Thursday, January 31, 2013
ဘွရှင်မင်းတြားဂျီး လွှတ်တော်ဝင်ခဏ်း
တစ်နေ့သ၌
ဘွရှင်မင်းတြားဂျီး ရှိတ်ခါလီဖာ ဘာညာသာရကာ မူဂျာဟေဒင် ဘင် အာလာဒင်
ဘြင်မင်းမြတ်သည် ၀ါဒီယာသမ္မတအိမ်တော်မှနေ၍ ဖေ့ဘုတ်ဖွင့်ကာ
တိုင်းရေးပြည်ရေးများအား သေချာအကဲခတ်သည့်အချိန်တွင် ဖေ့ဘုတ်ပေါ်၌
ရုတ်ရုတ်သဲသဲ လွှတ်တော်အမတ်များ၊၀န်ကြီးများ၏ သောက်တလွဲသတင်းများကို မြင်တွေ့ရသည့်အတွက် ချွတ်ချော်သည့် လွှတ်တော်အား Surprise check ၀င်ရန်အလို့ငှာ အပါးတော်မြဲ ဆူး လှည်း အားဆင့်ခေါ်လိုက်လေသည်။
Tuesday, January 29, 2013
ပင်လယ်ထဲက ဘွ
ကျွန်းသားဆိုတော့ မွေးကတည်းက
ပင်လယ်ထဲကလူပေါ့လေ။ ဒါပေမယ့် Life Guard certificate မရခင်အထိ
ရေကူးနည်းစနစ်တွေထဲက ခွေးကူးတစ်မျိုးတည်းကိုပဲ
ပိုင်ပိုင်နိုင်နိုင်ကူးတတ်တဲ့ အာဂကျွန်းသားအစစ်ပါ။
ရေပြင်သက်ကယ်နည်းစနစ်သင်တန်းမှာ
ဘွကိုရေကူးပြီးရေနစ်တဲ့လူကို ကယ်တတ်အောင် သင်ကြားပေးခဲ့တဲ့
ဆရာသခင်ကျေးဇူးရှင်တွေထဲမှာ မူဆလင်တစ်ယောက်ပါပါတယ်။ ကြုံတုန်းလေး ပြောပြတာ။
တော်ကြာ ရှိရှိသမျှကုလား ၀ါးလုံးချီးသုတ်ရမ်းပြီး မုန်းနေတဲ့လူလို့ ထင်မှာစိုးလို့။
Tuesday, January 15, 2013
Monday, January 14, 2013
ရပ်ကွက်ထဲက ရန်ပွဲ ဘယ်လိုရှင်းကြမလဲ
ရပ်ကွက်ထဲမှာ အိမ်နီးချင်းနှစ်အိမ် မတည့်ဘူးဆိုပါတော့။ ခဏခဏ အော်ကြီးဟစ်ကျယ် ရန်တွေဖြစ်၊ ထိုးကြကြိတ်ကြဖြစ်တယ်ဆိုတော့ခါ ရပ်ကွက်ထဲကလူတွေလည်း စိတ်အနှောက်အယှက်ဖြစ်ကြတာပေါ့လေ။ အဲတော့ ဒီနှစ်အိမ်ရဲ့ပြဿနာကြောင့် ရပ်ကွက်ထဲမှာလည်း ရှုထောင့်ပေါင်းစုံကနေ ဝေဖန်ရင်းက စိတ်ဝမ်းတွေကွဲကြတာပေါ့။ အဲကိစ္စ ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ။ ရန်ဖြစ်နေတဲ့ နှစ်အိမ်မှာ တစ်အိမ်က ရပ်ကွက်လူကြီးအိမ်၊ တစ်အိမ်က ရပ်ကွက်လူမိုက်အိမ်။ပြဿနာတွေ ကြားထဲမှာ နှစ်အိမ်စလုံးကခလေးတွေက သနားစရာပေါ့လေ။
တောတွင်းသား ဘွ (တတိယပိုင်း)
တောတွင်းသား ဘွ (တတိယပိုင်း)
ထိုင်းနယ်စပ်နားက မလေးရှားမြောက်ပိုင်းပြည်နယ်တွေမှာ မိုးတွင်းဖြစ်တဲ့
နှစ်စဉ် ဆယ်လပိုင်းလောက်ကနေ ဆယ့်နှစ်လပိုင်းထိ နှစ်စဉ်ရေကြီးတတ်ပါတယ်။
အဲဒေသတွေက တောအုပ်ထူထပ်ပြီး တောင်ကုန်း၊တောင်တန်းတွေ များလို့
မိုးအရမ်းများပါတယ်။ ရေကြီးလို့ နှစ်စဉ် လူသေဆုံးတာမျိုး ရှိပြီး
ရွာတွေတော်တော်များများ ပျက်စီးတတ်ပါတယ်။ အဲလိုရေကြီးဒဏ်ကို
ခံရတဲ့လူတွေထဲမှာ ဘွရှင်တို့လို နိုင်ငံခြားသား ရော်ဘာခြံအလုပ်သမားတွေလည်း
ပါတာပေါ့။
Sunday, January 6, 2013
တောတွင်းသား ဘွ (ဒုတိယပိုင်း)
တောတွင်းသား ဘွ (ဒုတိယပိုင်း)
မလေးရှားနိုင်ငံရဲ့ အပင်ပန်းဆုံးအလုပ်တွေထဲမှာ ဆီအုန်းသီးထိုးတဲ့
လုပ်ငန်းပြီးရင် ရော်ဘာခြံလုပ်ငန်းဟာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။
နေရေးထိုင်ရေး၊ စားရေးသောက်ရေးကအစ ကိုယ့်ဘာသာဖြစ်သလို ဖန်တီးယူရတာမို့
မလွယ်ကူလှပါဘူး။ တောရိုင်းတရိစ္ဆာန်တွေ ရှိနေတဲ့ တောကြီးမျက်မည်းထဲမှာ
တစ်ယောက်တည်း အလုပ်လုပ်ရတာမို့လည်း တော်ရုံသတ္တိနဲ့ မရပါဘူး။
Subscribe to:
Posts (Atom)










