ပေါက်ကရ လေးဆယ်

Subscribe:

Thursday, January 31, 2013

ဘွရှင်မင်းတြားဂျီး လွှတ်တော်ဝင်ခဏ်း


တစ်နေ့သ၌ ဘွရှင်မင်းတြားဂျီး ရှိတ်ခါလီဖာ ဘာညာသာရကာ မူဂျာဟေဒင် ဘင် အာလာဒင် ဘြင်မင်းမြတ်သည် ၀ါဒီယာသမ္မတအိမ်တော်မှနေ၍ ဖေ့ဘုတ်ဖွင့်ကာ တိုင်းရေးပြည်ရေးများအား သေချာအကဲခတ်သည့်အချိန်တွင် ဖေ့ဘုတ်ပေါ်၌ ရုတ်ရုတ်သဲသဲ လွှတ်တော်အမတ်များ၊၀န်ကြီးများ၏ သောက်တလွဲသတင်းများကို မြင်တွေ့ရသည့်အတွက် ချွတ်ချော်သည့် လွှတ်တော်အား Surprise check ၀င်ရန်အလို့ငှာ အပါးတော်မြဲ ဆူး လှည်း အားဆင့်ခေါ်လိုက်လေသည်။ဘွရှင်- ဆူးလှည်း ညီလာခံအမြဲဝင်နေကျ ဘစိန်တို့၊ထွန်းခင်တို့၊ဌေးလွင်ဦးတို့ မမြင်ပါလားဟ

ဆူးလှည်း- မှန်လှပါ ဒင်းတို့အုပ်စု ဒီဘိတ်ကိစ္စ အလုပ်ရှုပ်နေကြပါတယ် ဖြား

ဘွရှင်- အိမ်း.. ရှိစေတော့ သူတို့မအားလည်း ကိစ္စမရှိဘူး။ ဒင်းတို့က လိမ်မယ့်ညာမယ့်နေရာမှာပဲ သုံးလို့ရတာ။ ကိုင်း ငါ့ကိုယ်ရေးအရာရှိ ပရော်ဖက်ဆာဒေါက်တာကြွက် ကိုခေါ်လိုက်။ ဒီနေ့ ငါကိုယ်တော်မြတ် လွှတ်တော်ကို ၀င်တော်မူမယ်။

ဆူးလှည်း- အမိန့်တော်မြတ်အတိုင်းပါဖြာ

ထို့နောက် ဘွရှင်မင်းတြားဂျီးသည် ကိုယ်ရေးအရာရှိဒေါက်တာကြွက်၊ ကိုယ်ရံတော် စိုင်းနော် ခမ်း၊ အပါးတော်မြဲဆူးလှည်းနှင့်Way Min တို့နှင့်အတူ တံခါး၁၂ပေါက်ပါ မာဇီးဒီးစီးတော်ယာဉ်ဖြင့် လွှတ်တော်သို့ ကြွမြန်းတော်မူလေသည်။

လွှတ်တော်ကျိုင်းကိုင်လုလင် James Mint နှင့် လွှတ်တော်ဥက္ကဌဦးရွှေမန်းတို့ ဘွရှင်မင်းတြားဂျီးအား ခရီးဦးကြိုပြု၍ လွှတ်တော်အတွင်းခေါ်ဆောင်လာခဲ့သည့်အချိန်တွင် လွှတ်တော်အမတ်အားလုံး မတ်တပ်ရပ်ကာ အရိုအသေပေးကြသည်။ ခန်းမတစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည့် အချိန်တွင်..

"ဘူ!!!!"

ဘွရှင်- ဘယ်ကောင်လဲကွ အီးပေါက်တာ

အီးပေါက်သူ- ကျွန်တော်မျိုး မြင့်လှိုင်ပါဖြား

ဘွရှင်-မောင်မင်းက ဘယ်ပါတီကအမတ်လဲ

အီးပေါက်သူ- ကျွန်တော်မျိုးအမတ်မဟုတ်ပါဖြား ကြံ့ခိုင်ရေးပါတီကပါ ခုလက်ရှိဝန်ကြီးဖြစ်ကြောင်းပါဖြား (ခပ်ကြွားကြွားလေသံဖြင့်)

ဘွရှင်- ဘယ်ဌာနက၀န်ကြီးလဲကွဲ့

အီးပေါက်သူ- လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကပါဖြာ

ဘွရှင်- ကဲ ဟုတ်ပြီ အဲဒါဆို ငါမေးမယ် ၀န်ကြီး လွှတ်တော်ထဲမှာ အီးပေါက်ခွင့်ရှိလား

အီးပေါက်သူ- ဟီး အဲလိုကြီးတော့မရှိပါဘူးဖြား ဒါပေမယ့်လေ ဘုရားကျွန်တော်မျိုးမနေ့ညက ပေါ်ဆန်းမွှေးအကောင်းစားနဲ့ ထမင်းသုံးပန်းကန်စားလိုက်တယ်ဖြား ငါးရံ့ခေါင်းချဉ်ရည်ဟင်း၊ ဆူးပုတ်နဲ့ကြက်ဥကြော်၊ ပဲကြီးနှပ်နဲ့ ငါးခူကြော်ကြွပ်ကြွပ်ကြီးတွေ ကောင်းမှကောင်းဖြား ဟီးဟီး

ဘွရှင်- ခွီး!!! လာကြွားနေပြန်ပြီ နေစမ်းပါအုန်း နင်ကစိုက်ပျိုးရေးဝန်ကြီးဆိုတော့ ဘာစိုက်တတ်လဲ

အီးပေါက်သူ- အာ!! စိုက်တတ်တာပေါ့ဖြား တပည့်တော်စစ်သားဘ၀က တပ်ချုပ်ကြီးအမိန့်နဲ့ ကြက်ဆူပင်တွေအများကြီး စိုက်ဖူးပါတယ်ဖြား

ဘွရှင်- နင်ကိုယ်တိုင်စိုက်တာလား။

အီးပေါက်သူ- ဟီး ဟုတ်ဘူးဖြား ကျွန်တော်မျိုးကအရာရှိလေ အောက်ကရဲဘော်လေးတွေကို စိုက်ခိုင်းတာပေါ့ဖြား

ဘွရှင်- နင်ပြောတော့ စိုက်တတ်တယ်ဆို ခုဟာကသူများတွေစိုက်တာလေ

အီးပေါက်သူ- သူတို့စိုက်တာနဲ့ ကျွန်တော်မျိုးစိုက်တာ အတူတူပါပဲဖြား ဘာခက်တာမှတ်လို့ မြေကြီးထဲတူးပြီး အပင်စိုက်တာပဲဥစ္စာ

ဘွရှင်- ကဲဟုတ်ပါပြီ ဒါနဲ့နင်စားတဲ့ ပေါ်ဆန်းမွှေး ဘယ်ကရတုန်း

အီးပေါက်သူ- ကျွန်တော်မျိုးအိမ်ရဲ့ မီးဖိုချောင်ကပါဖြား

ဘွရှင်- တိန်!!! ဖြေတတ်လိုက်တာ ဆက်မေးမယ် အဲဒီမီးဖိုချောင်ထဲ အဲဒီဆန်ဘယ်လိုရောက်လာတာလဲ

အီးပေါက်သူ- ဟီးဟီး အဲဒါကတော့ လတိုင်းဟိုကုမ္ပဏီကလက်ဆောင်ပေး၊ ဒီကုမ္ပဏီကလက်ဆောင်ပေး နောက်ဖေးပေါက်ကအမြဲဝင်နေကျဆိုတော့ ဘယ်ကရမှန်းတောင် မသိတော့ပါဘူးဖြား ခိခိ

ဘွရှင်- ဟွန်း သောက်ခွက်လာပြောင်နေသေးတယ် ကျိုင်းနဲ့ထုလိုက်ရလို့ အီးတင်မက ချီးပါထွက်သွားမယ် ဟင်း ဒါနဲ့ မောင်မင်း လယ်သမားတွေကို ထမင်းတစ်နပ်ပဲစားပြီး အကြွေးဆပ်ခိုင်းနေတယ်ဆို

အီးပေါက်သူ- ဒါက ဒီလိုရှိပါတယ်ဖြား သူတို့ယူထားတာ နိုင်ငံတော်ပိုက်ဆံတွေလေ ချေးထားရင်ပြန်ဆပ်ရမှာပေါ့ဖြား အဲဒါမြန်မြန်ဆပ်နိုင်အောင် ချွေတာရေးအနေနဲ့ ထမင်းတစ်နပ်ပဲစားဖို့ ကျွန်တော်မျိုးက စေတနာနဲ့ အကြံပေးတာပါဖြား ကျွန်တော်မျိုးကြီးတောင် ဒီနှစ်ထဲ ထမင်းတစ်နပ်ပဲစားတာ ဒင်းတို့လည်းစားနိုင်ရမှာပေါ့

ဘွရှင်- ဟုတ်လို့လား ငါတော့မယုံပေါင်

အီးပေါက်သူ- ကျွန်တော်မျိုးမလိမ်ပါဘူးဖြား အမှန်တကယ်တစ်နပ်ပဲစားတာပါဖြား မနက်ဆို အီကြာကွေးနဲ့မုန့်ဟင်းခါးနှစ်ပွဲ၊ နေ့လည်မှာ ခေါက်ဆွဲကြော်ဖြစ်ဖြစ် ကြေးအိုးဖြစ်ဖြစ် နှစ်ပွဲစားပါတယ်။ ညနေစာကျမှပဲ ထမင်းတစ်နပ်စားတာပါဖြား အဲလိုတစ်နပ်ပဲစားလို့ အိမ်ကမိန်းမကတောင် ပိန်သွားတယ်လို့ပြောပါတယ်ဖြား

ဘွရှင်- ခွီးးးး နင်အဲလောက်မြိုဆို့နေမှတော့ ဘယ်လိုလုပ်ပိန်မှာလဲ ပြီးတော့ အဲလောက်စားရအောင် နင့်မှာဘာပင်ပင်ပန်းပန်းလုပ်စရာ ရှိလို့လဲ

အီးပေါက်သူ- ရှိပါတယ်ဖြား ကျွန်တော်မျိုး ဂေါက်ရိုက်တာ ဘယ်လောက်ပင်ပန်းလဲ ဘွရှင်မင်းတြားဂျီး မသိလို့။ ကျွန်တော်မျိုးကြီး တစ်နေ့တစ်နေ့ နေပြည်တော်ဂေါက်ကွင်းမှာ ဂေါက်ရိုက်ရင်းလမ်းလျှောက်ရတာ ခြေသလုံးတွေညောင်းလို့ မာဆတ်အမြဲသွားနေရတယ်ဖြား

ဘွရှင်- ဂိန်!!!

0 comments:

Post a Comment