ပေါက်ကရ လေးဆယ်

Subscribe:

Thursday, July 11, 2013

နွေအဖွင့် တပေါင်း

ရွက်နုဝေ
လေပွေက တထောင်းထောင်း
ဖုန်ဆောင်းဆောင်းကယ်နဲ့
သောင်းပြောင်းငယ် ညံစီလို့
ပွင့်နီနီ လက်ပံတောမှာဖြင့်
ဆက်ရက်သံနှော။

တောတခို
စိမ်းနုညို ရွက်စိုတွေက ဆင့်
မြင်တိုင်းတင့်သမို့
လေသင့်ရာ မြလွှာယိမ်းပါတဲ့
ဆောင်းသိမ်းတဲ့ ဒီအချိန်။

နေထိန်ထိန်
အရှိန်ဒဏ်ကပြင်း
သရက်ကင်း ဖူးတံချီလို့
တအီအီ ဟိုချောင်ဆီရယ်က
ချိုးညီနောင် ကူသံညောင်းပါတဲ့
နှင်းမြူလွင့် ဂိမာန်ပြောင်းတယ်
နွေအဖွင့် တပေါင်း။

(စပရင်းမှာ မနွေးပဲ အအေးဒဏ် သေအောင်ဗျင်းတဲ့ကြားထဲက မြန်မာပြည်ကို တမ်းတရင်း စပ်လိုက်တဲ့ ကဗျာ)

0 comments:

Post a Comment