ပုဇွန်ဆီ
ရောင်နီအိုကလွှမ်း
နေရီရီ ဆည်းဆာသန်းတော့
လယ်စခန်းဆီက အပြန်
ဘုတ်မြည်သံ အီချိုနွဲ့
ညှင်းတွဲ့တွဲ့ ချိုးကူဟန်
ဆူဆူညံတဲ့ ခလောက်
ကွင်းတလျှောက်တွင်မှ
ဖုန်ရောင်တွေ ထိန်ထိန်တောက်တဲ့
တဟဲ့ဟဲ့ ငေါက်သံတွေအကြား
နွားကျောင်းသားတို့ အိမ်ပြန်ချိန်။
ငချွန်းယေ(၉.၄.၂၀၁၂)
ကွင်းရဲ.အနောက် ပုဇွန်ဆီရောင်တောက်ချိန်
ReplyDeleteရွာအ၀င်တမာပင်ရပ်ဆီက
ဖိုးတုတ်တို. ဖော်တစ်သင်း
မောင်းရင်းနဲ.၀င်
ဝေမင်း :P