သမ္မတအိုဘားမား၏
ဖိတ်ကြားချက်အရ အမေရိကန်စင်တာတွင် ရက်တိုသင်တန်းအမြန်တက်၍ TOEFL ဖြေကာ
အမေရိကန်ပြည်ထောင်စုသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော ရိုတိန်ညာကိင်းဒမ်း၏ Emir ဖြစ်သူ ရှိတ်ခါလီဖာ ဘာညာသာရကာ ဘင် စူလတန်အာလာဒင်ဘွရှင်သည် ၎င်း၏ချစ်ကြည်ရေးခရီးစဉ်ကာလအတွ င်း
ဝါဒီယာနေပြည်တော်၌ မပြီးပြတ်သေးသည့် လုပ်ငန်းဆောင်တာများအား
စစ်ဆေးကြီးကြပ်စုံစမ်းရန် အလို့ငှာ ကော်မရှင်ပေါင်း
သောင်းခြောက်ထောင်ဖွဲ့စည်းခဲ့လေသည်။
Thursday, July 11, 2013
ဝန်နှစ်ပါး ထွက်တော်မူခဏ်း(Debate)
ဖွတ်ဝန်မင်း ခွန်းတောက်သံ
ချာရာဏသီ ပြည်ဌာနီကြီး ထိန်ထိန်ငြီးလျှက် မီးစက်မောင်းသံ ဆူညံသံနှော သာမောပေထ ခမ်းနားလှပေ ကျက်သရေသည် စုပေါင်းညီညာ အောင်ကြောင်းဖြာဟု လုံ့လပြုအပ် ဗြဟ္မဒတ်ပြောင် သူစွမ်းဆောင်မှု အစုစုတည့် မြင်ရှုကြပါ များသူငှါတို့ သာဓုခေါ်စေသော်...သော်
ဒေါင်းဝန်မင်း Rapping ရွတ်သံ
ဒီမယ် ဒီမယ်
ဘယ်နေရာပဲ ကြည့်ကြည့် ဘယ်နေရာပဲသွားသွား
ရှေ့ကိုသွားမလား နောက်ကိုသွားမလား
လမ်းများက စုတ်ပြတ် အိမ်တွေကဗြုတ်ဆပ်
ဆုတ်ကပ်ရဲ့ မြန်မာ အလုပ်ပြတ်တဲ့နေရာ
ငတ်ပြတ်တဲ့မသာတွေ ထူထပ်တဲ့အကြွေးတွေ
ကပ်ဘေးတွေကြား ပတ်ပြေးနေမလား
Come-on ရို့ ရို့!!
ဖွတ်တက်မှတော့ မွဲတာဘာဆန်းလဲ အရပ်ကတို့ရယ် ခိခိခိ

မြန်မာနိုင်ငံ၏ စစ်မှန်သော ကယ်တင်ရှင် (လှလေးစိန် ဘွရှင်)
စစ်ဖက်မှာ လှလေးစိန်ဘွဲ့ရတဲ့အထိ ထူးချွန်ပြောင်မြောက်ရုံသာမ က အရပ်ဖက်ဆိုင်ရာမှာလည်း သူမတူအောင် ထူးချွန်ကြောင်း လက်ရှိမြန်မာဖေ့ဘုတ်လောကက သက်သေပြနေပါပြီ။
တကယ်တမ်းပြောရရင် ဘွရှင်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးလော ကထဲက
ရှိသမျှလူတွေထက် ဥာဏ်အမြှော်အမြင်ကြီးသူ၊ လုပ်ရည်ကိုင်ရည်ရှိသူ ဖြစ်ပါတယ်။
အဲလိုဖြစ်လာဖို့အတွက် ဘွရှင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံဟာ မနည်းလှပါဘူး။
တကယ်တမ်းပြောရရင် ဘွရှင်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးလော
သိုင်းလောက၏ စိမ်ခေါ်သံ သတ္တမပိုင်း
နွေအကုန်မိုးပြောင်းသည့်အခါ သမယတွင် သိုင်းလောက၌ လျှပ်စီးလက်သံ၊မိုးခြိမ်းသံ များနှင့်အပြိုင်
ဓားချင်းလှံချင်းထိခတ်သံ၊ မာန်သွင်းကြုံးဝါးသံ၊ လက်နက်ပုန်းပစ်သံ၊
ဗုံးခွဲသံများဖြင့် ဆူညံပွက်သလောက်ရိုက်၍ ရှိနေကြသည်။
မကြာသေးခင်ကာလက နယ်ခြား၌ မူဂျာဟစ်ဂိုဏ်း၏ လိုက်လံသတ်ဖြတ်မှုကြောင့် သိုင်းလောကနှင့်မသက်ဆိုင်သည့် အရပ်သားတို့ သေကြေဒဏ်ရာရသည့် သတင်းသည် သိုင်းလောကအား ပြင်းထန်စွာကိုင်လှုပ်ခဲ့သည်။ အလောင်းများဖွေးဖွေးလှုပ်သည် အထိ သိုင်းလောကထိပ်သီးဂိုဏ်းများကား တုတ်တုတ်ပင်မလုပ်။ သိုင်းလောကဥသျှောင် ၀ူတန်းဂိုဏ်းကား ပျံကျဂိုဏ်းခွဲမှူးအား သိုင်းလောကအတွင်း နိုင်ငံတော်အကျိုးပြုရုပ်ရှ င်
ရိုက်ခိုင်းခြင်းဖြင့်သာ အရေးတယူပြုလျှက်ရှိသည်။
ပြိုင်ဖက်အော်မေ့ဂိုဏ်းကား တုတ်တုတ်ပင်မလှုပ်။ ၀ူတန်းဂိုဏ်း၏
နယ်ခြားကိုယ်စားလှယ်သည် မြန်မာ့အသံမှ ဟန်ရေးပြလျှက်ရှိနေသည်။
မကြာသေးခင်ကာလက နယ်ခြား၌ မူဂျာဟစ်ဂိုဏ်း၏ လိုက်လံသတ်ဖြတ်မှုကြောင့် သိုင်းလောကနှင့်မသက်ဆိုင်သည
Saturday, May 25, 2013
စုသဘော.. စုသဘောနှင့် စုမှားလျှင်
ဗုံးနံပါတ်(၁၂)
"စု" ဟူသော အမည်နာမသည် မြန်မာ့သမိုင်းတလျှောက် လျှမ်းလျှမ်းတောက်ခဲ့သော အမည်နာမတစ်ရပ်ဖြစ်သည်။ သမိုင်းတွင်းမှ ထူးချွန်ထက်မြက်သည့် အမျိုးသမီးတချို့တွင် အဆိုပါအမည်နာမပါရှိသည်။ ကုန်းဘောင်ခေတ်၏ နောက်ဆုံးဘုရင် သီပေါရာဇာ၏ ချစ်မငြီးသည့်မိဖုရားခေါင်ကြီး၊ သူ့ခေတ်သူ့အခါက ဓားအထက်ဆုံးအမျိုးသမီးဖြစ်သည့် ဧကရီထိပ်ခေါင်တင် နန်းမတော် စုဖုရားလတ်၊ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင် ဒေါ်စု၊ ကိုလိုနီခေတ်အတွင်း ထင်ရှားသည့် ရေနံမြေဒေါ်ခင်စု၊ ၀န်ကြီးချုပ်ဦးနု၏ ညီမရင်း၊ ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ မစုခေါ် စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု စသဖြင့် စုနာမတို့ လျှမ်းလျှမ်းတောက်ခဲ့ကြသည်။ ယခု "စု"သည်လည်း မြန်မာတွင်မက ကမ္ဘာ့အလယ်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော် လျှမ်းလျှမ်းတောက်ခဲ့ပြီး၊ တောက်နေဆဲဖြစ်သည်။

Subscribe to:
Posts (Atom)