ပေါက်ကရ လေးဆယ်

Subscribe:

Monday, December 10, 2012

သိုင်းလောက၏ စိမ်ခေါ်သံ (ဒုတိယပိုင်း)

ဆောင်းကာလကား အေးမြမြ ချမ်းစိမ့်စိမ့်။

ပုံမှန်ယခုကဲ့သို့အချိန်မျိုးတွင် လူအများစုမှာ အိမ်တွင်းအောင်း၍ ဆောင်းခိုတတ်ကြသော်လည်း ဤနှစ်တွင်မူ ယခင်ကနှင့် လုံးဝမတူပဲ သိုင်းလောကသားများမှာ နေရာအနှံ့ ရုတ်ရုတ်သဲသဲ လှုပ်ရှားသွားလာလျက် ရှိနေကြသည်။

******************************************************
ဝူတန်းဂိုဏ်း

ဝူတန်းဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်ကား မျက်နှာမသာမယာဖြင့် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ့အနီးတွင် ပွေးသိုင်းသာအေး၊ သွပ်ဒိုင်းကိုကိုနှင့် အကြောက်တရားသိုင်းရာဇာ အောင်မင်းတို့ ခေါင်းငိုက်စိုက်ချ၍ ရှိနေကြသည်။ လက်ယာရံမှူးဇော်ကား ခံစားချက်မဲ့သော မျက်နှာဖြင့် ၎င်းတို့ကို စိုက်ကြည့်နေသည်။ ထိုအချိန်တွင်..
"တိန့်ရှိန်"

အသံကား တိုးညှင်းလှသည်။ သို့သော် အတွင်းအားပြည့်ဝလှသော ထိုအသံကြောင့် ၀ူတိန့်ရှိန်၏ လက်ကျန်ရှိစုမဲ့စု ဆံပင်မွှေးများထောင်သွားပြီး ကြက်သီးဖြန်းဖြန်းထသွားသည်။ သွပ်ဒိုင်းကိုကိုမှာ ကြောက်လန့်တကြား သေးထွက်ကျသွားသည်။ ခံစားချက်မဲ့သော လက်ယာရံ မှူးဇော်ပင် ဆတ်ခနဲတုန်သွားသည်။ ဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်အား ယခုကဲ့သို့ နာမည်ရင်းအား အဖျားဆွတ်၍ ခေါ်ဝံ့သူ သိုင်းလောကတွင် နှစ်ယောက်မရှိချေ။

"ဗျာ ဟုတ်ကဲ့ အမိန့်ရှိပါ အကြီးအကဲ"

တုန်ရီသောအသံဖြင့် ၀ူတိန့်ရှိန်ပြန်ထူးလိုက်သည်။

"မင်းတို့ကောင်တွေ ဘာဖြစ်နေကြတာလဲ"

"ဘာမှမ..မဖြစ်ပါဘူး အကြီးအကဲ ပြဿနာလေး မဆိုစလောက်တည်းပါ"

"ဘာ!!!"
"မဆိုစလောက် ပြဿနာလေးဟုတ်လား မင်းတို့စောက်သုံးမကျတဲ့အကြောင်း ငါမသိဘူးများ မှတ်နေလား ငါစာဖတ်နေတာ အေးဆေးမဖတ်ရဘူး ဟိုကောင် သွပ်ဒိုင်း..."

"ခင်ညာ.."
ညောင်နာနာအသံဖြင့် ကိုကို ပြန်ထူးလိုက်သည်။

"မင်းကို ငါသင်ပေးထားအတိုင်း ဆက်လုပ် ဒီတစ်ခါ ဆူဆူညံညံထပ်ဖြစ်ရင် မင်းတို့ကောင်တွေအကုန်လုံးကို ၀ူတန်းတောင်ပေါ်ကနေ ကန်ချမယ် ကြားလား"

"ဟုတ်ကဲ့ပါ အကြီးအကဲ"

"အေး..အဲဒါဆို ဆက်လုပ်"

"ဆက်လုပ်ခွင့်ပြုပါ"

"နင့်အမေကလွှား ဆက်လုပ်ပါလို့ ပြောပြီးပြီပဲ"

"ဟီး..အကျင့်ပါတွားလို့"

" ငါလုပ်လိုက်ရရင် သေတော့မှာပဲ...ကဲ!! မင်းအောင်လှိုင် Viper ဖွင့်ထားတာ ပိတ်လိုက်တော့ တော်ကြာ MPT က ပိုက်ဆံပိုတောင်းနေအုန်းမယ် ငါ့အတွက်ဘတ်ဂျက် လွှတ်တော်ကချထားတာ အိမ်မရောက်သေးလို့ လက်ကျန်နည်းနေပြီ"

******************************************************
မကြာမှီ သိုင်းလောကအတွင်း ၀ူတန်းဂိုဏ်း၏ အုတ်အော်သောင်းနင်း လူဖမ်းပွဲကြီး စတင်လာတော့သည်။ ဂိုဏ်းငယ်များ၊ နာမည်မထင်ရှားသည့် တကိုယ်တော်သိုင်းသမား အများစုဖမ်းဆီးခံလိုက်ရသည်။ သိုင်းလောကတစ်ခုလုံးတွင် မကျေမနပ် တက်ခေါက်သံများ ဆူညံလျက်...။ ထိုအချိန်တွင် နာမည်ကြီးသိုင်းရာဇာတချို့နှင့် ၀ူတန်းဂိုဏ်း သွပ်ဒိုင်းကိုကို၏ လက်ပါးစေများ ထိပ်တိုက်တွေ့ကြတော့သည်။

"ဟေ့ကောင်..မင်းမသိရင်မှတ်ထား ငါဆိုတဲ့ကောင်က တချိန်က ၀ူတန်းဂိုဏ်းရဲ့ ဂိုဏ်းခွဲမှူးဟောင်းကွ"

" ဂိုဏ်းခွဲမှူးဟောင်းဆိုရင် ဖင်ခံလိုက်ပေါ့ကွာ "

" ခွေးမသား မိုက်ရိုင်းလှချည်လား မင်း ငါ့အကြောင်း ကောင်းကောင်းသိစေရမယ် ကဲ!!!!"
" လူ့အခွင့်အရေး လက်ဝါးသိုင်း "

ဝူတိုင်းဂိုဏ်းဝင်ဟောင်း သိုင်းရာဇာ သိုင်းကွက်စခင်းလိုက်သည်။ သွပ်ဒိုင်းအဖွဲ့ဝင်ကလည်း မခေလှချေ။ ခွေးဝဲစား သိုင်းကွက်ဖြင့် ပြန်လည် ခုခံလိုက်သည်။

"ဖြောင်း"

နှစ်ဦးစလုံး အရှုံးအနိုင်မပေါ်ပဲ နောက်ဆုတ်သွားကြသည်။

**********************************************************

ဤကဲ့သို့ သိုင်းလောကတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေချိန်တွင် ယခင်က မည်သူမျှမသိကြသည့် အော်မေ့ဂိုဏ်းဝင် အညတရသိုင်းသမားလေးတစ်ဦး ရုတ်တရက် နာမည်ကျော်ကြားလာသည်။ တချိန်က သိုင်းထိပ်သီးများစုဝေးရာ အင်းစိန်ဒေသမှ အဆိုပါသိုင်းလုလင်မှာ ရှေးဟောင်းသိုင်းလောကအဓိပတိလူဝင်စားဟု ကြွေးကြော်ကာ လက်ရှိသိုင်းလောက၏ ပထမဓား ၀ူတန်းဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်အား စိမ်ခေါ်လိုက်ရာ သိုင်းလောကတစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။ အနှစ်တစ်ထောင် နှင်းသီးကို ပြုတ်စားပြီး ရေခဲတောင်ကြာပွင့်အား သံပုရာသီးညှစ်၍ လက်သုပ်စားထားသောကြောင့် သာမန်လူတစ်ဦး နှစ်တစ်ရာကျင့်မှ ရနိုင်မည့် အတွင်းအားကို ပိုင်ဆိုင်ထားကာ ကလိမ်ကကျစ် လူထူးဆန်းသိုင်းဘုရင် မိုးသီးဇွန်၏ ပေါတာကြီးသိုင်းကျင့်စဉ်အား ၁၂ဆင့်ထိ ပေါက်မြောက်အောင်မြင်ထားသော အဆိုပါသိုင်းလုလင် ထိန်လင်းသည် ဆဋ္ဌမအာရုံလည်း ပိုင်ဆိုင်ထားသည်ဟု ကြွေးကြော်လျက်ရှိသည်။ ထို့ကြောင့် သိုင်းလောကမီဒီယာသမားများသည် အဆိုပါသိုင်းလုလင်အား အလုအယက်အင်တာဗျူးလျက်ရှိနေကြသည်။ ထိုသို့နာမည်ကျော်ကြားလာသော သိုင်းလုလင်အား သိုင်းလောကသားများထဲမှာ သားမက်ဖမ်းလိုသူများစွာ ပေါ်ထွက်လာသည့်အပြင် ဘီလူးမသိုင်းဒေ၀ီ ဘြင်မဂျီး Khine Soe Lung က ၎င်းအားလက်ထပ်၍ သိုင်းလောကအား အုပ်စိုးမည်ဟုပင် ကြေငြာလိုက်သည်။ ထို့အပြင် အဆိုပါသိုင်းလုလင်၏ လူဝင်စားအဖြစ်ကို အလွန့်အလွန်အားကျသဖြင့် သိုင်းလောကအတွင်းမှ နာမည်မကြီးတကြီး သိုင်းလုလင်များ၊ သိုင်းလောကပျိုဖြူများအပြင် သိုင်းလောက သက်ကြားအိုများပါမကျန် ၎င်းတို့ကိုယ်၎င်းတို့ ရှေးဟောင်းသိုင်းဘုရင်များဝင်စားသည်ဟု ကြေငြာကြလေတော့သည်။ ၀ူတိန့်ရှိန်ကား အဆိုပါသတင်းများကြောင့် ခေါင်းကိုက်ကာ ပရာစီတမော့ နေ့စဉ်မှီဝဲနေရသည်ဟု အမည်မဖော်လိုသော ၀ူတန်းဂိုဏ်းဝင်တစ်ဦးမှ FNGသို့ ပြောကြားသွားလေသည်။

******************************************************
[လူမှုဆက်သွယ်ရေးကွန်ယက် စားတော်ဆက်]

နန်းတွင်းစားတော်ကဲကြီး ဇူကာဘတ်၏ လူမှုဆက်သွယ်ရေးကွန်ယက် (၀ါ) ဖေ့ဘုတ်စားတော်ဆက်အတွင်း သိုင်းလောကသားများနှင့် စည်ကားလျက်ရှိသည်။ ကာလနာသိုင်းသမား ဆူး လှည်း ကား ချောင်ကျကျစားပွဲတစ်နေရာတွင် အရက်တစ်အိုးပြီး တစ်အိုးမှာသောက်ကာ ပါးစပ်က ပေါက်ကရဆဲဆိုရေရွတ်လျက်ရှိနေသည်။ သူက လာသမျှသိုင်းသမားများကို နှုတ်ဆက်လိုက်၊ ဆဲဆိုလိုက်လုပ်နေသော်လည်း မည်သူမှ ၎င်းအား အဖက်မလုပ်၊ ပြဿနာရှာခြင်း မရှိချေ။ ထိုအချိန်တွင်...

"ဖတ်..ဖတ်...ဖတ်!!!!!"
အဖြူရောင် အလင်းတန်းတစ်ခု ဆိုင်အတွင်းဝင်ရောက်လာပြီး အလင်းတန်းအဆုံးတွင် ခိခိရီသံဖြင့် သိုင်းလောက၏ နာမည်ကြီး ရွစိတက်သိုင်းဒေ၀ီ ဖြတ်ဖောက်ချုပ် ယာယာဖွဂျီး ဆိုင်ထဲရောက်နေသည်ကို တွေ့လိုက်ရသည်။ ယာယာဖွဂျီးကို မြင်သည်နှင့်တပြိုင်နက် အနောက်မူဂျာဟစ်ဂိုဏ်းမှ လျှို့ဝှက်စေလွှတ်ထားသော စဏ္ဍာလသိုင်းသမားများမှာ ၎င်းတို့၏မုတ်ဆိတ်ကို သူမမမြင်စေရန် ခေါင်းငုံ့လိုက်ကြသည်။ ထိုအချိန်တွင်....

အော်မေ့ဂိုဏ်းမှ စာပေသိုင်းသမားပုရစ်က ဆိုင်အတွင်း ကဗျာတစ်ပုဒ်ထရွတ်လိုက်သည်။ သူရွတ်သော ကဗျာအဓိပ္ပါယ်မှာ လက်ရှိလက်ပတောင်းတောင် သိုင်းသရဖူလုပွဲအတွင်း ၀ူတန်းဂိုဏ်း၏ ရက်စက်ယုတ်မာမှုများကို ရသမြောက်စွာ စပ်ဆိုထားသည့်အပြင် အဖြူရောင်နှင့် အနက်ရောင်သိုင်းလောကသားများအတွင်း ၀ူတန်းဂိုဏ်း၏ လက်ပါးစေများရှိနေကြောင်း၊ ၀ူတန်းဂိုဏ်းကျူးလွန်ထားသော အပြစ်များကို သိုင်းလောကသားများအာရုံစိုက်မှု လျော့ပါးစေရန် အဆိုပါလက်ပါးစေများက ဖန်တီးလျက်ရှိကြောင်းကိုပါ ထောက်ပြရွတ်ဆိုသွားသည်။ ကဗျာရွတ်ဆိုသံဆုံးသည်နှင့်....

"ခွမ်း"
အရက်အိုးရိုက်ခွဲသံ ဆိုင်ထောင့်တစ်နေရာမှ ထွက်ပေါ်လာပြီး ၀ံသာနုဓားသမား James ၏ တက်ခေါက်သံက ထပ်ကြပ်ထွက်ပေါ်လာသည်။ ကာလနာဆူးလှည်း ငိုက်မြည်းနေရာမှ အလန့်တကြားထလိုက်ပြီး ယာယာဖွဂျီး၏ ခိခိရီသံ ရုတ်တရက်တိတ်ဆိတ်သွားသည်။ မူဂျာဟစ်ဂိုဏ်းဝင် စဏ္ဍာလများက ပွဲကြီးပွဲကောင်းကြည့်ရတော့မည် ဟူသောအသိဖြင့် ၀မ်းသာအားရကြည့်နေကြသည်။ ၀ံသာနုဓားသည် လက်ပတောင်းသရဖူလုပွဲ နှိမ်နှင်းမခံရခင်အချိန်က ရှောင်လင်ကိုယ်တော်များ သိုင်းပြိုင်ပွဲသို့ ပါဝင်ပတ်သက်ခြင်းကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ ဤသို့ ရှောင်လင်ဂိုဏ်း ပါဝင်ပတ်သက်လာခြင်းသည် ပြည်ပယောဂပါဝင်သည်ဟု ၎င်းကစွဲမြဲစွာ ယုံကြည်ထားခဲ့သည်။ ထို့ကြောင့်အော်မေ့ဂိုဏ်းဝင်များနှင့် အဖြူရောင်သိုင်းသမားတချို့က ၎င်းအား ၀ူတန်းဂိုဏ်း၏ လက်ပါးစေဟု သံသယ၀င်လျက်ရှိနေကြသည်။ သူ၏ သိုင်းကွက်တချို့ကို ရုပ်ဖျက်ထားသည့် မဟာကြောင်သိုင်းရာဇာက ယူသုံးခဲ့သည့်အတွက် မဟာကြောင်မှာ သူကိုယ်တိုင်ဖြစ်သည်ဟု အော်မေ့ဂိုဏ်းက သံသယကြီးစွာဝင်လျက်ရှိနေသည်။ ထိုအချက်ကို ၀ံသာနုဓား အလွန်ခံပြင်းကာ ဆိုင်အတွင်း ကျယ်လောင်စွာ သတင်းစာရှင်းလင်းပွဲလုပ်လေတော့သည်။ ၎င်းသည် ၀ူတန်းဂိုဏ်း၏ လက်ပါးစေမဟုတ်ကြောင်း သက်သေအထောက်အထားများစွာဖြင့် ရှင်းပြပြီးနောက် အော်မေ့ဂိုဏ်းအား စွပ်စွဲမှုများကို ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။ မူဂျာဟစ်များကား အဖြူရောင်သိုင်းလောက၏ အကွဲအပြဲအား အရသာခံ၍ ထိုင်ကြည့်နေကြသည်။ အော်မေ့ဂိုဏ်းက ပြန်ဖြေရှင်းသော်လည်း ၎င်းတို့၏သံသယကို စွဲမြဲစွာဆုပ်ကိုင်ထားသည်။ ထို့ကြောင့် စားတော်ဆက်အတွင်း ၀ံသာနုဓားနှင့် အော်မေ့ဂိုဏ်းတို့၏ အတွင်းအားပြိုင်ပွဲ စတင်လေတော့သည်။

"အီး....ဗြစ်ဗြစ်.....ဟိုင်းယား...ရှိစ်"

အော်မေ့ဂိုဏ်းမှ မာနတောင်တော်သခင်မ ဘွားဘွားကြည်၏ အပျိုကြီးအတွင်းအားနှင့် ၀ံသာနုဓား၏ ဘ၀င်လက်ဝါးသိုင်းတို့ ထိပ်တိုက်တွေ့ကြလေပြီ။ ယာယာဖွဂျီး ၀ံသာနုဓားအား ၀င်ဆွဲရန်ကြိုးစားသည်။ သို့သော် ဆရာ့ဆရာကြီးများ၏ အတွင်းအားမှာ ထိပ်တန်းအဆင့်ဖြစ်သဖြင့် ၀င်ရောက် ဖြန်ဖြေရန်ကြိုးပမ်းသူအားလုံး လွင့်စင်ထွက်သွားသည်။ ဆိုင်အတွင်း ခုံများ၊ ပန်းကန်များ အတွင်းအားအရှိန်ကြောင့် လွင့်ပျံနေသဖြင့် ဆိုင်ပိုင်ရှင် ဇူကာဘတ်မှာ ကောင်တာအောက်ဝင်ပုန်းနေရရှာသည်။ မူဂျာဟစ်များက ချောင်ကွယ်ကာ လက်ခုပ်လက်ဝါးတီး၍ အားပေးနေကြသည်။ ၎င်းတို့ထဲမှ တစ်ယောက်က မူဂျာဟစ်ဂိုဏ်းဌာနချုပ်သို့ Skype ဖြင့် ဤအတွင်းအားပြိုင်ပွဲအကြောင်း သတင်းပို့လျက်ရှိနေသည်။ ထို့အတူ တချိန်တည်းမှာပင် အဆိုပါသတင်းသည် ၀ူတန်းဂိုဏ်းလက်ယာရံ၏ အထောက်တော်မှတဆင့် ၀ူတန်းဂိုဏ်းဌာနချုပ်သို့ရောက်ရှိသွားလေရာ ၀ူတိန့်ရှိန်တစ်ယောက် ခေါင်းကိုက်အနည်းငယ်သက်သာသွားလေသည်။ အဖြူရောင်သိုင်းလောက၏ အကွဲအပြဲသည် ၀ူတိန့်ရှိန်အတွက် သိုင်းလောက၏ ပထမဓားနေရာအား ဆက်လက်ကိုင်စွဲနိုင်ရန် အထောက်အကူဖြစ်စေသည် မဟုတ်ပါလား။ သို့သော်....

မူဂျာဟစ်ဂိုဏ်း၏ ဒုတိယအဓိပတိ ၀ါကာအူးဒင်း ထိုင်းနိုင်ငံသို့ ရောက်ချလာပြီး သိုင်းလောကတစ်ခုလုံး မွှေနှောက်ရန် ပြင်ဆင်နေပြီဟူသော သတင်း။
ဝူတန်းဂိုဏ်းက နှစ်ပေါင်းများစွာ လက်သပ်မွေးထားသည့် ၀ဂိုဏ်းအား ၀မ်ကျားပေါင်မှ သူအနားမယူမှီ ခါးပိုက်ဆောင်တပ်ဖွဲ့အဖြစ်ဖန်တီးကာ သိုင်းလောကအား မွှေနှောက်ပြီး ၀ူတိန့်ရှိန်က ၀မ်းပေါင်းဂိုဏ်းအား အပြစ်ဖို့၍ ကိုယ်လွတ်ရုန်းရန်ကြိုးစားလျှင် ၀ူတန်းဂိုဏ်းအား မြေလှန်ဖျက်ဆီးမည်ဟူသော သတင်း။
အယ်ဂျာဇီးယားရုပ်သံမှ မူဂျာဟစ်သမိုင်းထုတ်လွှင့်စဉ် ၀ူတန်းဂိုဏ်းအပါအ၀င် သိုင်းလောကတစ်ခုလုံးအား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံနာမည်ဖျက်သွားခြင်း။
ဝူတန်းဂိုဏ်း၏ မဟာရန်သူ ကေအိုင်အေဂိုဏ်းက မူဂျာဟစ်များနှင့် စစ်ရေးလျှို့ဝှက်ပူးပေါင်းလိုက်ခြင်း .....စသည့်သတင်းတို့ တောက်လျှောက် တက်လာသောအခါ ၀ူတိန့်ရှိန်ခမျာ............

လက်ယာရံမှူးဇော်ကား ၀ူတန်းဂိုဏ်းချုပ်ကြီး၏ လက်ရှိအကျပ်အတည်းများအတွက် အကြံဥာဏ်တောင်းခံရန် ပညာရှိသုခမိန် ကွန်ဖြူးရှပ်ဘွရှင်ထံ ဖေ့ဘုတ်မှချက်၍ ဆက်သွယ်ရန်ကြိုးစားလေသည်။ သို့သော် သုခမိန်ဘွရှင်မှာ လိုင်းမကောင်း၍ ပြန်မပြောနိုင်ချေ။

ဆက်ရန်.....:p

0 comments:

Post a Comment