ပေါက်ကရ လေးဆယ်

Subscribe:

Monday, November 18, 2013

သိုင်းလောက၏ စိမ်ခေါ်သံ (အဌမပိုင်း)

ညအမှောင်ကား လရောင်မှုန်ဝါးဝါးအောက်တွင် စောင်ခြုံကွေးလျှက်ရှိနေသည်။ တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်လျှက်။ ထိုအချိန်တွင် တောတန်းတစ်နေရာမှ သာယာသည့် စောင်းသံနှင့်အတူ ဆွေးမြည့်ကြေကွဲလှိုက်မောစရာ တေးသံသဲ့သဲ့ ပျံ့လွင့်လာသည်။

♫♪♫ ပိုးကိုက်ပါလာသည့် ပန်းကို ပွင့်လာသည့်အခါ ဥယျာဉ်မှူးခမျာ ♫♪♫
♫♪♫ ပန်းတစ်ပင်လုံးကို အမြစ်ပါမကျန်အောင် တူးဆွ၍ ပစ်ရိုးမရှိခဲ့ပါ♫♪♫
♫♪♫ ....♫♪♫ ....♫♪♫.... ♫♪♫ ....♫♪♫.... ♫♪♫... ♫♪♫..... ♫♪♫ ..♫♪♫
♫♪♫ ဆိုးလိုက်သည့် လမ်းတ၀ိုက်မှာ ပိုးကိုက်သည့်ပန်း စိုက်ခဲ့မိလို့ ဥယျာဉ်မှူးသနားစရာ♫♪♫
♫♪♫ ...♫♪♫..... ♫♪♫.... ♫♪♫ ....♫♪♫ ...♫♪♫.... ♫♪♫.... ♫♪♫ ...♫♪♫... ♫♪♫ ...♫♪♫

!!!!! ၀ှစ် !!!! ၀ှစ် ..ဖလတ်!!! အ၀တ်စလေတိုးသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီးနောက် စောင်းသံနှင့်အတူ သီချင်းသံ တိခနဲရပ်သွားသည်။

"ဟား.ဟား.ဟား..ဟား
ဟား.ဟား.ဟား..ဟား
သီချင်းဆိုကောင်းလှချည်လား မာမီဂျိမ်းရဲ့ အဲလေ မောင်ရင်ဂျိမ်းစ်"

အော်မေ့ဂိုဏ်းမှ ငရဲသားက စောင်းသံရှင်အား လှောင်ပြောင်လိုက်သည်။ စောင်းသံရှင် ဂျိမ်းစ် ဒေါသတကြီး ထရပ်လိုက်ပြီး..

"ဟေ့ကောင် ထမီခြုံသိုင်းသမား ငါဆိုတဲ့ကောင်က မင်းတို့အုပ်စုလို မိန်းမလိုမိန်းမရအစားမဟုတ်ဘူး တစ်ကောင်တည်းပဲ ဒါပေမယ့် ကျား မသိရင်မှတ်ထား"

"ခိခိခိ ခွိခွိ အဟက်ဟက် ကျားတဲ့ ဟီးဟီးဟီး"

ရယ်သံများနှင့်အတူ ခြုံပုတ်နောက်ကွယ်မှ ပုရစ်နှင့် ဆရာဆယ် ထွက်ပေါ်လာသည်။

ဂျိမ်းစ် - သြ မင်းတို့သတ္တိ ဒါအကုန်ပဲလား ငရဲသား အုပ်စုလိုက်ဝိုင်းဖဲ့တယ်ဆိုတာ ယောင်္ကျားတွေအလုပ် မဟုတ်ဘူးကွ

ဆရာဆယ် - ခေးကို အဲလိုအနိုင်မကျင့်ရက်ပါဘူးကွယ် ခိခိ

ဂျိမ်းစ် - ခွီးးး နင်တို့ကို အရှင်မထားဘူး ကဲ လာပြီ ပတ်ရမ်းသိုင်းကွက်

!!!!!ဟူး ဟူး ဟူး အိစ် ယား ၀ှစ် ၀ှစ် ဗြစ်!!!!!!

စောင်းသံရှင် ဂျိမ်းစ်ကား ပတ်ရမ်းလေပြီ။ ပြင်းထန်သောအတွင်းအားကြောင့် ငွေရောင်အပ်ပျံများ ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံသွားပြီး အော်မေ့ဂိုဏ်းထမီခြုံအုပ်စု ကစဥ့်ကလျားဖြစ်သွားသည်။ ငွေရောင်အပ်ပျံတချို့မှာ တိုက်ပွဲအပြင်သို့ လွင့်စဉ်သွားပြီး ရပ်ကြည့်နေသည့် လှေနံနှစ်ဖက်နင်း သိုင်းသမား သာပို၏ တင်ပါးအား သွားရောက်ထိမှန်ကာ သူ့ဘော်ဒါများဖြစ်ကြသည့် ၀င်းမင်းသိန်း၊ မောင်ဟန်၊ ကိုဒင်္ဂါး၊ချမ်းငြိမ်းမိုးအား အဖျားခတ်သွားသည်။ ဤတွင် ထိုသိုင်းသမားများ ဆောင်ဓားကိုယ်စီဖြင့် ဂျိမ်းစ်အား ၀ိုင်းရံလိုက်ကြတော့သည်။

သာပို -"အလှူရှင် မောင်ရင်ဂျိမ်းစ်ခင်ဗျား လူကြီးမင်းပစ်လွှတ်လိုက်သည့် အပ်များသည် ကျွနှုပ်တို့အဖွဲ့အစည်းသို့ လာရောက်ထိမှန်ခဲ့ပါသည်။ မိမိတို့ အဖွဲ့အစည်းအနေဖြင့် လူကြီးမင်း၏ ပြဿနာရပ်များအား စိတ်ဝင်စားခြင်းမရှိကြောင်း လူကြီးမင်းအား အသိပေးအကြောင်းကြားပြီး ဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် လူကြီးမင်းပစ်လွှတ်လိုက်သည့် အပ်အတွက် တာဝန်ယူရပါလိမ့်မည်"

ဂျိမ်းစ် - "ပစ်တော့ ဘာဖြစ်တုန်း ပစ်ချင်လို့ပစ်တယ် အကြွေးရစရာရှိလို့ ပစ်တယ် စောက်မြင်ကပ်လို့ပစ်တယ် ဘာဖြစ်ချင်လဲ ဖြစ်ချင်ရင် ဖြစ်လို့ရတယ် သားကြီး"

သာပို - "အလှူရှင် မောင်ရင်ဂျိမ်းစ်ခင်ဗျား ကျွနှုပ်တို့အဖွဲ့အစည်းအနေဖြင့် လူကြီးမင်းအား လေးစားသမှုဖြင့် အဖြစ်မှန်အား ရှင်းပြနေခြင်း ဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် ပြဿနာမရှာသင့်ကြောင်း ပြောကြားလိုပါသည်။"

ဂျိမ်းစ် - "ငါမှန်တယ်ထင်ရင် ဘုမှစောက်ဂရုမစိုက်ဘူးကွ မကျေနပ်ရင် သိုင်းကွက်ခင်းလိုက် ဒါဗြဲ"

ကိုဒင်္ဂါး - " အဲလောက်တောင် ပြောမရတာ ဖဲ့ကွာ ယားးးး!!!!!!"

" ချွင် ထန် ၀ှစ် ဖတ် ယိစ် တိန် တိန် တိန် ချွမ်း ဖုန်း ၀ုန်း!!!!"

နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာအနာတရများဖြင့်။ညဥ့်သန်းခေါင်ကား အကျဉ်းတန်သွားရတော့သည်။

***************************
သိုင်းလောက အလှမယ်

သိုင်းလောကတစ်ခုလုံး အုံးအုံးကြွက်ကြွက် ဆူညံပွက်လောရိုက်လျှက် ရှိနေသည်။ သိုင်းလောက ကိုယ်စားပြု အလှမယ်ဘွဲ့ကို ပူပူနွေးနွေးရရှိထားသည့် မိန်းခလေးအား ၀ူတန်းဂိုဏ်း သိုင်းလောကအဓိပတိဟောင်း၏ မြေးတော်လေးက ကားတံခါးဖွင့်ပေးနေသည့် ဓာတ်ပုံသည် သိုင်းလောကမီဒီယာများတွင် ရေပန်းအစားဆုံးသတင်းဖြစ်နေသည်။ ဤတွင် ၀ူတန်းဂိုဏ်း၏ ရန်သူ အော်မေ့ဂိုဏ်းဝင်များက အဆိုပါအလှမယ်အား ဇော်ဂျီဖောင့်သိုင်းလောက၏ ကိုယ်စားပြုအလှမယ်အဖြစ်မှ ပယ်ဖျက်ရန် အသဲအသန်ကြိုးစားကြတော့သည်။ ထို့ကြောင့် ယခင်ကတည်းက နှစ်ခြမ်းကွဲနေသည့် ဇော်ဂျီဖောင့်သိုင်းလောကသည် အလှမယ်အား ထောက်ခံသည့် အုပ်စုနှင့် အလှမယ်အား ကန့်ကွက်သည့်အုပ်စု၊ ဝေဖန်သည့်အုပ်စု၊ ပြစ်တင်ရှုံ့ချသည့်အုပ်စု စသဖြင့် အစိတ်စိတ်အမွှာမွှာ ထပ်မံကွဲသွားလေတော့သည်။ အကွဲအပြဲများနှင့်အတူ သိုင်းလောကအတွင်း တိုက်ပွဲများစွာ ဖြစ်ပေါ်လာလေသည်။

ခွန်ဒီးယမ် - "စစ်ခွေးမ၊ ၀ူတန်းဂိုဏ်းမယားငယ်မ၊ ရုပ်ကြည့်တော့ ပုစဉ်းလေဖြတ်ရုပ်နဲ့ သများဖင်တစ်ခြမ်းတောင်မရှိတဲ့ ကိုယ်လုံးနဲ့ သိုင်းလောကကိုယ်စားပြု အလှမယ်လုပ်ချင်နေသေးတယ် ဟွန်း"

သိုးကလေး - "ဟုတ်ပါ့ ဒီးယမ်ရယ် ဒီးယမ်တို့ရုပ်ကိုမှီဖို့မပြောနဲ့ ကြည်ဝါ့လို ဂျနီဖာလိုပက် အိမ်သာတက် အလှနဲ့ပဲ လာယှဉ်ကြည့်ပါအုန်း အဲဟာမ စုတ်ပြတ်သတ်သွားစေရမယ် ဟင်းဟင်း အဲဟာမ သရဖူမရအောင် လုပ်ပြမယ် စောင့်ကြည့်လိုက်"

ငရဲသား -"ကဲ ဘယ်လိုလဲ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ တီလုပ်မက သိုင်းလောက ကိုယ်စားပြုနေပြီ။ ကာကွယ်ကြမယ်ဆို။ ကျုပ်တို့ သိုင်းလောကဆိုတာ ဇော်ဂျီဖောင့်သိုင်းလောက ဇော်ဂျီဖောင့်ဆိုတာ ဘယ်လူတွေရဲ့ ကိုယ်ပိုင်ဘာသာစကားလဲဆိုတာ အကုန်သိပြီးသား။ အဲဒီတော့ ဇော်ဂျီဖောင့်သိုင်းလောကကို ကိုယ်စားပြုတဲ့အလှမယ်ဟာ အမျိုးစစ်ဖို့လိုတယ်။ ကျုပ်တို့က အမျိုးမစစ်တဲ့လူတွေကို လုံးဝအသိအမှတ်မပြုနိုင်ဘူး။ အမျိုးမစစ်တဲ့အပြင် ၀ူတန်းဂိုဏ်းလက်ဝေခံ ခရိုနီဂိုဏ်းမိသားစုဝင်ဖြစ်နေတဲ့အတွက် ပိုတောင်အသိအမှတ်မပြုနိုင်ဘူး ဒါဗြဲ"

ဆရာဆယ် - "ဟောသမှ တီလုပ်မဖြစ်ကြောင်း တီလုပ်အလှမယ်ဖြစ်ကြောင်း သက်သေအထောက်အထားတွေ မျိုးမစစ်တဲ့အတွက် လုံးဝကန့်ကွက်ရမယ်"

သွေးသစ္စာ - " တိန်!! နီတို့ပဲ တချိန်လုံး ကုလားလည်း လူပါပဲအမေရယ်ဆို ခု တီလုပ်လည်း လူပဲလေ အဲလို လူမျိုးရေးခွဲခြားလို့ရမလား အဲလိုလုပ်ရင် ကျုပ်တို့ဇော်ဂျီဖောင့်သိုင်းလောကမှာ လူ့အခွင့်အရေးချိုးဖောက်တာပဲ

ခွန်ဒီးယမ် - " တီလုပ်ကလူမဟုတ်ဘူး။ ဒင်းတို့က လူစိတ်မရှိဘူး။ အယုတ်တမာတွေ။ ကုလားပဲကောင်းတယ်။ စကားပုံတောင်ရှိသေး။ မြင်းမှာအုန်းခွံ၊ကျွန်မှာကုလား၊ဓားမှာ မိုးကြိုး တဲ့။ ကျွန်မှာ တရုတ်လို့ တစ်ခါမှ မကြားဖူးဘူး။ ခု နင်တို့ဝူတန်းဂိုဏ်းစောက်သုံးမကျလို့ သခင်မှာတရုတ်ဖြစ်နေဘီ။ အဲတရုတ်တွေကို အကုန်မျိုးဖြုတ်ပစ်မယ်"

ရှင်မင်းယာ - "ဘာပြောဒယ် သတ္တိရှိရင်လာခဲ့စမ်းပါ ယူစရာလင်မရှိတဲ့ ပြိတ္တာမကများ

ခွန်ဒီးယမ် - " သူကျတော့ ယူမယ့်လူရှိတာကျနေတာပဲ ခိခိ စိမ်လိုက်လေ ဘူအရင်မျိုးပြုတ်မလဲ ကြည့်ကြရအောင်"

ရှင်မင်းယာ - " ယားးးးးးးးးးးးး!!!!!!!!"

*&%^$#@(*^&^%$ ၀ုန်း ဒိုင်း ဖောင်း!!!!

****************************

ဇူကာဘတ်၏ ဖေ့ဘုတ်စားသောက်ဆိုင်

"သတင်းစာတွေရမယ် ရှင်မင်းယာရဲ့ အကြောင်းကို ဖွင့်ချလိုက်ပြီ သတင်းစာတွေ"

အော်မေ့ဂိုဏ်းနှင့် မူဂျာဟစ်ဂိုဏ်းဝင်များ အလုအယက်ပြေးဝယ်ကြသည်။ မကြာမှီ

"သတင်းစာတွေရမယ် ရှင်မင်းယာရဲ့အဖြစ်မှန်အကြောင်း ရှင်းလင်းချက် သတင်းစာတွေ"

ဝူတန်းဂိုဏ်းဝင်များ အလုအယက်ပြေးဝယ်ကြပြန်သည်။ မကြာမှီ ဇူကာဘတ်၏ စားသောက်ဆိုင်အတွင်း ဖတ်ပြီးသားသတင်းစာအမှိုက်များဖြင့် ပြည့်နှက်ကာ အမှိုက်လိုက်သိမ်းရသည့် ဇူကာဘတ်တစ်ယောက် စိတ်ညစ်လျှက်ရှိနေတော့သည်။ ထိုအချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ယောက် ဆိုင်ထဲဝင်ရောက်လာသည်။

"အားလုံး ကျေးဇူးပြုပြီး နားဆင်ပါ။ ကျုပ်က ၀ူတန်းဂိုဏ်းရဲ့ အထူးပြန်ကြားရေးအရာရှိရဲမိုးဖြစ်ပါတယ်။ ခု သိုင်းလောကသားတွေ ၀ူတန်းဂိုဏ်းအပေါ် အထင်အမြင်လွဲမှားနေတာလေးတွေကို ဒီနေရာမှာ ဖြေရှင်းသွားချင်ပါတယ်။ တကယ်တော့ ၀ူတန်းဂိုဏ်းဟာ သိုင်းလောကအပေါ် အင်မတန်မှကို စေတနာထားခဲ့တာပါ"

သိုင်းလောကသားများ - "၀ူတန်းပြန်ကြားရေးက ရဲထွဋ်နဲ့မှူးဇော်မဟုတ်ဘူးလား။ အဲနှစ်ယောက် တစ်ယောက်ပို့စ်တစ်ယောက် ပြန်ရှယ်နေတာ ကြာလှပေါ့။"

ရဲမိုး - "ဟုတ်ကဲ့ သူတို့ရှင်းတာ မကျင်းလို့ ကျွန်တော်စေတနာသက်သက်နဲ့ ထပ်လာရှင်းတာပါ။"

သိုင်းလောကသားများ - " စေတနာသက်သက်ဆိုတော့ ဘယ်လောက်ရလဲဟင်"

ရဲမိုး -" ခွီးးး စေတနာသက်သက်ပါဆိုနေမှ လာဖဲ့နေသေးတယ်။ ဒီမယ် အားလုံးနားထောင် ခင်ဗျားတို့က မီတာခလေးတိုးကောက်တာနဲ့ ခင်ဗျားတို့က ၀ူတန်းဂိုဏ်းကို အပြစ်ဝိုင်းတင်ကြတယ်။ တကယ်တမ်းအဖြစ်မှန်ကျတော့ ဘူမှမသိကြဘူး။"

သိုင်းလောကသားများ - "မင်းကသိတယ်ပေါ့လေ"

ရဲမိုး - "သိတာပေါ့ဗျ"

သိုင်းလောကသားများ - "မင်းသိတာ အဖြစ်မှန်မဟုတ်ရင် ဘယ့်နှယ်လုပ်မလဲ"

ရဲမိုး - "ဖင်ချွတ်ပြီး ကြိမ်နဲ့ရိုက်ကြေးလောင်းရဲတယ် ကျုပ်ပြောပြမယ် နားထောင်"

" **********
******1234*****5678**
***%%%****($$$$)*** အဖြစ်မှန်ကတော့ အဲဒါပဲ ရှင်းလားမသိဘူး "

သိုင်းလောကသားများ - "အေး မင်းပြောသွားတဲ့အထဲမှာ မပါတဲ့အဖြစ်မှန်ကို ငါတို့ပြောပြမယ် မပြောခင် ဘောင်းဘီချွတ်ပြီး ဖင်လှန်ထားပေတော့"

ရဲမိုး - "ဂျာ!!! တကယ်ချွတ်ပြီး ဖင်လှန်ရမှာလားငင်"

သိုင်းလောကသားများ - မှတ်ထား မင်းဂျီးဒေါ်ယောင်္ကျားလက်ဝါးကြီးအုပ်ထားတဲ့ လျှပ်စစ်ထွက်တဲ့နေရာကနေ ငါတို့အိမ်တရောက် မီးသွယ်ဖို့ ၀ါယာကြိုးတွေလိုတယ်ဆိုတာ အကုန်သိပြီးသား။ အဲဒီလိုသွယ်တဲ့နေရာမှာ အလေအလွင့်တွေရှိတယ်ဆိုတာလည်း လူတိုင်းသိပြီးသား။ အဲဒီဆုံးရှုံးရတဲ့ငွေပမာဏထဲက မဆုံးရှုံးသင့်ပဲ ကြားထဲကဖျောင်လို့ ဆုံးရှုံးသွားတဲ့ငွေပမာဏကိုအသုံးပြုပြီး မီးမလင်းသေးတဲ့ဒေသ အရေအတွက်ဘယ်လောက်ထိ လျှပ်စစ်မီးရအောင် လုပ်လို့ရတယ်ဆိုတာ နင်သိလား။ မသိရင် နောက်လှည့် ဖင်လှန် ရွှမ်း!!!

နင့်အမေလင်ဓာတ်ငွေ့ရှာဖို့ သူများကို အားကိုးရတယ်။ အဲအတွက် သူများကိုရောင်းရတယ်ဆိုတာ လူတိုင်းသိပြီးသား။ အဲဒီအရောင်းအ၀ယ်လုပ်တဲ့နေရာမှာ တရားဝင်စာချုပ်မချုပ်ခင် နင့်အဘတွေနဲ့ နင့်အဘအမျိုး ပွဲစားတွေ အိတ်ကပ်ထဲ လူမသိသူမသိ ငွေဘယ်လောက်ရောက်သွားလဲ နင်သိလား။ အဲဒီငွေနဲ့ ပြည်သူတွေကို လျှပ်စစ်မီးဘယ်လောက်ကြာကြာပေးလို့ရလဲ နင်သိလား။ ပြီးတော့ ကိုယ့်ဖက်က ခံဖက်လို့ပြောသေးတယ်။ ကိုယ့်ပစ္စည်းကို မတန်တဆဈေးနဲ့ ထိုးရောင်းရအောင် နင့်အဘတွေက ငွေရှင်ဆီမှာ အတိုးနှုန်းနင်းကန်နဲ့ ငွေဘယ်လောက်ချေးထားတယ်၊ အဲဒီငွေကို ဘယ်နေရာမှာ ဘယ်လိုတွေသုံးပြီး အရေအတွက်ဘယ်လောက် ဘုံးထားတယ်ဆိုတာ နင်သိလား။ နေပြည်တော်ဆောက်ရတယ်လို့ လာမပြောနဲ့။ နင့်အမေလင်တွေကို ဘယ်သူမှ ဆောက်ခိုင်းတာမဟုတ်ဘူး။ အဲဒီဘုံးထားတဲ့ငွေနဲ့ ၀ိုင်ယာကြိုးတွေဝယ်ပြီး မီးမရသေးတဲ့ဒေသဘယ်လောက်ထိ မီးပေးလို့ရမလဲ နင်သိလား။ မသိရင် နောက်လှည့် ဖင်လှန် ရွှမ်း!!!!

အတိုးနဲ့ယူထားတဲ့အကြွေးကျမဆပ်သေးပဲ အရံငွေဆိုပြီး လူမသိသူမသိ ဘဏ်အကောင့်တွေနဲ့ ဘီလျှံနဲ့ချီပြီး ၀ှက်ထားတာ ဘယ်သူတွေလဲ။ သူများဖွမှ လူတွေသိရတော့တယ်။ အဲငွေထဲက နည်းနည်းလေးဖဲ့သုံးရုံနဲ့ မီးမသွယ်ရသေးတဲ့ဒေသတွေ မီးလင်းနိုင်တယ်ဆိုတာရော သိလား။ မသိရင် ဖင်လှန် ရွှမ်း!!!!

အဲဒီငွေတွေကို အသုံးပြုပြီး နိုင်ငံတ၀ှမ်း အခြေခံအဆောက်အအုံတွေ ဆောက်ခဲ့ရင် ဆန်ရှင်ပွင့်တာနဲ့ ခုလောက်ဆို စီးပွားရေးက တရှိန်ထိုးတက်နေလောက်ပြီ။ ခုထိ ၀ိုင်ယာကြိုးတောင် သွယ်ဖို့ အသဲအသန်ရုန်းကန်နေရတုန်း၊ လမ်းအသစ်စက်စက်တွေကိုတောင် ပြန်ဖာနေရတုန်း၊ မိုးရွာရင် မီးပျက်၊ရေကြီး ဖြစ်နေတုန်း၊ အင်တာနက်လိုင်းဆို သိတဲ့အတိုင်းပဲ။ ရင်းနှီးမြှုပ်နှံချင်တဲ့လူတွေ ၀င်လာရင် ဆိုင်ရာပိုင်ရာတွေကို အရင်သွားခွံ့ရတဲ့ ယဉ်ကျေးမှုက ရှိနေတုန်းပဲ။ ပိတ်ဆို့ခံရလို့ဆိုပြီး စောက်ကြောင်းလာမပြနဲ့။ ပိတ်ထားတာကို စောစောစီးစီးပြန်ဖွင့်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး။ ပိတ်လေ ကြိတ်လို့ကောင်းလေ လုပ်ခဲ့လို့ ဒီဘ၀ရောက်သွားရတာ နင်မသိဘူးလား။ မသိရင် ဖင်လှန် ရွှမ်း!!!

ပွင့်လင်းမြင်သာမှုရှိတယ် ဟုတ်လား ဟိုဖက်အရင်လှည့်ထား ဖင်ပြန်မဖုံးနဲ့အုန်း နင်တို့အဘတွေအုပ်ချုပ်ခဲ့တဲ့ သက်တမ်းတလျှောက်လုံး စီမံကိန်းနေရာတွေထဲ မီဒီယာနဲ့ အတိုက်အခံအဖွဲ့အစည်းတွေကို ဘယ်နှစ်ခါများ အနီးကပ်လေ့လာခွင့်ပေးခဲ့ဖူးလို့လဲ။ စီမံကိန်းစာချုပ်တွေကို အများပြည်သူသိအောင် ဘယ်နှစ်ခါများ ပွင့်ပွင့်လင်းလင်း ချပြဖူးလို့လဲ
ကွကိုယ်စောက်သုံးမကျတိုင်း အစစအရာချို့ချို့တဲ့တဲ့နဲ့ မချိမဆန့်ရုန်းကန်နေရတဲ့ ပြည်သူတွေကို စည်းကမ်းမရှိလို့၊ မထိုက်တန်လို့ဆိုပြီး အကြောင်းပြ၊ ရှိသမျှလက်ဝါးကြီးအုပ်ပြီး ဘုံးထားတာ ဘယ်သူတွေလဲ ရွှမ်း!!!

သယံဇာတ၊ပထ၀ီအနေအထား အစစအရာအရာ အားသာမှုရှိတဲ့ တိုင်းပြည်ကို ကမ္ဘာ့အလည်မှာ ရစရာမရှိချွတ်ခြုံကျအောင် လုပ်၊ ရှိသမျှ ရောင်းချပေါင်နှံတောင်းရမ်း စားသောက်ရတဲ့ဘ၀မျိုးရောက်အောင် လုပ်ခဲ့တာ နင့်အမေလင်တွေ မဟုတ်လို့ ဘယ်သူတွေလဲ။ ပြည်သူတွေငတ်နေတဲ့အချိန်မှာ၊ အောက်ခြေ၀န်ထမ်းတွေ မ၀ရေစာစားနေရတဲ့အချိန်မှာ သူတို့တွေပါ ငတ်နေတယ်ဆိုရင်တော့ နင်ပြောတာအမှန်ပေါ့။ ခုက စောက်ရှက်မရှိ ဗိုက်ကားအောင်စားသွားတာ နင့်အမေလင် နင့်ပထွေးတွေ မဟုတ်လို့ ဘယ်သူတွေလဲ။ ဖင်လှန် ရွှမ်း!!!

ရဲမိုး - "ဟင့် သများကို ၀ိုင်းအနိုင်ကျင့်ကြတယ် ဒီသိုင်းလောက တရားဥပဒေစိုးမိုးမှုလည်း မရှိဘူး "

**********************

ဇူကာဘတ်တစ်ယောက် စိတ်ညစ်နေသည်။ ဆိုင်ထဲတွင် ရန်ပွဲတွေကလည်း တခြိမ်းခြိမ်း။ ပန်ကန်ကွဲများ လိုက်သိမ်းနေရသည်။ ထိုအချိန်တွင်-

"OIC ၀င်လာပြီ!!!!"

ဆန္ဒပြရန် သိုင်းလောကသားများ ဆိုင်ပြင်ပြေးထွက်သွားကြသည်။ သို့သော် ဆိုင်အတွင်း၌ တိုက်ပွဲတစ်ခု ဖြစ်ပွားနေဆဲဖြစ်သည်။

ခွန်ဒီးယမ် - စစ်ခွေးတွေ အဖိုးကြီးကို အကြောင်းပြပြီး ရတဲ့အလှူငွေ အိတ်ထဲထည့်ပြီး ဘုံးဖို့ကြံနေကြတယ်။ စောက်ကျင့်ကို မကောင်းဘူး။

စစ်မှုထမ်းဟောင်း - ကောင်မ နင့်စောက်ပြားတစ်ပြား ၀င်မလှူပဲ သူများအလှူမှာ လာဟောင်မနေနဲ့

ခွန်ဒီးယမ် - ဟောင်တော့ ဘာဖြစ်လဲ အဲလေ ဟောင်တာမဟုတ်ဘူး နင်တို့ပဲ ဟောင်နေတာ နင်တို့ကောင်တွေ တာဝန်မဲ့လို့ အဖိုး ဒီဘ၀ရောက်ရတာ ခုမှနာမည်ကောင်း လာမယူနဲ့ ငါတို့ဒီမိုတွေပဲ လှူမယ် နင်တို့ဆီကငွေက မသန့်ဘူး ရှင်းလား ဟွန်း

စစ်မှုထမ်းဟောင်း - စောက်ကြီးစောက်ကျယ် နင်တို့ဘာသာ လှူချင်လှူ မလှူချင်နေ ငါတို့ကို လာနာမည်မဖျက်နဲ့

ခွန်ဒီးယမ် - နင်တို့နဲ့တွဲလှူရင် နောက်ဘ၀ကျ ရေစက်လာဆုံမှာ နင်တို့မျက်နှာတွေကို ဒီဘ၀မှာတောင် ရွံလွန်းလို့ ရှင်းလား

စစ်မှုထမ်းဟောင်း - ခွန်ဒီးယမ်ရယ် အဲလိုတော့ မရက်စက်ပါနဲ့ကွယ် ဒီဘ၀မှာ နင်ကရုပ်မလှလို့ ငါနဲ့ဖူးစာမဆုံဖြစ်ပေမယ့် ဒီအလှူကြောင့် နောက်ဘ၀ကျရင် ငါ့မိန်းမချောချောလှလှလေးအဖြစ် ဖူးစာဆုံကြရအောင်နော် နော်လို့ ခိခိ

ခွန်ဒီးယမ် - သေချင်းဆိုး ကာလာနာ တဏှာရူး စစ်ခွေးအစုတ်ပလုတ်က ရာရာစစ လာစော်ကားနေတယ် နင့်ကိုအရှင်မထားဘူး နောက်ဘ၀မြန်မြန်ရောက်အောင် ပို့မယ် ယားးးးး!!!

"!!!ဖြောင်း ခွပ် ယိစ် ရှိစ် အင့် ဘွတ် ဗြွတ် %$@&**%$#@&*"

ဇူကာဘတ်၏ဆိုင်တစ်ခုလုံး ပြောင်းဆန်သွားတော့သည်။ စိတ်ညစ်ပြီးထိုင်နေ၍ မဖြစ်တော့ကြောင်း ဇူကာဘတ်သဘောပေါက်လာသည်။ ထို့ကြောင့် စားသောက်ဆိုင်တွင် စားသောက်သူများ စကားများရန်မဖြစ်စေရန် အကြံထုတ်ရတော့သည်။ မကြာမှီ ဖေ့ဘုတ်စားသောက်ဆိုင်တွင် ဖြေဖျော်ရေးအစီအစဉ်ပေါ်လာပြီး ရန်ပွဲများ ခဏတဖြုတ်ငြိမ်သက်သွားတော့သည်။

♫♪♫ ရှင်နော် ရှင်နော် သိပ်တတ်နိုင်တယ် ♫♪♫ အာရုံတွေ ရှုပ်ပွအောင် ရှင်ဖွပစ်ခဲ့ ♫♪♫
♫♪♫ ရှင်နော် ရှင်နော် သိပ်တတ်နိုင်တယ် ♫♪♫ ဒီရင်မှာ ရှုပ်ပွအောင် ရှင်ဖွပစ်ခဲ့တယ် ♫♪♫

တေးသံရှင် မေမြတ်မွန်က သီချင်းဆိုရင်း ကပြဖြေဖျော်နေသည်။ သိုင်းလောကသားများ တဒင်္ဂငြိမ်သက်သွားကြသည်။ ဇူကာဘတ်ကား သူ့အကြံအောင်ပြီဟု ကျေနပ်လျှက်။ သို့သော်.

ပရိတ်သတ်(၁) - "မန်းလေးပေါက်စီကြီး ဟီးဟီး"
ပရိတ်သတ်(၂) - "မဟုတ်ဘူးဟ အဲဒါ သင်္ဘောသီး"
ပရိတ်သတ်(၃) - "မင်းတို့ကောင်တွေကွာ ဒီလောက်အသံကောင်းတာကို နှမချင်းမစာနာပြောထွက်လိုက်တာ"
ပရိတ်သတ်(၁) - "ငါတို့မြင်တာကိုပြောတာလေ ဘာလဲ မင်းက ဆရာကြီးလား"
ပရိတ်သတ်(၄) -" ဟေ့ကောင် မကြည့်ချင်ထွက်သွား ဇမရှိပဲ လူမိုက်လာမလုပ်နဲ့ ဖြတ်ရိုက်ခံရမယ်"
ပရိတ်သတ်(၂) -" ခွေးမသား အဲဟာမက မင်းအမေမို့ ၀င်နာနေတာလား ကဲကွာ"

$%#@(*^%!#%^&**ဖြောင်း ဒိုင်း ဘုန်း အင့် ဂျွတ် #$%&%@@

ဇူကာဘတ်တစ်ယောက် စင်ထောင့်တွင် တစ်ယောက်တည်း ထိုင်ငိုနေတော့သည်။

"ဟင့် စိတ်နာတယ် ဇော်ဂျီဖောင့်သိုင်းလောကကို စိတ်နာတယ် ဟင့်"

ဆက်ရန် -
(ကုန်ကြမ်းထပ်ရလျှင်)

0 comments:

Post a Comment