ဗုံးနံပါတ်(၁၂)
"စု" ဟူသော အမည်နာမသည် မြန်မာ့သမိုင်းတလျှောက် လျှမ်းလျှမ်းတောက်ခဲ့သော အမည်နာမတစ်ရပ်ဖြစ်သည်။ သမိုင်းတွင်းမှ ထူးချွန်ထက်မြက်သည့် အမျိုးသမီးတချို့တွင် အဆိုပါအမည်နာမပါရှိသည်။ ကုန်းဘောင်ခေတ်၏ နောက်ဆုံးဘုရင် သီပေါရာဇာ၏ ချစ်မငြီးသည့်မိဖုရားခေါင်ကြီး၊ သူ့ခေတ်သူ့အခါက ဓားအထက်ဆုံးအမျိုးသမီးဖြစ်သည့် ဧကရီထိပ်ခေါင်တင် နန်းမတော် စုဖုရားလတ်၊ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင် ဒေါ်စု၊ ကိုလိုနီခေတ်အတွင်း ထင်ရှားသည့် ရေနံမြေဒေါ်ခင်စု၊ ၀န်ကြီးချုပ်ဦးနု၏ ညီမရင်း၊ ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ မစုခေါ် စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု စသဖြင့် စုနာမတို့ လျှမ်းလျှမ်းတောက်ခဲ့ကြသည်။ ယခု "စု"သည်လည်း မြန်မာတွင်မက ကမ္ဘာ့အလယ်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော် လျှမ်းလျှမ်းတောက်ခဲ့ပြီး၊ တောက်နေဆဲဖြစ်သည်။