေ့နေပြန်ဘီ"