ပေါက်ကရ လေးဆယ်
Subscribe:
Friday, December 21, 2012
တေးပြုစာဆို အလိုရှိသည်
တေးပြုစာဆို အလိုရှိသည်
စန္ဒကိန္ဒရီ၏ လွမ်းမောဆို့နစ်ဖွယ် ငိုကြွေးသံသည် ကွန်ပြူတာမှတဆင့် နှလုံးသားတွင်းသို့ စီးဝင်လာသည်။ သီဆိုသူက မေသက်ထားဆွေ၊ လေးတန်းကျောင်းသူလေး၏ အနုပညာမှော်အစွမ်းကား နားဆင်သူအား လက်ရှိလောကအား မေ့လျှော့လျက် တောကြီးဂနိုင်တွင်းသို့ ဆွဲခေါ်သွားခဲ့သည်။ စန္ဒကိန္ဒရီနှင်အတူ ငိုပွဲဆင်ခိုင်းခဲ့သည်။ စန္ဒကိန္ဒရီ၏ သောကသည် နားဆင်သူ၏ နှလုံးသားကို ၀င်ရောက်ဖြစ်ညှစ်လျက် ရှိသည်။ ဤသီချင်းကို မူရင်းတေးသံရှင် မေ(ခေါ်) မလှရွှေ၊ မာမာအေးတို့ သီဆိုသည်ကို ကြိမ်ဖန်များစွာ နားဆင်ဖူးသည်။ သို့သော် သီချင်းစာသားနှင့် သံစဉ်အတွင်း နက်ရှိုင်းစွာပျော်ဝင်နေသည့် ရသသည် ဤတစ်ကြိမ်တွင် အပေါ်လွင်ဆုံးဖြစ်သည်ကို ရင်နှင့်ရင်း၍ ခံစားလိုက်ရသည်။
Tuesday, December 18, 2012
အွန်လိုင်းပျော် ငပေါများ ဂရု
လူတွေသိပ်မသိကြသေးတဲ့ ဂရုလေးတစ်ခုအကြောင်း ပြောပြပါရစေ။
ဂရုထဲမှာ လူတွေသိပ်မများပါဘူး။ ဆယ်ယောက်ကျော်လေးပဲ ရှိတာပါ။ ဒါပေမယ့် အဲဒီဆယ်ယောက်ကျော်ကျော် အရေအတွက်ထဲက ပုဂ္ဂိုလ်တွေဟာ ဖေ့ဘုတ်မှာ တစ်နေကုန်တနေခန်း ကိုးတောင်ကိုးကျင်း လျှောက်မွှေ၊ ရန်ဖြစ်၊ ဆဲဆိုနေတဲ့လူတွေ၊ လူတကာကို မထိတထိ ကလိတိတိ ရိတတ်တဲ့လူတွေ၊ HTML တွေဖန်တီးပြီး လူတကာလာဆဲတာကို အရသာခံနေတဲ့လူတွေ၊ လှတပတချစ်စရာပုံလေးတွေ တင်ထားလို့ ကောင်လေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ကောင်မလေးတွေ အားလုံး သူ့နေရာနဲ့သူ ထိတ်ထိတ်ကြဲ နာမည်ကြီးတဲ့လူတွေပါ။ ဥပမာ ဘာဘာရိုဟင်ဂျာလို လူမျိုးပေါ့။ အားလုံးသိလိုက်ကြမှာပါ။
အချုပ်အခြာ အာဏာပိုင် နိုင်ငံတော်တစ်ခု၏ ပုံရိပ် ပျောက်ဆုံးခြင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟူသည် နိုင်ငံတော်တွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအပေါင်း၏ အကျိုးစီးပွား(၀ါ) အမျိုးသားအကျိုးစီးပွားအတွက် အကျိုးအမြတ်ရရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံအစိုးရ အဆက်ဆက်လက်အောက်တွင် နိုင်ငံတော်အကျိုးစီးပွားနှင့် အမျိုးသားအကျိုးစီးပွားသည် သီးသန့်စီ ရပ်တည်ခဲ့ရ၏။ နိုင်ငံတော်အကျိုးစီးပွားသည် နိုင်ငံတော်အာဏာ လက်ဝယ်ပိုင်ဆိုင်ထားသည့် လက်တစ်ဆုပ်စာလူတစ်စုနှင့် ၎င်းတို့၏ ဆွေမျိုးများ၊အခြွေအရံ နောက်လိုက်နောက်ပါတစ်စုအတွက် သက်သက်မျှသာ ဖြစ်ခဲ့၏။
ကုလားဟူသည် ဤသို့တည်း အပိုင်း(၂)
အခန်း(၄) ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ 
(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ လုပ်ကြံခြင်းမခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းအတွင်း မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ဖြုန်းတီးမှုများကို ထောက်ပြသွားပြီး  အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပတင်သွင်းကုန် အရေအတွက်ကို လျှော့ချသင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။
“ဆီကို ကုလားပြည်က ၀ယ်ရတယ်”
အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွားသောအဓိပ္ပါယ်သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားလိမ့်မည် မဟုတ်ချေ။
ကုလားဟူသည် ဤသို့တည်း အပိုင်း(၁)
ကုလားဟူသည် ဤသို့တည်း 
အခန်း(၁) နိဒါန်း
မြန်မာနိုင်ငံအကြောင်းဆိုင်ရာ ပညာရပ်များဌာနခွဲသည် အရှေ့တောင်အာရှဒေသ နိုင်ငံများ အကြောင်းဆိုင်ရာ ပညာရပ်များ ဌာနငယ်တစ်ခု ဖြစ်သည်။
နှစ်ပေါင်းအတန်ကြာမျှ မြန်မာနိုင်ငံအကြောင်းဆိုင်ရာ ပညာရပ်များသုတေသီ တစ်ဦးအနေဖြင့် လုပ်ခဲ့ဖူးသော မိမိ၏အတွေ့အကြုံအရ နိုင်ငံတကာ သုတေသနစာပေများတွင် အဆိုပါ အရှေ့တောင်အာရှ နိုင်ငံများအကြောင်း ရေးသားတင်ပြမှုများ၌ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့အကြောင်းကိုသာ အများအပြားတွေ့ရပြီး အထူးသဖြင့် ၎င်းတို့၏ စာပေ၊ယဉ်ကျေးမှုနှင့် ဘာသာစကားများကို အလေးပေးရေးသားထားကြသည်ကို တွေ့ရှိရသည်။ သို့သော် မြန်မာနိုင်ငံ၏ စာပေ၊ဘာသာစကားတို့နှင့် သက်ဆိုင်သော စာအုပ်စာတမ်းများကို များများစားစား မတွေ့ရချေ။ ထို့အပြင် နိုင်ငံတကာ ပညာရပ်စာပေနယ်ပယ်၌ အနည်းငယ်မျှသာရှိသော မြန်မာနိုင်ငံအကြောင်း ရေးသားထားသည့် စာအုပ်စာတမ်းများတွင် အချို့သော အချက်အလက်များသည် မှားယွင်းနေသည်။ အချို့သော အချက်အလက်များမှာ တိကျမှုမရှိ၊ အချို့သော အချက်အလက်များကိုအဓိပ္ပါယ်လွဲမှားစွာ ရေးသားတင်ပြထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ အဆိုပါစာအုပ်စာတမ်းများထဲမှ မှားယွင်းသော(သို့) လိုရာဆွဲတင်ပြထားသော အချက်အလက်များကို ထပ်ဆင့်လေ့လာရေးသားသူများက မှီငြမ်းကိုးကား ရေးသားတင်ပြမှုများ ရှိလာသည့်အခါ အများညီ ဤကိုကျွဲဟုဖတ် ဆိုသည့်ကိန်းမျိုးဆိုက်လုနီးနီး ဖြစ်နေကြောင်းတွေ့ရပါသဖြင့် မှန်ကန်တိကျသော အချက်အလက်များဖြင့် ချေပရေးသားရမည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပါတော့သည်။
သိုင်းလောက၏ စိမ်ခေါ်သံ စတုထ္ထပိုင်း
သိုင်းလောက၏ စိမ်ခေါ်သံ စတုထ္ထပိုင်း
ဆောင်းကာလကား အေးမြမြ ချမ်းစိမ့်လျက်…။
မည်မျှပင် တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်နေသည် ဆိုစေကာမူ သိုင်းလောကသားများမှာ ပုံမှန်အတိုင်း စားသောက်ဆိုင်များတွင် စည်ကားစွာ ၀င်ထွက်စားသောက်လျက် ရှိနေကြသည်။ သတင်းနည်းပညာခေတ်တွင် အင်ဖော်မေးရှင်းအစုံဆုံးနေရာသည် ဇူကာဘတ်၏ ဖေ့ဘုတ်စားသောက်ဆိုင်ကဲ့သို့ နေရာမျိုးပင် မဟုတ်ပါလား။
လက်ပတောင်းတောင် သိုင်းလောကအရေးအခင်း၊ ၀မ်ပေါင်းဂိုဏ်း၏ ၀င်ရောက်စွက်ဖက် ကလိမ်ကျမှု၊ ဦးပိုင်၏ လုပ်ရပ်ကြောင့် ၀ူတန်းဂိုဏ်း၏ အကြပ်အတည်း၊ ရှောင်လင်ဂိုဏ်း၏ ထိခိုက်နစ်နာမှု၊ ၀ူတန်းဂိုဏ်းချုပ်အား စိမ်ခေါ်သည့် အညတရ လူဝင်စား သိုင်းလုလင်၊ အဖြူရောင်သိုင်းလောက အကွဲအပြဲစသည့် သတင်းများမှာ လက်ရှိအချိန်တွင် သိုင်းလောကအတွင်း လူပြောများနေသည့် ရေပန်းအစားဆုံး သတင်းများဖြစ်ကြသည်။ သို့သော် လက်ပတောင်းသိုင်းသရဖူလုပွဲ မတိုင်မှီ ဓားချင်းခုတ်သံ၊ ရဲရဲတောက်မာန်သွင်းသံ၊ လက်နက်ပုန်းပစ်ခတ်သံ၊ အငြင်းအခုန်ဖြစ်သံများကြားထဲမှ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းပြီး ၀မ်းနည်းကြေကွဲစရာ နိဂုံးချုပ်ခဲ့ရသည့် ချစ်ဇာတ်လမ်းလေးတစ်ခုအား သိုင်းလောကစောင့်ကြည့်လေ့လာသူ Expert များအပါအ၀င် သိုင်းလောကမီဒီယာများ၊ ရိုးရိုးသိုင်းလောကသမားများ မည်သူမျှ မသိရှိလိုက်ကြချေ။
သိုင်းလောက၏ စိမ်ခေါ်သံ (တတိယပိုင်း)
သိုင်းလောက၏ စိမ်ခေါ်သံ (တတိယပိုင်း)
သိုင်းလောက၏ အခြေအနေကား ဆူပွက်သယောင်ယောင်၊ ငြိမ်သက်သယောင်ယောင် ခန့်မှန်းရခက်လှသည်။
ဆယ့်နှစ်လေးလုံးပူး အထိမ်းအမှတ်အဖြစ် ကမ္ဘာပျက်မည်ဟူသော ဟောကိန်းကိုအံတုလျက် ရှောင်လင်ဂိုဏ်းက အောင်လံတလူလူလွင့်၍ ချီတက်လာသည်။ လူအများက ၀ူတန်းဂိုဏ်းနှင့် ထိပ်တိုက်တိုးလျှင် ယခင်ကဲ့သို့ အနိဌာရုံများမြင်ရတော့မည်ဟု စိုးရိမ်ထိတ်လန့်လျက်ရှိနေကြသည်။ သို့သော် ၀ူတန်းဂိုဏ်းကား ပါးနပ်လှချေသည်။ ဤတစ်ကြိမ်၌ လူအများကဲ့ရဲ့ခံရမည့်အရေးကို လိမ္မာပါးနပ်စွာရှောင်ရှားသွားသည်။ သို့သော် ရှောင်လင်ဂိုဏ်း၏ လူတန်းရှည်အနီးတွင်မူ ကင်မရာလျှပ်စီးလက်သံများက တဖြတ်ဖြတ်...။
Monday, December 10, 2012
ဘွရှင်၏ တကျော့ပြန် ညီလာခံသဘင်
ရိုတိန်ညာ ဒီမိုကရက်တစ် ကင်းဒမ်း၏ ပြည့်ရှင် ရှိတ်ခါလီဖာ ကူလီကူမာ မူဂျာဟေဒင် ဘွရှင်သည် နန်းတော်သစ်တည်ထောင်ပြီးနောက် နိုင်ငံတကာသို့ အညောင်းပြေခြေဆန့်လက်ဆန့်ထွက်ရန် အကြောင်းရှာလျှက်ရှိနေလေသည်။ ထို့ကြောင့် မင်းတိုင်ပင် ပြင်ညာယှိ သုထမိန်များဖြစ်ကြသော ဌေးလွင်ဦးနှင့်ဘစိန်တို့အား ရှေ့တော်သွင်း၍ မျက်မှောက်ခေတ် ၎င်းတို့ထိုးကွင်းထနေသော အခင်းအကျင်းတို့ကို ခေါ်ယူမေးမြန်းလေသည်။
ဘွရှင်၏ အချစ်များ အပိုင်း(၁)
ဘွရှင်၏ အချစ်များ
အသက် ၁၅နှစ် မရိုးမရွဖြစ်စအရွယ်...
ပြင်ကောက် Tin Ma Ma တို့ရွာကို တောကြက်တောင်ဘုရားပွဲကနေ အလည်သွားတာ
ရောက်တာနဲ့ အဲကသူငယ်ချင်းတွေက အုန်းရည်အရက်(ဓနိရည်အရက်)၊ မရမ်းသီးတစ်တောင်း၊ဆားတစ်ခွက်၊ ရှမ်းဒေါင်းတစ်စည်းနဲ့ ဧည့်ခံကြတယ်။ ကျွန်တော်တို့ကျေးလက်ဒေသရဲ့ ထုံးစံအရ ရောက်လာတဲ့ဧည့်သည်ကို လိုလေးသေးမရှိအောင်ဧည့်ခံတဲ့နေရာမှာ တကယ့်ရှာမှာရှား။
မော်ဒန်စက်ကြီး (၁၀)ပါး ဘုရားရှိခိုး
သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။
တစ်ဆယ့်လေးချက် ဓမ္မစက်။
သပိတ်လက်နက် သံဃာ့စက်။
ကြိမ်တို့ခိုင်းရာ၊ နွားပမာသို့၊ ဒိုင်းကာလက်နက် ရဲတို့စက်။
ဘွရှင် ကန်တော့ခဏ်း
သကာသ သြကာသ သြကာသ
ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့်
မထိခလုပ်၊ ထိခလုပ် ကျူးလွန်ဖူးခဲ့သော
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ဖြစ်သည့်....
အနတ္တောအနန္တဂိုဏ်းမ၀င် မာတာသခင်၏ ထမီခြုံပါတီဝင် မဖြစ်ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊
မြင့်မိုရ်တောင်ဦး မကကျူးသည့် ယူနီဖောင်းဆင်၊ အပွင့်တင်၍၊ ပဲဟင်းပြင်ကျွေး၊ ဦးနှောက်ဆေးချ၊ အဘဂိုဏ်းဝင် မဖြစ်ဖူးသည့် အပြစ်တို့သည် လည်းကောင်း၊
သိုင်းလောက၏ စိမ်ခေါ်သံ (ဒုတိယပိုင်း)
ဆောင်းကာလကား အေးမြမြ ချမ်းစိမ့်စိမ့်။
ပုံမှန်ယခုကဲ့သို့အချိန်မျိုးတွင် လူအများစုမှာ အိမ်တွင်းအောင်း၍ ဆောင်းခိုတတ်ကြသော်လည်း ဤနှစ်တွင်မူ ယခင်ကနှင့် လုံးဝမတူပဲ သိုင်းလောကသားများမှာ နေရာအနှံ့ ရုတ်ရုတ်သဲသဲ လှုပ်ရှားသွားလာလျက် ရှိနေကြသည်။
******************************************************
ဝူတန်းဂိုဏ်း
ဝူတန်းဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်ကား မျက်နှာမသာမယာဖြင့် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ့အနီးတွင် ပွေးသိုင်းသာအေး၊ သွပ်ဒိုင်းကိုကိုနှင့် အကြောက်တရားသိုင်းရာဇာ အောင်မင်းတို့ ခေါင်းငိုက်စိုက်ချ၍ ရှိနေကြသည်။ လက်ယာရံမှူးဇော်ကား ခံစားချက်မဲ့သော မျက်နှာဖြင့် ၎င်းတို့ကို စိုက်ကြည့်နေသည်။ ထိုအချိန်တွင်..
သိုင်းလောက၏ စိမ်ခေါ်သံ (ပထမပိုင်း)
သိုင်းလောက၏ စိမ်ခေါ်သံ
တစ်နေ့သ၌ ၀ူတန်းဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်၏ ဆရာတူ ပညာသင်ဘက်ညီအစ်ကို များ ဖြစ်ကြသော ပွေးမနိုင်ဓားရှင် သာအေးနှင့် မီးခိုးဗုံးနှင့်သွပ်ဒိုင်း သိုင်းဘုရင် ကိုကိုတို့နှစ်ဦး တပည့်များနှင့်အတူ သိုင်းလောကသရဖူလုပွဲ ကျင်းပရာ လက်ပတောင်းတောင်ထိပ်သို့ ကိုယ်ဖော့ပညာဖြင့် အပြေးအလွှားရောက်လာကြသည်။ ၎င်းတို့၏ ချပ်ဝတ်စုံများကား လေထဲတွင် လွင့်ခနဲ။
Thursday, November 15, 2012
မြတ်သိန်းထွန်း အားအားယားယား ကြီးကြီးကျယ်ကျယ် တွေးနေသည်
ခေါင်းစဉ်ကတော့ ဆွဲဆောင်မှု တစ်စက်မှကို မရှိပါဘူး။ ဒါပေမယ့် အထဲမှာ တတ်သလောက်၊မှတ်သလောက် အနှစ်တွေထည့်ပေးထားပါတယ်။ သူများဆီမှာ သောက်ညင်အကပ်မခံရရင် စားမ၀င်၊အိပ်မပျော်တတ်တဲ့လူမျိုးဆိုတော့ခါ ဒီထက်ပိုကောင်းတဲ့ခေါင်းစဉ်ကို အုန်းစားခံပြီး မစဉ်းစားတော့ပါဘူး။ သည်းညည်းခံပြီး ဆက်ဖတ်တော်မူကြပါ။
တစ်ကိုယ်ရေ တစ်ကာယအတွက်တောင်မှ ကိုယ့်နိုင်ငံအတွင်းမှာ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတဲ့အခါ မသွားချင်သွားချင်နဲ့ နိုင်ငံခြားဆိုတာကြီးကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကာလတုန်းက ကျွန်တော်ထွက်လာခဲ့ရပါတယ်။ အဆင်မပြေတဲ့ဘ၀ရဲ့ သိမ်ငယ်မှုတွေကို နိုင်ငံခြားထိ ခရီးဆောင်အိတ်ထဲခေါက်ထည့်ယူခဲ့ရတယ် ဆိုပါစို့။ သူများနိုင်ငံလေဆိပ်ရဲ့ လ၀ကကောင်တာက တာဝန်ကျဝန်ထမ်းက ကျွန်တော့်ရဲ့ ပတ်စပို့အနီရောင်လေးကို အခေါက်ခေါက်အခါခါ စစ်ဆေးရင်း သူ့နိုင်ငံထဲဝင်မယ့် ကျွန်တော့်ကို သိမ်ငယ်မှုတွေ ဆယ်ကီလိုစာလောက် ထပ်ထည့်ပေးလိုက်ပါတယ်။
အလောင်းချင်းထပ်၍ ခင်းသည့်လမ်း(သို့) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း မှတ်တမ်းဓာတ်ပုံများ
ပြိုကွဲခြင်း၏ နိဒါန်း
၁၉၄၇ ခုနှစ် သြဂုတ်လ ရက်တစ်ရက် သန်းခေါင်ယံအချိန်မှာ  ဗြိတိသျှပိုင် အိန္ဒိယတိုက်ငယ်ဟာ နိုင်ငံသစ်နှစ်ခုအဖြစ် ထက်ခြမ်းကွဲပြီး လွတ်လပ်ရေးရရှိခဲ့ပါတယ်။ တစ်ခုက မူဆလင်တွေကြီးစိုးရာ ပါကစ္စတန်ဖြစ်ပြီး နောက်တစ်ခုကတော့ ဟိန္ဒူတွေကြီးစိုးတဲ့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ ဒီလိုလွတ်လပ်ရေးရှိခဲ့ကြရာမှာ အိန္ဒိယနိုင်ငံကတော့ ကုန်းမြေအများစု တစ်စုတစည်းတည်းရှိတဲ့နိုင်ငံအဖြစ် လွတ်လပ်ရေး ရရှိခဲ့ပြီး ပါကစ္စတန်နိုင်ငံကတော့ အိန္ဒိယနိုင်ငံကို အလယ်မှာထားပြီး အရှေ့ပါကစ္စတန်(အရှေ့ဘင်ဂေါ)နဲ့ အနောက်ပါကစ္စတန်ရယ်လို့ နယ်မြေနှစ်ပိုင်းရှိတဲ့ နိုင်ငံအဖြစ် လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ဒီလိုမျိုးနယ်မြေနှစ်ခြမ်းကွဲပြီး လွတ်လပ်ရေးရရှိခဲ့တဲ့အချိန်မှာ အုပ်ချုပ်ရေးအာဏာကို အနောက်ပါကစ္စတန်ဖက်ကပဲ လက်ဝါးကြီးအုပ်ထားခဲ့ပြီး အရှေ့ပါကစ္စတန်ကတော့ လက်အောက်ခံနယ်မြေအဖြစ် ရပ်တည်ခဲ့ရပါတယ်။ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတူတွေဖြစ်ပေမယ့်လို့ အရှေ့နဲ့အနောက်ဟာ စာပေ၊ဘာသာစကားနဲ့ ယဉ်ကျေးမှုစရိုက် လက္ခဏာချင်း မတူကြပါဘူး။ နိုင်ငံရေးမှာ အနောက်သြဇာခံဖြစ်ခဲ့ရတဲ့ အရှေ့ဒေသဟာ စီးပွားရေး၊လူမှုရေး၊ပညာရေး စတဲ့နယ်ပယ်တွေမှာ အနောက်ဒေသလောက် ဖွံ့ဖြိုးတိုးတက်ခြင်း မရှိခဲ့ပါဘူး။ အဲဒီလိုမညီမျှမှုတွေကပဲ ဒီနိုင်ငံရဲ့ ဒေသကြီးနှစ်ခုကြားမှာ အက်ကြောင်းကြီးကြီးမားမား ဖြစ်လာစေခဲ့ပါတယ်။ 
Wednesday, August 22, 2012
ရိုဟင်ဂျာကင်းဒမ်းပြည့်ရှင် ဘွရှင်မင်းတြားဂျီး၏ ညီလာခံသဘင်
ဗမာပြည်ထောင်စုမှ ခွဲထွက်ကာ ကမ္ဘာပေါ်တွင်နောက်ဆုံးပေါ်ပေါက်လာသည့် ဒီမိုကရက်တစ် ပဒေသရာဇ်နိုင်ငံတော် ရိုဟင်ဂျာကင်းဒမ်း၏ အရှင်သခင် စူလတန်ဘုရင်မင်းမြတ် ရှိတ်ခါလီဖာ အလီဘာဘာ အာလာဒင် မူဂျာဟေဒင် မြတ်သိန်းထွန်းသည် ၎င်းစိုးစံတော်မူသော Syahida နေပြည်တော်ရှိ ခွေးရုပ်လေးခုခံ ရာဇပလ္လင်ပေါ်တွင် စံပယ်၍ အိုင်ပက်ဖွင့်ကာ ရှာကီယာ၏ ၀ါကာဝါကာသီချင်းကို နားထောင်လျှက် ဖေ့ဘုတ်သုံးစွဲတော်မူနေလေသည်။ ထိုအခိုက်တွင် မင်းတိုင်ပင်အမတ်ကြီး ဒေါက်တာဝါကာအူးဒင်းနှင့် ဘုရင်မင်းမြတ်၏ နိုင်ငံတော်အကြံပေးအရာရှိချုပ် ဒေါက်တာဇာနည်တို့ နှစ်ဦးသား ဘုရင်မင်းမြတ်၏ရှေ့တော်မှောက်သို့ ဆလမ်ပေး၍ အခစားဝင်ရောက်လာလေသည်
Monday, June 18, 2012
မကျေနပ်ရင် လဲသေလိုက်ကြ။ ဒါပဲ
မနှစ်က ဘီဘီစီမှာမြန်မာနိုင်ငံမြေပုံထဲ ဘင်္ဂလီတွေကို တိုင်းရင်းသားအဖြစ် ရခိုင်ပြည်နယ်မှာ ယှဉ်တွဲဖော်ပြခဲ့ကတည်းက ဖေ့ဘုတ်ကို အပျင်းပြေသုံးစွဲပြီး သူများစာတွေထိုင်ဖတ်နေတဲ့လူအဖြစ်ကနေ စာရေးတဲ့လူ ဖြစ်လာခဲ့ပါတယ်။
Thursday, May 24, 2012
ညစ်တဲ့ ဇော်မင်း
ပရိစ္ဆေ
နှစ်တွေသာ ညောင်းခဲ့ပေါ့
ပြောင်းတော့မယ်တဲ့
ခေတ်ဟောင်းရယ်....။
Friday, May 11, 2012
ခက်တယ် ရိုဟင်ဂျာဟာ ဘာလဲဆိုတာ သိသိကြီးနဲ့ ထောက်ခံနေတဲ့လူတွေကြောင့် ခက်တယ်
အပိုဆာဒါးတွေ ဒီပို့စ်ထဲမှာ ထပ်မပြောချင်တော့ပါဘူး။ မြန်မာတွေ အင်တာနက်စာမျက်နှာတွေပေါ်မှာ သက်သေသက္ကာရ မြောက်မြားစွာ၊ သမိုင်းအထောက်အထားပေါင်း မြောက်မြားစွာနဲ့ ဖြေရှင်းခဲ့ကြပြီးပါပြီ။ အဲဒါကိုတောင်မှ လက်မခံပဲ ဒီဘင်္ဂလီနာမည်အတုကို ထပ်ခါတလဲလဲ ပရိုမိုးရှင်းလုပ်နေကြတဲ့ အနောက်နိုင်ငံအစိုးရတွေနဲ့ NGO တွေ၊ ပြည်ပသတင်းဌာနတွေ၊ နိုင်ငံရေးအုပ်စုတချို့တွေ၊ပြည်တွင်းက မြန်မာပြည်ကို ချစ်မြတ်နိုးလှပါချည်ရဲ့ဆိုတဲ့ မြန်မာပြည်ပေါက် နိုင်ငံသားစစ်စစ် မူဆလင်အချို့နဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းကို ချရောင်းစားနေတဲ့ ပညာရှင်ဆိုတဲ့လူတွေ...ဒီလိုလူတွေကြောင့် ခက်တယ်။
Tuesday, May 1, 2012
ကျွန်မ၏ ချစ်သူများ သို့မဟုတ် အသဲကွဲခြင်း သို့မဟုတ် အချစ်နှစ်ခု
အချစ်ဆရာမကြီးလား? အချစ်ကျမ်းကြေနေတယ်ပေါ့။? ဘာကိစ္စ အချစ်အကြောင်းရေးတာလဲ? ဘာလဲ ညာလဲ ဘာလဲ ညာလဲ စတဲ့ စတဲ့ မေးခွန်းတွေဖြစ်နေမှာပါပဲ။ ကျွန်မ အချစ်ဆရာမကြီးမဟုတ်ပါဘူး။ ဘာကျမ်းမှလဲ မကြေပါဘူး။ မကျွမ်းလို့သာ ကျွန်မကို သူက
အခန်း(၁) ရည်းစားဦး (သို့မဟုတ်) စိတ်ကစားအချစ်
အသက်က ၁၅ နှစ် (၁၀ တန်း ကျောင်းသူလေး) သူမ ၅ တန်းထဲက အစ်ကိုလို သူငယ်ချင်းလို ခင်မင်နေရတဲ့ သူတယောက်ရဲ့ အချစ်ကို အနေနီးစပ်မှုကို အချစ်ဟုထင်မှတ်ကာ ပထမဆုံးရည်းစားအဖြစ် ရရှိခဲ့ပါတယ်။ တစ်နေ့တော့ သူမသူငယ်ချင်းတစ်ယောက်က  
Wednesday, April 25, 2012
လူ့အခွင့်အရေးနှင့် အမျိုးသားရေး (သရော်စာ)
လူ့ အခွင့်အရေးကို ဦးစားပေးသင့်သလား၊ အမျိုးသားရေးကို ဦးစားပေးသင့်သလား
ဒီရက်ပိုင်း အင်တာနက်သုံးတိုင်း တွေ့နေရတဲ့ post တွေကြောင့် ခေါင်းထဲမှာ မေးခွန်းတစ်ခု အလိုလို ရောက်လာပါတယ်။ ကိုယ်တွေးတဲ့မေးခွန်းကို ကိုယ့်ဘာသာကိုယ် ပြီးပြည့်စုံအောင် ဖြေနိုင်ဖို့ လုံလောက်တဲ့ ဗဟုသုတကလည်း မရှိလေတော့ ခုရေးနေတဲ့ အချိန်ထိလည်း တွေးနေဆဲပါပဲ။ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါးကာလကို ဖြတ်သန်းပြီးတဲ့အထိ လူ့အခွင့်အရေးဆိုတဲ့ အသံတွေကို နားမဆန့်အောင် ကြားဖူးခဲ့သလို အမျိုးသားရေးဆိုတဲ့ ဟာတွေကိုလည်း ဦးနှောက်နဲ့ မဆန့်အောင် သင်ကြားမှတ်သားခဲ့ရပါတယ်။ အဲဒီနေရာမှာ အမျိုးသားရေးဆိုတဲ့ စကားလုံးကို အများဆုံး သုံးခဲ့တာက ကျွန်တော့်တစ်သက်နီးပါး ခုချိန်ထိ လူချစ်လူခင် အင်မတန်ပေါတဲ့ အာဏာပိုင် အဖွဲ့အစည်း ယူနီဖောင်း ၀တ်/ချွတ်တွေ ဖြစ်ကြပြီး လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို  မြစ်ဆိပ်မှာ အ၀တ်လျှော်သလို ပေါပေါများများ သုံးစွဲတတ်တာက ပြည်တွင်းပြည်ပ အတိုက်အခံ နိုင်ငံရေးသမားများနဲ့ နိုင်ငံခြားအခြေစိုက် မြန်မာဘာသာနဲ့ ထုတ်လွှင့်တဲ့ မီဒီယာတွေ ဖြစ်ကြပါတယ်။
Tuesday, April 24, 2012
၂၁ ရာစု သိဒ္ဓထ္ထ ကုမာရ
၂၁ ရာစု သိဒ္ဓထ္ထကုမာရ
ဘုရားလောင်းမဟုတ်ပါ။ သို့သော် သူ့တွင် ကြီးမားသော ရည်မှန်းချက်တစ်ခုရှိနေမည်မှာ သေချာသည်။ ဗုဒ္ဓဘာသာ၏အလိုအရ ရှေးဘ၀က ကြီးမားသော ကုသိုလ်ကံပါရမီတို့ကို သူ၏လက်ရှိဘ၀တွင် ပိုင်ဆိုင်ခွင့်ရခဲ့သည်။ သို့သော် အဆိုပါကံအကျိုးတရားတို့သည် သူ့ကို ရောင့်ရဲတင်းတိမ်နှစ်သိမ့်ခြင်း မဖြစ်စေခဲ့ပေ။ သူ၏ အန္တိမရည်မှန်းချက်သည် ကမ္ဘာကျော် Forbes မဂ္ဂဇင်း၏ သန်းကြွယ်သူဌေးများ စာရင်းတွင် ပါရှိရန်မဟုတ်၊ ဇိမ်ခံရိုးရွိုက်လ်ကား၊ရွက်လှေများ ပိုင်ဆိုင်ရန်မဟုတ်၊ ဖာရာရီပြိုင်ကားစီး၍ မိန်းမလှလေးများကို ထည်လဲတွဲရန်မဟုတ်၊ သွားလေရာသို့ ကိုယ်ရံတော် သက်တော်စောင့်များ ခြံရံ၍ တခမ်းတနားနေထိုင်ရန်မဟုတ်၊ ကမ္ဘာ့နိုင်ငံရေးသမားများကို မိမိ၏စီးပွားရေး အင်ပါယာအတွက် ကြိုးဆွဲအသုံးချနိုင်ရန်မဟုတ်ပေ။
Sunday, April 22, 2012
မြန်မာပြည်၏ လက်ရှိအပြောင်းအလဲနှင့်ပတ်သက်၍ ၀ါရင့် သံတမန်ဟောင်းတစ်ဦး၏ အမြင်
မနှစ်က မြန်မာ့နိုင်ငံရေးအပြောင်းအလဲရဲ့ အရုဏ်ဦးကာလမှာ ပထမဦးဆုံး ဘာသာပြန်ခဲ့တဲ့ သတင်းစာဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ မူရင်းစာရေးသူရဲ့ အဲဒီတုန်းကအမြင်ကို မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ နှိုင်းယှဉ်ဆန်းစစ်လေ့လာနိုင်ဖို့ ရည်စူးပြီး ပြန်လည်မျှဝေလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကာလတုန်းက အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်နှင့်အတူ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးစာမျက်နှာ အသစ်တစ်ရပ် ဖွင့်လှစ်ခဲ့ပါတယ်။ သူမရဲ့ခရီးစဉ် အတောအတွင်းမှာ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တိုက်တွန်းအားပေးရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ဒေသတွင်းသြဇာလွှမ်းမိုးမှုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် အန္တရာယ်ရှိတဲ့ နေရာဝင်ယူမှုကိုပါ တပါတည်းဆောင်ကြဉ်း လာခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
ရင်သပ်ရှုမောဖွယ် Hang Son Doong လှိုဏ်ဂူတွင်းရှိ ဒဏ္ဍာရီဆန်သော သဘာဝအလှများ
ရင်သပ်ရှုမောဖွယ် Hang Son Doong လှိုဏ်ဂူတွင်းရှိ ဒဏ္ဍာရီဆန်သော သဘာဝအလှများ
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ နှစ်ကျော်ခန့်က Ho Khanh ဆိုသူဟာ ဗီယက်နမ်တောနက်ကြီးတစ်ခုအတွင်းမှာ လမ်းပျောက်ပြီး မိုးခိုနားနေဖို့ နေရာလိုက်ရှာတဲ့အချိန်မှာ မထင်မှတ်ပဲ အထဲမှာ မြစ်တစ်စင်းဖြတ်သန်းစီးဆင်းနေတဲ့ ဧရာမလှိုဏ်ဂူကြီးတစ်ခုရဲ့ အ၀င်ဝကို သွားတွေ့ခဲ့ပါတယ်။ သူ့ကို VietNamNet(tinyurl.com/7fb53xj) က အင်တာဗျူးတဲ့အချိန်မှာ သူအိမ်ပြန်ရောက်ပြီး နောက်တစ်ကြိမ်ထပ်သွားရှာခဲ့ပေမယ့် တောတောင်ထူထပ်လွန်းလို့ အဲဒီလှိုဏ်ဂူကို ဘယ်လိုမှ ထပ်ရှာလို့ မတွေ့ခဲ့ဘူးလို့ ပြောသွားပါတယ်။
Monday, April 16, 2012
နွားကျောင်းသားတို့ အိမ်ပြန်ချိန်
ပုဇွန်ဆီ
ရောင်နီအိုကလွှမ်း
နေရီရီ ဆည်းဆာသန်းတော့
လယ်စခန်းဆီက အပြန်
မဏိမေခလာ စောင့်သည့်ကြိုး အပိုင်း(၁)
မဏိမေခလာ စောင့်သည့်ကြိုး အပိုင်း(၁)
ကျွန်တော်တို့ အားလုံးဟာ လမ်းမတွေပေါ်မှာ ကေဘယ်ကြိုးတွေမြှုပ်ဖို့  မြောင်းတွေတူး၊မြေတွေဖို့ နေကြတာကို ရင်းရင်းနှီးနှီးမြင်ဖူးကြတဲ့လူတွေ ဖြစ်ကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အားလုံးထဲမှာ မြစ်တွေနဲ့ ပင်လယ်သမုဒ္ဓရာတွေကိုဖြတ်ပြီး ကေဘယ်လ်ကြိုးတွေကို ဘယ်လိုမြှုပ်တယ်ဆိုတာ မြင်ဖူးတွေ့ ဖူးတဲ့လူများ ရှိပါသလား။မရှိသလောက် နည်းမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုမျိုး ပင်လယ်ထဲမှာ ကေဘယ်ကြိုးတွေရေချပြီး မြှုပ်တဲ့နေရာက ပင်လယ်ကူးသင်္ဘောတွေဖြတ်သွားဖြတ်လာ ကျောက်ချတတ်တဲ့နေရာမျိုးနဲ့  ငါးဖမ်းကွက်တွေကို ရှောင်ကွင်းပြီး အထိအခိုက်မရှိနိုင်တဲ့ သီးသန့် နေရာမျိုးမှာ လုပ်ကိုင်ရတာကြောင့်ဖြစ်ပါတယ်။တကယ်လို့  အဲဒီကေဘယ်ချမယ့် ရေလက်ကြားဟာ သင်္ဘောလမ်းကြောင်း ဒါမှမဟုတ် ငါးဖမ်းကွက်ဖြစ်နေရင် လှေသင်္ဘောတွေ မောင်းနှင်သွားလာမှုကြောင့် ထိခိုက်တာကိုရှောင်ရှားနိုင်ဖို့ ရေအောက်ကြမ်းပြင်ကို နက်နက်တူးပြီး ကေဘယ်တွေကို မြှုပ်ရတာမျိုးလည်း ရှိတတ်ပါတယ်။
မဏိမေခလာစောင့်သည့်ကြိုး အပိုင်း(၂)
မဏိမေခလာစောင့်သည့်ကြိုး အပိုင်း(၂)
အပိုင်း(၁)မှာ ရေအောက်ကေဘယ်ကြိုးတွေရဲ့  ကမ္ဘာ့ဆက်သွယ်ရေးစနစ်အပေါ် အကျိုးပြုပုံနဲ့ ဒီကေဘယ်တွေကိုတပ်ဆင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အချက်အလက်အချို့ ကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာပြန်သူတစ်ယောက်အနေနဲ့  ကျွန်တော့်ရဲ့ အတွေ့ အကြုံအရ ၀င်ပြောရမယ်ဆိုရင် ဒီကေဘယ်ကြိုးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဥပမာ ငလျင်လှုပ်တာမျိုးတွေကြောင့် ထိခိုက်ပျက်စီးနိုင်ပေမယ့် ကျွန်တော်ရောက်ဖူးတဲ့တိုင်းပြည်တွေထဲမှာ မြန်မာပြည်မှာလို နိုင်ငံရေးအခြေအနေရုတ်ရုတ်သဲသဲဖြစ်တာကြောင့် အင်တာနက်လိုင်းတွေကို သွားထိခိုက်တာမျိုးတော့ တစ်ခါမှမကြုံဖူးပါဘူး။ စမ္ပာနဂိုရ်ကနွားမပေါင်ကျိုးလို့  ညောင်ဦးကမ်းပါးပြိုရတယ်ဆိုတာမျိုးသာ ဆက်စပ်မှုတကယ်ရှိမယ်ဆိုရင် လမ်းပေါ်မှာ ဘုန်းကြီးတွေမေတ္တာသုတ်ရွတ်တဲ့ အသံလှိုင်းရိုက်ခတ်လို့  ပင်လယ်ထဲက ကေဘယ်တွေတစ်ချောင်းချင်း ထောင်းခနဲများထပြတ်ကုန်လေရော့သလား။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့  စဉ်းစားရင် ဖြစ်နိုင်ခြေအများကြီးရှိမှာပါ။(နောက်တာ..:p)
မဏိမေခလာ စောင့်သည့်ကြိုး အပိုင်း(၃)နိဂုံးပိုင်း
မဏိမေခလာ စောင့်သည့်ကြိုး အပိုင်း(၃)နိဂုံးပိုင်း
ယနေ့ခေတ်မှာ ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘ၀မှာ အထောက်အကူအဖြစ်မသုံးမဖြစ် သုံးစွဲနေရတဲ့အရာတွေ၊ ၀န်ဆောင်မှုတွေ ရှိနေပါတယ်။ အဲဒီအရာတွေထဲမှာ သတင်းဆက်သွယ်ရေး ကဏ္ဍဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အင်တာနက်လိုင်းတွေကြားမှာ နေ့ စဉ်နဲ့ အမျှ လိုက်ပါစီးမျှောရင်း လုပ်ဖော်ကိုင်ဖက်၊မိတ်ဆွေ၊သူငယ်ချင်း အချင်းချင်း အပြန်အလှန် အီးမေးလ်(အင်တာနက်ခေတ်ဦးက အီလက်ထရွန်းနစ်ချောစာလို့  ဘာသာပြန်သူတစ်ဦး သုံးနှုန်းသွားတာကို ပြန်သတိရမိပါတယ်) ပို့ ကြတာတွေ၊ အဝေးတမြေရောက်နေတဲ့ငယ်ကျွမ်းဆွေ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့  Skype ကနေ စကားပြောကြတာတွေ၊ မတူညီတဲ့နေရာတွေဆီကနေ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအင်တာနက်ပေါ်ကနေဗီဒီယိုနဲ ဆွေးနွေးပွဲတွေလုပ်ကြတာတွေ၊ အစည်းအဝေးထိုင်ကြတာတွေ၊ Youtube လိုမျိုး ဗီဒီယိုဝက်ဆိုက်တွေကနေ အပျင်းလည်းပြေ၊ ဗဟုသုတလည်းရ ၊ပေါက်ကရတွေလည်းပါတဲ့ ဗီဒီယိုအမျိုးအစားစုံစုံလင်လင်ကို အချိန်ရရင်ရသလို ၀င်ရောက်မွှေနှောက်ကြည့်ရှုတာတွေ၊ လေယာဉ်လက်မှတ် ကြိုတင်စာရင်းပေး မှာယူတာတွေ၊ ဘဏ်တွေဆီကို အင်တာနက်ပေါ်ကနေ အခကြေးငွေများများစားစား ပေးစရာမလိုပဲ ငွေအလွှဲအပြောင်းလုပ်ခြင်းစတဲ့အရာတွေဟာ အင်တာနက်ရဲ့အရေးပါတဲ့အစိတ်အပိုင်းတွေအနေနဲ ယနေ့ ခေတ်မှာလူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလျှက်ရှိနေပါတယ်။
ဆရာဆိုတဲ့လူတစ်ယောက်
ဆရာဆိုတဲ့လူတစ်ယောက်
တရံတခါက ရယ်စရာကောင်းသော လူတစ်ယောက်ရှိ၏။ အဆိုပါပုဂ္ဂိုလ်သည် လူရှေ့ သူရှေ့ ရောက်လျှင် သူ၏စိတ်ကူးယဉ်အိပ်မက်များအကြောင်း အမြဲလိုလိုလျှောက်ပြောလေ့ရှိသည်။ သူ၏အိပ်မက်များထဲတွင် အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်တွင် စာပေသွားရောက်သင်ကြားလိုသည့် အကြောင်းလည်းပါသည်။ ဟောလီးဝုတ်တွင် ရုပ်ရှင်ပညာသင်ကြား၍ မြန်မာပြည်ဖြစ် နိုင်ငံတကာအဆင့်မှီ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဒါရိုက်တာအဖြစ် ဦးဆောင်ရိုက်ကူးချင်သည့် အကြောင်းလည်းပါသည်။ ဗြိတိန်နိုင်ငံ အောက်စပို့ စ်နှင့် ကင်းဘရစ်တက္ကသိုလ်တို့ တွင် သွားရောက်ပညာဆည်းပူး၍ မြန်မာပြည်သို့ပြန်ကာ ကျောင်းဆရာပြန်လုပ်မည့် အကြောင်းလည်းပါသည်။ ထို့ အပြင် အချိန်ရတိုင်း ပြန်ကြားရေးရုံးရှိ အစိုးရစာကြည့်တိုက်သို့ နေ့ စဉ်မှန်မှန်သွားရောက်၍ စာအုပ်ထိုင်ဖတ်ကာ ဖတ်ခဲ့သမျှစာအုပ်စာတမ်းများအကြောင်းကို တွေ့ သမျှလူကိုဖောက်သည်ချ၍ တစ်နေ့ စာရေးဆရာဖြစ်အောင် ကြိုးစားမည့်အကြောင်းလည်းပါသည်။ ခလေးများကိုစာပြရင်း ရေးထားသမျှစာတိုပေစတို့ ကို အပေါင်းအသင်းများအား အတင်းအဓမ္မဖတ်ခိုင်းကာ ကျောင်းဆရာ၊စာရေးဆရာတစ်ယောက်အဖြစ် သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားလေ့ရှိသည်။
စံပြဖခင်
စံပြဖခင်
တရုတ်နိုင်ငံက ဆံပင်ညှပ်သမားတစ်ယောက်ဖြစ်တဲ့ Liu Renneng ဟာ သူ့ရဲ့ ၁၁နှစ်အရွယ် ချစ်စရာသမီးလေးအတွက် ပူပင်သောကရောက်ပြီး ညညအိပ်မပျော်နိုင်ဖြစ်နေရပါတယ်။ သမီးလေးခမျာ ပြီးခဲ့တဲ့ ၂၀၁၁ အောက်တိုဘာလကတည်းက သွေးကင်ဆာရောဂါကို စတင်ခံစားနေရပြီး ဒီရောဂါကိုကုသဖို့အတွက် ရိုးတွင်းချဉ်ဆီလဲဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒီအဖြစ်ဟာ ချစ်စရာသမီးလေးနဲ့ သာယာချမ်းမြေ့နေတဲ့ Liu တို့မိသားစုအတွက် ကောင်းကင်ကြီး ပြိုကျသွားသလိုပါပဲ။ ဒီလိုကုသဖို့အတွက် ကုန်ကျမယ့်ငွေကြေးပမာဏဟာ သာမန်ဆံပြင်ညှပ်သမားတစ်ဦးဖြစ်တဲ့  Liu အတွက် ခြေလက်မစုံတဲ့ ဒုက္ခိတတစ်ယောက်က ဧ၀ရက်တောင်ကို တက်ရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်။ ကင်ဆာရောဂါကို ပျောက်ကင်းအောင်အခမဲ့ဆေးကုသပေးမယ့် နေရာမျိုးကလည်း မရှိလေတော့ Liu အနေနဲ့ သမီးလေးရဲ့အသက်ကိုကယ်ဖို့ ယွမ်ငွေ ခြောက်သိန်းကျော်ကို မဖြစ်မနေရှာဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒီပိုက်ဆံကို ရှာဖို့အတွက် သူဘယ်လိုမှမတတ်နိုင်ပါဘူး။
ကျန်စစ်ပြောင်....:p
ကျန်စစ်ပြောင်..:p
အများသူငါ လှောင်ပြောင်ရယ်မောကြပေမယ့်
ပြောင့်သဘော ဖြူဖြူစင်းရယ်က
ငြူစူကင်းလို့ အမျက်ဖြေ
နိုင်ကျဉ်းလွတ်လို့  သက်သေပြု
ဇေယျတုရယ်နဲ့ 
မင်္ဂလာပေါင်းစုံစုလို့ ကွယ်
စန္ဒကူးနံ့သာ မွှေးတဲ့မြိုင်
စန္ဒကူးနံ့သာမွှေးတဲ့မြိုင်
ရှေးစာပေကျမ်းဂန်တွေထဲမှာ အမြဲလိုလိုတွေ့ရတတ်တဲ့ စန္ဒကူးနံ့သာဆိုတဲ့စကားလုံးဟာ သင်းပျံ့တဲ့သစ်သားရနံ့၊မွှေးကြိုင်ခြင်းကို ကိုယ်စားပြုတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ မြန်မာပြည်မှာ သနပ်ခါးပြီးရင် အလှကုန်ပစ္စည်းအနေနဲ့ပဲဖြစ်ဖြစ်၊ ပရဆေးအမယ်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ ဘာသာရေးအရပူဇော်တဲ့နေရာမှာပဲဖြစ်ဖြစ် အသုံးများတဲ့ သစ်သားတစ်မျိုးကတော့ နံ့သာပဲဖြစ်ပါတယ်။ နံ့သာကို စန္ဒကူးလို့ ပါဠိလိုခေါ်တယ်လို့ကြားဖူးပါတယ်။ ဒါပေမယ့် ကျမ်းကိုးအကားအနေနဲ့ ရှင်နာဂသိန်ရဲ့ သိမ်ဖြူပုံပြဆေးအဘိဓာန်နဲ့ မြန်မာ့စွယ်စုံကျမ်းတွေအနားမှာမရှိတော့ ဟုတ်မဟုတ် သေချာမပြောနိုင်ပါဘူး။ ဖြစ်နိုင်ခြေရှိတာတစ်ခုကတော့ နံ့သာကို အင်္ဂလိပ်လို Sandalwood လို့ခေါ်တဲ့အတွက် အသံထွက်အားဖြင့် နီးစပ်ပါတယ်။ဒါပေမယ့် စန္ဒကူးနံ့သာရဲ့ဆိုလိုရင်းက နံ့သာတစ်မျိုးတည်းကိုပဲ တင်စားခေါ်ဝေါ်ဟန်မတူပါဘူး။ မွှေးပျံ့တဲ့ရနံ့ရှိတဲ့ သစ်သားဟူသမျှကို တင်စားသုံးနှုန်းထားတာဖြစ်မယ်လို့ထင်ပါတယ်။ရှေးခေတ်တုန်းက ဒီအမွှေးနံ့သာ၊ကရမက်စတာတွေဟာ တောကြီးမြိုင်လယ်မှာ ပေါက်ရောက်ပြီး သုံးစွဲလိုသူတွေက ခက်ခက်ခဲခဲရှာဖွေရတာမျိုးတွေရှိခဲ့ပါတယ်။ မရှားပါးပေမယ့် သနပ်ခါးလိုမျိုး လူနေအိမ်ခြေကြားမှာ စိုက်ပျိုးသုံးစွဲတာမျိုးတွေ နည်းမယ်ထင်ပါတယ်။ ဒီဖက်ခေတ်မှာတော့ စီးပွားရေးအရ ဈေးကွက်ရှိတဲ့ နံ့သာဟာ တခြားအမွှေးအကြိုင်၊ပရဆေးပင်တွေလိုပဲ စိုက်ခင်းတွေနဲ့ စီးပွားဖြစ်ထုတ်လုပ်ပြီး နိုင်ငံခြားထိတင်ပို့နေတဲ့အနေအထားမှာ ရှိနေပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှနိုင်ငံတွေမှာ စီးပွားဖြစ်စိုက်ခင်းတွေလုပ်ကိုင်တာမျိုးဟာ ဈေးကွက်ထက်စာရင် နည်းပါးပြီး ခုချိန်ထိရှေးခေတ်ကလို စိမ့်ကြီးမြိုင်ကြီးတွေထဲ ခက်ခက်ခဲခဲလိုက်လံရှာဖွေနေရတဲ့၊ သက်ဆိုင်ရာအစိုးရတွေကနေ ရှားပါးသစ်တောထွက်ပစ္စည်းအနေနဲ့ ဥပဒေထုတ်ပြီး တားမြစ်ထားရတဲ့၊ မှောင်ခိုဈေးကွက်မှာ အရမ်းလူကြိုက်များပြီးတော့ တန်ဖိုးကြီးပြီးရှားပါးတဲ့၊ အရမ်းလည်းဆေးဖက်ဝင်တဲ့ အမွှေးအကြိုင်သစ်တောထွက်ပစ္စည်းတစ်မျိုးရှိနေပါတယ်။ အဲဒါကတော့ သစ်မွှေးလို့ခေါ်တဲ့ Agar-wood သို့မဟုတ် Oddh ပါပဲ။
ချစ်သူများနေ့နဲ့ မသက်ဆိုင်သောသူ
ချစ်သူများနေ့နဲ့ မသက်ဆိုင်သောသူ
မပျက်ကွက်ခဲ့ပါဘူး
အရူးလို့ပဲ ဆိုချင်ဆို
ဒီရက်ကို အခါအခါကြိုနေရပေမယ့်
ကိုယ့်အလှည့်ကို ပြန်မရနိုင်တော့တဲ့ဘ၀။
တချိန်တခါဆီက
မှိန်ပြပြ လကွေး
ချမ်းအေးတဲ့ ကန်စောင်းမှာ
နှင်းပုဝါ ကိုယ်စီခြုံလို့
အတူတူရင်ငွေ့လှုံ
ညှင်းလေက တသုန်သုန်ပွေ့
မှုန်နံ့သာသင်းငွေ့ငွေ့ရယ်က
မြပါးပြင် လေအဝှေ့မှာ
ဝေ့၀ိုက်ကာ နော့။
ပလတ်စတစ်များနှင့် ကျွန်တော်တို့ ကမ္ဘာ အပိုင်း(၃)
ပလတ်စတစ်များနှင့် ကျွန်တော်တို့ကမ္ဘာ အပိုင်း(၃)
  ဒီရက်ပိုင်း သတင်းတွေလိုက်ဖတ်၊ သူများတွေရေးတဲ့ ပို့ စ်တွေလိုက်ဖတ်နေရလို့  ဒီလက်ကျန်အပိုင်းလေးကို ခုမှတင်ဖြစ်တဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ ပလတ်စတစ်ဟာ ရေဆူမှတ်ထက်နိမ့်တဲ့ အပူချိန်အောက်မှာအရည်ပျော်နိုင်လို့  သူ့ ထဲမှာပါဝင်တဲ့ အညစ်အကြေးတွေကိုဖယ်ရှားတဲ့နေရာမှာ ခက်ခဲစေတဲ့အတွက်  Recycle လုပ်တဲ့နေရာမှာ တခြားပစ္စည်းတွေထက်စာရင် အရမ်းခက်ခဲပါတယ်။Recycle လုပ်ခြင်းကိုတိုးတက်အောင်လုပ်ဖို့ ဆိုတာ ဗြိတိန်မှာရှိတဲ့ ပလတ်စတစ်စက်မှုဇုန်တွေရဲ့  အဓိကမျှော်မှန်းထားတဲ့အရာနှစ်ခုထဲက တစ်ခုဖြစ်ပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းတိုင်းက စက်ရုံတွေကနေ ထုတ်လုပ်တဲ့ပလတ်စတစ်ပစ္စည်း အမျိုးအစားတစ်ခုချင်းစီထွက်ရှိတဲ့နှုန်း(ဥပမာ ပုလင်းတွေ၊ ကာတွန်းဗူးခွံတွေ၊ အောက်ခံပြားတွေ၊ ပလတ်စတစ်အိတ်တွေ) နဲ့  တစ်နိုင်ငံလုံးကသုံးစွဲပြီးသား ပလတ်စတစ်အမှိုက်တွေကို Recycle ပြန်လုပ်နိုင်မှုနှုန်းထားကို ထုတ်လုပ်မှုရဲ့  ၂၃%ကနေ ၄၅%ထိတိုးမြှင့်နိုင်ဖို့ အတွက် တာဝန်ရှိသူတွေဆီကနေ စနစ်တကျစစ်တမ်းကောက်ယူပြီး ခန့်မှန်းတွက်ချက်တာတွေ လုပ်ဆောင်နိုင်တယ်ဆိုရင် တိုးတက်တယ်လို့ ပြောလို့ ရပါတယ်။
ပလတ်စတစ်များနှင့် ကျွန်တော်တို့ ကမ္ဘာ အပိုင်း(၂)
ပလတ်စတစ်များနှင့် ကျွန်တော်တို့ကမ္ဘာ အပိုင်း(၂)
The "Plastic Bag Monster", a creation by Slovenian artist Miha Artnak, is displayed outside the European Commission headquarters in Brussels May 24, 2011. Photograph: Francois Lenoir/Reuters
                  အပိုင်း(၁)မှာ ပလတ်စတစ်စွန့် ပစ်ပစ္စည်းများရဲ့ ကျွန်တော်တို့ နေထိုင်ရာကမ္ဘာကြီးကို ဘယ်လိုခြိမ်းခြောက်နေတယ်ဆိုတာကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ပလတ်စတစ်များနှင့် ကျွန်တော်တို့ ကမ္ဘာ အပိုင်း(၁)
ပလတ်စတစ်များနှင့် ကျွန်တော်တို့ ကမ္ဘာ အပိုင်း(၁)
                 ၂၀၁၁အကုန် ၂၀၁၂အ၀င် ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်တွေအပြီးမှာ တန်ချိန်ရာပေါင်းများစွာရှိတဲ့ ခရစ်စမတ်သစ်ပင်တွေဆီမှာ ချိတ်ဆွဲခဲ့တဲ့ အလှအပမီးလုံးလေးတွေ၊ နောက်ပြီး ကြက်ဆင်သားဟင်းပွဲပြင်ဆင်တဲ့ ပစ္စည်းတွေ၊ပုလင်းခွံတွေ၊အရုပ်အကျိုးအပျက်တွေနဲ့ ပွဲတော်မှာသုံးစွဲခဲ့တဲ့ များပြားလှတဲ့ အသုံးအဆောင်ပစ္စည်းအမှိုက်သရိုက်အိတ်ပေါင်း အနည်းဆုံး ၂၅ဘီလျှံခန့် ဟာ ဗြိတိန်နိုင်ငံက အိမ်တွေဆီကနေ စွန့် ပစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီစွန့်ပစ်ပစ္စည်းပလတ်စတစ်တွေထဲက  အချိုးအစားပမာဏနည်းနည်းကိုပဲ Recycle လုပ်နိုင်မှာဖြစ်ပါတယ်။
မင်းကျန်စစ်သို့ တမ်းချင်း
မင်းကျန်စစ်သို့ တမ်းချင်း
တချိန်တခါဆီက
နေလိုလလို ထွန်းကား
မင်းတစ်ပါးရဲ့ ကျူးရင့်သံ
စူးနစ်ကျန် ပြည်သူ့ နှလုံးသားတွင်ပ
ပုဂံတံခါးဝမှသည်
ဧရာဝတီသို့  စုန်လေပြီ
နိုင်ငံတော် သမ္မတ
*နိုင်ငံတော် သမ္မတ*
ဂျိုထောင်ကာ အားမာန်ကြွ
ဘို့ လှလှ နွားတစ်ကောင်
ဥဿဖသူ့ အဆောင်ယောင်
ဆင်ပြောင်နှယ် ခွန်အား
ချွန်ကားတဲ့ သူ့ ဦးချို
ထွားစိုတဲ့ ကိုယ်လုံး
Sunday, April 15, 2012
ညဥ့်ဦးယံ အလွမ်း
သော်တာပြူစ   ကြည်စွကောင်းကင်
ညဥ့်ရင်ခွင်ဝယ် ငွေကြယ်စုံညီ
ပုဏ္ဏမီလ၀န်း  ငွေရည်သွန်းချ
မြူစမှုန်ရီ  ဝေသီမှိုင်းပြ
ရှုမ၀ပြန်   ညဥ့်ဦးယံ...။
May Lay,Maung Zarni နှင့် တခြားသော ရိုဟင်ဂျာရှေ့နေများသို့  အိတ်ဖွင့်ပေးစာ
May Lay ကို ကျွန်တော်တစ်ခုပြောချင်ပါတယ် ကျွန်တော်တို့ ခုဆွေးနွေးနေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ဖြစ်ဖြစ် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ယောက်အနေနဲ့ ပဲဖြစ်ဖြစ် စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုရင်ဆောရီးပါ ခုကျွန်တော်တို့ ဆွေးနွေးနှီးနှောကြတဲ့ လူတွေထဲမှာ ဘာသာရေးအဓိကရုန်းတစ်ခုကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတဲ့လူ တစ်ယောက်မှမပါဝင်ဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ် ကျွန်တော်တို့ နိုင်ငံသားတွေဟာ လက်တစ်ဆုပ်စာလူတစ်စုရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ နှစ်ပေါင်းများစွာ တတ်နိုင်သလောက် စည်းလုံးညီညွတ်စွာနေထိုင်ခဲ့ကြတာပါ။
အိန္ဒိယနွယ်ဖွားမြန်မာနိုင်ငံသားများသို့  အိတ်ဖွင့်ပေးစာ
အဖေ သူကြီးဖြစ်ပြီ အရင်လိုနေလို့  မရတော့ဘူး
အဖေ.. ဘာပဲပြောပြော အဖေအရမ်းဖြစ်ချင်တဲ့ သူကြီးတော့ဖြစ်လာပြီ အဲဒီတော့ အရင်လိုနေလို့ မရတော့ဘူး
အရင်လို အရပ်ထဲလှည့်ပတ် ရမ်းကားနေလို့ လည်း မရတော့ဘူး
အချိန်ပြည့် မူးရူးသောက်စားနေလို့ လည်း မရတော့ဘူး
ကိုယ့်ရွာကနွား ဘယ်သူတွေ ခိုးပေါ်စားစား ကိုယ့်အိမ်ပေါ် အသားတစ်ပိဿာရောက်ရင်ပြီးရော  ရူးချင်ယောင်ဆောင်နေလို့ မရတော့ဘူး
ရွာသားအချင်းချင်း အမွေဆိုင် လယ်မြေအလုမှာ ကိုယ့်ကိုဝေစုပေးနိုင်တဲ့လူကို မျက်နှာကြည့် အဂတိလိုက်စားလို့ လည်းမရတော့ဘူး
ကားလိပ်ကြားက ဦးသ၀န်ကြောင် ကိုကိုများသို့  မေတ္တာစာ..:-)
x x ဘယ်ယောက်ျားမှ စကားမပြောနဲ့တဲ့ x x မနေ့ကမှာတယ် x x တွေ့ကြရာဝယ် ကျွန်မ ပြောပြမယ် ကသောအခါဝယ် x x ရည်းစားတစ်ထောင် လင်ကောင် x x ကြင်ပေါင် မြရင် စိတ်နှလုံးဟာမို့ x x အိမ်တွင်းပုန်း ကုလားမကဲ့သို့ x x x ကျွန်မတို့ မနေနိုင်ပေါင် မောင်ရယ် x x x
Anti-Rohingha လှုပ်ရှားမှု ထောက်ခံအားပေးသူများနှင့် တက်ကြွလှုပ်ရှားသူအားလုံးသို့ အိတ်ဖွင့်ပေးစာ
ကျွန်တော် ပထမဆုံးတောင်းပန်ချင်တာ တစ်ခုက ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေထဲမှာ စာဖတ်သူတွေအပေါ် ဆရာလုပ်သလိုမျိုး၊ ပညာရှင်ဆန်ဆန် လူတွေရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်မိတာမျိုး ပါနေရင် ကျွန်တော့်ရဲ့ ရေးသားတင်ပြပုံ အားနည်းမှုလို့ပဲ မှတ်ယူခွင့်လွှတ် ပေးစေလိုပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကျွန်တော်ရေးဖူးသမျှ အကြောင်းအရာတွေ တော်တော်များများဟာ ကျွန်တော်ဖြတ်သန်းဖူးသမျှ အတွေ့အကြုံတွေနဲ့ အဲဒီအတွေ့အကြုံတွေထဲက ရလာတဲ့ ဗဟုသုတနဲ့ အတွေးအခေါ်တွေပေါ်မှာ အခြေခံပြီး ကျွန်တော်အားသန်တဲ့ သရော်စာအရေးအသားနဲ့ ဖန်တီးခဲ့တဲ့ စာတွေများပါတယ်။ ဒီစာအတွက် ကျွန်တော် မျှော်လင့်ထားတာတစ်ခုက ပညာရှင်မဟုတ်တဲ့ လူတစ်ယောက်ရဲ့ တိုက်တွန်းအားပေးမှုကနေ ပညာရှင်တွေအနေနဲ့ ၀ိုင်းဝန်းအကောင်အထည်ဖော်၊ ပူးပေါင်းဆောင်ရွက်ကြဖို့ အတွေးတစ်ခုလောက် ရစေလိုတဲ့ စေတနာကို ဖတ်ရှုတဲ့လူတွေ အကုန်နားလည် စေချင်တာလေးပါပဲ။
ဝီကီမြန်မာပေါ်မှ ဘင်္ဂလီရိုဟင်ဂျာတစ်ယောက်ရေးသားခဲ့သည့် စာတမ်း
ရခိုင်ပြည်နယ်နေ့ လို့ ခေါင်းစဉ်တပ်ထားပေမယ့်...ရိုဟင်ဂျာအကြောင်းပဲ ရေးထားတာတွေ့ရပါတယ်။
အော်ဂင်းနစ်ပဲ ကောင်းပါတယ်
ပန်းတွေ ပွင့်လာဖို့ 
အသီးတွေ အချိန်အခါမဟုတ်သီးစေဖို့ 
အညွှန့် အခက်တွေ ရာသီမကျခင် ဝေဆာဖို့ 
အဥအဖုနဲ့ မျှစ်စို့ တွေ လိုသလို တူးဖဲ့ချိုးယူရစေဖို့ 
ဘယ်အရာမဆို လိုတဲ့အချိန် ရောင်းတမ်းဝင်ဖြစ်စေဖို့ 
...................................................စေဖို့ 
...................................................စေဖို့ 
စည်းရုံးခြင်းဖြင့် စည်းလုံးစေချင်ပါသည်
လူမျိုးစုတစ်ခု အစဉ်တည်ရှိခြင်း၊ ခိုင်မြဲခြင်းဟူသည် ၎င်းတို့၏ စရိုက်သဘာဝနှင့် ပတ်ဝန်းကျင် အခြေအနေတို့၏ ဂယက်ရိုက်ခတ်မှုများအပေါ် မည်ကဲ့သို့ တုံ့ပြန်ခြင်းဆိုသည့် အချက်တွင် များစွာမူတည်နေသည်။ လူမျိုးတစ်မျိုး၏ စရိုက် သဘာဝဟုဆိုရာတွင် ယဉ်ကျေးမှု၊ စိတ်ဓာတ်၊ သမိုင်းအစဉ်အလာနှင့် စည်းလုံးညီညွတ်မှုတို့ ပါဝင်သည်။ ရှေးနှစ်ပေါင်းများစွာ ကတည်းကပင်  မူလဇစ်မြစ်နေရာများမှ ရေကြည်ရာမြက်နုရာ အရပ်ဒေသများသို့ အုပ်စုဖွဲ့ ပြောင်းရွေ့ အခြေချကာ မြို့ပြနိုင်ငံများ တည်ထောင်လာခဲ့ကြသည့် လူသားမျိုးနွယ်အသီးသီးတို့ သည် နယ်မြေသစ်တွင် စည်းလုံးမှုဖြင့် ခိုင်မာသော စာပေ၊ ဂီတ၊ ယဉ်ကျေးမှုတို့ကို တည်ဆောက်ခဲ့ကြပြီး ခိုင်မာသော သမိုင်းကြောင်း အစဉ်အလာများကို ယနေ့ အချိန်ထိမျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့ကြသည်။
ပင်လယ်ကမ်းစပ်၌ ကောက်ရလျှင် ပေါက်တတ်သည့် ထီ
ပင်လယ်ကနေထွက်တဲ့ အဖိုးတန်ပစ္စည်းလို့ပြောလိုက်တာနဲ့ လူတိုင်းရဲ့မျက်စိထဲမှာ မုတ်ကောင်ကထွက်တဲ့ ပုလဲဆိုတာကို တန်းခနဲမြင်ကြမှာသေချာပါတယ်။ န၀ရတ်ကိုးပါး ရတနာစာရင်းဝင် ပုလဲလို တန်ဖိုးကြီးပေမယ့် ရတနာမဟုတ်တဲ့အရာ၊ ပုလဲထက်တောင်မှ ရှားပါးတဲ့ပစ္စည်းတစ်မျိုးကိုတော့ မြင်ဖူးတဲ့လူနည်းပါလိမ့်မယ်။ မမြင်ဖူးတဲ့အပြင် သိတောင်မသိကြတဲ့လူတွေ တော်တော်များမယ်ထင်ပါတယ်။ဒီပစ္စည်းဟာ သဘာဝပုလဲထက် ပိုပြီးရှားပါးသလို ပိုပြီးတော့ ဒဏ္ဍာရီဆန်ပါတယ်။ ဒီပစ္စည်းဟာ ပင်လယ်ကမ်းစပ်မှာ နိစ္စဒူဝ သားငါးရှာဖွေရင်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေအဖို့ ဘုရားသခင်ဖန်ဆင်းပေးတဲ့ အိပ်မက်ထဲက လက်ဆောင်ပါပဲ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဌာနေတိုင်းရင်းသားဖြစ်သည့် အစ္စလာမ်ဘာသာဝင် ကမန်လူမျိုး
ကမန်လူမျိုးသည်လည်း ရခိုင်လူမျိုးစုဝင်ဖြစ်သည်။ ရခိုင်လူမျိုးစုကြီးထဲတွင် ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်မျိုးနွယ်စုများ အကျုံးဝင်ကြောင်း အထင်အရှားတွေ့ရှိရပေသည်။ ““ ကမန် ”” တိုင်းရင်းသားမျိုးနွယ်စုသည် ရခိုင်ပြည်နယ်ကို အခြေပြုမှီတင်းနေထိုင်ကြသော မျိုးနွယ်စုများအနက် မျိုးနွယ်စုတစ်ခုဖြစ်သောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက တရားဝင် သတ်မှတ်ထားသော တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) စုတွင် တစ်စုအပါအ၀င်ဖြစ်ပါသည်။
လမ်းဘေးဈေးသည်နှင့် ဆိုင်တွင်းဈေးသည်
ယနေ့ခေတ်မှာ မြန်မာပြည်ရဲ့ရှိရှိသမျှ မြို့ကြီးပြကြီး၊ခရိုင်တိုက်နယ်၊ကျေးလက်တောရွာတွေပါမကျန် မမြင်ဖူးသူမရှိသလောက် ပေါများနေတဲ့အရာတွေကတော့ လမ်းဘေးဈေးသည်နဲ့ ကြွတ်ကြွတ်အိတ်ခွံတွေပဲဖြစ်ပါတယ်။ လူတန်းစားအချိုးကျတွက်ကြည့်ရင် အခြေခံလူတန်းစားဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ လမ်းဘေးဈေးဆိုင်တွေဟာ မရှိမဖြစ်အပြန်အလှန်အမှီသဟဲပြုနေရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ လမ်းဘေးဈေးဆိုင်ဆိုတဲ့နေရာမှာ မုန့်ဟင်းခါးဆိုင်ကစပြီး ကွမ်းယာဆိုင်အလယ် စာအုပ်အဟောင်းအရောင်းဆိုင်အဆုံး တိုလီမုတ်စ၊ကရေကရာ၊စုံစီနဖာ လမ်းဘေးပလက်ဖောင်းဝဲယာတွေမှာ မှိုလိုပေါက်ပြီး တန်းစီနေကြတာ နေ့စဉ်လိုလိုမြင်တွေ့နေရပါတယ်။ မြို့ကြီးတွေမှာ အဓိကကုန်ကြမ်းတင်ပို့သူတွေရဲ့ အကြီးဆုံးဈေးကွက်ဟာ လမ်းဘေးဈေးဆိုင်တွေဆိုရင်လည်းမမှားပါဘူး။