ပေါက်ကရ လေးဆယ်

Subscribe:

Wednesday, August 22, 2012

ရိုဟင်ဂျာကင်းဒမ်းပြည့်ရှင် ဘွရှင်မင်းတြားဂျီး၏ ညီလာခံသဘင်


ဗမာပြည်ထောင်စုမှ ခွဲထွက်ကာ ကမ္ဘာပေါ်တွင်နောက်ဆုံးပေါ်ပေါက်လာသည့် ဒီမိုကရက်တစ် ပဒေသရာဇ်နိုင်ငံတော် ရိုဟင်ဂျာကင်းဒမ်း၏ အရှင်သခင် စူလတန်ဘုရင်မင်းမြတ် ရှိတ်ခါလီဖာ အလီဘာဘာ အာလာဒင် မူဂျာဟေဒင် မြတ်သိန်းထွန်းသည် ၎င်းစိုးစံတော်မူသော Syahida နေပြည်တော်ရှိ ခွေးရုပ်လေးခုခံ ရာဇပလ္လင်ပေါ်တွင် စံပယ်၍ အိုင်ပက်ဖွင့်ကာ ရှာကီယာ၏ ၀ါကာဝါကာသီချင်းကို နားထောင်လျှက် ဖေ့ဘုတ်သုံးစွဲတော်မူနေလေသည်။ ထိုအခိုက်တွင် မင်းတိုင်ပင်အမတ်ကြီး ဒေါက်တာဝါကာအူးဒင်းနှင့် ဘုရင်မင်းမြတ်၏ နိုင်ငံတော်အကြံပေးအရာရှိချုပ် ဒေါက်တာဇာနည်တို့ နှစ်ဦးသား ဘုရင်မင်းမြတ်၏ရှေ့တော်မှောက်သို့ ဆလမ်ပေး၍ အခစားဝင်ရောက်လာလေသည်