ပေါက်ကရ လေးဆယ်

Subscribe:

Thursday, July 11, 2013

ဘွတို့ဇာတ်လမ်း



ဘွတို့ဇာတ်လမ်း

မေဒေးမှာ အဖြေပေးသမို့
အေးဆေးသာ နေဖို့မစဉ်းစားပါနဲ့
လုပ်အားသာ ပေးဖို့ပြင်။

ရှောင်တခင် လာဝင်စစ်ချိန်မှ
မောင်ဘွရှင် အသစ်ထားရင်ဖြင့်
ပါးရှစ်စိတ် ကျိုးဖို့ပြင်။ဘွသခင် တစ်ချက်ကောက်ရင်ဖြင့်
မျောက်ဖင် ခါချဉ်ကိုက်သလိုပ
ဘွဖြစ်အင် လူမြင်မကောင်းပါဘု
ကျအု!! ကျအု!! စတေးတပ်တင်။

သောက်ညင်တွေ ၀ိုင်းကာကပ်ပေမယ့်
အရပ်တကာ ချစ်တဲ့သားပေမို့
လူအများက မနေနိုင်
တူပြိုင်ပြိုင် ထိုင်ကာဟားလေတော့
မရှူနိုင် မကယ်နိုင်ဘွအဖြစ်ရယ်ကြောင့်
ပြောင့်မဟေသီ မတင်းနိုင်တော့တဲ့အဆုံး
ဗြုန်းခနဲ အနားပြန်လာ
ချစ်တာ၊သစ္စာ၊မေတ္တာတွေက ဖလန်းဖလန်း
အလွမ်းသယ်ကာ တမူဆန်းလိုက်ပါတဲ့
ဟောဒီက..
ဘွတို့ဇာတ်လမ်း။

ခိခိခိ

0 comments:

Post a Comment