ပေါက်ကရ လေးဆယ်

Subscribe:

Monday, November 18, 2013

ဘွရှင်ရဲ့ အငြိမ့်သဘင်

ခွန်းတောက်

ဘွရှင် - မျိုးမြန်မာ ရှေးရိုးစဉ်အလာမညှိုးအောင်လို့
(အို တယ်ဆိုတဲ့စာပါလား ကိုဘွရေ < ဆရာ ကြယ်> )
မျိုးမြန်မာ ရှေးရိုးစဉ်အလာမညှိုးအောင်လို့

ဆရာကြယ် - မောင်ဘွ မညှိုးအောင် ဘာဆေးကောင်းလဲငှင်

ဘွရှင် - ခွီး ခွန်းတောက်တောင် ဖြောင့်အောင်မဆိုရဘူး ရောဂါလာတက်ပြနေတယ် သေနာကျ

Friday, November 1, 2013

To whom it may concern


 


sometimes I said, U are naughty
It doesn't mean U behave badly

sometimes I said, U are crazy
It doesn't mean U are wildly

Thursday, July 11, 2013

မြင့်မိုရ်တောင်အစုစုတို့အား ဇီးစေ့ဖြင့်ထုခြင်း (၀ံသာနု အယ်ဒီတာ့အာဘော်)

ဆိုရေးရှိကဆိုအပ်ရာ၏တဲ့။ ဆိုရိုးစကားရှိပါတယ်။ အဲဒီတော့ခါ ထောက်ပြဝေဖန်စရာ မျက်စိရှေ့ ကွက်ကွက်ကွင်းကွင်း မြင်နေပါလျှက်နဲ့ မမြင်ချင်ယောင်ဆောင်နေလို့တော့ မဖြစ်ပါဘူး။အ၀င်ဆိုးပေမယ့် ဆေးခါးကြီးဆိုတာ ရောဂါပျောက်ဖို့တိုက်တယ်လို့ပဲ မှတ်ယူစေချင်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးလောကမှာ အကွဲအပြဲတွေ၊ အပြန်အလှန်ဆော်ပလော်တီးမှုတွေ၊ ခါးအောက်ပိုင်းထိုးတာတွေ တော်တော်ခေတ်စားနေပါတယ်။ ဒီလိုအဖြစ်မျိုးတွေဟာ နာတာရှည်ဖြစ်သွားမယ်ဆိုရင် တိုင်းပြည်အတွက်အနာဂတ်မှာ ကောင်းသောရလာဒ်ဖြစ်လာမယ် မထင်ပါဘူး။ ဒီလိုပြဿနာတွေအတွက် တာဝန်အရှိဆုံးက ဘယ်သူတွေဖြစ်ပါသလဲ။ ဆန့်ကျင်ဖက်အုပ်စုတွေ အကုန်လုံးကို တပြိုင်နက်မေးမယ်ဆိုရင် အပြန်အလှန်လက်ညိုးထိုးရင်း အကုန်လုံးတရားခံဖြစ်သွားမယ့် မေးခွန်းပါ။ ရွှေစွန်ညိုကစားသလို ရှေ့ဆုံးကလူကခါးလေးတစ်ချက်ယိမ်း၊
 ခြေလှမ်းတစ်ချက် ဘေးရွေ့လိုက်တာနဲ့ နောက်ဆုံးကလူ လျှာထွက်အောင် ပတ်ပြေးရသလိုပဲ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရွှေ့တဲ့နောက်ကို နောက်လိုက်တွေ အိုးနင်းခွက်နင်းလိုက်နေရပါတယ်။ အဲဒီတော့ခါ ခေါင်းဆောင်တွေမှာ တာဝန်အရှိဆုံးလို့ပြောလို့ရပါပြီ။ သို့ဖြစ်ပါ၍ ပညာ၊သဘာ၊အတွေ့အကြုံ၊ ကျော်ကြားမှုနှင့် သြဇာရှိမှုအစရှိသည့် ဂုဏ်အရှိန်အ၀ါ ကြီးမြတ်လှစွာသော၊ မြင့်မိုရ်တောင်ကဲ့သို့ မြင့်မားလှသည့်အဆင့်အတန်းတွင် ရပ်တည်နေကြပါကုန်သော ပုဂ္ဂိုလ်အစုစုတို့အား ဇီးစေ့ဖြင့်ထုပါအံ့။ အနာကျက်၍ အထာညက်ကြပါစေကုန်သတည်း။

စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် (၀ံသာနုအယ်ဒီတာ့ အာဘော်)


အရပ်ထဲ ရယ်စရာဟာသအနေနဲ့ လူတော်တော်များများ ကြားဖူးတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။ ဘုရားလောင်း မဟာဇနက္ကမင်းသား သင်္ဘောပျက်လို့ ဆီဦးထောပတ်တ၀စား၊ လင်းယဉ်တိုင်ဖျားပေါ်တက်၊ သားစားငါးတွေထူပြောပြီး လှိုင်းလေထန်တဲ့ ပင်လယ်ပြင်ထဲ ခုန်ဆင်းမယ့်အချိန် စကားကြီးသုံးခွန်းပြောခဲ့တယ်။ အဲဒါ ဘာလဲသိလား ဆိုတဲ့မေးခွန်းပါ။ ရုတ်တရက်ဆိုတော့ မေးခံရတဲ့လူအတွက် အဖြေရှာမရပါဘူး။ အဖြေက တစ်၊နှစ်၊သုံးလို့ ရေပြီး ၀ုန်းခနဲခုန်ဆင်းတာပါတဲ့။ ခမ်းနားတဲ့အကြောင်းအရာကို မဆီမဆိုင်အချက်နဲ့ ဟာသဖောက်ထားတဲ့ ရယ်စရာဟာသလေးတစ်ခုပါ။

ဘွတို့ဇာတ်လမ်း



ဘွတို့ဇာတ်လမ်း

မေဒေးမှာ အဖြေပေးသမို့
အေးဆေးသာ နေဖို့မစဉ်းစားပါနဲ့
လုပ်အားသာ ပေးဖို့ပြင်။

ရှောင်တခင် လာဝင်စစ်ချိန်မှ
မောင်ဘွရှင် အသစ်ထားရင်ဖြင့်
ပါးရှစ်စိတ် ကျိုးဖို့ပြင်။

အဒူမင်းညိုရှင်းတမ်း

ရခိုင်မင်းသမီးဧချင်းရဲ့ စာဆိုတော် ဖဒူမင်းညိုနဲ့ ပတ်သက်တဲ့အချက်အလက်တွေ သမိုင်းကျမ်းတွေ မွှေနှောက်လိုက်ဖတ်ရင်း မထင်မှတ်ပဲ သွားတွေ့ခဲ့ပါတယ်။ ဇွဲသစ် ရမ္မာမြေ လာမေးတုန်းက ၁၉၆၅ခုနှစ် ဟံသာဝတီတိုက်ထုတ် စာအုပ်ကလွဲရင် တခြားပေးစရာ အချက်အလက်တွေ အဆင်သင့်မရှိခဲ့ဘူး။ ဖြစ်ချင်တော့ ဖဒူမင်းညိုမွေးဖွားခဲ့တဲ့ ဒေသက လူတစ်ယောက်နဲ့ စကားစပ်မိတဲ့နောက်ပိုင်း သူပြောပြတဲ့အချက်အလက်တွေကို စာဖတ်တဲ့အချိန် သွားသတိရမိတော့ အဲဒီအကြောင်းအရာကို အသေးစိတ်လေ့လာမိခဲ့ပါတယ်။

မြန်မာပြည်၏ ပထမဦးဆုံးတိုင်းပြုပြည်ပြု ပုဂ္ဂိုလ်(သို့) Statesmanတစ်ဦး၏ အမျိုးသားရေးသြ၀ါဒနှင့် အကျိုးသက်ရောက်မှု

မြန်မာပြည်၏ ပထမဦးဆုံးတိုင်းပြုပြည်ပြု ပုဂ္ဂိုလ်(သို့) Statesmanတစ်ဦး၏ အမျိုးသားရေးသြ၀ါဒနှင့် အကျိုးသက်ရောက်မှု

၁၉၁၉ခုနှစ် နိုဝင်ဘာလ၌ မြန်မာ့နိုင်ငံရေး၏ မီးရှူးတန်ဆောင်ပုဂ္ဂိုလ် ဆရာတော်ဦးဥတ္တမသည် မော်တင်လမ်း(ယခုလှည်းတန်းလမ်း)ထောင့်ရှိ ဒေါ်စောခင်၏နေအိမ်သို့ ကြွရောက်လာခဲ့သည်။ ဆရာတော်နှင့်အတူ ထင်ရှားသည့်နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဦးဘဘေနှင့်ဆရာလွန်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)တို့လည်း လိုက်ပါလာခဲ့ကြသည်။ ဆရာတော် ဦးဥတ္တမက..