ပေါက်ကရ လေးဆယ်

Subscribe:

Monday, December 10, 2012

မော်ဒန်စက်ကြီး (၁၀)ပါး ဘုရားရှိခိုး


သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။

တစ်ဆယ့်လေးချက် ဓမ္မစက်။

သပိတ်လက်နက် သံဃာ့စက်။

ကြိမ်တို့ခိုင်းရာ၊ နွားပမာသို့၊ ဒိုင်းကာလက်နက် ရဲတို့စက်။အသိခေါက်ခက်၊ အ၀င်နက်၍၊ အမ်အေလက်နက် စစ်သားစက်။

တောတောင် လယ်ကွင်း၊ အပြောင်ရှင်း၍၊ မြေကျင်းတူးကာ၊ ဘူဒိုဇာလက်နက် တရုတ်စက်။

ပြောင်းဝတွင်းက တ၀င်းဝင်းလက် လောင်မီးကျလျှက် ဦးပိုင်စက်။

တိုင်းပြည်ရေးခင်း၊ရှောင်ခွာကျင်း၍၊ မဟုတ်သတင်း၊ ထုတ်ပြန်နှင်းလျှက်၊ နိုင်ငံတော်သမ္မတရုံးစက်။

နဖားကြိုးဆောင့်ဆွဲ၊ ကြိမ်နှင့်ဖြဲမှ၊ ထရုန်းပြသည့်၊ နိုင်ငံတော်သမ္မတစက်။

မြစ်ချောင်းလယ်ယာ၊ မြေဇာတွင်းထွက်၊ ကျောက်မျက်မကျန်၊ လူပါနှံ၍၊ တရုတ်ဖင်လျက်၊ အစိုးရစက်။


အထက်ပါစက်များ ရွတ်သံကြားက အများပြည်သူ ဖေ့ဘုတ်ဆူအံ့...:p


ပုံ- အထက်လမ်း ဆြာဂျီး အင်းစိန်ပြန် ဘွရှင် ခိခိခိ

0 comments:

Post a Comment