ပေါက်ကရ လေးဆယ်

Subscribe:

Friday, January 4, 2013

သမိုင်းပညာရှင်ခေါ် ဦးဌေးလွင်ဦး၏ ဗုဒ္ဓဘာသာမပေါ်ပေါက်ခင် တည်ရှိခဲ့သည့် ရိုဟင်ဂျာသမိုင်း သုတေသနပြုချက်များအား ပက်ပက်စက်စက် ထောက်ခံခြင်း

သမိုင်းပညာရှင်ခေါ် ဦးဌေးလွင်ဦး၏ ဗုဒ္ဓဘာသာမပေါ်ပေါက်ခင် တည်ရှိခဲ့သည့် ရိုဟင်ဂျာသမိုင်း သုတေသနပြုချက်များအား ပက်ပက်စက်စက် ထောက်ခံခြင်း

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ကျော်ကာလ ဗုဒ္ဓပွင့်တော်မမူခင် ယခုခေတ် ရခိုင်ပြည်ဟုခေါ်တွင်သော ဒေသ၌ ရှေးဦးရိုဟင်ဂျာလူမျိုးများ ထီးနန်းစိုးစံနေခဲ့ကြသည်ဟု ဦးဌေးလွင်ဦးမှ သုတေသနပြုဖော်ထုတ်နိုင်ခဲ့သည်။အစ္စလာမ်သာသနာ မပေါ်ပေါက်သေးသည့် ခေတ်ကာလဖြစ်သည့်အတွက် အနှီရှေးဦးရိုဟင်ဂျာတို့သည် ရှေးဟောင်းဟိန္ဒူဘာသာအား ကိုးကွယ်ခဲ့ကြသည်။ ဆက်လက်လေ့လာကြည့်ရာ ရိုဟင်ဂျာတို့၏ ဟိန္ဒူအင်ပါယာသည် အလွန်တရာကျယ်ပြန့်လှသည့်အတွက် အင်ဒိုချိုင်းနား ကျွန်းဆွယ်တစ်ခုလုံးကို ပိုင်စိုးနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါအချက်အား အောက်ပါအထောက်အထားများဖြင့် သက်သေပြုပါအံ့။

ကမ္ဘောဒီယားနိုင်ငံရှိ ယူနက်စကိုအသိအမှတ်ပြု အန်ကောဝပ်ဘုရားကျောင်းသည် ရှေးဦး ရိုဟင်ဂျာတို့၏ လက်ရာဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ရှေးဟောင်းဟိန္ဒူဘာသာရေး အဆောက်အအုံများသည် ရိုဟင်ဂျာတို့၏ လက်ရာဖြစ်သည်။

မြန်မာ၊ထိုင်း၊လာအိုနိုင်ငံများတွင် တိမ်မြှုပ်ပျောက်ကွယ်လျက်ရှိသော ရှေးဟောင်းဟိန္ဒူဗိသုကာ လက်ရာများမှာလည်း ရိုဟင်ဂျာတို့၏ လက်ရာများပင်ဖြစ်သည်။

အဆိုပါရှေးဟောင်းအဆောက်အဦးများမှ တွေ့ရှိရသည့် အထောက်အထားများကို လေ့လာကြည့်ရာ ဟိန္ဒူရှေးဟောင်းကျမ်းတစ်ခုဖြစ်သည့် မဟာဘာရေတကျမ်းလာ ရာမ၊လက္ခဏ၊ဒဿဂီရိ၊ သီတာဒေ၀ီတို့သည်လည်း ရိုဟင်ဂျာများပင်ဖြစ်ကြောင်း အခိုင်အမာ တွေ့ရှိရလေသည်။ ဒဿဂီရိမှ ဆင်းသက်လာသော ရိုဟင်ဂျာများမှာ အသားမဲ၍ အမွှေးအမြှင် ထူတပ်ပြီး၊ ရာမမျိုးဆက်မှ ဆင်းသက်လာသော ရိုဟင်ဂျာများမှာ အသားအရည်အတန်ငယ် ဖြူ၍ ၀ါညက်ကြောင်း တွေ့ရှိရသည်။

ထပ်မံသုတေသနပြု ဆန်းစစ်ကြည့်ရာ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာတို့၏ ကျမ်းဂန်များတွင် ဖော်ပြထားသည့် ကမ္ဘာဦးလူ အာဒံနှင့်ဧ၀တို့မှာလည်း ရိုဟင်ဂျာများပင်ဖြစ်ကြောင်း တွေ့ရှိရသည်။ အာဒံ၏နာမည်ရင်းမှာ အာဒံဂျာဖြစ်ပြီ ဧ၀၏ အမည်ရင်းမှာ ဧ၀ဂျာဖြစ်ကြောင်း သိရှိရသည်။ လူသားမျိုးနွယ်၏ အဦးအစ မျိုးရိုးနာမည်ဖြစ်သဖြင့် ဂျာကိုဖျောက်၍ အာဒံ၊ဧ၀ဟုသာ လူသိများကြသည်။

ထိုမှတဖန် ဆက်လက်ခြေရာကောက် သုတေသနပြုကြည့်ရာ လူသားဟူ၍ ပီပီပြင်ပြင် မဖြစ်ပေါ်ခင် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာ ကာလက ပရိုင်းမိတ်များထဲတွင် လူသားဖြစ်လာမည့် ပရိုင်းမိတ် Ape သည် ရိုဟင်ဂျာ၏ ပထမဦးဆုံးမျိုးနွယ်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာပြည် ပုံတောင်ပုံညာဒေသမှ ကမ္ဘာအနှံ့သို့ လှေစီး၍ ပျံ့နှံ့သွားသော ရိုဟင်ဂျာ Ape များကြောင့် လူသားမျိုးနွယ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ရိုဟင်ဂျာမျိုးကွဲတစ်ခုဖြစ်သည့် သီတာဒေ၀ီမှ ဆင်းသက်လာသော မွန်ဂိုလွိုက်အနွယ် အသားဝါလူမျိုးများသည် တိဗက်ကုန်မြင့်မှ အင်ဒိုချိုင်းနားကျွန်းဆွယ်သို့ ရွေ့ပြောင်းဝင်ရောက်လာပြီး မူလဒေသခံ ဒဿဂီရိမျိုးဆက် ရိုဟင်ဂျာအသားမဲများနှင့် သွေးနှောကာ ယနေ့ခေတ် ရခိုင်၊ဗမာနှင့် ရိုဟင်ဂျာတည်းဟူသော မျိုးနွယ်စု သုံးခု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နိဂုံးချုပ်ရလျှင် သိန်းခိုပြည်သိမ်းတိုက်ပွဲအား ဦးဆောင်ခဲ့သူ ရိုဟင်ဂျာဟန်နုမာန်၏ မျိုးဆက်ထဲတွင် လက်ရှိအမေရိကန် သမ္မတအိုဘားမားလည်း တစ်ဦးအပါအ၀င်ဖြစ်ပြီး လက္ခဏမင်းသား၏ အသားဝါ ရိုဟင်ဂျာမျိုးဆက်တွင် တရုတ်သမ္မတ ဟူကျင်တောင်၊ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီနှင့် ဂျက်ကီချမ်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ရက်ပါ PSY တို့လည်း ပါဝင်ကြောင်း သိရှိရသည်။ သီတာဒေ၀ီ၏ ရိုဟင်ဂျာမျိုးဆက်သစ်များထဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဒီယား ၀န်ကြီးချုပ် ဟွမ်ဆန်၊ ထိုင်းဝန်ကြီးချုပ် ရင်လတ် နှင့် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်သည်။ သို့ဖြစ်ပါ၍ ကမ္ဘာ့လူသားတို့၏ ရှေးဦးမျိုးနွယ် ရိုဟင်ဂျာများအား ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ရိုဟင်ဂျာနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်သင့်သည့်အပြင် ထင်ရှားကျော်ကြားသည့် နိုင်ငံရေးခေါင်းဆောင်များ၊ အနုပညာရှင်များ၏ နာမည်နောက်တွင် ဂျာ ဟူသော မျိုးရိုးအမည်ကို ပေါင်းစပ်ထည့်သွင်း ခေါ်ဆိုသင့်ကြောင်း သမိုင်းပညာရှင် ဦးဋ္ဌေးလွင်ဦး၏ သုတေသနပြုချက်အား ပက်ပက်စက်စက် ထောက်ခံလိုက်ရပါတော့သည်။...:p

0 comments:

Post a Comment