ပေါက်ကရ လေးဆယ်

Subscribe:

Saturday, May 25, 2013

စုသဘော.. စုသဘောနှင့် စုမှားလျှင်


ဗုံးနံပါတ်(၁၂)

"စု" ဟူသော အမည်နာမသည် မြန်မာ့သမိုင်းတလျှောက် လျှမ်းလျှမ်းတောက်ခဲ့သော အမည်နာမတစ်ရပ်ဖြစ်သည်။ သမိုင်းတွင်းမှ ထူးချွန်ထက်မြက်သည့် အမျိုးသမီးတချို့တွင် အဆိုပါအမည်နာမပါရှိသည်။ ကုန်းဘောင်ခေတ်၏ နောက်ဆုံးဘုရင် သီပေါရာဇာ၏ ချစ်မငြီးသည့်မိဖုရားခေါင်ကြီး၊ သူ့ခေတ်သူ့အခါက ဓားအထက်ဆုံးအမျိုးသမီးဖြစ်သည့် ဧကရီထိပ်ခေါင်တင် နန်းမတော် စုဖုရားလတ်၊ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင် ဒေါ်စု၊ ကိုလိုနီခေတ်အတွင်း ထင်ရှားသည့် ရေနံမြေဒေါ်ခင်စု၊ ၀န်ကြီးချုပ်ဦးနု၏ ညီမရင်း၊ ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ မစုခေါ် စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု စသဖြင့် စုနာမတို့ လျှမ်းလျှမ်းတောက်ခဲ့ကြသည်။ ယခု "စု"သည်လည်း မြန်မာတွင်မက ကမ္ဘာ့အလယ်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော် လျှမ်းလျှမ်းတောက်ခဲ့ပြီး၊ တောက်နေဆဲဖြစ်သည်။

Sunday, February 24, 2013

စပ်ကြား ဖွတ်ကုလား

လည်ဆံမပါ
ကေသရာ အင်္ဂါမညီလို့
ဖွတ်ခမျာ မုတ်ဆိတ်ငှားပြန်တော့
မွတ်တားတို့ လွှတ်တော်ဝင်။

Saturday, February 23, 2013

ဘင်္ဂလီမွတ်ဒေါင်း


ဖျင်ပင်နီကိုယ်မှာသိုင်းလို့
မြန်တိုင်းကိုဝင်
ပလ္လင်သို့ သူမှန်း
ဂွင်ဖမ်းဖို့ အပီကြံ
ထူးပါဘိဥာဏ်။

Monday, February 11, 2013

သိုင်းလောက၏ စိမ်ခေါ်သံ ဆဋ္ဌမပိုင်း

သိုင်းလောက၏ စိမ်ခေါ်သံ ဆဋ္ဌမပိုင်း

ဓားရောင်များဖွေးဖွေးလက်၊ လျှပ်တပြက်ထိုးနှက်တိုက်ခိုက်သံ၊ မာန်သွင်းကြုံးဝါးသံများဖြင့် သိုင်းလောကကား ပုံမှန်အတိုင်းစည်ကားလျှက်ရှိနေသည်။ အဖြစ်အပျက်တို့သည်ကား အဆက်အစပ်မရှိ ဖြစ်ချင်သလိုဖြစ်၍ ပျက်ချင်သလိုပျက်နေကြသည်။ ဓားခုတ်ခံရသော ဒဏ်ရာအား အတွင်းအားသုံး၍ ကုစားကြသည့် သိုင်းလောကသားတချို့ရှိသကဲ့သို့ အတွင်းကြေသော ဒဏ်ရာအား ဥုံဖွမန်း၍ ကုစားသည့် သိုင်းလောကသားတချို့လည်း ရှိနေကြသည်။ မရောင်ရာဆီလူး၍ ပြောင်ချော်ချော်ဖြစ်နေသော သူများလည်းရှိနေကြသည်။ ငါးပွက်ရာ ငါးစာချသော်လည်း ချသည့်ငါးစာ ငါးလာမစား၍ အရင်းရှုံးသောသူများလည်း ရှိနေကြသည်။ နေရာတကာ လက်ကမ်းကြော်ငြာလိုက်ကပ်ပြီး စကားစစ်ထိုးရန် စိမ်ခေါ်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ပရိုမိုးရှင်းလုပ်ကာ စပွန်ဆာရှာနေကြသည့် ခွက်ပျောက်သိုင်းသမားများလည်း ရှိနေကြသည်။ ကိုယ်မွေးစားသည့်ခွေးအပေါ် အချစ်ပို၍ တလောကလုံးကို ခွေးနှင့်နှိုင်းသောအခါ ခွေးသည် သစ္စာရှိသည်ဟု စစ်ခွေးဟုအခေါ်ခံရစဉ်က မနာခဲ့သော လူအချို့မှာ ပေါင်ကြားမီးလောင်ဗုံးထိသကဲ့သို့ ဆတ်ဆတ်ခါ၊ဖြတ်ဖြတ်လူး ဖြစ်ကုန်ကြလေသည်။ ဤသည်ကား သိုင်းလောက၏ မထူးဆန်းသော မျက်မှောက်ခေတ် အနိဋ္ဌာရုံတို့ပင်တည်း။

Thursday, February 7, 2013

တစ္ဆေများနှင့် ဘွ အပိုင်း(၁)

တစ္ဆေသရဲ.. နာမည်နဲ့တင်ဖြဲလိုက်တာ လူတွေကြက်သီးဖြန်းခနဲ ထပြီးကြောက်ကြတယ်။ မှတ်မှတ်ရရ နှစ်တန်းနှစ်က ဘကြီးမောင်စောနှင်း ညဖက်တစ္ဆေ ခြောက်တဲ့အကြောင်း ပြောပြတော့ ကြောက်ပြီး ရှူးရှူးပေါက်ချင်တာ ထမသွားရဲပဲ အောင့်ထားရင်း မခံနိုင်လို့ လူကြားထဲမှာ ထွက်ကျဖူးတယ်။

တစ္ဆေအကြောင်းရေးတယ်ဆိုတော့ ဗီဒီယိုတွေထဲကလို မျက်နှာချင်းဆိုင်ခြောက်ခံဖူးလား မေးလာရင် ဟင့်အင်းလို့ပဲ ဖြေရမှာပဲ။ ဒါပေမယ့် တစ္ဆေတကယ်ရှိတယ်၊ တကယ်ခြောက်တယ်ဆိုတာကို လက်တွေ့ကြုံဖူးပါတယ်။ ခြောက်မှန်းမသိလို့ မကြောက်ပဲ နောက်မှပြန်သိရလို့ ကြောက်တာမျိုးလည်း ကြုံခဲ့ဖူးပါတယ်။ အဲဒီလိုကြုံခဲ့တုန်းက ကြောက်စိတ်က ခုနေများပြန်စဉ်းစားမိရင် ဆံပင်တွေထောင်၊ ကြက်သီးတွေထ၊ မွှေးညှင်းတွေထောင်လာတဲ့အထိ ကြောက်ပါတယ်။

Wednesday, February 6, 2013

ခွေးတရား



ဘုန်းတော်ကြီး - ကိုင်း တရားနာပရိတ်သတ်အပေါင်း သူတော်ကောင်းတို့ကို ဘုန်းကြီးတစ်ခုမေးမယ်။ ခွေးဖြစ်ရတာ ကောင်းသလားကွဲ့။

ပရိတ်သတ် - မကောင်းပါဘုရား

ဘုန်းတော်ကြီး - ဘာလို့မကောင်းတာတုန်း ပရိတ်သတ်ရဲ့။ ခွေးဆိုတာ လူတွေလို ၁၂ရာသီ သံသာဝကိစ္စမျိုး အချိန်ပြည့်တောင့်တစရာလည်း မလိုဘူး၊ တစ်နှစ်မှတစ်ကြိမ်ပဲ သူတို့အချိန်ရောက်တာ။ အဲလိုမျိုးဖြစ်လို့ ခုခေတ်အပျို၊လူပျိုတွေလို ဖုန်းနဲ့ကြူလိုက်၊ ဖေ့ဘုတ်ပေါ် တက်ပွားလိုက်၊ လက်ဆောင်တွေဝယ်ပေးလိုက် လုပ်စရာလည်းမလိုဘူး။ တစ်စုံတရာ အမှားအယွင်းဖြစ်လို့ ရုံးရောက်ဂတ်ရောက်လည်း မဖြစ်ဘူး။ မွေးလာတဲ့သားသမီးတွေကိုလည်း လူတွေလို အရွယ်ရောက်တဲ့အထိ တာဝန်ယူစရာမလိုဘူး။ အ၀တ်အစားကိစ္စလည်း ပူစရာမလိုဘူး။ Stress လည်းမရှိဘူး။ ပရက်ရှာလည်းမရှိဘူး။ တခြားတိရစ္ဆာန်တွေလို ပင်ပင်ပန်းပန်း အလုပ်လုပ်စရာလည်းမလိုဘူး။ ကဲ ခွေးဖြစ်ရတာ မကောင်းဘူးလား။

ဘွပျက်ချိန်

ဘွပျက်ချိန်

တချိန်ကပေါ့လေ ခုလိုမျိုး လက်တော့ပ်လေးဖွင့်၊ မက်ဒေါ်နယ်လေး တကိုက်မြုံ့လိုက်၊ ကိုလာလေးသောက်လိုက်၊ ဒန်ဟေးလေးဖွာလိုက်နဲ့ ဖေ့ဘုတ်သုံးဖို့မပြောနဲ့ တစ်နာရီ၃၀၀တန် အင်တာနက်ဆိုင်နား ယောင်လို့တောင် မကပ်နိုင်တဲ့ဘ၀မျိုးမှာ ဘွရှင် ရှင်သန်ခဲ့ရဖူးပါတယ်။ (ညည်းရင်းနဲ့ ကြွားတဲ့နည်း မသိရင်မှတ်ထား ခိခိ)

စောက်ချိုးမပြေလို့ အလုပ်ပြုတ်လာပြီး ကိုယ့်ကိုလူရာမသွင်းတာကို မရိပ်မိပဲ ကိုယ်ကလူရာသွင်းဆက်ဆံနေတဲ့ အသိုင်းအ၀ိုင်းဆီကနေ ပိုက်ဆံချေးပြီး နိုင်ငံခြားသွားဖို့ စိတ်ကူးယဉ်ပြီး Deposit မပေးရတဲ့ အင်တာဗျူးတွေကို နင်းကန်လိုက်ဖြေနေတဲ့ အချိန်ပေါ့။ နေတာက ကျောက်မြောင်းရှစ်လွှာက တိုက်ခန်းတစ်ခန်းမှာပါ။ ဘွတို့သူငယ်ချင်းနှစ်ယောက်ကို သားအရင်းလိုချစ်တဲ့ အိမ်ပိုင်ရှင်က တစ်နှစ်ကိုးသီတင်း အလကားနေခွင့်ပေးထားတဲ့ တိုက်ခန်းဖြစ်ပါတယ်။ အလကားသာပေးမနေရင် ဘွတို့ရတဲ့ကုမ္ပဏီလစာလေးနဲ့ သွားကြားတောင်ညှပ်မှာ မဟုတ်ပါဘူး။ အဲဒီသွားကြားညပ်စရာမပြည့်တဲ့ နှစ်ပြားတပဲလစာလေးရနေတဲ့ အလုပ်ပြုတ်တော့ နေရင်းထိုင်ရင်း ထမင်းငတ်ကိန်းဆိုက်သွားတာပေါ့လေ။