ပေါက်ကရ လေးဆယ်

Subscribe:

Tuesday, December 18, 2012

သိုင်းလောက၏ စိမ်ခေါ်သံ (တတိယပိုင်း)


သိုင်းလောက၏ စိမ်ခေါ်သံ (တတိယပိုင်း)

သိုင်းလောက၏ အခြေအနေကား ဆူပွက်သယောင်ယောင်၊ ငြိမ်သက်သယောင်ယောင် ခန့်မှန်းရခက်လှသည်။

ဆယ့်နှစ်လေးလုံးပူး အထိမ်းအမှတ်အဖြစ် ကမ္ဘာပျက်မည်ဟူသော ဟောကိန်းကိုအံတုလျက် ရှောင်လင်ဂိုဏ်းက အောင်လံတလူလူလွင့်၍ ချီတက်လာသည်။ လူအများက ၀ူတန်းဂိုဏ်းနှင့် ထိပ်တိုက်တိုးလျှင် ယခင်ကဲ့သို့ အနိဌာရုံများမြင်ရတော့မည်ဟု စိုးရိမ်ထိတ်လန့်လျက်ရှိနေကြသည်။ သို့သော် ၀ူတန်းဂိုဏ်းကား ပါးနပ်လှချေသည်။ ဤတစ်ကြိမ်၌ လူအများကဲ့ရဲ့ခံရမည့်အရေးကို လိမ္မာပါးနပ်စွာရှောင်ရှားသွားသည်။ သို့သော် ရှောင်လင်ဂိုဏ်း၏ လူတန်းရှည်အနီးတွင်မူ ကင်မရာလျှပ်စီးလက်သံများက တဖြတ်ဖြတ်...။

Monday, December 10, 2012

ဘွရှင်၏ တကျော့ပြန် ညီလာခံသဘင်


ရိုတိန်ညာ ဒီမိုကရက်တစ် ကင်းဒမ်း၏ ပြည့်ရှင် ရှိတ်ခါလီဖာ ကူလီကူမာ မူဂျာဟေဒင် ဘွရှင်သည် နန်းတော်သစ်တည်ထောင်ပြီးနောက် နိုင်ငံတကာသို့ အညောင်းပြေခြေဆန့်လက်ဆန့်ထွက်ရန် အကြောင်းရှာလျှက်ရှိနေလေသည်။ ထို့ကြောင့် မင်းတိုင်ပင် ပြင်ညာယှိ သုထမိန်များဖြစ်ကြသော ဌေးလွင်ဦးနှင့်ဘစိန်တို့အား ရှေ့တော်သွင်း၍ မျက်မှောက်ခေတ် ၎င်းတို့ထိုးကွင်းထနေသော အခင်းအကျင်းတို့ကို ခေါ်ယူမေးမြန်းလေသည်။

ဘွရှင်၏ အချစ်များ အပိုင်း(၁)

ဘွရှင်၏ အချစ်များ

အသက် ၁၅နှစ် မရိုးမရွဖြစ်စအရွယ်...
ပြင်ကောက် Tin Ma Ma တို့ရွာကို တောကြက်တောင်ဘုရားပွဲကနေ အလည်သွားတာ
ရောက်တာနဲ့ အဲကသူငယ်ချင်းတွေက အုန်းရည်အရက်(ဓနိရည်အရက်)၊ မရမ်းသီးတစ်တောင်း၊ဆားတစ်ခွက်၊ ရှမ်းဒေါင်းတစ်စည်းနဲ့ ဧည့်ခံကြတယ်။ ကျွန်တော်တို့ကျေးလက်ဒေသရဲ့ ထုံးစံအရ ရောက်လာတဲ့ဧည့်သည်ကို လိုလေးသေးမရှိအောင်ဧည့်ခံတဲ့နေရာမှာ တကယ့်ရှာမှာရှား။

မော်ဒန်စက်ကြီး (၁၀)ပါး ဘုရားရှိခိုး


သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။

တစ်ဆယ့်လေးချက် ဓမ္မစက်။

သပိတ်လက်နက် သံဃာ့စက်။

ကြိမ်တို့ခိုင်းရာ၊ နွားပမာသို့၊ ဒိုင်းကာလက်နက် ရဲတို့စက်။

ဘွရှင် ကန်တော့ခဏ်း


သကာသ သြကာသ သြကာသ
ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့်
မထိခလုပ်၊ ထိခလုပ် ကျူးလွန်ဖူးခဲ့သော
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ဖြစ်သည့်....

အနတ္တောအနန္တဂိုဏ်းမ၀င် မာတာသခင်၏ ထမီခြုံပါတီဝင် မဖြစ်ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊

မြင့်မိုရ်တောင်ဦး မကကျူးသည့် ယူနီဖောင်းဆင်၊ အပွင့်တင်၍၊ ပဲဟင်းပြင်ကျွေး၊ ဦးနှောက်ဆေးချ၊ အဘဂိုဏ်းဝင် မဖြစ်ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊

သိုင်းလောက၏ စိမ်ခေါ်သံ (ဒုတိယပိုင်း)

ဆောင်းကာလကား အေးမြမြ ချမ်းစိမ့်စိမ့်။

ပုံမှန်ယခုကဲ့သို့အချိန်မျိုးတွင် လူအများစုမှာ အိမ်တွင်းအောင်း၍ ဆောင်းခိုတတ်ကြသော်လည်း ဤနှစ်တွင်မူ ယခင်ကနှင့် လုံးဝမတူပဲ သိုင်းလောကသားများမှာ နေရာအနှံ့ ရုတ်ရုတ်သဲသဲ လှုပ်ရှားသွားလာလျက် ရှိနေကြသည်။

******************************************************
ဝူတန်းဂိုဏ်း

ဝူတန်းဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်ကား မျက်နှာမသာမယာဖြင့် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ့အနီးတွင် ပွေးသိုင်းသာအေး၊ သွပ်ဒိုင်းကိုကိုနှင့် အကြောက်တရားသိုင်းရာဇာ အောင်မင်းတို့ ခေါင်းငိုက်စိုက်ချ၍ ရှိနေကြသည်။ လက်ယာရံမှူးဇော်ကား ခံစားချက်မဲ့သော မျက်နှာဖြင့် ၎င်းတို့ကို စိုက်ကြည့်နေသည်။ ထိုအချိန်တွင်..

သိုင်းလောက၏ စိမ်ခေါ်သံ (ပထမပိုင်း)

သိုင်းလောက၏ စိမ်ခေါ်သံ

တစ်နေ့သ၌ ၀ူတန်းဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်၏ ဆရာတူ ပညာသင်ဘက်ညီအစ်ကို များ ဖြစ်ကြသော ပွေးမနိုင်ဓားရှင် သာအေးနှင့် မီးခိုးဗုံးနှင့်သွပ်ဒိုင်း သိုင်းဘုရင် ကိုကိုတို့နှစ်ဦး တပည့်များနှင့်အတူ သိုင်းလောကသရဖူလုပွဲ ကျင်းပရာ လက်ပတောင်းတောင်ထိပ်သို့ ကိုယ်ဖော့ပညာဖြင့် အပြေးအလွှားရောက်လာကြသည်။ ၎င်းတို့၏ ချပ်ဝတ်စုံများကား လေထဲတွင် လွင့်ခနဲ။