ပေါက်ကရ လေးဆယ်

Subscribe:

Wednesday, April 25, 2012

လူ့အခွင့်အရေးနှင့် အမျိုးသားရေး (သရော်စာ)


လူ့ အခွင့်အရေးကို ဦးစားပေးသင့်သလား၊ အမျိုးသားရေးကို ဦးစားပေးသင့်သလား


ဒီရက်ပိုင်း အင်တာနက်သုံးတိုင်း တွေ့နေရတဲ့ post တွေကြောင့် ခေါင်းထဲမှာ မေးခွန်းတစ်ခု အလိုလို ရောက်လာပါတယ်။ ကိုယ်တွေးတဲ့မေးခွန်းကို ကိုယ့်ဘာသာကိုယ် ပြီးပြည့်စုံအောင် ဖြေနိုင်ဖို့ လုံလောက်တဲ့ ဗဟုသုတကလည်း မရှိလေတော့ ခုရေးနေတဲ့ အချိန်ထိလည်း တွေးနေဆဲပါပဲ။ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါးကာလကို ဖြတ်သန်းပြီးတဲ့အထိ လူ့အခွင့်အရေးဆိုတဲ့ အသံတွေကို နားမဆန့်အောင် ကြားဖူးခဲ့သလို အမျိုးသားရေးဆိုတဲ့ ဟာတွေကိုလည်း ဦးနှောက်နဲ့ မဆန့်အောင် သင်ကြားမှတ်သားခဲ့ရပါတယ်။ အဲဒီနေရာမှာ အမျိုးသားရေးဆိုတဲ့ စကားလုံးကို အများဆုံး သုံးခဲ့တာက ကျွန်တော့်တစ်သက်နီးပါး ခုချိန်ထိ လူချစ်လူခင် အင်မတန်ပေါတဲ့ အာဏာပိုင် အဖွဲ့အစည်း ယူနီဖောင်း ၀တ်/ချွတ်တွေ ဖြစ်ကြပြီး လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို  မြစ်ဆိပ်မှာ အ၀တ်လျှော်သလို ပေါပေါများများ သုံးစွဲတတ်တာက ပြည်တွင်းပြည်ပ အတိုက်အခံ နိုင်ငံရေးသမားများနဲ့ နိုင်ငံခြားအခြေစိုက် မြန်မာဘာသာနဲ့ ထုတ်လွှင့်တဲ့ မီဒီယာတွေ ဖြစ်ကြပါတယ်။

Tuesday, April 24, 2012

၂၁ ရာစု သိဒ္ဓထ္ထ ကုမာရ

၂၁ ရာစု သိဒ္ဓထ္ထကုမာရ

 



ဘုရားလောင်းမဟုတ်ပါ။ သို့သော် သူ့တွင် ကြီးမားသော ရည်မှန်းချက်တစ်ခုရှိနေမည်မှာ သေချာသည်။ ဗုဒ္ဓဘာသာ၏အလိုအရ ရှေးဘ၀က ကြီးမားသော ကုသိုလ်ကံပါရမီတို့ကို သူ၏လက်ရှိဘ၀တွင် ပိုင်ဆိုင်ခွင့်ရခဲ့သည်။ သို့သော် အဆိုပါကံအကျိုးတရားတို့သည် သူ့ကို ရောင့်ရဲတင်းတိမ်နှစ်သိမ့်ခြင်း မဖြစ်စေခဲ့ပေ။ သူ၏ အန္တိမရည်မှန်းချက်သည် ကမ္ဘာကျော် Forbes မဂ္ဂဇင်း၏ သန်းကြွယ်သူဌေးများ စာရင်းတွင် ပါရှိရန်မဟုတ်၊ ဇိမ်ခံရိုးရွိုက်လ်ကား၊ရွက်လှေများ ပိုင်ဆိုင်ရန်မဟုတ်၊ ဖာရာရီပြိုင်ကားစီး၍ မိန်းမလှလေးများကို ထည်လဲတွဲရန်မဟုတ်၊ သွားလေရာသို့ ကိုယ်ရံတော် သက်တော်စောင့်များ ခြံရံ၍ တခမ်းတနားနေထိုင်ရန်မဟုတ်၊ ကမ္ဘာ့နိုင်ငံရေးသမားများကို မိမိ၏စီးပွားရေး အင်ပါယာအတွက် ကြိုးဆွဲအသုံးချနိုင်ရန်မဟုတ်ပေ။

Sunday, April 22, 2012

မြန်မာပြည်၏ လက်ရှိအပြောင်းအလဲနှင့်ပတ်သက်၍ ၀ါရင့် သံတမန်ဟောင်းတစ်ဦး၏ အမြင်

မနှစ်က မြန်မာ့နိုင်ငံရေးအပြောင်းအလဲရဲ့ အရုဏ်ဦးကာလမှာ ပထမဦးဆုံး ဘာသာပြန်ခဲ့တဲ့ သတင်းစာဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ မူရင်းစာရေးသူရဲ့ အဲဒီတုန်းကအမြင်ကို မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ နှိုင်းယှဉ်ဆန်းစစ်လေ့လာနိုင်ဖို့ ရည်စူးပြီး ပြန်လည်မျှဝေလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကာလတုန်းက အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်နှင့်အတူ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးစာမျက်နှာ အသစ်တစ်ရပ် ဖွင့်လှစ်ခဲ့ပါတယ်။ သူမရဲ့ခရီးစဉ် အတောအတွင်းမှာ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တိုက်တွန်းအားပေးရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ဒေသတွင်းသြဇာလွှမ်းမိုးမှုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် အန္တရာယ်ရှိတဲ့ နေရာဝင်ယူမှုကိုပါ တပါတည်းဆောင်ကြဉ်း လာခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။

ရင်သပ်ရှုမောဖွယ် Hang Son Doong လှိုဏ်ဂူတွင်းရှိ ဒဏ္ဍာရီဆန်သော သဘာဝအလှများ

ရင်သပ်ရှုမောဖွယ် Hang Son Doong လှိုဏ်ဂူတွင်းရှိ ဒဏ္ဍာရီဆန်သော သဘာဝအလှများ




လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ နှစ်ကျော်ခန့်က Ho Khanh ဆိုသူဟာ ဗီယက်နမ်တောနက်ကြီးတစ်ခုအတွင်းမှာ လမ်းပျောက်ပြီး မိုးခိုနားနေဖို့ နေရာလိုက်ရှာတဲ့အချိန်မှာ မထင်မှတ်ပဲ အထဲမှာ မြစ်တစ်စင်းဖြတ်သန်းစီးဆင်းနေတဲ့ ဧရာမလှိုဏ်ဂူကြီးတစ်ခုရဲ့ အ၀င်ဝကို သွားတွေ့ခဲ့ပါတယ်။ သူ့ကို VietNamNet(tinyurl.com/7fb53xj) က အင်တာဗျူးတဲ့အချိန်မှာ သူအိမ်ပြန်ရောက်ပြီး နောက်တစ်ကြိမ်ထပ်သွားရှာခဲ့ပေမယ့် တောတောင်ထူထပ်လွန်းလို့ အဲဒီလှိုဏ်ဂူကို ဘယ်လိုမှ ထပ်ရှာလို့ မတွေ့ခဲ့ဘူးလို့ ပြောသွားပါတယ်။

Monday, April 16, 2012

နွားကျောင်းသားတို့ အိမ်ပြန်ချိန်

 
ပုဇွန်ဆီ
ရောင်နီအိုကလွှမ်း
နေရီရီ ဆည်းဆာသန်းတော့
လယ်စခန်းဆီက အပြန်

မဏိမေခလာ စောင့်သည့်ကြိုး အပိုင်း(၁)



မဏိမေခလာ စောင့်သည့်ကြိုး အပိုင်း(၁)


ကျွန်တော်တို့ အားလုံးဟာ လမ်းမတွေပေါ်မှာ ကေဘယ်ကြိုးတွေမြှုပ်ဖို့  မြောင်းတွေတူး၊မြေတွေဖို့ နေကြတာကို ရင်းရင်းနှီးနှီးမြင်ဖူးကြတဲ့လူတွေ ဖြစ်ကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အားလုံးထဲမှာ မြစ်တွေနဲ့ ပင်လယ်သမုဒ္ဓရာတွေကိုဖြတ်ပြီး ကေဘယ်လ်ကြိုးတွေကို ဘယ်လိုမြှုပ်တယ်ဆိုတာ မြင်ဖူးတွေ့ ဖူးတဲ့လူများ ရှိပါသလား။မရှိသလောက် နည်းမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုမျိုး ပင်လယ်ထဲမှာ ကေဘယ်ကြိုးတွေရေချပြီး မြှုပ်တဲ့နေရာက ပင်လယ်ကူးသင်္ဘောတွေဖြတ်သွားဖြတ်လာ ကျောက်ချတတ်တဲ့နေရာမျိုးနဲ့  ငါးဖမ်းကွက်တွေကို ရှောင်ကွင်းပြီး အထိအခိုက်မရှိနိုင်တဲ့ သီးသန့် နေရာမျိုးမှာ လုပ်ကိုင်ရတာကြောင့်ဖြစ်ပါတယ်။တကယ်လို့  အဲဒီကေဘယ်ချမယ့် ရေလက်ကြားဟာ သင်္ဘောလမ်းကြောင်း ဒါမှမဟုတ် ငါးဖမ်းကွက်ဖြစ်နေရင် လှေသင်္ဘောတွေ မောင်းနှင်သွားလာမှုကြောင့် ထိခိုက်တာကိုရှောင်ရှားနိုင်ဖို့ ရေအောက်ကြမ်းပြင်ကို နက်နက်တူးပြီး ကေဘယ်တွေကို မြှုပ်ရတာမျိုးလည်း ရှိတတ်ပါတယ်။

မဏိမေခလာစောင့်သည့်ကြိုး အပိုင်း(၂)

မဏိမေခလာစောင့်သည့်ကြိုး အပိုင်း(၂)



အပိုင်း(၁)မှာ ရေအောက်ကေဘယ်ကြိုးတွေရဲ့  ကမ္ဘာ့ဆက်သွယ်ရေးစနစ်အပေါ် အကျိုးပြုပုံနဲ့ ဒီကေဘယ်တွေကိုတပ်ဆင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အချက်အလက်အချို့ ကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာပြန်သူတစ်ယောက်အနေနဲ့  ကျွန်တော့်ရဲ့ အတွေ့ အကြုံအရ ၀င်ပြောရမယ်ဆိုရင် ဒီကေဘယ်ကြိုးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဥပမာ ငလျင်လှုပ်တာမျိုးတွေကြောင့် ထိခိုက်ပျက်စီးနိုင်ပေမယ့် ကျွန်တော်ရောက်ဖူးတဲ့တိုင်းပြည်တွေထဲမှာ မြန်မာပြည်မှာလို နိုင်ငံရေးအခြေအနေရုတ်ရုတ်သဲသဲဖြစ်တာကြောင့် အင်တာနက်လိုင်းတွေကို သွားထိခိုက်တာမျိုးတော့ တစ်ခါမှမကြုံဖူးပါဘူး။ စမ္ပာနဂိုရ်ကနွားမပေါင်ကျိုးလို့  ညောင်ဦးကမ်းပါးပြိုရတယ်ဆိုတာမျိုးသာ ဆက်စပ်မှုတကယ်ရှိမယ်ဆိုရင် လမ်းပေါ်မှာ ဘုန်းကြီးတွေမေတ္တာသုတ်ရွတ်တဲ့ အသံလှိုင်းရိုက်ခတ်လို့  ပင်လယ်ထဲက ကေဘယ်တွေတစ်ချောင်းချင်း ထောင်းခနဲများထပြတ်ကုန်လေရော့သလား။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့  စဉ်းစားရင် ဖြစ်နိုင်ခြေအများကြီးရှိမှာပါ။(နောက်တာ..:p)