ပေါက်ကရ လေးဆယ်

Subscribe:

Thursday, July 11, 2013

မြင့်မိုရ်တောင်အစုစုတို့အား ဇီးစေ့ဖြင့်ထုခြင်း (၀ံသာနု အယ်ဒီတာ့အာဘော်)

ဆိုရေးရှိကဆိုအပ်ရာ၏တဲ့။ ဆိုရိုးစကားရှိပါတယ်။ အဲဒီတော့ခါ ထောက်ပြဝေဖန်စရာ မျက်စိရှေ့ ကွက်ကွက်ကွင်းကွင်း မြင်နေပါလျှက်နဲ့ မမြင်ချင်ယောင်ဆောင်နေလို့တော့ မဖြစ်ပါဘူး။အ၀င်ဆိုးပေမယ့် ဆေးခါးကြီးဆိုတာ ရောဂါပျောက်ဖို့တိုက်တယ်လို့ပဲ မှတ်ယူစေချင်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးလောကမှာ အကွဲအပြဲတွေ၊ အပြန်အလှန်ဆော်ပလော်တီးမှုတွေ၊ ခါးအောက်ပိုင်းထိုးတာတွေ တော်တော်ခေတ်စားနေပါတယ်။ ဒီလိုအဖြစ်မျိုးတွေဟာ နာတာရှည်ဖြစ်သွားမယ်ဆိုရင် တိုင်းပြည်အတွက်အနာဂတ်မှာ ကောင်းသောရလာဒ်ဖြစ်လာမယ် မထင်ပါဘူး။ ဒီလိုပြဿနာတွေအတွက် တာဝန်အရှိဆုံးက ဘယ်သူတွေဖြစ်ပါသလဲ။ ဆန့်ကျင်ဖက်အုပ်စုတွေ အကုန်လုံးကို တပြိုင်နက်မေးမယ်ဆိုရင် အပြန်အလှန်လက်ညိုးထိုးရင်း အကုန်လုံးတရားခံဖြစ်သွားမယ့် မေးခွန်းပါ။ ရွှေစွန်ညိုကစားသလို ရှေ့ဆုံးကလူကခါးလေးတစ်ချက်ယိမ်း၊
 ခြေလှမ်းတစ်ချက် ဘေးရွေ့လိုက်တာနဲ့ နောက်ဆုံးကလူ လျှာထွက်အောင် ပတ်ပြေးရသလိုပဲ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရွှေ့တဲ့နောက်ကို နောက်လိုက်တွေ အိုးနင်းခွက်နင်းလိုက်နေရပါတယ်။ အဲဒီတော့ခါ ခေါင်းဆောင်တွေမှာ တာဝန်အရှိဆုံးလို့ပြောလို့ရပါပြီ။ သို့ဖြစ်ပါ၍ ပညာ၊သဘာ၊အတွေ့အကြုံ၊ ကျော်ကြားမှုနှင့် သြဇာရှိမှုအစရှိသည့် ဂုဏ်အရှိန်အ၀ါ ကြီးမြတ်လှစွာသော၊ မြင့်မိုရ်တောင်ကဲ့သို့ မြင့်မားလှသည့်အဆင့်အတန်းတွင် ရပ်တည်နေကြပါကုန်သော ပုဂ္ဂိုလ်အစုစုတို့အား ဇီးစေ့ဖြင့်ထုပါအံ့။ အနာကျက်၍ အထာညက်ကြပါစေကုန်သတည်း။

စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် (၀ံသာနုအယ်ဒီတာ့ အာဘော်)


အရပ်ထဲ ရယ်စရာဟာသအနေနဲ့ လူတော်တော်များများ ကြားဖူးတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။ ဘုရားလောင်း မဟာဇနက္ကမင်းသား သင်္ဘောပျက်လို့ ဆီဦးထောပတ်တ၀စား၊ လင်းယဉ်တိုင်ဖျားပေါ်တက်၊ သားစားငါးတွေထူပြောပြီး လှိုင်းလေထန်တဲ့ ပင်လယ်ပြင်ထဲ ခုန်ဆင်းမယ့်အချိန် စကားကြီးသုံးခွန်းပြောခဲ့တယ်။ အဲဒါ ဘာလဲသိလား ဆိုတဲ့မေးခွန်းပါ။ ရုတ်တရက်ဆိုတော့ မေးခံရတဲ့လူအတွက် အဖြေရှာမရပါဘူး။ အဖြေက တစ်၊နှစ်၊သုံးလို့ ရေပြီး ၀ုန်းခနဲခုန်ဆင်းတာပါတဲ့။ ခမ်းနားတဲ့အကြောင်းအရာကို မဆီမဆိုင်အချက်နဲ့ ဟာသဖောက်ထားတဲ့ ရယ်စရာဟာသလေးတစ်ခုပါ။

ဘွတို့ဇာတ်လမ်း



ဘွတို့ဇာတ်လမ်း

မေဒေးမှာ အဖြေပေးသမို့
အေးဆေးသာ နေဖို့မစဉ်းစားပါနဲ့
လုပ်အားသာ ပေးဖို့ပြင်။

ရှောင်တခင် လာဝင်စစ်ချိန်မှ
မောင်ဘွရှင် အသစ်ထားရင်ဖြင့်
ပါးရှစ်စိတ် ကျိုးဖို့ပြင်။

အဒူမင်းညိုရှင်းတမ်း

ရခိုင်မင်းသမီးဧချင်းရဲ့ စာဆိုတော် ဖဒူမင်းညိုနဲ့ ပတ်သက်တဲ့အချက်အလက်တွေ သမိုင်းကျမ်းတွေ မွှေနှောက်လိုက်ဖတ်ရင်း မထင်မှတ်ပဲ သွားတွေ့ခဲ့ပါတယ်။ ဇွဲသစ် ရမ္မာမြေ လာမေးတုန်းက ၁၉၆၅ခုနှစ် ဟံသာဝတီတိုက်ထုတ် စာအုပ်ကလွဲရင် တခြားပေးစရာ အချက်အလက်တွေ အဆင်သင့်မရှိခဲ့ဘူး။ ဖြစ်ချင်တော့ ဖဒူမင်းညိုမွေးဖွားခဲ့တဲ့ ဒေသက လူတစ်ယောက်နဲ့ စကားစပ်မိတဲ့နောက်ပိုင်း သူပြောပြတဲ့အချက်အလက်တွေကို စာဖတ်တဲ့အချိန် သွားသတိရမိတော့ အဲဒီအကြောင်းအရာကို အသေးစိတ်လေ့လာမိခဲ့ပါတယ်။

မြန်မာပြည်၏ ပထမဦးဆုံးတိုင်းပြုပြည်ပြု ပုဂ္ဂိုလ်(သို့) Statesmanတစ်ဦး၏ အမျိုးသားရေးသြ၀ါဒနှင့် အကျိုးသက်ရောက်မှု

မြန်မာပြည်၏ ပထမဦးဆုံးတိုင်းပြုပြည်ပြု ပုဂ္ဂိုလ်(သို့) Statesmanတစ်ဦး၏ အမျိုးသားရေးသြ၀ါဒနှင့် အကျိုးသက်ရောက်မှု

၁၉၁၉ခုနှစ် နိုဝင်ဘာလ၌ မြန်မာ့နိုင်ငံရေး၏ မီးရှူးတန်ဆောင်ပုဂ္ဂိုလ် ဆရာတော်ဦးဥတ္တမသည် မော်တင်လမ်း(ယခုလှည်းတန်းလမ်း)ထောင့်ရှိ ဒေါ်စောခင်၏နေအိမ်သို့ ကြွရောက်လာခဲ့သည်။ ဆရာတော်နှင့်အတူ ထင်ရှားသည့်နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဦးဘဘေနှင့်ဆရာလွန်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)တို့လည်း လိုက်ပါလာခဲ့ကြသည်။ ဆရာတော် ဦးဥတ္တမက..

မယ်ပိုး


မဲပလေ
ပျိုမေမှာ ညိုရည်ကဲသမို့
ကြာညို့စွဲတဲ့ ငံပြာရည်။

ဘွရှင်ကော်မရှင်

သမ္မတအိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်စင်တာတွင် ရက်တိုသင်တန်းအမြန်တက်၍ TOEFL ဖြေကာ အမေရိကန်ပြည်ထောင်စုသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော ရိုတိန်ညာကိင်းဒမ်း၏ Emir ဖြစ်သူ ရှိတ်ခါလီဖာ ဘာညာသာရကာ ဘင် စူလတန်အာလာဒင်ဘွရှင်သည် ၎င်း၏ချစ်ကြည်ရေးခရီးစဉ်ကာလအတွင်း ၀ါဒီယာနေပြည်တော်၌ မပြီးပြတ်သေးသည့် လုပ်ငန်းဆောင်တာများအား စစ်ဆေးကြီးကြပ်စုံစမ်းရန် အလို့ငှာ ကော်မရှင်ပေါင်း သောင်းခြောက်ထောင်ဖွဲ့စည်းခဲ့လေသည်။

နွေအဖွင့် တပေါင်း

ရွက်နုဝေ
လေပွေက တထောင်းထောင်း
ဖုန်ဆောင်းဆောင်းကယ်နဲ့
သောင်းပြောင်းငယ် ညံစီလို့
ပွင့်နီနီ လက်ပံတောမှာဖြင့်
ဆက်ရက်သံနှော။

ဘွရှင်ရဲ့ သင်္ကြန် (သံချပ်)


ဒုံး ဒုံး ဒုံးလားမောင်တို့ ကျည် ကျည် ကျည်လားမောင်တို့
ဒုံး ဒုံး ဒုံးလားမောင်တို့ ကျည် ကျည် ကျည်လားမောင်တို့

ဒုံးကျည် ဒုံးကျည် ဒုံးကျည်လားဟေ့
ဒုံးကျည် ဒုံးကျည် ဒုံးကျည်ပဲဗျ

ဝန်နှစ်ပါး ထွက်တော်မူခဏ်း(Debate)

ဖွတ်ဝန်မင်း ခွန်းတောက်သံ

ချာရာဏသီ ပြည်ဌာနီကြီး ထိန်ထိန်ငြီးလျှက် မီးစက်မောင်းသံ ဆူညံသံနှော သာမောပေထ ခမ်းနားလှပေ ကျက်သရေသည် စုပေါင်းညီညာ အောင်ကြောင်းဖြာဟု လုံ့လပြုအပ် ဗြဟ္မဒတ်ပြောင် သူစွမ်းဆောင်မှု အစုစုတည့် မြင်ရှုကြပါ များသူငှါတို့ သာဓုခေါ်စေသော်...သော်

ဒေါင်းဝန်မင်း Rapping ရွတ်သံ

ဒီမယ် ဒီမယ်
ဘယ်နေရာပဲ ကြည့်ကြည့် ဘယ်နေရာပဲသွားသွား
ရှေ့ကိုသွားမလား နောက်ကိုသွားမလား
လမ်းများက စုတ်ပြတ် အိမ်တွေကဗြုတ်ဆပ်
ဆုတ်ကပ်ရဲ့ မြန်မာ အလုပ်ပြတ်တဲ့နေရာ
ငတ်ပြတ်တဲ့မသာတွေ ထူထပ်တဲ့အကြွေးတွေ
ကပ်ဘေးတွေကြား ပတ်ပြေးနေမလား
Come-on ရို့ ရို့!!
ဖွတ်တက်မှတော့ မွဲတာဘာဆန်းလဲ အရပ်ကတို့ရယ် ခိခိခိ

မြန်မာနိုင်ငံ၏ စစ်မှန်သော ကယ်တင်ရှင် (လှလေးစိန် ဘွရှင်)


စစ်ဖက်မှာ လှလေးစိန်ဘွဲ့ရတဲ့အထိ ထူးချွန်ပြောင်မြောက်ရုံသာမက အရပ်ဖက်ဆိုင်ရာမှာလည်း သူမတူအောင် ထူးချွန်ကြောင်း လက်ရှိမြန်မာဖေ့ဘုတ်လောကက သက်သေပြနေပါပြီ။

တကယ်တမ်းပြောရရင် ဘွရှင်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးလောကထဲက ရှိသမျှလူတွေထက် ဥာဏ်အမြှော်အမြင်ကြီးသူ၊ လုပ်ရည်ကိုင်ရည်ရှိသူ ဖြစ်ပါတယ်။ အဲလိုဖြစ်လာဖို့အတွက် ဘွရှင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံဟာ မနည်းလှပါဘူး။

သိုင်းလောက၏ စိမ်ခေါ်သံ သတ္တမပိုင်း


နွေအကုန်မိုးပြောင်းသည့်အခါသမယတွင် သိုင်းလောက၌ လျှပ်စီးလက်သံ၊မိုးခြိမ်းသံများနှင့်အပြိုင် ဓားချင်းလှံချင်းထိခတ်သံ၊ မာန်သွင်းကြုံးဝါးသံ၊ လက်နက်ပုန်းပစ်သံ၊ ဗုံးခွဲသံများဖြင့် ဆူညံပွက်သလောက်ရိုက်၍ ရှိနေကြသည်။

မကြာသေးခင်ကာလက နယ်ခြား၌ မူဂျာဟစ်ဂိုဏ်း၏ လိုက်လံသတ်ဖြတ်မှုကြောင့် သိုင်းလောကနှင့်မသက်ဆိုင်သည့် အရပ်သားတို့ သေကြေဒဏ်ရာရသည့် သတင်းသည် သိုင်းလောကအား ပြင်းထန်စွာကိုင်လှုပ်ခဲ့သည်။ အလောင်းများဖွေးဖွေးလှုပ်သည်အထိ သိုင်းလောကထိပ်သီးဂိုဏ်းများကား တုတ်တုတ်ပင်မလုပ်။ သိုင်းလောကဥသျှောင် ၀ူတန်းဂိုဏ်းကား ပျံကျဂိုဏ်းခွဲမှူးအား သိုင်းလောကအတွင်း နိုင်ငံတော်အကျိုးပြုရုပ်ရှင် ရိုက်ခိုင်းခြင်းဖြင့်သာ အရေးတယူပြုလျှက်ရှိသည်။ ပြိုင်ဖက်အော်မေ့ဂိုဏ်းကား တုတ်တုတ်ပင်မလှုပ်။ ၀ူတန်းဂိုဏ်း၏ နယ်ခြားကိုယ်စားလှယ်သည် မြန်မာ့အသံမှ ဟန်ရေးပြလျှက်ရှိနေသည်။