ပေါက်ကရ လေးဆယ်

Subscribe:

Monday, November 18, 2013

ဘွရှင်ရဲ့ အငြိမ့်သဘင်

ခွန်းတောက်

ဘွရှင် - မျိုးမြန်မာ ရှေးရိုးစဉ်အလာမညှိုးအောင်လို့
(အို တယ်ဆိုတဲ့စာပါလား ကိုဘွရေ < ဆရာ ကြယ်> )
မျိုးမြန်မာ ရှေးရိုးစဉ်အလာမညှိုးအောင်လို့

ဆရာကြယ် - မောင်ဘွ မညှိုးအောင် ဘာဆေးကောင်းလဲငှင်

ဘွရှင် - ခွီး ခွန်းတောက်တောင် ဖြောင့်အောင်မဆိုရဘူး ရောဂါလာတက်ပြနေတယ် သေနာကျဆရာကြယ် - ဟီး ဆောတီး ဆောတီး ခုတလော မလာလို့

သက္က မိုးညို - ဘာမလာတာလဲဟင် ဒေါက်တာတစ်ယောက်လုံးရှိတယ် မြဟင်္သာသောက်လိုက်

ဘွရှင် - တော်ကြစမ်း မီးမလာလို့ မီးစက်နှိုးပြီး ဖေ့ဘုတ်မှာ အငြိမ့်ကနေရတာ မီတာခဘယ်လောက်များ မှတ်နေလဲ ကိုင်း ဆက်ဆိုမယ်

မျိုးမြန်မာ ရှေးရိုးစဉ်အလာ မညှိုးအောင်လို့
အဘအမျိုးတွေ တွေ့မရှောင် ခိုးတာကြောင့်
စနစ်ဆိုးရယ်နဲ့ တက်တက်ပြောင် ...ပလိုဂျိ!!

တက်တက်ကယ်ပြောင်
မရှက်ပေါင် အကြွေးထူလှဟာမို့
မျက်နှာတောင် ပူစရာမရှိတော့တယ်..အယ် ဟယ်
တရုတ်သွားလို့ ပေါင်.... ပလိုဂျိ!!

ဘွရှင် - ဒီဖက်က နံရိုးအလှနဲ့ ဟန်ရေးပြနေတာ ဆရာကြယ် ထင်ပါရဲ့

ဆရာကြယ် - ဟုတ်ပါ့ ဇာတ်ဆရာ

ဘွရှင် - ဒီဖက်က ဆေးထိုးအပ်မှာ မင်ထည့်ပြီး စာရေးပြတဲ့ ဆြာသက္ကလား ခင်ဗျာ

သက္ကမိုးညို - မှန်သပါ့ ဇာတ်ဆရာ

ဘွရှင် - ခေတ်စနစ်တွေပြောင်းပြီးနောက်ပိုင်း မင်းသားလုပ်စားရတာ သိပ်အဆင်မပြေတော့ ကျုပ်လည်း လူရွှင်တော်လုပ်နေရတယ်ဗျာ ခေတ်ကိုက အဘခေတ်ကနေ အမေခေတ်၊အစ်မကြီးခေတ် ဆိုပြီး ဖေ့ဘုတ်ပေါ်မှာ ဖြစ်လာပြီကိုးဗျ မာမီသရဏံဂစ္ဆာမမိရင် ခေတ်မမှီဘူးဆိုပဲ ကဲ ဒါနဲ့ ဒီကနေ့ အငြိမ့်မှာ ဘာတွေများ အသုံးတော်ခံကြမလဲ အဖွဲ့တော်သားတို့ရေ


(ငိုချင်း) ဖြစ်ကြောင်းရယ်နဲ့ကုန်စင် ဟင့် ကုန်စင်ရယ်နဲ့မှ ဖြစ်ကြောင်း ဟောင်းဟောင်း
ခေတ်အပြောင်းမှာဖြင့် (စကားပြော)သများလေ ပြည်သူတွေစိတ်ဆင်းရဲမှာစိုးလို့
ဟောဒီမီတာခတွေ ဈေးတက်မယ်ဆိုတာကြီးကို ပြောမထွက်ခဲ့မိလို့
စိတ်ဆင်းရဲစရာတွေကို သများတစ်ယောက်တည်း ဟောဒီရင်ဘတ်ကြီးနဲ့ စုပြုံခံစားခဲ့မိလို့
အဲဒီလို အများကောင်းကျိုးတွေ လျှောက်လုပ်မိလို့ သများကို အရပ်တကာက ၀ိုင်းပြောနေကြပြီ
သများကို အပြစ်တင်ကုန်ကြပြီ ဟင့်
(ငိုချင်းပြန်ဝင်)
ဖြစ်ကြောင်းရယ်နဲ့ကုန်စင် ဟင့် ကုန်စင်ရယ်နဲ့မှ ဖြစ်ကြောင်း ဟောင်းဟောင်း
(စကားပြော) ကုန်စင်နေမှတော့ ထပ်တောင်းရမှာပဲလေ ဒါဗြဲ .. ပလိုဂျိ!!

ဘွရှင် - ဟဲ့ ဟဲ့ စင်ပေါ်မှာ ငိုချင်းချနေတဲ့တစ်ယောက်က ဘယ်သူတုန်း

ဆရာကြယ် - လျှပ်စစ်မီးပေးရေးဥက္ကဌဆိုလားပဲ။

(ငိုချင်း) အမယ်မင်းရယ်တဲ့ ပြောရတော့မယ် ငှယ်.ငှယ်
တပ်မတော်ရဲ့စေတနာမှန်ကို နားမလည်ပြန် ထင်ရာဝေဖန်ကြလေတော့
စွပ်စွဲပြန် တိုင်းပြည်ရဲ့တရားခံဖြစ်ရတယ် အို သွားလေသူကြီးရဲ့ ရှင့်ရဲ့အထုတ် သူတို့ဖြည်ကုန်ကြပါပေါ့လား ဟား လားးးး ဟင့် ရွှတ် ဘွတ်
(စကားပြော) စေတနာဗရဗွနဲ့ ရှိတာလေး ရောင်းတန်ရောင်း၊ ပေါင်တန်ပေါင် သူများဆီမှာ မျက်နှာငယ်လေးနဲ့ ချေးတန်ချေး၊ ငှားတန်ငှား အနှစ်နှစ်ဆယ်လုံး ရှာဖွေကျွေးမွေးလာခဲ့တာ ကန်တော့ခံပစ္စည်းလေးတွေကလွဲရင်၊ စီမံကိန်းပွဲခလေးတွေ၊ ရောင်းလို့ရတဲ့အထဲက ရလာတဲ့ ကော်မရှင်ခလေးတွေက လွဲရင်၊ ယူနီဖောင်းကြီးဝတ်ပြီး နေပူမရှောင် မိုးရွာမရှောင် ပါဂျဲရိုးနဲ့ ဟတ်စကီးနဲ့ နိုင်ငံအနှံ့ တိုင်းကျိုးပြည်ကျိုးဆောင်ရွက်ခဲ့လို့ ရလာတဲ့ မြေကွက်လေးတွေ၊ တွင်းထွက်လေးတွေ၊ ပါမစ်လေးတွေက လွဲရင်၊ တိုင်းပြည်ပိုက်ဆံထဲက ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်စာလေး မစို့တပို့လေး ယူခဲ့တာကလွဲရင် အနှစ်၂၀တိတိ အဆုံးရှုံးခံ၊ အနစ်နာခံခဲ့တဲ့ ကျေးဇူးတရားကိုမှ မထောက် ဝေဖန်ရက်လေခြင်း ဟင့် ပြစ်တင်ရက်လေခြင်း
အမယ်မင်း စာဖတ်နေသူကြီးရဲ့ ထကြည့်ပါအုန်း ဟင့် အင့်အင့် ရွှတ် ဘွတ်

ဘွရှင် - တိန် လာပြန်ပြီ ကျက်သတုံးတစ်ကောင် ငါ့အငြိမ့်စင်များ အသုဘအိမ်မှတ်နေလားမသိဘူး

သက္ကမိုးညို - တိုးတိုးပြော ဇာတ်ဆရာ အဲတစ်ယောက်က ရန်ကုန်တိုင်း ၀န်ကြီးချုပ်။ သူလုပ်ရင် ကျုပ်ဆေးထိုးအပ် နှုတ်ခံရမှာ ကြောက်ရတယ် လူပုစိတ်တိုမျိုး ခင်ဗျားဇာတ်ခေါင်းကွဲသွားလိမ့်မယ်

သီချင်းသံထွက်ပေါ်လာ

ဟရေး ကန်ကလေး ၂၀၀၈ကိုပြင်မလား ကုလားလေးကိုယူမလား
ဘာလာလာ လာလာ့လာ့လား အကုန်ပြင်တယ် ကန်ကလေး
ဟရေး ကန်ကလေး ၈၂ကို မပြင်ရင်တော့ မာမူ့အမျိုးတွေ ငိုလိမ့်မယ်
ဘာလာလာ လာလာ့လာ့လား အကုန်ပြင်တယ် ကန်ကလေး
မာမူအဖိုးလက်ထက်က ထီးတွေပြင်တယ် ကန်ကလေး
မာမူ့အဖေလက်ထက်တော့ ရေဒီယို၊ကက်ဆက်ပြင်ခဲ့တယ်
ဘာလာလာ လာလာ့လာ့လား အကုန်ပြင်တယ် ကန်ကလေး
မာမူတို့လက်ထက်တော့ အခြေခံဥပဒေလိုက်ပြင်မယ် ရှိသမျှဥပဒေလိုက်ပြင်မယ်
ဘာလာလာ လာလာ့လာ့လား အကုန်ပြင်တယ် ကန်ကလေး

(စကားပြော) အခြေခံဥပဒေနော် မကောင်းဘူး လုပ်ထားတာ မသေသပ်ဘူး မာမူသိဒယ် အဲကောင် ကောင်းကောင်းသုံးမရဘူး ပျက်တတ်တယ် မာမူနော် အဲဒါကိုကောင်းကောင်းပြင်တတ်တယ် ပြင်စရာရှိတာပြင်ထားနော် ပြင်လို့မရတော့ဘူးဆိုရင် မာမူပဲကြီးလှော်နဲ့ လဲပေးမယ်

ဘွရှင် - ဟိုက် လာပြန်ပြီတစ်ယောက်

ဒိုင်း!!! ဒိုင်း!!! ဒိုင်း!!! (သေနတ်သံဆက်တိုက် ထွက်ပေါ်လာ)

အကုန်လုံး မှောက်ထားစမ်း တစ်ကောင်မှ မလှုပ်နဲ့ သမ္မတလောင်း သံချောင်း အာဏာသိမ်းလိုက်ပြီ လှုပ်ရဲတဲ့ကောင်လှုပ်ကြည့် အမွှေးတစ်ပင်တောင် မလှုပ်မိစေနဲ့ ဆွဲနုတ်ပစ်မယ်

ဒိုင်းညှောင့် !!!!!!

0 comments:

Post a Comment