ပေါက်ကရ လေးဆယ်

Subscribe:

Thursday, July 11, 2013

ဝန်နှစ်ပါး ထွက်တော်မူခဏ်း(Debate)

ဖွတ်ဝန်မင်း ခွန်းတောက်သံ

ချာရာဏသီ ပြည်ဌာနီကြီး ထိန်ထိန်ငြီးလျှက် မီးစက်မောင်းသံ ဆူညံသံနှော သာမောပေထ ခမ်းနားလှပေ ကျက်သရေသည် စုပေါင်းညီညာ အောင်ကြောင်းဖြာဟု လုံ့လပြုအပ် ဗြဟ္မဒတ်ပြောင် သူစွမ်းဆောင်မှု အစုစုတည့် မြင်ရှုကြပါ များသူငှါတို့ သာဓုခေါ်စေသော်...သော်

ဒေါင်းဝန်မင်း Rapping ရွတ်သံ

ဒီမယ် ဒီမယ်
ဘယ်နေရာပဲ ကြည့်ကြည့် ဘယ်နေရာပဲသွားသွား
ရှေ့ကိုသွားမလား နောက်ကိုသွားမလား
လမ်းများက စုတ်ပြတ် အိမ်တွေကဗြုတ်ဆပ်
ဆုတ်ကပ်ရဲ့ မြန်မာ အလုပ်ပြတ်တဲ့နေရာ
ငတ်ပြတ်တဲ့မသာတွေ ထူထပ်တဲ့အကြွေးတွေ
ကပ်ဘေးတွေကြား ပတ်ပြေးနေမလား
Come-on ရို့ ရို့!!
ဖွတ်တက်မှတော့ မွဲတာဘာဆန်းလဲ အရပ်ကတို့ရယ် ခိခိခိဖွတ်ဝန်မင်း

ဟေ့ကောင် မင်းဘာစကားပြောတာလဲ

ဒေါင်းဝန်မင်း

ကြားတဲ့အတိုင်းပဲလေ မင်းတို့စောက်သုံးမကျတဲ့အကြောင်း ပြောတာ ဟဲဟဲ

ဖွတ်ဝန်မင်း

အံမာ မင်းတို့လို ပြည်ပအားကိုး ပုဆိန်ရိုးမဟုတ်ဘူးကွ ကိုယ့်ဘာသာ ရိုးရိုးသားသား ရှိတာရောင်းစားနေတာ

ဒေါင်းဝန်မင်း

အဲဒါကိုပဲပြောချင်တာ မင်းတို့ရောင်းစားလို့ရှိသမျှ ပြောင်ပြီ ခုထိတိုင်းပြည်က အရောင်မထွက်နိုင်ဘူး အဲဒါကြောင့် စောက်သုံးမကျဘူးလို့ ဝေဖန်တာ မကျေနပ်ရင် လဲသေ

ဖွတ်ဝန်မင်း

သဘောက်မသား နှုတ်သီးကောင်းလျှာပါး မိန်းမထမီခေါင်းထဲကနေ စွာတတ်လိုက်တာ ကိုယ်ပိုင်အရည်အချင်းကျ တစက်လေးတောင်မရှိပဲနဲ့ ဟွန်း ဒီမယ် ဟေ့ကောင် ရာဇပလ္လင်ဆိုတာ ဘုန်းရှင်ကံရှင် ပါရမီရှင် မင်းယောင်္ကျားနဲ့သာ ထိုက်တန်တယ်။ ထမီဝတ်တွေ ပလ္လင်ပေါ်တက်ရင် တိုင်းပြည်ဘုန်းနိမ့်ပြီး ငါးပါးမှောက်လိမ့်မယ်။

ဒေါင်းဝန်မင်း

ဟက်ဟက် ရီချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော နင်တို့ဘုရင် တလောက အထက်ဆင်မပါတဲ့ ချိတ်ထမီကြီးဝတ်တာ တီဗွီမှာမြင်လိုက်သေးတယ် ဘာငြင်းချင်လဲ ခိခိ

ဖွတ်ဝန်မင်း

ခွီးး ကာလနာ သေချင်းဆိုး မြွေပွေးကိုက် အဲဒါ မြန်မာ့ရိုးရာ ထီးသုံးနန်းသုံးပုဆိုးလေ နင်တို့က ဘိလတ်သားတွေဝတ်တဲ့ ဘောင်းဘီရှည်လောက်ပဲ ဗဟုသုတရှိတာ နင်တီဗွီကြည့်ရင် တို့ဘုရင် ဘောင်းဘီရှည်ဝတ်ပြီး တလောကနိုင်ငံခြားထွက်တာ မမြင်လိုက်ဘူးလား ဘယ်လောက်ခန့်တုန်း ဟွင်းဟွင်း

ဒေါင်းဝန်မင်း

အဲဒါ နင်တို့ဘုရင်သူတောင်းစား နိုင်ငံခြားကို ခွက်ဆွဲတောင်းဖို့ထွက်တာလေ အဲဒီရုပ်ကို ခန့်ညားတယ်တဲ့လား ခိခိ စောက်ရှက်ကိုမရှိဘူး။ နဖူးကလည်းပြောင်၊ အခွက်ကလည်းပြောင် ဘယ်အချိန်ကြည့်ကြည့် ကျက်သရေကိုမရှိဘူး။ တို့သခင်မနဲ့များ အပုံကြီးကွာပါ့။

ဖွတ်ဝန်မင်း

အံမာ မရှိလို့ ရိုးရိုးသားသား တောင်းစားတာ ရှက်စရာလား။ ငါ့သခင်ကိုလာယှဉ်ရအောင် နင့်သခင်မက ဘယ်လောက်များ ကျက်သရေရှိနေလို့တုန်း။ သူ့ကိုယ်သူ မော်ဒယ်လ်ဂဲလိုလို၊ ဓာတ်ရှင်မင်းသမီးလိုလို ဟိုနေရာလည်းပါ ဒီနေရာလည်းပါ။ ဟိုလူက အာဘွားပေး၊ ဒီလူက အာဘွားပေး ဟွန်း စောက်မြင်ကိုကပ်တယ်။

ဒေါင်းဝန်မင်း

ကတောက်!! အာဘွားပေးခံရတယ်ဆိုတာ ချစ်လို့ပေးတာ။ နင်တို့ဘုရင်ကို အဲလိုအာဘွားပေးမယ့်လူရော ရှိရဲ့လား။ မတူရင်မတုနဲ့။ တို့သခင်မ ခွပ်ဒေါင်းဧကရီက ဒီဖက်ခေတ်မှာ စကြာဝတေးမင်းလောက် ဘုန်းကြီးတယ်။ မဟာဆီမဟာသွေး မင်းဖြစ်ဖို့မွေးလာတာ။ ပညာအရည်အချင်းမှာ နင်တို့ဘုရင် တို့သခင်မဖိနပ်ဖျားလောက် မှီရင်ကံကောင်း။ နင်တို့ဘုရင်ကို တို့သခင်မကယ်တင်ထားလို့ ခုလောက်လူရာဝင်နေတာ ဟွင်းဟွင်း ထပ်ပြောလိုက်မယ် နင်တို့ဘုရင်ဖွတ်ကျားနဲ့ တို့များရဲ့ ဒုတိယဘုရားသခင် ဘယ်နေရာပဲယှဉ်ယှဉ် သတ္တိရှိရင် ယှဉ်လို့ရတယ် ဟွင်းဟွင်း အ၀ီစိဇောက်ထိုးဆင်းမယ့်လူနဲ့များ တို့သခင်မ ကောင်းကင်မေမေ၊ အာကာသမေမေ၊ စကြာဝဠာမေမေ သောတာပန်ပုဂ္ဂိုလ်ကို လာနှိုင်းနေသေးတယ် ထွီ!!!

ဖွတ်ဝန်မင်း

အလဲ့.. လာလာချည်သေး သောတာပန်တဲ့ ခိခိ ရွံထှာဟယ် ထွီ အဲလောက်ထိ လောဘသက္ကာရတွေ ဇွတ်တက်ပြီး ပလ္လင်လုဖို့ ငမ်းငမ်းတက်ဖြစ်နေတဲ့ဟာကိုများ သောတာပန်တဲ့။ အေး နင်တို့သခင်မလိုဟာမျိုးကတောင် သောတာပန်ဖြစ်ရင် ငါတို့ဘုရင်က လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီဖြည့်ထားတဲ့ ဘုရားလောင်းပဲ။ တိုင်းသူပြည်သားအပေါင်းကို တလောက ဝေသန္တရာမင်းကြီးလို ပိုက်ဆံလှူတာ တွေ့တယ်ဟုတ်။ တို့ဘုရင်လို မေတ္တာကြီးမားတဲ့ပုဂ္ဂိုလ်ကိုများ သူတို့အဘွားကြီးနဲ့ လာနှိုင်းနေသေးတယ် ဟွန်း နင်တို့ဘွားတော်က ကုလားတွေကိုပဲ စေတနာရှိတာ

ဒေါင်းဝန်မင်း

ခွီးးးခိုးထားဝှက်ထားတဲ့ပိုက်ဆံတွေ ထုတ်ချေးတာများ ဝေသန္တရာမင်းကြီးနဲ့ လာနှိုင်းပြနေသေးတယ်။ စောက်ရှက်ကိုမရှိဘူး။ ဒီမယ် အဲကုလားတွေကို အရင်က တချိန်လုံးပါးလျက်နားလျက် လုပ်ခဲ့တာ ဘယ်သူလဲ။ တို့သခင်မက လူသားချင်းကိုယ်ချင်းစာလို့ နင်တို့လို မလိုတစ်မျိုး လိုတစ်မျိုးမဟုတ်ဘူး။ ဘုရားလောင်းတဲ့ ဟုတ်စ ခိခိ မိုးကြိုးတော့ပစ်တော့မှာပဲ။ ဝေသန္တရာကို အားကျရင် ဘာလို့ ပလ္လင်ပေါ် ဖင်ကော်ကပ်ပြီး အတင်းထိုင်ချင်နေရတာလဲ။ တောထွက်လေ။ အမျိုးတွေပါ တခါတည်းခေါ်သွား။ တောထဲမှာနေ။ ဘုရားဖြစ်မှပြန်လာခဲ့။ ဘုရားမဖြစ်ပဲ မသာဖြစ်သွားရင် ကျော်သူ့ကို လွှတ်လိုက်မယ် ခိခိ

ဖွတ်ဝန်မင်း

ဟက်ဟက် အဲလောက် လူသားချင်းကိုယ်ချင်းစာတတ်ရင် အဲကုလားတွေ နင့်အိမ်ပေါ်ခေါ်တင်ထားလေ။ သမီးရှိရင် ညီမရှိရင် တခါတည်းပေးစားလိုက်။ ပြောသာပြောရတယ်။ ခုတောင်မှ ညားပြီးနေလောက်ပြီ ထင်တယ် ခိခိ တို့ဘုရင်တောထွက်သွားရင် နင့်သခင်သောတာပန်ဂေါက်တောက်တောက် လက်အောက်မှာ တိုင်းပြည်ငါးပါးမှောက်ကုန်မှာပေါ့။ နင်တို့ဘာသာ အယူမှားလို့ ဘုရားစင်ပေါ်တင်ကိုးကွယ်ပြီး အီးနံ့ရှူချင်ရှူ တို့သခင်ရဲ့ ပလ္လင်ကိုတော့ လုယူဖို့ယောင်လို့တောင် မစဉ်းစားနဲ့ ဒါဗြဲ

ဒေါင်းဝန်မင်း


အံမာ ပြောတတ်လိုက်တာ ဒီမယ် သစ္စာသမာဓိ မေတ္တာအားကောင်းတဲ့ သူတော်စင်ဆိုတာ အီးနံ့တောင် မွှေးတယ်။ လာမယှဉ်နဲ့။ နင်တို့ဘုရင်လို အကုသိုလ်အီးပေါလော ကျပ်မပြည့် သူငယ်နာမစင်တဲ့ အပုပ်ကောင်မဟုတ်ဘူး သဘောပေါက်

ဖွတ်ဝန်မင်း

အီးနံ့မွှေးတယ်ပြောရအောင် နင်ရှူဖူးလားငှင် ခိခိခိ

ဒေါင်းဝန်မင်း

ခွီးးး ရှူစရာမလိုဘူး စိတ်ကူးနဲ့မှန်းကြည့်ရုံနဲ့ သိတယ်

ဖွတ်ဝန်မင်း


နင်တို့သောတာပန်မကြီး သေခါနီးပါပြီကွယ် နိဗ္ဗာန်မြန်မြန်ရောက်အောင် မယ်သီလရှင်ဝတ်ပြီး တရားစခန်းဝင်ခိုင်းလိုက်ပါလားဟင် ခိခိ

ဒေါင်းဝန်မင်း

ဘာလို့ဝင်ရမှာလဲ နင်တို့ဘုရင် ဘုရားလောင်းရူးရူးနေတဲ့ သေခါနီးကြီးကိုပဲ တောထွက်ခိုင်းလိုက်

ဖွတ်ဝန်မင်း

ဘာလို့ထွက်ရမှာလဲ နင်တို့ပဲဝင်

ဒေါင်းဝန်မင်း

ဘာလို့ဝင်ရမှာလဲ နင်တို့ပဲထွက်

ဖွတ် - နင်တို့ပဲ ၀င် ငါတို့ထွက်စရာအကြောင်းမရှိဘူး
ဒေါင်း - နင်တို့ပဲထွက် ငါတို့ကဘာလို့ဝင်ရမှာလဲ

ဖွတ် - ၀င်
ဒေါင်း - ထွက်

ဖွတ် - ဒေါင်းနာမ နင်နာချင်ပြီလားဟမ်
ဒေါင်း - ဖွတ်သူတောင်းစား သေချင်ပြီထင်တယ် ကဲဟယ်

ဖုန်း အိရှ် ကျွတ် ၀ုန်း အင့် ဘွတ် *&%$#@#$%&*

Cartoon - Ko Sai Mangaka

0 comments:

Post a Comment