Monday, December 10, 2012
ဘွရှင် ကန်တော့ခဏ်း
သကာသ သြကာသ သြကာသ
ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့်
မထိခလုပ်၊ ထိခလုပ် ကျူးလွန်ဖူးခဲ့သော
ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့်
မထိခလုပ်၊ ထိခလုပ် ကျူးလွန်ဖူးခဲ့သော
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ဖြစ်သည့်....
အနတ္တောအနန္တဂိုဏ်းမ၀င် မာတာသခင်၏ ထမီခြုံပါတီဝင် မဖြစ်ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊
မြင့်မိုရ်တောင်ဦး မကကျူးသည့် ယူနီဖောင်းဆင်၊ အပွင့်တင်၍၊ ပဲဟင်းပြင်ကျွေး၊ ဦးနှောက်ဆေးချ၊ အဘဂိုဏ်းဝင် မဖြစ်ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊
အနတ္တောအနန္တဂိုဏ်းမ၀င် မာတာသခင်၏ ထမီခြုံပါတီဝင် မဖြစ်ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊
မြင့်မိုရ်တောင်ဦး မကကျူးသည့် ယူနီဖောင်းဆင်၊ အပွင့်တင်၍၊ ပဲဟင်းပြင်ကျွေး၊ ဦးနှောက်ဆေးချ၊ အဘဂိုဏ်းဝင် မဖြစ်ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊
သိုင်းလောက၏ စိမ်ခေါ်သံ (ဒုတိယပိုင်း)
ဆောင်းကာလကား အေးမြမြ ချမ်းစိမ့်စိမ့်။
ပုံမှန်ယခုကဲ့သို့အချိန်မျိုးတွင် လူအများစုမှာ အိမ်တွင်းအောင်း၍
ဆောင်းခိုတတ်ကြသော်လည်း ဤနှစ်တွင်မူ ယခင်ကနှင့် လုံးဝမတူပဲ
သိုင်းလောကသားများမှာ နေရာအနှံ့ ရုတ်ရုတ်သဲသဲ လှုပ်ရှားသွားလာလျက်
ရှိနေကြသည်။
******************************************************
ဝူတန်းဂိုဏ်း
ဝူတန်းဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်ကား မျက်နှာမသာမယာဖြင့်
ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ့အနီးတွင် ပွေးသိုင်းသာအေး၊
သွပ်ဒိုင်းကိုကိုနှင့် အကြောက်တရားသိုင်းရာဇာ အောင်မင်းတို့
ခေါင်းငိုက်စိုက်ချ၍ ရှိနေကြသည်။ လက်ယာရံမှူးဇော်ကား ခံစားချက်မဲ့သော
မျက်နှာဖြင့် ၎င်းတို့ကို စိုက်ကြည့်နေသည်။ ထိုအချိန်တွင်..
သိုင်းလောက၏ စိမ်ခေါ်သံ (ပထမပိုင်း)
သိုင်းလောက၏ စိမ်ခေါ်သံ
တစ်နေ့သ၌ ၀ူတန်းဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်၏ ဆရာတူ ပညာသင်ဘက်ညီအစ်ကို
များ ဖြစ်ကြသော ပွေးမနိုင်ဓားရှင် သာအေးနှင့် မီးခိုးဗုံးနှင့်သွပ်ဒိုင်း
သိုင်းဘုရင် ကိုကိုတို့နှစ်ဦး တပည့်များနှင့်အတူ သိုင်းလောကသရဖူလုပွဲ
ကျင်းပရာ လက်ပတောင်းတောင်ထိပ်သို့ ကိုယ်ဖော့ပညာဖြင့်
အပြေးအလွှားရောက်လာကြသည်။ ၎င်းတို့၏ ချပ်ဝတ်စုံများကား လေထဲတွင် လွင့်ခနဲ။
Thursday, November 15, 2012
မြတ်သိန်းထွန်း အားအားယားယား ကြီးကြီးကျယ်ကျယ် တွေးနေသည်

ခေါင်းစဉ်ကတော့ ဆွဲဆောင်မှု တစ်စက်မှကို မရှိပါဘူး။ ဒါပေမယ့် အထဲမှာ တတ်သလောက်၊မှတ်သလောက် အနှစ်တွေထည့်ပေးထားပါတယ်။ သူများဆီမှာ သောက်ညင်အကပ်မခံရရင် စားမ၀င်၊အိပ်မပျော်တတ်တဲ့လူမျိုးဆိုတော့ခါ ဒီထက်ပိုကောင်းတဲ့ခေါင်းစဉ်ကို အုန်းစားခံပြီး မစဉ်းစားတော့ပါဘူး။ သည်းညည်းခံပြီး ဆက်ဖတ်တော်မူကြပါ။
တစ်ကိုယ်ရေ တစ်ကာယအတွက်တောင်မှ ကိုယ့်နိုင်ငံအတွင်းမှာ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတဲ့အခါ မသွားချင်သွားချင်နဲ့ နိုင်ငံခြားဆိုတာကြီးကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကာလတုန်းက ကျွန်တော်ထွက်လာခဲ့ရပါတယ်။ အဆင်မပြေတဲ့ဘ၀ရဲ့ သိမ်ငယ်မှုတွေကို နိုင်ငံခြားထိ ခရီးဆောင်အိတ်ထဲခေါက်ထည့်ယူခဲ့ရတယ် ဆိုပါစို့။ သူများနိုင်ငံလေဆိပ်ရဲ့ လ၀ကကောင်တာက တာဝန်ကျဝန်ထမ်းက ကျွန်တော့်ရဲ့ ပတ်စပို့အနီရောင်လေးကို အခေါက်ခေါက်အခါခါ စစ်ဆေးရင်း သူ့နိုင်ငံထဲဝင်မယ့် ကျွန်တော့်ကို သိမ်ငယ်မှုတွေ ဆယ်ကီလိုစာလောက် ထပ်ထည့်ပေးလိုက်ပါတယ်။
အလောင်းချင်းထပ်၍ ခင်းသည့်လမ်း(သို့) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း မှတ်တမ်းဓာတ်ပုံများ

ပြိုကွဲခြင်း၏ နိဒါန်း
၁၉၄၇ ခုနှစ် သြဂုတ်လ ရက်တစ်ရက် သန်းခေါင်ယံအချိန်မှာ ဗြိတိသျှပိုင် အိန္ဒိယတိုက်ငယ်ဟာ နိုင်ငံသစ်နှစ်ခုအဖြစ် ထက်ခြမ်းကွဲပြီး လွတ်လပ်ရေးရရှိခဲ့ပါတယ်။ တစ်ခုက မူဆလင်တွေကြီးစိုးရာ ပါကစ္စတန်ဖြစ်ပြီး နောက်တစ်ခုကတော့ ဟိန္ဒူတွေကြီးစိုးတဲ့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ ဒီလိုလွတ်လပ်ရေးရှိခဲ့ကြရာမှာ အိန္ဒိယနိုင်ငံကတော့ ကုန်းမြေအများစု တစ်စုတစည်းတည်းရှိတဲ့နိုင်ငံအဖြစ် လွတ်လပ်ရေး ရရှိခဲ့ပြီး ပါကစ္စတန်နိုင်ငံကတော့ အိန္ဒိယနိုင်ငံကို အလယ်မှာထားပြီး အရှေ့ပါကစ္စတန်(အရှေ့ဘင်ဂေါ)နဲ့ အနောက်ပါကစ္စတန်ရယ်လို့ နယ်မြေနှစ်ပိုင်းရှိတဲ့ နိုင်ငံအဖြစ် လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ဒီလိုမျိုးနယ်မြေနှစ်ခြမ်းကွဲပြီး လွတ်လပ်ရေးရရှိခဲ့တဲ့အချိန်မှာ အုပ်ချုပ်ရေးအာဏာကို အနောက်ပါကစ္စတန်ဖက်ကပဲ လက်ဝါးကြီးအုပ်ထားခဲ့ပြီး အရှေ့ပါကစ္စတန်ကတော့ လက်အောက်ခံနယ်မြေအဖြစ် ရပ်တည်ခဲ့ရပါတယ်။ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတူတွေဖြစ်ပေမယ့်လို့ အရှေ့နဲ့အနောက်ဟာ စာပေ၊ဘာသာစကားနဲ့ ယဉ်ကျေးမှုစရိုက် လက္ခဏာချင်း မတူကြပါဘူး။ နိုင်ငံရေးမှာ အနောက်သြဇာခံဖြစ်ခဲ့ရတဲ့ အရှေ့ဒေသဟာ စီးပွားရေး၊လူမှုရေး၊ပညာရေး စတဲ့နယ်ပယ်တွေမှာ အနောက်ဒေသလောက် ဖွံ့ဖြိုးတိုးတက်ခြင်း မရှိခဲ့ပါဘူး။ အဲဒီလိုမညီမျှမှုတွေကပဲ ဒီနိုင်ငံရဲ့ ဒေသကြီးနှစ်ခုကြားမှာ အက်ကြောင်းကြီးကြီးမားမား ဖြစ်လာစေခဲ့ပါတယ်။
Wednesday, August 22, 2012
ရိုဟင်ဂျာကင်းဒမ်းပြည့်ရှင် ဘွရှင်မင်းတြားဂျီး၏ ညီလာခံသဘင်
ဗမာပြည်ထောင်စုမှ
ခွဲထွက်ကာ ကမ္ဘာပေါ်တွင်နောက်ဆုံးပေါ်ပေါက်လာသည့် ဒီမိုကရက်တစ် ပဒေသရာဇ်နိုင်ငံတော်
ရိုဟင်ဂျာကင်းဒမ်း၏ အရှင်သခင် စူလတန်ဘုရင်မင်းမြတ် ရှိတ်ခါလီဖာ အလီဘာဘာ အာလာဒင်
မူဂျာဟေဒင် မြတ်သိန်းထွန်းသည် ၎င်းစိုးစံတော်မူသော Syahida နေပြည်တော်ရှိ
ခွေးရုပ်လေးခုခံ ရာဇပလ္လင်ပေါ်တွင် စံပယ်၍ အိုင်ပက်ဖွင့်ကာ ရှာကီယာ၏
ဝါကာဝါကာသီချင်းကို နားထောင်လျှက် ဖေ့ဘုတ်သုံးစွဲတော်မူနေလေသည်။ ထိုအခိုက်တွင်
မင်းတိုင်ပင်အမတ်ကြီး ဒေါက်တာဝါကာအူးဒင်းနှင့် ဘုရင်မင်းမြတ်၏ နိုင်ငံတော်အကြံပေးအရာရှိချုပ်
ဒေါက်တာဇာနည်တို့ နှစ်ဦးသား ဘုရင်မင်းမြတ်၏ရှေ့တော်မှောက်သို့ ဆလမ်ပေး၍
အခစားဝင်ရောက်လာလေသည်။
Subscribe to:
Posts (Atom)








