ပေါက်ကရ လေးဆယ်

Subscribe:

Tuesday, January 15, 2013

နန်းပျောက် ရုက္ခစိုး


တောင်ဂတုံး
မြှောင်ကုန်းရယ်တဲ့ ပြောင်ပြီ
တောစီစီ ဗလာကျင်းပါလို့
ဘယ်သင်းမှာ ဒင်းခိုရပါ့မယ်
စိမ်းညိုညို အရောင်ပျောက်ပါပေါ့
ကျဲတောက်တောက်နေရောင်အောက်ဆီက
လောကဓံ မထောက်ညှာလွန်းတယ်
နန်းပျောက် ရုက္ခစိုး

Monday, January 14, 2013

ရပ်ကွက်ထဲက ရန်ပွဲ ဘယ်လိုရှင်းကြမလဲ

ရပ်ကွက်ထဲမှာ အိမ်နီးချင်းနှစ်အိမ် မတည့်ဘူးဆိုပါတော့။ ခဏခဏ အော်ကြီးဟစ်ကျယ် ရန်တွေဖြစ်၊ ထိုးကြကြိတ်ကြဖြစ်တယ်ဆိုတော့ခါ ရပ်ကွက်ထဲကလူတွေလည်း စိတ်အနှောက်အယှက်ဖြစ်ကြတာပေါ့လေ။ အဲတော့ ဒီနှစ်အိမ်ရဲ့ပြဿနာကြောင့် ရပ်ကွက်ထဲမှာလည်း ရှုထောင့်ပေါင်းစုံကနေ ဝေဖန်ရင်းက စိတ်ဝမ်းတွေကွဲကြတာပေါ့။ အဲကိစ္စ ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ။ ရန်ဖြစ်နေတဲ့ နှစ်အိမ်မှာ တစ်အိမ်က ရပ်ကွက်လူကြီးအိမ်၊ တစ်အိမ်က ရပ်ကွက်လူမိုက်အိမ်။ပြဿနာတွေ ကြားထဲမှာ နှစ်အိမ်စလုံးကခလေးတွေက သနားစရာပေါ့လေ။

တောတွင်းသား ဘွ (တတိယပိုင်း)


တောတွင်းသား ဘွ (တတိယပိုင်း)

ထိုင်းနယ်စပ်နားက မလေးရှားမြောက်ပိုင်းပြည်နယ်တွေမှာ မိုးတွင်းဖြစ်တဲ့ နှစ်စဉ် ဆယ်လပိုင်းလောက်ကနေ ဆယ့်နှစ်လပိုင်းထိ နှစ်စဉ်ရေကြီးတတ်ပါတယ်။ အဲဒေသတွေက တောအုပ်ထူထပ်ပြီး တောင်ကုန်း၊တောင်တန်းတွေ များလို့ မိုးအရမ်းများပါတယ်။ ရေကြီးလို့ နှစ်စဉ် လူသေဆုံးတာမျိုး ရှိပြီး ရွာတွေတော်တော်များများ ပျက်စီးတတ်ပါတယ်။ အဲလိုရေကြီးဒဏ်ကို ခံရတဲ့လူတွေထဲမှာ ဘွရှင်တို့လို နိုင်ငံခြားသား ရော်ဘာခြံအလုပ်သမားတွေလည်း ပါတာပေါ့။

Sunday, January 6, 2013

တောတွင်းသား ဘွ (ဒုတိယပိုင်း)

တောတွင်းသား ဘွ (ဒုတိယပိုင်း)

မလေးရှားနိုင်ငံရဲ့ အပင်ပန်းဆုံးအလုပ်တွေထဲမှာ ဆီအုန်းသီးထိုးတဲ့ လုပ်ငန်းပြီးရင် ရော်ဘာခြံလုပ်ငန်းဟာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ နေရေးထိုင်ရေး၊ စားရေးသောက်ရေးကအစ ကိုယ့်ဘာသာဖြစ်သလို ဖန်တီးယူရတာမို့ မလွယ်ကူလှပါဘူး။ တောရိုင်းတရိစ္ဆာန်တွေ ရှိနေတဲ့ တောကြီးမျက်မည်းထဲမှာ တစ်ယောက်တည်း အလုပ်လုပ်ရတာမို့လည်း တော်ရုံသတ္တိနဲ့ မရပါဘူး။

တောတွင်းသား ဘွ (ပထမပိုင်း)

တောတွင်းသားဘွ

ဘွဖေ့ဘုတ်မသုံးတတ်သေးခင်ပေါ့လေ....

တပ်ကထွက်ပြီး အပြင်မှာအခြေအနေတွေဆိုးလာတော့ ခွေးတိုးပေါက်ကနေ လေးဖက်ထောက်တိုးပြီး တိုးတက်ခမ်းနားလှပါတယ်ဆိုတဲ့ အာဆီယံနိုင်ငံတစ်ခုရဲ့ တောတွင်းတစ်နေရာမှာ ဘွအလုပ်သွားလုပ်ခဲ့ဖူးပါတယ်။ ဆီဆန်ဆား အသေးသုံးတိုလီမုတ်စတွေဝယ်လို့ရတဲ့ အိမ်ဆိုင်သေးသေးလေးရှိတဲ့ အနီးဆုံးရွာဟာ ဘွနေတဲ့ဂေဟာနဲ့ ငါးမိုင်လောက်ဝေးပါတယ်။

ဘွရဲ့ဂေဟာကတော့ တာလပတ်မိုး၊ ပီနံအိတ်ကာ၊ ကျပ်လုံးဝိုင်းလောက်ရှိတဲ့ အပင်တွေကိုခုတ် အခက်အလက်တွေကို အချောသတ်ပြီး ပီနံကြိုးနဲ့ကျစ်ချည်ပြီး ခင်းထားတဲ့ကြမ်းခင်းနဲ့ အထူးစပယ်ရှယ် လက်ရာမြောက်စွာ တည်ဆောက်ထားတဲ့ ရာဘာခင်းနောက်ဖက် တောရိုင်းထဲက တဲလေးဖြစ်ပါတယ်။ တဲနံရံပေါ်မှာနဲ့ ခေါင်မိုးအတွင်းပိုင်းမှာတော့ သတင်းစာထဲက ကောင်မလေးချောချောပုံတွေ နေရာမလပ်အောင် ကပ်ပြီး အလှဆင်ထားပါတယ်။

Friday, January 4, 2013

သမိုင်းပညာရှင်ခေါ် ဦးဌေးလွင်ဦး၏ ဗုဒ္ဓဘာသာမပေါ်ပေါက်ခင် တည်ရှိခဲ့သည့် ရိုဟင်ဂျာသမိုင်း သုတေသနပြုချက်များအား ပက်ပက်စက်စက် ထောက်ခံခြင်း

သမိုင်းပညာရှင်ခေါ် ဦးဌေးလွင်ဦး၏ ဗုဒ္ဓဘာသာမပေါ်ပေါက်ခင် တည်ရှိခဲ့သည့် ရိုဟင်ဂျာသမိုင်း သုတေသနပြုချက်များအား ပက်ပက်စက်စက် ထောက်ခံခြင်း

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ကျော်ကာလ ဗုဒ္ဓပွင့်တော်မမူခင် ယခုခေတ် ရခိုင်ပြည်ဟုခေါ်တွင်သော ဒေသ၌ ရှေးဦးရိုဟင်ဂျာလူမျိုးများ ထီးနန်းစိုးစံနေခဲ့ကြသည်ဟု ဦးဌေးလွင်ဦးမှ သုတေသနပြုဖော်ထုတ်နိုင်ခဲ့သည်။

သိုင်းလောက၏ စိမ်ခေါ်သံ ပဉ္စမပိုင်း

ကမ္ဘာပျက်မည်ဟူသော ကောဟာလဟသည် ဆောင်းကာလ၌ သိုင်းလောကသားများအား ထင်သလောက်အိပ်မက်ဆိုး မမက်စေခဲ့ပေ။ လက်ပတောင်းတောင်မှ မီးလောင်ဗုံး၏ ဒဏ်ရာဒဏ်ချက်များကြောင့် ကမ္ဘာပျက်၍ သေသွားလည်း အေးတာပဲဟု ခံယူသူများပင် ရှိနေသည်။ ဆိုင်ကယ်စီးရင်း လေယာဉ်ပျံဝင်တိုက်၍ ကွယ်လွန်သူအပါအ၀င် ရုပ်ဆိုးအကျည်းတန်မှုများဖြင့် ၂၀၁၂ခုနှစ်အား ကန့်လန့်ကာချခဲ့သော်လည်း သိုင်းလောကတစ်ခုလုံး ဟက်ပီးနယူရီးယား ကြွေးကြော်သံများဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။