ပေါက်ကရ လေးဆယ်

Subscribe:

Thursday, July 11, 2013

သိုင်းလောက၏ စိမ်ခေါ်သံ သတ္တမပိုင်း


နွေအကုန်မိုးပြောင်းသည့်အခါသမယတွင် သိုင်းလောက၌ လျှပ်စီးလက်သံ၊မိုးခြိမ်းသံများနှင့်အပြိုင် ဓားချင်းလှံချင်းထိခတ်သံ၊ မာန်သွင်းကြုံးဝါးသံ၊ လက်နက်ပုန်းပစ်သံ၊ ဗုံးခွဲသံများဖြင့် ဆူညံပွက်သလောက်ရိုက်၍ ရှိနေကြသည်။

မကြာသေးခင်ကာလက နယ်ခြား၌ မူဂျာဟစ်ဂိုဏ်း၏ လိုက်လံသတ်ဖြတ်မှုကြောင့် သိုင်းလောကနှင့်မသက်ဆိုင်သည့် အရပ်သားတို့ သေကြေဒဏ်ရာရသည့် သတင်းသည် သိုင်းလောကအား ပြင်းထန်စွာကိုင်လှုပ်ခဲ့သည်။ အလောင်းများဖွေးဖွေးလှုပ်သည်အထိ သိုင်းလောကထိပ်သီးဂိုဏ်းများကား တုတ်တုတ်ပင်မလုပ်။ သိုင်းလောကဥသျှောင် ၀ူတန်းဂိုဏ်းကား ပျံကျဂိုဏ်းခွဲမှူးအား သိုင်းလောကအတွင်း နိုင်ငံတော်အကျိုးပြုရုပ်ရှင် ရိုက်ခိုင်းခြင်းဖြင့်သာ အရေးတယူပြုလျှက်ရှိသည်။ ပြိုင်ဖက်အော်မေ့ဂိုဏ်းကား တုတ်တုတ်ပင်မလှုပ်။ ၀ူတန်းဂိုဏ်း၏ နယ်ခြားကိုယ်စားလှယ်သည် မြန်မာ့အသံမှ ဟန်ရေးပြလျှက်ရှိနေသည်။မြန်မာ့အသံ- မလေးရှားရောက် မြန်မာအလုပ်သမားတွေ အကြမ်းဖက်ခံရတာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား တိုက်ရိုက်ဆက်သွယ်မေးမြန်းသွားမှာ ဖြစ်ပါတယ်။

သံအမတ်ကြီးခင်ဗျာ.. မလေးရှားကမြန်မာအလုပ်သမားတွေ အကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကမိသားစုတွေအပါအ၀င် ပြည်သူတွေ စိတ်ပူနေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေကို ကျေးဇူးပြုပြီးပြောပြပေးပါလား ခင်ဗျာ။

သံ - ဟုတ်ကဲ့ ကျွန်တော် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပါ

မြန်မာ့အသံ - သိတယ်လေ သံအမတ်ကြီးဖြစ်လို့လည်း ခင်ဗျားကိုဖုန်းဖိုးအကုန်ခံပြီး ဖုန်းဆက်တာပေါ့။

သံ - ဟ!! ခင်ဗျားတို့သိပေမယ့် ပြည်သူတွေသိဖို့လိုသေးတယ်လေ

မြန်မာ့အသံ - တိန်!! ပြည်သူတွေက သိပြီးသားလေ ခင်ဗျားကိုက လျှာရှည်တာ

သံ - မရှည်လို့ရမလားဗျ။ တစ်နိုင်ငံလုံးကို ခုလိုစကားပြောခွင့်ရဖို့ဆိုတာ လွယ်တာမှတ်လို့

မြန်မာ့အသံ - လိုရင်းမရောက်တော့ဘူး ပြောစရာရှိတာမြန်မြန်ပြော ဖုန်းဖိုး အလကားရတယ်များမှတ်နေလား မသိဘူး စိတ်လေတယ် ဂယ်ပဲ

သံ - ခွီးး တင်းသွားဘီ ဒီမယ် မလေးရှားမှာ ဆေးသမားတွေအချင်းချင်း ဖိုက်လို့သေတာ ဘာမှမထူးဆန်းဘူး အဲလိုဖြစ်နေကျ ခင်ဗျားတို့က ဖေ့ဘုတ်ကဖွတာတွေ ယုံပြီးရေးကြီးခွင်ကျယ် လုပ်နေတာ ဟွန်း ဒါဗြဲ ထွက်ပီ

နယ်ခြားသံတမန်က ဒေါပွပြီးဆတ်ကော့လတ်ကော့ ထွက်သွားပြီးနောက်ပိုင်းမှာတော့ ယာယာဖွကြီးနှင့်အဖွဲ့ သိုင်းလောကအတွင်း အကြီးအကျယ်သောင်းကျန်းပါတော့သည်။

"ယာယာဖွကြီးတဲ့ဟေ့ ဒေါသကြီးလို့ အမြီးဖြတ်ပြီး သိုင်းသမားလုပ်နေတာ ဒီမယ် ပျံ ခင်ညားတို့ သံကို ခုချက်ချင်းထုတ်ပေးပါ။ ထုတ်မပေးရင် အဲဒီသံကောင်ကို ဖင်ကနေဆွဲထုတ်ပြီး အီတလီခေါက်ဆွဲ လုပ်စားပစ်လိုက်မယ် ဘာမှတ်လဲ"

ယာယာဖွကြီး၏ ကြုံးဝါးသံကြောင့် မာမီသံ နှင့် သံချောင်းခေါ် Ko Thura Myo တို့မှာ သူတို့ပါရောပါသွားမည်ကို ကြောက်လန့်ပြီး ချောင်းသာသို့ နှစ်ယောက်သား ဟန်းနီးမွန်းထွက်သွားကြောင်း သတင်းရရှိပါသည်။

******************************************

သိုင်းလောက၏ တောလမ်းတစ်နေရာ

"ဟိတ် ကောင်မလေး မပြေးနဲ့"

"မပြေးပါဘူး အာ့ကိုဂျီး ဟီးဟီး သာမီးဆီကလေ အကြော်စုံပူပူလေး အားပေးသွားပါအုန်းလား အာ့ကိုကြီးရယ် ခိခိ"

"ဘာပြောဒယ် ငါတို့က သိုင်းသမားဒွေ အကြော်မစားဘူး လူပဲဝါးမယ် လာခဲ့ဇမ်း"

"မလုပ်ပါနဲ့ အာ့ကိုဂျီးရယ် သာမီးကအရမ်းဆင်းရဲပါတယ်။ အကြော်လေးရောင်းပြီး အင်တာနက်ကြေးသွင်းနေရတဲ့ ဘ၀ပါ အာ့ကိုဂျီးရယ် ဟင့်"

"ကောင်မလေးသနားပါတယ် လွတ်လိုက်ပါကွာ ရုပ်လေးကသနားကမားချစ်စရာလေး ဂလု"

"ဘာပြောဒယ် လွှတ်ပေးရမယ် ဟုတ်လား ကောင်စုတ်ကောင်နာ ရုပ်ကိုက ပြီတီတီနဲ့ ချီးပုံတွေ့တဲ့ယင်ကောင်လို နင်ငါ့ကိုပြောတော့ ယောင်္ကျားချင်းပဲ စိတ်ဝင်စားတယ်ဆို ခုတော့ ဒင်းက ငါ့ရှေ့မှာတောင် မရှောင် ဂလုပြနေသေးတယ် ငါ့မှာတော့ သူ့အင်တာနက်ကြေးလေး ရပါစေတော့ရယ်လို့ နတ်ကတော်လုပ်နေရာကနေ ဓားဆွဲပြီး ဓားပြထွက်တိုက်ရတယ် အဲဒါကို သူကလွှတ်ပေးလိုက်တဲ့ ပြောရက်လိုက်တာ ပြောရက်လိုက်တာ ကဲ နင့်ကိုအရှင်မထားဘူး အရင်းကလှီးပစ်မယ် ယားးးးးးးးးးးးး!!!!"

"မသာမ အခြောက်မ ငါ့ကိုကောင်မလေးရှေ့မှာ အရှက်ခွဲတယ် နင့်ကိုလည်း အရှင်မထားဘူး ကျားးးးးးးးးးးးးးးးး!!!"

"တိန် ချွင် ခွပ် ဖုန်း ဖြောင်း အွတ် ဘွတ်#%^$^#"

*********************************************

"နံတယ်ဗျို့ နံတယ် ပြေးကြဟေ့ လွတ်အောင်ပြေးကြဟ"

"ဘာဖြစ်တာတုန်း"

"ဘွရှင် အီးဗုံးတွေခွဲနေတယ်ဟေ့ အမေစုအီးဗုံးရော၊ အဘပြောင်အီးဗုံးရော နှစ်မျိုးစလုံးခွဲနေတယ် လွတ်အောင်ပြေးကြ"

"အံမာ ပြေးစရာလား အမေစုအီးအဲလောက်မွှေးတာ ဘပြောင်ပေါက်တဲ့အီးပဲနံမယ် သူကတသက်လုံးပဲစားလာတဲ့လူ"

"အံမာမာ စောက်ကြီးစောက်ကျယ် မင်းတို့အမေစုလည်း လူပဲဟာ လူမှန်ရင်အစုံစားတယ် အစုံစားတော့ ပေါက်ရင်နံတယ် လူချင်းတူရင်တောင် ဒီမိုအီးက အစုံစားလို့ ပိုနံတယ်"

"ခွေးမသား စစ်ခွေးကြံ့ဖွတ်ကများ ရာရာစစ စော်စော်ကားကား အစုံစားတာက မင်းတို့ကောင်တွေလေ တိုင်းပြည်မှာ မသထာရေစာ အကုန်စားတဲ့ကောင်တွေ အလစ်သုတ်တဲ့ကောင်တွေ မင်းတို့အီးက ပိုနံတယ်"

"ဒီမိုအီးက ပိုနံတယ်"

"ကြံ့ဖွတ်အီးက ပိုနံတယ်"

"ထမီခြုံအီးက ပိုနံတယ်"

"ခွီးးး!!!$$#^&&%%^&& ကဲဟယ် ဖြန်းးးး!!!"

"မသာမ လက်မပါနဲ့ ကဲကွာ နင့်မျက်ခွက်တည့်တည့် ဘူ!!!!!!"

"ခွပ် အင့် ဖြောင်း ဒုန်း ဂြွတ် ဗျွတ် အွပ် ဘွတ်!!!%#%^^#&^$&&(*&^$"

********************************************

ဤကဲ့သို့ သိုင်းလောကအတွင်း တိုက်ပွဲများစွာ ရှုပ်ထွေးနေချိန်တွင် ရှောင်လင်ဂိုဏ်းမှ ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

"ဂိတ်စောင့် ဥပဒေမူကြမ်း"

၁။ဤဥပဒေအား ဂိတ်စောင့်ဥပဒေဟု ခေါ်ဆိုရမည်။
၂။ဂိတ်အတွင်းသို့ ဖြတ်သန်းသွားလာမည့်သူသည် ရှောင်လင်ဘာသာဝင်ဖြစ်ရမည်။
၃။ဂိတ်အတွင်းသို့ ဖြတ်သန်းသွားလာမည့်သူသည် ရှောင်လင်ဘာသာဝင် မဟုတ်လျှင် ရှောင်လင်ဘာသာသို့ ကူးပြောင်းရမည်။
၎။ရှောင်လင်ဘာသာသို့ ကူးပြောင်းပြီးကြောင်း မှတ်ပုံတင်ပြနိုင်ရမည်။ (မှတ်ပုံတင်ရုံးတွင် လက်ဖက်ရည်ဖိုးထိုက်တန်စွာ ပေး၍ ကူးပြောင်းနိုင်သည်)
၅။ရှောင်လင်ဘာသာဝင်မဟုတ်ပဲ ဂိတ်အတွင်းသို့ ဖြတ်သန်းသွားလာသူ (သို့မဟုတ်) လိမ်လည်၍ မှတ်ပုံတင်သူအား ထောင်ဒဏ်ဆယ်နှစ် အပြစ်ဒဏ်ချမှတ်သည့်အပြင် ၎င်းတွင်ပါလာသော အထုတ်အပိုးများအား ဂိတ်မှသိမ်းယူခြင်းခံရမည်။

ဤတွင် သိုင်းလောကထိပ်သီး အော်မေ့ဂိုဏ်း၏ ပိုင်နက်ဖြစ်သော အဆိုပါဂိတ်အား ရှောင်လင်ဂိုဏ်းက ၀င်ရောက်စွက်ဖက်ပါသည်ဟု အော်မေ့ဂိုဏ်းဘက်တော်သားများ၏ ကန့်ကွက်သံ သိုင်းလောကတစ်ခုလုံး သောသောညံလေတော့သည်။

ဒီမိုဖက်တီး/ခွန်ဒီးယမ် - ရှောင်လင်က ရှောင်လင်အလုပ်မလုပ်ဘူး။ တော်တော် လယ်စောင့်ချင်နေတယ်ပေါ့လေ။ ရော့ ငါ့လယ်ကွက် လာစောင့်

ညီသစ် - ဟစ်တလာကြီး အရေခြုံကြီး အားအားယားယား သများတို့ပစ္စည်း သများတို့ပဲစောင့်မယ် ဘူမှလာစောင့်စရာမလိုဘူးစ် အဲလောက်စောင့်ချင်သပဆိုရင် ရှောင်လင်ကနေ လူထွက်ပြီးစောင့်လေ

ဆရာဆယ် - ငါတို့ဂိတ်ကို သင်္ကန်းဝတ်တွေအရမ်း လိုချင်နေတယ်ဆိုတာ ဘယ်တော့မှမပြောဘူး

သိုးကလေး - နင်တို့နှိုက်ဖို့ ငါ့တို့အပေါက် အဲလေ ငါတို့ဂိတ်ကိုစောင့်ခိုင်းမယ့် အစား ငါ့ဘာသာ နှိုက်စေချင်တဲ့လူနှိုက်ခိုင်းမယ် ဒါဗြဲ

ရှောင်လင်ဘက်တော်သားများ - ဂိတ်စောင့်ဥပဒေကို မထောက်ခံတဲ့လူ အမျိုးသားသစ္စာဖောက်

အော်မေ့ဘက်တော်သားများ - အမေပေးတဲ့လယ်တစ်ကွက် ကိုယ့်ဘာသာပဲစောင့်မယ် ဘာဂိတ်စောင့်မှ မလိုဘူး လူ့အခွင့်အရေးလာမချိုးဖောက်နဲ့ ဒါဗြဲ

ရှောင်လင် - ငါတို့မစောင့်ရင် မင်းတို့ဂိတ် ကုလားတွေ ^$%^$$$#&&&&%^% သွားကြလိမ့်မယ် မတားနဲ့ စောင့်မှာပဲ ဟွန်း

အော်မေ့ - မိုက်ရိုင်းလှချည်လား ဟမ် နှမချင်းမစာနာ လူကမွေးထားတာမှ ဟုတ်ရဲ့လား နင့်အမေဂိတ် နင်စောင့် ငါတို့ဂိတ်လာမစောင့်နဲ့ ဒါဗြဲ

ရှောင်လင် - မသာမ စေတနာနဲ့ပြောတာကို ကက်ကက်လန်နေတယ် နာချင်နေပြီလား ##&%&*

အော်မေ့ - အံမာ ထိရဲထိကြည့်လေ ထမီနဲ့ခေါင်းတက်အုပ်ပလိုက်မယ် ဘာမှတ်လဲ%$@#*&

ရှောင်လင် - ကဲကွာ!!(*&^$%#(*+#@!

အော်မေ့ - ကဲဟယ် %$#@*_(+^!@**

ချွင် တိန် ခွပ် စွပ် ဖြောင်း ဂွမ်း ဂျွတ် ဖြန်း အင့် အွတ် ဘွတ် ^%$#(+*&%$#@^&*_!!

************************************************

မဏ္ဍိုင်အဖွဲ့ တစ်ပူးဌာနခွဲမှ သိုင်းလောကအတွင်းသို့ ကြေငြာချက်

အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် သိုင်းလောကထိပ်ခေါင် ရှောင်လင်ဂိုဏ်းအား စော်ကားနေသဖြင့် ၎င်းတို့ကြောင့် အော်မေ့ဂိုဏ်း၏သိက္ခာ အလွန်တရာ ကျဆင်းနေရပါကြောင်း သိုင်းလောကသားအပေါင်းအား သိစေအပ်ပါသည် ဒူဝေေ၀!!!

၁။ဒီမိုဖက်တီး
၂။ဒီမိုဖက်တီး
၃။ဒီမိုဖက်တီး
၎။ဒီမိုဖက်တီး
၅။ညီသစ်
၆။ခွန်ဒီးယမ်

အထက်ပါကြေငြာချက်ကြောင့် သိုင်းလောကအတွင်း ရုတ်ရုတ်သဲသဲဖြစ်သွားသည့်အပြင် ဝေဖန်သံ၊ကန့်ကွက်သံ၊အားပေးသံများ အမြောက်အမြားထွက်ပေါ်လာသည်။ ထိုအသံများနှင့်မတူကွဲပြားစွာ ထွက်ပေါ်လာသည့် အသံမှာ-

ဆရာဆယ် - " နာ့နာမည်ကျတော့ မပါဘူး ဟင့် နာမည်ကြီးမလားလို့ ရွလိုက်တာ ဟိုမသာမဒွေကျတော့ နာ့လောက်တောင် မရွပဲနဲ့ ပါလာတယ် တင်းသွားဘီ အကြီးကြီးတင်းသွားဘီ မုန်းဒယ် အီလဲဗင်းကို မုန်းတယ် ဟင့် အင့်အင့် ဟင့် ဘွတ်"

စာရင်းဝင်ပုဂ္ဂိုလ်များကား ပေါင်ကြားမီးပွားကျသကဲ့သို့ ဆွေ့ဆွေ့ခုန်ကြလေတော့သည်။

ဒီမို ဖက်တီး - ၂၄နာရီအတွင်း ပြန်ဖြေရှင်းပေးရင်ပေး မပေးလို့ကတော့ ခိုင်ဖုန်းရုံးမှာ အမှုဖွင့်ပြီး ခွေးခေါင်းဓားစက်ဖြင့် ဟာလာလုပ်ပစ်မယ်။

Nyi Thit - ဒီမယ် တစ်ပူး သများတို့က one way ပဲသွားတတ်တာမှုတ်ဘူး။ two way လည်းရတယ်။ သဘောပေါက် ဟွင်းဟွင်း ဒင်းတွေ့မယ် တွေ့မယ်

ခွန်ဒီးယမ် - မတို့က အိနြေ္ဒနဲ့သိက္ခာနဲ့ အဆင့်နဲ့အတန်းနဲ့နေတာ အဲတော့ အိနြေ္ဒရရပြောပြလိုက်မယ် "မ" က သံဃာကိုစော်ကားတာမှုတ်ဘူး ရှောင်လင်ကိုပဲ ဝေဖန်တာ။ မရဲ့ဂိတ်ကို "မ"ပဲစောင့်မယ်။ ရှောင်လင်လာစောင့်စရာမလိုဘူး ရှင်းတယ်နော် ဟင်းဟင်း

အထက်ဖော်ပြပါ အမှုတွဲများအား ခိုင်ဖုန်းရုံးတော်မှ နာမည်ကျော်တရားသူကြီး ပေါင်ချိန်ဘွမှ စုံစမ်းစစ်ဆေးမည်ဖြစ်ပါကြောင်း မြ၀တီရုပ်မြင်သံကြားသတင်းတွင် ဖော်ပြသွားပါသည်။

ဆက်ရန် - ကုန်ကြမ်းထပ်ရလျှင် ခိခိ

0 comments:

Post a Comment