Monday, June 18, 2012
Thursday, May 24, 2012
Friday, May 11, 2012
ခက်တယ် ရိုဟင်ဂျာဟာ ဘာလဲဆိုတာ သိသိကြီးနဲ့ ထောက်ခံနေတဲ့လူတွေကြောင့် ခက်တယ်
အပိုဆာဒါးတွေ
ဒီပို့စ်ထဲမှာ ထပ်မပြောချင်တော့ပါဘူး။ မြန်မာတွေ
အင်တာနက်စာမျက်နှာတွေပေါ်မှာ သက်သေသက္ကာရ မြောက်မြားစွာ၊
သမိုင်းအထောက်အထားပေါင်း မြောက်မြားစွာနဲ့ ဖြေရှင်းခဲ့ကြပြီးပါပြီ။
အဲဒါကိုတောင်မှ လက်မခံပဲ ဒီဘင်္ဂလီနာမည်အတုကို ထပ်ခါတလဲလဲ
ပရိုမိုးရှင်းလုပ်နေကြတဲ့ အနောက်နိုင်ငံအစိုးရတွေနဲ့ NGO တွေ၊
ပြည်ပသတင်းဌာနတွေ၊ နိုင်ငံရေးအုပ်စုတချို့တွေ၊ပြည်တွင်းက မြန်မာပြည်ကို
ချစ်မြတ်နိုးလှပါချည်ရဲ့ဆိုတဲ့ မြန်မာပြည်ပေါက် နိုင်ငံသားစစ်စစ်
မူဆလင်အချို့နဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းကို
ချရောင်းစားနေတဲ့ ပညာရှင်ဆိုတဲ့လူတွေ...ဒီလိုလူတွေကြောင့် ခက်တယ်။
Tuesday, May 1, 2012
ကျွန်မ၏ ချစ်သူများ သို့မဟုတ် အသဲကွဲခြင်း သို့မဟုတ် အချစ်နှစ်ခု
အခန်း(၁)
ရည်းစားဦး (သို့မဟုတ်) စိတ်ကစားအချစ်
အသက်က
၁၅ နှစ် (၁၀ တန်း ကျောင်းသူလေး) သူမ ၅ တန်းထဲက အစ်ကိုလို သူငယ်ချင်းလို
ခင်မင်နေရတဲ့ သူတယောက်ရဲ့ အချစ်ကို အနေနီးစပ်မှုကို အချစ်ဟုထင်မှတ်ကာ
ပထမဆုံးရည်းစားအဖြစ် ရရှိခဲ့ပါတယ်။ တစ်နေ့တော့ သူမသူငယ်ချင်းတစ်ယောက်က
Wednesday, April 25, 2012
လူ့အခွင့်အရေးနှင့် အမျိုးသားရေး (သရော်စာ)
လူ့ အခွင့်အရေးကို ဦးစားပေးသင့်သလား၊ အမျိုးသားရေးကို ဦးစားပေးသင့်သလား
ဒီရက်ပိုင်း အင်တာနက်သုံးတိုင်း တွေ့နေရတဲ့ post တွေကြောင့် ခေါင်းထဲမှာ
မေးခွန်းတစ်ခု အလိုလို ရောက်လာပါတယ်။ ကိုယ်တွေးတဲ့မေးခွန်းကို ကိုယ့်ဘာသာကိုယ်
ပြီးပြည့်စုံအောင် ဖြေနိုင်ဖို့ လုံလောက်တဲ့ ဗဟုသုတကလည်း မရှိလေတော့ ခုရေးနေတဲ့ အချိန်ထိလည်း
တွေးနေဆဲပါပဲ။ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါးကာလကို ဖြတ်သန်းပြီးတဲ့အထိ လူ့အခွင့်အရေးဆိုတဲ့
အသံတွေကို နားမဆန့်အောင် ကြားဖူးခဲ့သလို အမျိုးသားရေးဆိုတဲ့ ဟာတွေကိုလည်း
ဦးနှောက်နဲ့ မဆန့်အောင် သင်ကြားမှတ်သားခဲ့ရပါတယ်။ အဲဒီနေရာမှာ
အမျိုးသားရေးဆိုတဲ့ စကားလုံးကို အများဆုံး သုံးခဲ့တာက ကျွန်တော့်တစ်သက်နီးပါး
ခုချိန်ထိ လူချစ်လူခင် အင်မတန်ပေါတဲ့ အာဏာပိုင် အဖွဲ့အစည်း ယူနီဖောင်း ၀တ်/ချွတ်တွေ ဖြစ်ကြပြီး
လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို မြစ်ဆိပ်မှာ အ၀တ်လျှော်သလို ပေါပေါများများ သုံးစွဲတတ်တာက
ပြည်တွင်းပြည်ပ အတိုက်အခံ နိုင်ငံရေးသမားများနဲ့ နိုင်ငံခြားအခြေစိုက်
မြန်မာဘာသာနဲ့ ထုတ်လွှင့်တဲ့ မီဒီယာတွေ ဖြစ်ကြပါတယ်။
Tuesday, April 24, 2012
၂၁ ရာစု သိဒ္ဓထ္ထ ကုမာရ
၂၁ ရာစု သိဒ္ဓထ္ထကုမာရ

ဘုရားလောင်းမဟုတ်ပါ။ သို့သော် သူ့တွင် ကြီးမားသော ရည်မှန်းချက်တစ်ခုရှိနေမည်မှာ သေချာသည်။ ဗုဒ္ဓဘာသာ၏အလိုအရ ရှေးဘ၀က ကြီးမားသော ကုသိုလ်ကံပါရမီတို့ကို သူ၏လက်ရှိဘ၀တွင် ပိုင်ဆိုင်ခွင့်ရခဲ့သည်။ သို့သော် အဆိုပါကံအကျိုးတရားတို့သည် သူ့ကို ရောင့်ရဲတင်းတိမ်နှစ်သိမ့်ခြင်း မဖြစ်စေခဲ့ပေ။ သူ၏ အန္တိမရည်မှန်းချက်သည် ကမ္ဘာကျော် Forbes မဂ္ဂဇင်း၏ သန်းကြွယ်သူဌေးများ စာရင်းတွင် ပါရှိရန်မဟုတ်၊ ဇိမ်ခံရိုးရွိုက်လ်ကား၊ရွက်လှေများ ပိုင်ဆိုင်ရန်မဟုတ်၊ ဖာရာရီပြိုင်ကားစီး၍ မိန်းမလှလေးများကို ထည်လဲတွဲရန်မဟုတ်၊ သွားလေရာသို့ ကိုယ်ရံတော် သက်တော်စောင့်များ ခြံရံ၍ တခမ်းတနားနေထိုင်ရန်မဟုတ်၊ ကမ္ဘာ့နိုင်ငံရေးသမားများကို မိမိ၏စီးပွားရေး အင်ပါယာအတွက် ကြိုးဆွဲအသုံးချနိုင်ရန်မဟုတ်ပေ။
Sunday, April 22, 2012
မြန်မာပြည်၏ လက်ရှိအပြောင်းအလဲနှင့်ပတ်သက်၍ ၀ါရင့် သံတမန်ဟောင်းတစ်ဦး၏ အမြင်
မနှစ်က မြန်မာ့နိုင်ငံရေးအပြောင်းအလဲရဲ့ အရုဏ်ဦးကာလမှာ ပထမဦးဆုံး ဘာသာပြန်ခဲ့တဲ့ သတင်းစာဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ မူရင်းစာရေးသူရဲ့ အဲဒီတုန်းကအမြင်ကို မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ နှိုင်းယှဉ်ဆန်းစစ်လေ့လာနိုင်ဖို့ ရည်စူးပြီး ပြန်လည်မျှဝေလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကာလတုန်းက အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်နှင့်အတူ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးစာမျက်နှာ အသစ်တစ်ရပ် ဖွင့်လှစ်ခဲ့ပါတယ်။ သူမရဲ့ခရီးစဉ် အတောအတွင်းမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တိုက်တွန်းအားပေးရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ဒေသတွင်းသြဇာလွှမ်းမိုးမှုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် အန္တရာယ်ရှိတဲ့ နေရာဝင်ယူမှုကိုပါ တပါတည်းဆောင်ကြဉ်း လာခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
Subscribe to:
Posts (Atom)









