ပေါက်ကရ လေးဆယ်

Subscribe:

Friday, December 21, 2012

တေးပြုစာဆို အလိုရှိသည်

တေးပြုစာဆို အလိုရှိသည်



စန္ဒကိန္ဒရီ၏ လွမ်းမောဆို့နစ်ဖွယ် ငိုကြွေးသံသည် ကွန်ပြူတာမှတဆင့် နှလုံးသားတွင်းသို့ စီးဝင်လာသည်။ သီဆိုသူက မေသက်ထားဆွေ၊ လေးတန်းကျောင်းသူလေး၏ အနုပညာမှော်အစွမ်းကား နားဆင်သူအား လက်ရှိလောကအား မေ့လျှော့လျက် တောကြီးဂနိုင်တွင်းသို့ ဆွဲခေါ်သွားခဲ့သည်။ စန္ဒကိန္ဒရီနှင်အတူ ငိုပွဲဆင်ခိုင်းခဲ့သည်။ စန္ဒကိန္ဒရီ၏ သောကသည် နားဆင်သူ၏ နှလုံးသားကို ၀င်ရောက်ဖြစ်ညှစ်လျက် ရှိသည်။ ဤသီချင်းကို မူရင်းတေးသံရှင် မေ(ခေါ်) မလှရွှေ၊ မာမာအေးတို့ သီဆိုသည်ကို ကြိမ်ဖန်များစွာ နားဆင်ဖူးသည်။ သို့သော် သီချင်းစာသားနှင့် သံစဉ်အတွင်း နက်ရှိုင်းစွာပျော်ဝင်နေသည့် ရသသည် ဤတစ်ကြိမ်တွင် အပေါ်လွင်ဆုံးဖြစ်သည်ကို ရင်နှင့်ရင်း၍ ခံစားလိုက်ရသည်။

Tuesday, December 18, 2012

အွန်လိုင်းပျော် ငပေါများ ဂရု

လူတွေသိပ်မသိကြသေးတဲ့ ဂရုလေးတစ်ခုအကြောင်း ပြောပြပါရစေ။

ဂရုထဲမှာ လူတွေသိပ်မများပါဘူး။ ဆယ်ယောက်ကျော်လေးပဲ ရှိတာပါ။ ဒါပေမယ့် အဲဒီဆယ်ယောက်ကျော်ကျော် အရေအတွက်ထဲက ပုဂ္ဂိုလ်တွေဟာ ဖေ့ဘုတ်မှာ တစ်နေကုန်တနေခန်း ကိုးတောင်ကိုးကျင်း လျှောက်မွှေ၊ ရန်ဖြစ်၊ ဆဲဆိုနေတဲ့လူတွေ၊ လူတကာကို မထိတထိ ကလိတိတိ ရိတတ်တဲ့လူတွေ၊ HTML တွေဖန်တီးပြီး လူတကာလာဆဲတာကို အရသာခံနေတဲ့လူတွေ၊ လှတပတချစ်စရာပုံလေးတွေ တင်ထားလို့ ကောင်လေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ကောင်မလေးတွေ အားလုံး သူ့နေရာနဲ့သူ ထိတ်ထိတ်ကြဲ နာမည်ကြီးတဲ့လူတွေပါ။ ဥပမာ ဘာဘာရိုဟင်ဂျာလို လူမျိုးပေါ့။ အားလုံးသိလိုက်ကြမှာပါ။

အချုပ်အခြာ အာဏာပိုင် နိုင်ငံတော်တစ်ခု၏ ပုံရိပ် ပျောက်ဆုံးခြင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟူသည် နိုင်ငံတော်တွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအပေါင်း၏ အကျိုးစီးပွား(၀ါ) အမျိုးသားအကျိုးစီးပွားအတွက် အကျိုးအမြတ်ရရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံအစိုးရ အဆက်ဆက်လက်အောက်တွင် နိုင်ငံတော်အကျိုးစီးပွားနှင့် အမျိုးသားအကျိုးစီးပွားသည် သီးသန့်စီ ရပ်တည်ခဲ့ရ၏။ နိုင်ငံတော်အကျိုးစီးပွားသည် နိုင်ငံတော်အာဏာ လက်ဝယ်ပိုင်ဆိုင်ထားသည့် လက်တစ်ဆုပ်စာလူတစ်စုနှင့် ၎င်းတို့၏ ဆွေမျိုးများ၊အခြွေအရံ နောက်လိုက်နောက်ပါတစ်စုအတွက် သက်သက်မျှသာ ဖြစ်ခဲ့၏။

ကုလားဟူသည် ဤသို့တည်း အပိုင်း(၂)


အခန်း(၄) ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ 

(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ လုပ်ကြံခြင်းမခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းအတွင်း မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ဖြုန်းတီးမှုများကို ထောက်ပြသွားပြီး  အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပတင်သွင်းကုန် အရေအတွက်ကို လျှော့ချသင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။
“ဆီကို ကုလားပြည်က ၀ယ်ရတယ်”
အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွားသောအဓိပ္ပါယ်သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားလိမ့်မည် မဟုတ်ချေ။

ကုလားဟူသည် ဤသို့တည်း အပိုင်း(၁)



ကုလားဟူသည် ဤသို့တည်း 

အခန်း(၁) နိဒါန်း

မြန်မာနိုင်ငံအကြောင်းဆိုင်ရာ ပညာရပ်များဌာနခွဲသည် အရှေ့တောင်အာရှဒေသ နိုင်ငံများ အကြောင်းဆိုင်ရာ ပညာရပ်များ ဌာနငယ်တစ်ခု ဖြစ်သည်။

နှစ်ပေါင်းအတန်ကြာမျှ မြန်မာနိုင်ငံအကြောင်းဆိုင်ရာ ပညာရပ်များသုတေသီ တစ်ဦးအနေဖြင့် လုပ်ခဲ့ဖူးသော မိမိ၏အတွေ့အကြုံအရ နိုင်ငံတကာ သုတေသနစာပေများတွင် အဆိုပါ အရှေ့တောင်အာရှ နိုင်ငံများအကြောင်း ရေးသားတင်ပြမှုများ၌ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့အကြောင်းကိုသာ အများအပြားတွေ့ရပြီး အထူးသဖြင့် ၎င်းတို့၏ စာပေ၊ယဉ်ကျေးမှုနှင့် ဘာသာစကားများကို အလေးပေးရေးသားထားကြသည်ကို တွေ့ရှိရသည်။ သို့သော် မြန်မာနိုင်ငံ၏ စာပေ၊ဘာသာစကားတို့နှင့် သက်ဆိုင်သော စာအုပ်စာတမ်းများကို များများစားစား မတွေ့ရချေ။ ထို့အပြင် နိုင်ငံတကာ ပညာရပ်စာပေနယ်ပယ်၌ အနည်းငယ်မျှသာရှိသော မြန်မာနိုင်ငံအကြောင်း ရေးသားထားသည့် စာအုပ်စာတမ်းများတွင် အချို့သော အချက်အလက်များသည် မှားယွင်းနေသည်။ အချို့သော အချက်အလက်များမှာ တိကျမှုမရှိ၊ အချို့သော အချက်အလက်များကိုအဓိပ္ပါယ်လွဲမှားစွာ ရေးသားတင်ပြထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ အဆိုပါစာအုပ်စာတမ်းများထဲမှ မှားယွင်းသော(သို့) လိုရာဆွဲတင်ပြထားသော အချက်အလက်များကို ထပ်ဆင့်လေ့လာရေးသားသူများက မှီငြမ်းကိုးကား ရေးသားတင်ပြမှုများ ရှိလာသည့်အခါ အများညီ ဤကိုကျွဲဟုဖတ် ဆိုသည့်ကိန်းမျိုးဆိုက်လုနီးနီး ဖြစ်နေကြောင်းတွေ့ရပါသဖြင့် မှန်ကန်တိကျသော အချက်အလက်များဖြင့် ချေပရေးသားရမည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပါတော့သည်။

သိုင်းလောက၏ စိမ်ခေါ်သံ စတုထ္ထပိုင်း

သိုင်းလောက၏ စိမ်ခေါ်သံ စတုထ္ထပိုင်း

ဆောင်းကာလကား အေးမြမြ ချမ်းစိမ့်လျက်…။

မည်မျှပင် တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်နေသည် ဆိုစေကာမူ သိုင်းလောကသားများမှာ ပုံမှန်အတိုင်း စားသောက်ဆိုင်များတွင် စည်ကားစွာ ၀င်ထွက်စားသောက်လျက် ရှိနေကြသည်။ သတင်းနည်းပညာခေတ်တွင် အင်ဖော်မေးရှင်းအစုံဆုံးနေရာသည် ဇူကာဘတ်၏ ဖေ့ဘုတ်စားသောက်ဆိုင်ကဲ့သို့ နေရာမျိုးပင် မဟုတ်ပါလား။
လက်ပတောင်းတောင် သိုင်းလောကအရေးအခင်း၊ ၀မ်ပေါင်းဂိုဏ်း၏ ၀င်ရောက်စွက်ဖက် ကလိမ်ကျမှု၊ ဦးပိုင်၏ လုပ်ရပ်ကြောင့် ၀ူတန်းဂိုဏ်း၏ အကြပ်အတည်း၊ ရှောင်လင်ဂိုဏ်း၏ ထိခိုက်နစ်နာမှု၊ ၀ူတန်းဂိုဏ်းချုပ်အား စိမ်ခေါ်သည့် အညတရ လူဝင်စား သိုင်းလုလင်၊ အဖြူရောင်သိုင်းလောက အကွဲအပြဲစသည့် သတင်းများမှာ လက်ရှိအချိန်တွင် သိုင်းလောကအတွင်း လူပြောများနေသည့် ရေပန်းအစားဆုံး သတင်းများဖြစ်ကြသည်။ သို့သော် လက်ပတောင်းသိုင်းသရဖူလုပွဲ မတိုင်မှီ ဓားချင်းခုတ်သံ၊ ရဲရဲတောက်မာန်သွင်းသံ၊ လက်နက်ပုန်းပစ်ခတ်သံ၊ အငြင်းအခုန်ဖြစ်သံများကြားထဲမှ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းပြီး ၀မ်းနည်းကြေကွဲစရာ နိဂုံးချုပ်ခဲ့ရသည့် ချစ်ဇာတ်လမ်းလေးတစ်ခုအား သိုင်းလောကစောင့်ကြည့်လေ့လာသူ Expert များအပါအ၀င် သိုင်းလောကမီဒီယာများ၊ ရိုးရိုးသိုင်းလောကသမားများ မည်သူမျှ မသိရှိလိုက်ကြချေ။

သိုင်းလောက၏ စိမ်ခေါ်သံ (တတိယပိုင်း)


သိုင်းလောက၏ စိမ်ခေါ်သံ (တတိယပိုင်း)

သိုင်းလောက၏ အခြေအနေကား ဆူပွက်သယောင်ယောင်၊ ငြိမ်သက်သယောင်ယောင် ခန့်မှန်းရခက်လှသည်။

ဆယ့်နှစ်လေးလုံးပူး အထိမ်းအမှတ်အဖြစ် ကမ္ဘာပျက်မည်ဟူသော ဟောကိန်းကိုအံတုလျက် ရှောင်လင်ဂိုဏ်းက အောင်လံတလူလူလွင့်၍ ချီတက်လာသည်။ လူအများက ၀ူတန်းဂိုဏ်းနှင့် ထိပ်တိုက်တိုးလျှင် ယခင်ကဲ့သို့ အနိဌာရုံများမြင်ရတော့မည်ဟု စိုးရိမ်ထိတ်လန့်လျက်ရှိနေကြသည်။ သို့သော် ၀ူတန်းဂိုဏ်းကား ပါးနပ်လှချေသည်။ ဤတစ်ကြိမ်၌ လူအများကဲ့ရဲ့ခံရမည့်အရေးကို လိမ္မာပါးနပ်စွာရှောင်ရှားသွားသည်။ သို့သော် ရှောင်လင်ဂိုဏ်း၏ လူတန်းရှည်အနီးတွင်မူ ကင်မရာလျှပ်စီးလက်သံများက တဖြတ်ဖြတ်...။