ပေါက်ကရ လေးဆယ်

Subscribe:

Monday, February 11, 2013

သိုင်းလောက၏ စိမ်ခေါ်သံ ဆဋ္ဌမပိုင်း

သိုင်းလောက၏ စိမ်ခေါ်သံ ဆဋ္ဌမပိုင်း

ဓားရောင်များဖွေးဖွေးလက်၊ လျှပ်တပြက်ထိုးနှက်တိုက်ခိုက်သံ၊ မာန်သွင်းကြုံးဝါးသံများဖြင့် သိုင်းလောကကား ပုံမှန်အတိုင်းစည်ကားလျှက်ရှိနေသည်။ အဖြစ်အပျက်တို့သည်ကား အဆက်အစပ်မရှိ ဖြစ်ချင်သလိုဖြစ်၍ ပျက်ချင်သလိုပျက်နေကြသည်။ ဓားခုတ်ခံရသော ဒဏ်ရာအား အတွင်းအားသုံး၍ ကုစားကြသည့် သိုင်းလောကသားတချို့ရှိသကဲ့သို့ အတွင်းကြေသော ဒဏ်ရာအား ဥုံဖွမန်း၍ ကုစားသည့် သိုင်းလောကသားတချို့လည်း ရှိနေကြသည်။ မရောင်ရာဆီလူး၍ ပြောင်ချော်ချော်ဖြစ်နေသော သူများလည်းရှိနေကြသည်။ ငါးပွက်ရာ ငါးစာချသော်လည်း ချသည့်ငါးစာ ငါးလာမစား၍ အရင်းရှုံးသောသူများလည်း ရှိနေကြသည်။ နေရာတကာ လက်ကမ်းကြော်ငြာလိုက်ကပ်ပြီး စကားစစ်ထိုးရန် စိမ်ခေါ်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ပရိုမိုးရှင်းလုပ်ကာ စပွန်ဆာရှာနေကြသည့် ခွက်ပျောက်သိုင်းသမားများလည်း ရှိနေကြသည်။ ကိုယ်မွေးစားသည့်ခွေးအပေါ် အချစ်ပို၍ တလောကလုံးကို ခွေးနှင့်နှိုင်းသောအခါ ခွေးသည် သစ္စာရှိသည်ဟု စစ်ခွေးဟုအခေါ်ခံရစဉ်က မနာခဲ့သော လူအချို့မှာ ပေါင်ကြားမီးလောင်ဗုံးထိသကဲ့သို့ ဆတ်ဆတ်ခါ၊ဖြတ်ဖြတ်လူး ဖြစ်ကုန်ကြလေသည်။ ဤသည်ကား သိုင်းလောက၏ မထူးဆန်းသော မျက်မှောက်ခေတ် အနိဋ္ဌာရုံတို့ပင်တည်း။ဤသို့သော မထူးဆန်းခြင်းများဖြင့် လူစိတ်ဝင်စားမှုနည်းပါးလျှက်ရှိသည့် သိုင်းလောကအား ရုတ်တရက်လှုပ်ခတ်သွားစေသည့် သတင်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ သိုင်းလောကဂိုဏ်းပေါင်းစုံ ထိပ်သီးညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် လူထူးဆန်းသိုင်းသမား ဒေါက်တာဆိတ်ဖွားအား တွေ့ရာသင်္ချိုင်းဓားမဆိုင်း စီရင်ရန်အမိန့်ချမှတ် လိုက်ခြင်းပင်ဖြစ်သည်။ ဆိတ်ဖွားကား ခေသူမဟုတ်ချေ။ ကီးဘုတ်တစ်လုံးဖြင့် သိုင်းလောကအား မွှေနှောက်နေသည်မှာ နှစ်ပရိစ္ဆေတမနည်းတော့ပြီဖြစ်သည်။ မဏ္ဍိုင်အဖွဲ့မှ တစ်ပူးဂိုဏ်း၏ အတွင်းရေးများအား သိုင်းလောကအတွင်းဖွင့်ချသဖြင့် တစ်ပူးဂိုဏ်း၏နံပါတ်(၁) ရန်သူလည်းဖြစ်သည်။ နာမည်ကြီးသိုင်းသမားအများစုမှာ ဆိတ်ဖွား၏ ကီးဘုတ်အစွမ်းအား မြည်းစမ်းဖူးကြသူများဖြစ်သည်။ သို့သော် ဆိတ်ဖွားသည် တချိန်က သိုင်းလောကဥသျှောင်အား တရံတခါသော်မျှ မပြစ်မှားဖူးချေ။ ဥသျှောင်လက်ထက်က ဆိတ်ဖွားထင်တိုင်းကြဲခဲ့သော်လည်း မည်သူမျှအရေးမယူဝံ့။ ဥသျှောင်နှင့်ဆိတ်ဖွားတို့၏ ပတ်သက်မှုကား စိတ်ဝင်စားစရာကောင်းလှသည်။

ဆိတ်ဖွားသည် တခြားသိုင်းသမားများကဲ့သို့ ပေါ်ပေါ်ထင်ထင်လှုပ်ရှားသူ မဟုတ်ချေ။ သူ၏သိုင်းကွက်များမှာ သိုင်းလောကထိပ်သီး ၀ူတန်းဂိုဏ်း၏သိုင်းကွက်များနှင့် တထေရာတည်းတူနေရာ သိုင်းလောကတစ်ခုလုံး ဆိတ်ဖွားအား ၀ူတန်းသိုင်းသမားအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ သို့သော် သိုင်းလောကဂိုဏ်းပေါင်းစုံ ထိပ်သီးညီလာခံအတွင်း ဆိတ်ဖွားအားအရေးယူရန် အဆိုတင်သွင်းသူမှာ ၀ူတန်းဂိုဏ်းကိုယ်စားလှယ်ဖြစ်သဖြင့် သိုင်းလောကတစ်ခုလုံး အံ့သြသင့်နေကြသည်။ ၀ူတန်းဂိုဏ်းအတွင်း အက်ကြောင်းထင်စ ပြုလာပြီဟု တချို့ကသုံးသပ်ကြသည်။ ဆိတ်ဖွားသည် သိုင်းလောကတစ်ခုလုံး၏ ရန်သူဟုတ်မဟုတ် အများစုကဒွိဟဖြစ်နေသည့်အချိန်တွင် ဆိတ်ဖွား၏ တောင်းပန်စာ ထွက်ပေါ်လာသော်လည်း စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်ကြောင်း သတင်းထွက်ပေါ်လာသည်။ ဆိတ်ဖွားသည် သိုင်းလောကအတွင်းမှ မည်သူတို့၏ ရန်သူဖြစ်ပါသနည်း။ ၀ူတန်းဂိုဏ်း၏ ရန်သူလော၊ အော်မေ့ဂိုဏ်း၏ ရန်သူလော၊ ခရိုနီတို့၏ ရန်သူလော၊ မဏ္ဍိုင်အဖွဲ့၏ ရန်သူလော။ မည်သို့ပင်ဆိုစေကာမူ ဆိတ်ဖွားသည် တနေ့လုပ်မှတနေ့စားရသည့် ပျံကျသိုင်းသမားများ၏ ရန်သူမဟုတ်သည်မှာ သေချာသည်။ ဆိတ်ဖွားကြောင့် သိုင်းလောကပြိုကွဲနိုင်သလားဟူသည့် မေးခွန်းသည် ယခုအချိန်ထိ အဖြေမထွက်နိုင်သေးသော်လည်း မရောင်ရာဆီလူးရန်အတွက် လွှတ်တော်အမတ်အပေါင်းကား ပုလင်းကိုယ်စီဖြင့် ဆီကြိတ်လျှက်ရှိနေကြသည်။

တိုက်ပွဲအတွင်းသေကြေပျက်စီးသူများအား ရည်စူး၍ ၀ူတန်းဂိုဏ်းမှ ဂိုဏ်းထောက်ချုပ် အကြောက်တရားရာဇာ အောင်မင်းနှင့် ကေအိုင်အေဂိုဏ်းမှ ဂွမ်မော်တို့ အရက်ခွက်ချင်းတိုက်၍ ဆုတောင်းလိုက်ကြသည်။ ထိုအချိန်တွင် စစ်မြေပြင်၌ နှစ်ဖက်ကျဆုံးသူများ၏ အလောင်းများအားပတ်စရာအလံမလောက်၍ စောင်ကြားပတ်ကာ မြှုပ်နှံလျှက်ရှိသည်။ အောင်မင်းနှင့် ဂွမ်မော်တို့ အရက်မူးမူးနှင့် ခပ်မြူးမြူးဆွေးနွေးနေချိန်တွင် စစ်မြေပြင်၌ ဒဏ်ရာရသူ နှစ်ဖက်တပ်သားအပေါင်းကား သွေးအလူးလူးဖြင့် လူးလိမ့်အော်ဟစ်ညည်းငြူလျှက် ရှိနေကြလေသည်။ လမ်းလျှောက်ခြင်းဖြင့် စစ်ပွဲရပ်ရန်မျှော်လင့်နေသူတစ်စုသည် လမ်းလျှောက်ခြင်းပိုစတာအား ကိုင်စွဲ၍ ဆိုင်ကယ်နှင့်တမျိုး၊ ကားနှင့်တဖုံ လမ်းလျှောက်လျှက်ရှိနေကြသည်။

သုပဏ္ဏကဂဠုဏရာဇာဘွဲ့ခံ မတူကွဲပြားရေးဂိုဏ်းချုပ် နေမျိုးဝေကား ထွန်တုံးလက်နက်ဖြင့် ခရိုနီအဖွဲ့မှ ဇေကမ္ဘာဂိုဏ်းအား စိမ်ခေါ်လျှက်ရှိနေသည်။ ဇေကမ္ဘာဂိုဏ်းချုပ် ခင်ရွှေက နေမျိုးဝေအား ဒေါသတကြီးကြိမ်းမောင်းလျှက်ရှိသည်။

"ဟေ့ကောင် နေမျိုးဝေ မင်းလိုမလောက်လေး မလောက်စားကောင်ကို စောက်ဂရုမစိုက်လို့ ခရိုနီလုပ်နေတာ မင်းလိုကောင်မျိုး ဂရုစိုက်နေရင် ငါ့ကိုငါ ခရိုနီကနေအရောင်ချွတ်ပြီး ခရိုဖြူလုပ်ပလိုက်မယ် သတ္တိရှိရင် ငါ့နားကပ်လာခဲ့ ကြိုးတုပ်ပလိုက်မှာ ဘာမှတ်လဲ ဟွန်း"

"ဟားဟား ခင်ဗျားဘာသာ ခရိုဖြူမကလို့ ဖိုးသူတော်ပဲလုပ်လုပ် ကျုပ်အပူမပါဘူး ဒါပေမယ့် တစ်ခုတော့ပြောလိုက်မယ် ခင်ဗျားဖိုးသူတော်လုပ်ပြီး ဆန်အလှူခံထွက်ရင် ဘယ်သူဆီကမှ ဆန်တစိရမှာ မဟုတ်ဘူးဆိုတာ မြဲမြဲမှတ်ထားလိုက်"

"အဲဒါသိလို့ ငါမလုပ်ပဲနေတာပေါ့ ငတုံးရဲ့ ခိခိ"

"ဘာမှစပ်ဖြဲဖြဲလုပ်မနေနဲ့ သိမ်းထားတဲ့လယ်တွေပြန်ပေး"

"ပေးဘူး"

"ပြန်ပေးဆို"

"ပေးနိုင်ပါဘူးဆို"

"ရဘူးကွာ ပြန်ပေးပါဆို"

"ပေးဘူး တိုင်ချင်တဲ့နေရာမှာတိုင် တိုင်တစ်လုံးငါးမတ် ခိခိ"

"ခွီး သေနာကြီး တင်းထှာ"

တချိန်တည်းမှာပင် ခွက်ပျောက်မူဂျာဟစ်များ၏ စိမ်ခေါ်သံများက သိုင်းလောကအနှံ့ လက်ကမ်းကြော်ငြာများဖြင့် ထွက်ပေါ်လာသည်။ မူဂျာဟစ်ဂိုဏ်း၏ ဒါရိုက်တာအောင်တင်တစ်ယောက် ခွေးတိုးပေါက်မှ သိုင်းလောကအတွင်းဝင်ရောက်ကာ ကိုယ်ပျောက်လှုပ်ရှားလျှက်ရှိသည်။ အောင်တင်တစ်ယောက် သိုင်းလောကအတွင်းတွင် အငြိမ့်မကရ၍ နပ်မမှန်ဖြစ်နေသော ကတုံးသိုင်းသမားထံ ချဉ်းကပ်၍ စုံစမ်းရေးကော်မရှင်အတွင်းသတင်းများအား နှိုက်ယူကာ သိုင်းလောကအတွင်းတရားဝင် သိုင်းဂိုဏ်းထောင်ရန် အလုပ်များနေသဖြင့် လည်ပတ်နေကျ ဖေ့ဘုတ်စားသောက်ဆိုင်သို့ပင် ၀င်ထွက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။ ထိုအချိန်တွင် အနောက်ဖက်ခြမ်းမှ မူဂျာဟစ်ဂိုဏ်းဝင်များ လှေကြီးလှေငယ် အသွယ်သွယ်ဖြင့် မလ္လာယုကျွန်းဆွယ်သို့ အဆုပ်ဆုပ်ဝင်ရောက်လာရာ သက်ဆိုင်ရာအစိုးရများ မျက်လုံးမျက်ဆန်ပြူး ကုန်ကြတော့သည်။ ပြည်ပအခြေစိုက် မူဂျာဟစ်ဂိုဏ်းခေါင်းဆောင်များကား ပွဲတော်ကြီးတစ်ခုတွေ့သည့်နှယ် ရောက်လာသည့်လူများအတွက် နေရာချထားရေးအား အားသွန်ခွန်စိုက် ကြိုးပမ်းလျှက်ရှိကြသည်။ ရလာသည့်အလှူငွေများ အိတ်ကပ်ထဲထည့်ခြင်း၊ နာမည်ကြီးနိုင်ငံရေးခေါင်းဆောင်များအား ချဉ်းကပ်ခြင်း၊ လူသစ်များ အလုပ်အကိုင်ရရှိရေးအတွက် အေးဂျင့်လုပ်ခြင်း စသည်တို့ဖြင့် နေ့မအားညမအား အလုပ်များနေသည်ကို ဖြတ်ဖောက်ချုပ်သိုင်းဒေ၀ီ ယာယာဖွကြီးမှ သက်ဆိုင်ရာအစိုးရထံ လျှို့ဝှက်သတင်းပေးလိုက်ရာ ၀င်လာသည့်ဒုက္ခသည်များအား မည်သို့မည်ပုံစီမံရမည်မသိ ခေါင်းကိုက်နေသော အစိုးရအတွက် ကလော်တုတ်စရာ အကွက်ရသွားလေတော့သည်။ ထို့ကြောင့် အဆိုပါကိစ္စတွင် အားသွန်ခွန်စိုက် ရှေ့တန်းမှတက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည့် မလ္လာယုကျွန်းဆွယ်အခြေစိုက် မူဂျာဟစ်ခေါင်းဆောင် ဆာဒူးကိုကိုကြီး၏ ချစ်လှစွာသော သားမက်ဖြစ်သူ မလေးရဲအရာရှိမှာ ထမ်းဆောင်နေသည့်တာဝန်များ ရပ်ဆိုင်းခံရပြီး စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရကြောင်း FNG မှ သတင်းပေးပို့သွားပါသည်။ ထို့ကြောင့် ဆာဒူးတစ်ယောက် ဒေါသအကြီးအကျယ်ပေါက်ကွဲပြီး ယာယာဖွကြီးအား တွေ့ရာတွင်ဟာလာလုပ်ရန် မူဂျာဟစ်ဂိုဏ်းအား ညွှန်ကြားလိုက်လေတော့သည်။

"ရော့ ဟောဒီမှာ ဖြတ်ဖောက်ချုပ်မ တရုတ်မ ယာယာဖွကြီးရဲ့ ဓာတ်ပုံ အဲဒီဓာတ်ပုံတွေကို တစ်သောင်းတိတိ ကော်ပီကူးပြီး ခေါင်းရင်းမှာကပ်ထား၊ သွားလေရာယူ။ လမ်းပေါ် တွေ့သမျှမြန်မာမတွေကို အဲဒီပုံနဲ့တိုက်ကြည့်။ တူတယ်ဆိုတာနဲ့ ဖမ်းပြီးဟာလာလုပ်ပလိုက် ဒီဟာမဆက်ရွနေသမျှ ငါတို့တွေတရက်ထက်တရက် ခွက်ပျောက်တာများနေပြီ အရှင်ထားလို့မဖြစ်တော့ဘူး တွေ့တာနဲ့အသေသတ် ကြားလား"

တပည့်များအား ညွှန်ကြားရင်း ယာယာဖွကြီး၏ဓာတ်ပုံအား ထုတ်ပေးသည့်အချိန်တွင် ဆာဒူး၏အိတ်အတွင်း ထည့်ထားသည့် မလေးနိုင်ငံသားမှတ်ပုံတင် ထွက်ကျသွားလေသည်။ ထိုမှတ်ပုံတင်အား ဆာဒူးအနီးတွင် ရိုတိန်ညာယောင်ဆောင်ကာ ရုပ်ဖျက်ထားသည့် ပရော်ဖက်ဆာ ဒေါက်တာကြွက်က တိတ်တဆိတ်ကောက်ယူထားလိုက်သည်။ ဓာတ်ပုံထုတ်ပေးပြီးနောက် ဆာဒူးတစ်ယောက် အိမ်အသုံးစရိတ်အတွက် အလှူငွေများထုတ်ယူရန် ဘဏ်သို့ရောက်သောအခါ...

"မှတ်ပုံတင်လေး တဆိတ်ပြပါ"

"ဟိုက် မရှိတော့ဘူး "

မှတ်ပုံတင်အစား ချစ်လှစွာသော ယာယာဖွကြီး၏ မျက်နှာပြဲပြဲဓာတ်ပုံကြီးသာ ထွက်လာရာ ဆာဒူးတစ်ယောက် မုတ်ဆိတ်မီးစွဲသကဲ့သို့ ဖြတ်ဖြတ်လူးသွားလေတော့သည်။

နောက်ပိုင်းသိရသည်မှာ ပရော်ဖက်ဆာဒေါက်တာကြွက်တစ်ယောက် ဆာဒူးကိုကိုကြီး၏ မှတ်ပုံတင်အား ဖေ့ဘုတ်တွင် ရုံသွင်းပြစား၍ စီးပွားဖြစ်နေကြောင်း ခိုင်လုံသောသတင်းရပ်ကွက်မှ သိရှိရပါသည်။

ဆက်ရန်(ကုန်ကြမ်းထပ်ရလျှင်)....:p

0 comments:

Post a Comment