အခန်း(၄) ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ
(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ လုပ်ကြံခြင်းမခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းအတွင်း မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ဖြုန်းတီးမှုများကို ထောက်ပြသွားပြီး အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပတင်သွင်းကုန် အရေအတွက်ကို လျှော့ချသင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။
“ဆီကို ကုလားပြည်က ၀ယ်ရတယ်”
အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွားသောအဓိပ္ပါယ်သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားလိမ့်မည် မဟုတ်ချေ။
(2) မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု
Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန်ဆိုထုတ်ဝေခဲ့သည့် ၀န်ကြီးချုပ်ဦးနု မြန်မာဘာသာဖြင့် မူရင်းရေးသားသော ငါးနှစ်ရာသီ ဗမာပြည် စာအုပ် စာမျက်နှာ ၁၇ တွင်-
“ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေသည်။”
စာမျက်နှာ ၂၀၅ တွင် တဖန်-
“အုပ်ချုပ်ရေးစီရင်မှုအဖွဲ့ (preparatory Committee) ကိုဖွဲ့ပြီး၍ တစ်လလောက်ရှိသောအခါ တစ်နေ့သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတစ်ဦးကို သူ၏ရုံးခန်းအတွင်း၌ ဒေါက်တာဘမော်သည် ခေါ်၍ (သူသည် ချောင်း၍ အသတ်ခံရမည်လောဟူ၍) တိုင်ပင်ဘူး၏။”
(3) ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ သတင်းစာဆရာ၊စာရေးဆရာ ဦးသိန်းဖေမြင့်
သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာ စာအုပ် စာမျက်နှာ၁၇၀ တွင်-
“ကုလားဆင်းရဲသားများကား ဗမာပြည်၌လာရောက်နေထိုင်ရသော ကျေးဇူးကိုမေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တခါတခါ ဗမာများနှင့် ဆိုးတူကောင်းဘက် ဆောင်ရွက်ကြလေသည်။ ရေနံချောင်း၊တညင်စသော ရေနံမြေသပိတ်တို့၌၎င်း၊ အခြားသပိတ်တို့၌၎င်း၊ ကုလားအလုပ်သမားနှင့် ဗမာအလုပ်သမားသည် တပူးတပေါင်းတည်းရှိသည်မှာ ထင်ရှား၏။”
အခန်း(၅) အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ
(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ကြေငြာစာတမ်း အမှတ်(၁)၊ အပိုဒ်(၂)၊ အပိုဒ်ခွဲ(ဏ)၊ ၁၉၄၄-ခု၊သြဂုတ်လ ၇ ရက်။(3)
“ကရင်၊ရှမ်း၊ပလောင်၊တောင်သူ၊ကချင်၊ချင်း၊ မွန်၊တရုပ်၊ကုလား စသောလူနည်းစုများ၏ နိုင်ငံရေး၊စီးပွားရေး၊ လူမှုဆက်ဆံရေးအခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။”
(2) မြေအောက်ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ ၂၇ရက်။ အခဏ်း (၆)၊ အပိုဒ် (၄)။(4)
“ကုလားစစ်တပ်ကိစ္စ။ ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်းဆုတ်သွားမည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးတွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။”
အခန်း(၆) မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း
(က) အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဖန်တီးမှု
ကိုလိုနီခေတ်အတွင်း အိန္ဒိယတိုက်ငယ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွေ့အခြေချနေထိုင်သူဦးရေ အလွန်အမင်းများပြားလာသည့်ကြောင့် အဆိုပါ အစွန်းရောက်အမျိုးသားရေးဝါဒီတို့က ကုလား ဟူသောဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုမှုသစ်တစ်ရပ် တီထွင်ဖန်တီးခဲ့ကြသည်။ ၎င်းတို့က ကုလား ဟူသော ဝေါဟာရသည် “ကူး”(ဖြတ်သန်းခြင်း)ဟူသော မြန်မာဘာသာစကားနှင့် “လာ”(၀င်ရောက်ခြင်း) ဟူသောမြန်မာစကားမှ ဆင်းသက်လာသည်ဟု ပြောဆိုခဲ့ကြသည်။ အပြည့်အစုံ အဓိပ္ပါယ်ဖွင့်ဆိုပါက ပင်လယ်ရပ်ခြားတိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများ ဟုအဓိပ္ပါယ်ရသည်။
၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်တွင်လည်း အဆိုးသဘော အဓိပ္ပါယ်သက်ရောက်မှု တစုံတရာ မပါရှိပဲအတင်း မြန်မာမှုပြုခဲ့ကြခြင်းဖြစ်သည်။ ယနေ့အချိန်ထိ အချို့သောရှေးဟောင်းစာပေဗဟုသုတမကြွယ်ဝသူများက ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဝိဂြိုဟ်ပြုမူ အမှန်အဖြစ် လွဲမှားစွာထင်မှတ်နေကြလျက်ရှိသည်။ သို့သော် အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်ကို မြန်မာမှုပညာရှင်အသိုင်းအဝိုင်းက အခြေအမြစ်မရှိ၍ လုံးဝလက်မခံပါ။
အကယ်၍ “ကူးလာ” မှ ကုလား ဖြစ်လာသည်ဆိုပါလျှင် အာဖရိကလူမည်းများကို ကပ္ပလီဟု မြန်မာ ဘာသာဖြင့်ခေါ်ဆိုသည့် အသုံးအနှုန်းအားလည်း အတင်း မြန်မာမှုပြု၍ “ကပ်”(အနားသို့တိုးသည်၊ အနီးတွင်နေသည်) နှင့် “ပလီ”(ချွဲသည်[ဘန်းစကား]၊ ချိုသာစွာဖြားယောင်းသည်) ဟု အဓိပ္ပါယ်ဖွင့်ဆို လိုက်ပါက “ကပ္ပလီ” ဟူသော အခေါ်အဝေါ်သည် "အနီးတွင်နေ၍ ချွဲသူ” ဖြစ်သွားပါတော့မည်။ အမှန်တွင်မူ ၎င်းဝေါဟာရသည် အာရပ်ဘာသာစကား Kafir (Non Believer of Islam or infidel) “အစ္စလမ်ဘာသာ မကိုးကွယ်သော မိစ္ဆာအယူဝါဒရှိသူ" မှ ဆင်းသက်လာသောစကား ဖြစ်ပါသည်။
ထို့ကြောင့် ကုလားဟူသော ဝေါဟာရသည် “ကူးလာ” မှဆင်းသက်လာကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက် သည် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း၊ အတင်း မြန်မာမှုပြုခဲ့ ကြခြင်းဖြစ်ကြောင်း သိရှိနိုင်သည်။
(ခ) မြန်မာနိုင်ငံအတွင်းရှိအိန္ဒိယနွယ်ဖွားများ ကိုယ့်အဓိပ္ပါယ် နှင့်ကိုယ်ဖွင့်ဆိုပြီးနာကြည်းကြခြင်း။
ကုလားဟူသော အခေါ်အဝေါ်သည် တဖက်သားအား ထိခိုက်စော်ကားသည့် အဓိပ္ပါယ်မျိုး မသက်ရောက်သော်လည်း အိန္ဒိယနွယ်ဖွားများမှာ အဆိုပါအခေါ်အဝေါ်အား နှစ်သက်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊အူရဒူ၊ဘင်္ဂလီစသည့် ဘာသာစကားများတွင် အသားအရောင်ရှိသူ (ဝါ) ငမဲ (သို့) အသားမဲ ဟုအဓိပ္ပါယ် ရသော "ကာလာ" ဝေါဟာရနှင့် အသံထွက်ခြင်း နီးစပ်နေကြောင့်ဖြစ်သည်။ ၎င်းပြင် ကိုလိုနီအရှင်သခင် ဗြိတိသျှတို့က အိန္ဒိယနွယ်ဖွားများကို “Coloured” ဟု နှိမ့်ချခွဲခြားဆက်ဆံခဲ့ ကြခြင်းကြောင့်လည်းနာ ကြည်းချက်ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများ၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသော အသုံးအနှုန်းသည် ဗမာ၊ရခိုင်၊မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ(ဝါ) ငမဲများဟု နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီး ပြောဆိုလေ့ရှိကြသည်။
သို့သော် ဗမာ၊ရခိုင်၊မွန်၊ရှမ်း၊ကရင်စသည့် မြန်မာတိုင်းရင်းသား လူမျိုးများအနေဖြင့် ကုလားဟူသော အခေါ်အဝေါ်အား သုံးစွဲသည့်နေရာတွင် အထက်ပါအဓိပ္ပါယ်မျိုးအား မည်သည့်အခါမှ ရည်ရွယ်ပြော ဆိုခြင်း မရှိခဲ့ချေ။ အတိအကျထောက်ပြရမည်ဆိုပါလျှင် အိန္ဒိယမြောက်ပိုင်းနှင့် ပါကစ္စတန်ဒေသမှ ဆင်းသက်လာသော အချို့လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ မွန်၊ဗမာ၊ရခိုင်စသည့် ဌာနေတိုင်းရင်းသား အချို့ထက် အသားပိုဖြူပြီး ချောမောလှပသည်ကို ကြည့်လျှင်သိရှိနိုင်သည်။
အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် စပ်လျဉ်း၍ စာရေးသူ၏အယူအဆမှာ မြန်မာနိုင်ငံတွင်းနေထိုင်ကြ သည့် အိန္ဒိယနွယ်ဖွား လူမျိုးများသည် ၎င်းတို့ရောက်ရှိနေထိုင်သည့်နိုင်ငံ၏ ဘာသာစကားကိုသေချာစွာ မလေ့လာသည့်အပြင် ကိုယ်လိုရာဆွဲပြီး "ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်" လုပ်နေချက် သက်သက် သာဖြစ်သည်ဟု သုံးသပ်မိသည်။
မြန်မာနိုင်ငံသားများကို ထိုင်းလူမျိုးများက ၎င်းတို့၏ ဘာသာစကားအရ Phama ဟုခေါ်ကြသည်။ အဆိုပါ စကားလုံး၏ အသံထွက်သည် မြန်မာဝေါဟာရ ထဲတွင် “ဖာမ” သို့မဟုတ် “ဖားမ” ဟူသော ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေသည်။ ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်ဆိုခဲ့မည်ဆိုပါလျှင်လွဲမှားစွာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။ သို့သော် မည်သည့်မြန်မာလူမျိုးကမျှ အဆိုပါအခေါ်အဝေါ်အတွက် စောဒကတက်ခြင်း မရှိခဲ့ချေ။
(ထိုင်းလူမျိုးများအနေဖြင့် ဘုရင့်နောင်မင်းတရား ထိုင်းကိုသိမ်းပိုက်ခဲ့သည်အချိန်တွင် မြန်မာတို့အား Phama ဟုခေါ်ဆိုခဲ့သကဲ့သို့ ယခုမြန်မာလူမျိုးအများအပြား ထိုင်းနိုင်ငံအတွင်း အောက်ခြေသိမ်း အလုပ်လုပ်ကိုင်နေရသည့် အချိန်တွင်လည်း Phama ဟုသာ ဆက်လက် ခေါ်ဝေါ်နေမည်သာဖြစ်သည်။ [ဘာသာပြန်သူ])
အခန်း(၇) အချို့သောပညာရှင်များ၏ သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံ ကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် (သတိမမူပဲ) ရေးသားတင်ပြမှုများ။
(1) Desai, W. S, India and Burma, Calcutta, 1954, p. 37-38.
"Burmans call Indians Kalas. This term has been interpreted into two different ways. Ku in Burmese means to cross over; and la is to come. So Kala is the one who has crossed over and come into the country, that is, a foreigner. The other interpretation is that it is the Sanskrit Kula meaning clan or caste. Hence it is thought that the term was applied to Indians since they observe caste. Kalas therefore would mean "the caste people". Most probably the first interpretation is the correct one. Kala simply means a foreigner. Europeans are often called by Burmans Kala phyu, i.e. white foreigners. The term Kala has indeed become in Burma a term of reproach and should be banned. When the Japanese were in occupation of the country from 1942 to 1945, they forbade the use of this term, substituting Indos ."
“မြန်မာလူမျိုးများသည် အိန္ဒိယလူမျိုးများကို ကုလားဟုခေါ်ကြသည်။ အဆိုပါအသုံးအနှုန်းအား နည်းလမ်းနှစ်မျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ “Ku” သည် မြန်မာစကားတွင် ဖြတ်သန်းခြင်း၊ “La” သည် ဆိုက်ရောက်သည် ဟုအဓိပ္ပါယ်ရသည်။ ထို့ကြောင့် ကုလားဟူသော စကားသည် တိုင်းပြည်တွင်း သို့ဖြတ်သန်းဝင်ရောက်လာသူ၊ နိုင်ငံခြားသားဟု အနက်အဓိပ္ပါယ်ရသည်။
အခြားအဓိပ္ပါယ်ဖွင့်ဆိုနည်းတခုမှာ သက္ကတဘာသာစကားအရ ကုလား၏ အဓိပ္ပါယ်သည် လူမျိုးစု(သို့) ဇာတ်ခွဲထားသော၊သီးသန့်ခွဲခြားထားသော လူတစုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထိုအသုံးအနှုန်း သည် မြန်မာလူမျိုးများက အိန္ဒိယလူမျိုးများအား ဇာတ်ခွဲ တတ်သော သီးသန့်လူမျိုးစုအဖြစ် ထင်မှတ် ခဲ့ဟန်တူသည်။
အထက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ခုထဲမှ ပထမတခုမှာ အမှန်ဖြစ်နိုင်သည်။ ကုလားသည် နိုင်ငံခြားသား ကို ရည်စူးခေါ်ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ ဥရောပတိုက်သားများအားလည်း မြန်မာများက ကုလားဖြူ (အသားဖြူနိုင်ငံခြားသား)ဟု ခေါ်ဝေါ်လေ့ရှိသည်။။ ကုလားဟူသော အသုံးအနှုန်းသည် မြန်မာပြည်တွင် တဖက်သားအား ရှုံ့ချစော်ကားစရာစကားတခု အမှန်ဖြစ်လာပြီး လုံးဝပိတ်ပင်သင့်သော အသုံးအနှုန်းတခုဖြစ်သည်။ ထိုတိုင်းပြည်အား ဂျပန်များ သိမ်းပိုက်ခဲ့သည့် ၁၉၄၂-၁၉၄၅ တွင် အဆိုပါအသုံးအနှုန်းကို တားဆီးပိတ်ပင်ခဲ့ပြီး အင်ဒို ဟူသောစကားဖြင့် အစား ထိုးခေါ်ဝေါ်စေခဲ့သည်။”
အထက်တွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းအတိုင်း တင်ပြထားသော ပါမောက္ခ Desai ၏ စာပိုဒ်၌ စာရေးသူက စာကြောင်း အချို့ကို မျဉ်းသားထားလိုက်ပါသည်။ အကြောင်းမှာ ပါမောက္ခ Desai ၏ တင်ပြချက် တိကျမှန်ကန်မှုမရှိသောကြောင့်ဖြစ်ပါသည်။။ အဆိုပါဝေဖန်ချက်အတွက် အထောက်အထား၊ အကိုးအကားအဖြစ် ဂျပန်ခေတ်(၁၉၄၂-၁၉၄၅) ကာလအတွင်း ထုတ်ဝေခဲ့သော မြန်မာသတင်းစာများမှ ကောက်နုတ်ချက်အချို့ကို ဥပမာအဖြစ် ထုတ်နုတ်တင်ပြလိုပါသည်။
အဆိုပါသတင်းစာကောက်နုတ်ချက်များကို လူထုဦးလှ၏ “သတင်းစာများက ပြောပြတဲ့ စစ်အတွင်း ဗမာပြည်” ဒုတိယတွဲ၊ စာမျက်နှာ ၁၉၊ ၄၆၊ ၉၂၊ ၁၈၆၊ ၂၉၂၊ ၃၀၈ စသည်တို့တွင်လည်း လေ့လာဖတ်ရှုနိုင်သည်။
(က) မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ ၅ ရက်၊ ၁၉၄၂၊ ကြာသပတေးနေ့။
“နိုဝင်ဘာလ၂ရက်နေ့ နေ့လည်၁နာရီအချိန်တွင် ကုန်စည်ကြီးကြပ်ရေးကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ကျင်းပရာ ရန်ကုန်မြို့ရှိ မြန်မာ၊တရုပ်၊ ကုလား ကုန်သည်ကြီးများ၊ ပွဲစားကြီးများ တက်ရောက်ကြသည်ကို တွေ့မြင်ရကြောင်း။”
(ခ) ဗမာ့ခေတ်သတင်းစာ၊ နိုဝင်ဘာလ ၈ ရက်၊၁၉၄၂၊ တနင်္ဂနွေနေ့။
“တရုပ်ကပြား၊ ကုလားကပြားများမှာ ဗမာများနှင့် နေရာတိုင်းမှာလိုလို ၀င်ဆန့်နိုင်စေကာမူ အင်္ဂလိပ်ကပြားတို့မှာ ခွဲခွဲခြားခြားနေတတ်၏။”
(ဂ) ဗမာ့ခေတ်၊ နိုဝင်ဘာလ ၂၉ ရက်၊ တနင်္ဂနွေနေ့။( ၀န်ကြီး သခင်ဗစိန်၏ မိန့်ခွန်း)။
“ဗမာပိုင်၊ကုလားပိုင် အစရှိတဲ့ သင်္ဘောတွေကို သည်ဌာနက သွားလာနိုင်ဖို့ အမိန့်တွေထုတ်ပေးမယ်။”
(ဃ) မြန်မာ့အလင်း၊ ဇန်န၀ါရီလ ၈ရက်၊ ၁၉၄၃။
“ကုလား ဒုက္ခသည်များ………”
အကယ်၍ ပါမောက္ခ Desai ၏အဆိုမှန်ပြီး ဂျပန်ခေတ်တွင် ကုလားဟူသော အသုံးအနှုန်းအား ပိတ်ပင်ကာ အင်ဒိုဟူသော အသုံးအနှုန်းဖြင့် အစားထိုးခဲ့လျှင် အဆိုပါသတင်းစာများ၌ သတင်းရေး သားဖော်ပြရာတွင် ကုလားဟူသော စကားလုံးနေရာတွင် အင်ဒိုဟုအစားထိုးရုံမှလွဲ၍ တခြားနည်းလမ်း မရှိချေ။ ထိုသို့မဟုတ်လျှင် အဆိုပါသတင်းစာတိုက်များမှ အယ်ဒီတာများနှင့် သတင်းထောက်များသည် ကင်ပေတိုင် ခေါ် ဂျပန်စစ်ပုလိပ်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။
(2) Esche, A., Wörterbuch Burmesisch-Deutsch (Burmese-German Dictionary), Leipzig, German Democratic Republic, 1976, p. 40:
ကုလား P> vulg Inder m; Mann m aus dem Westen
Dr.Esche ၏အဆိုအရ ကုလားဟူသော အသုံးအနှုန်းသည် ပါဠိစကားမှ ဆင်းသက်လာပြီး အနောက်အရပ်မှလူ(သို့) အိန္ဒိယလူမျိုးဟု အဓိပ္ပါယ်ရကြောင်းနှင့် အဆိုပါအသုံးအနှုန်းသည် ရိုင်းစိုင်းသော စကားဖြစ်ကြောင်း တွေ့ရှိရသည်။
အထက်တွင်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၊ဦးနုနှင့် ဦးသိန်းဖေမြင့်တို့၏ ကုလားဟူသောအမည်ကို ထည့်သွင်းသုံးနှုန်းပုံနှင့် စပ်လျဉ်း၍ Dr. Esche ၏ အဘိဓာန်ပါ ကောက်ချက်ဆွဲမှုအရ အဆိုပါအဘိဓာန် ကိုဖတ်ရှုသူများအမြင်၌ ထိုပုဂ္ဂိုလ်ကြီးသုံးဦးသည် လူမျိုးရေးခွဲခြားသူများဟု ယူဆရမည့်အပြင် အိန္ဒိယလူမျိုး များအပေါ် အဆိုးမြင်စိတ်ဓာတ်ရှိသည့် လူများဖြစ်သွားပေတော့မည်။
အကယ်စဉ်စစ်တွင်မူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းအားဆက်ခံသူ ၀န်ကြီးချုပ်ဦးနုတို့သည် မဟတ္တမဂန္ဒီ၊နေရူး၊ မိုဟာမက်အလီဂျင်းနားကဲ့သို့သော အိန္ဒိယ၊ ပါကစ္စတန်ခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသူ များဖြစ်ပြီး အဆိုပါ အိန္ဒိယ၊ ပါကစ္စတန်ခေါင်းဆောင်များအပေါ် အထူး လေးစားသူများလည်း ဖြစ်ကြပါသည်။ ထို့အပြင် ကွန်မြူနစ် တဦးဖြစ်သည့် ဦးသိန်းဖေမြင့်သည်လည်း အိန္ဒိယကွန်မြူနစ်ပါတီနှင့် အလွန်နီးစပ်သူတဦးဖြစ်ပြီး ထိုပါတီမှ ရဲဘော်ရဲဘက်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောသူ ဖြစ်သည်။
အခန်း(၈) နိဂုံး
ခိုင်လုံသော မြန်မာစာပေအထောက်အထားများအရ “ကုလား” ဟူသောအသုံးအနှုန်းသည် အိန္ဒိယ တိုက်ငယ်မှ လူမျိုးများ ကိုခေါ်ဆိုသည့် စကားလုံးဖြစ်ပြီး ၎င်းတွင် တဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်မပါရှိချေ။
သို့ပါသော်လည်း ကိုလိုနီခေတ်ကာလအတွင်း၌ အမျိုးသားရေးအစွန်းရောက်သူတချို့က “ကူးလာ” မှ ကုလား ဖြစ်လာ သည်ဟုထွင်ခဲ့ကြခြင်းကြောင့်၎င်း၊
ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကား များဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ စသည် တို့တွင် အသားအရောင်ရှိသူ (ဝါ) ငမဲ (သို့) အသားမဲ ဟု အဓိပ္ပါယ်ရသော "ကာလာ" ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေခြင်းကြောင့် မြန်မာနိုင်ငံ အတွင်းရှိ အိန္ဒိယနွယ်ဖွားများက ကိုယ့်အဓိပ္ပါယ် နှင့် ကိုယ်ဖွင့်ဆိုပြီး နာကြည်းကြခြင်းကြောင့်၎င်း၊
မြန်မာနိုင်ငံ အတွင်း နေထိုင်ကြသော အိန္ဒိယ၊ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများနှင့်၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက် များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသောအသုံးအနှုန်းသည် ဗမာ၊ရခိုင်၊မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ(ဝါ) ငမဲများဟု နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီး ပြောဆိုလေ့ရှိကြ ခြင်းကြောင့်၎င်း၊
အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားခြင်းသည် ပညာအရည်အချင်းနှင့် ပြည့်စုံသည့် မြန်မာစာပေပညာရှင် များနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ခိုင်မာသော မြန်မာစာပေလက်ရာများကို တိတိကျကျ လေ့လာ ကိုးကားရန် ပျက်ကွက်ခဲ့ကြသည့် နိုင်ငံခြားသား သုတေသီများ၊ လေ့လာသူများမှတဆင့် ချဲ့ကားပျံ့နှံ့ သွားခဲ့သည်။
စာရေးသူအနေဖြင့် ဤစာတမ်းသည် အဆင့်အတန်းမြင့်မားသော မြန်မာ့ဂ န္တ၀င်စာပေအများစုကို လေ့လာရန် လက်လှမ်းမမီကြသည့် မြန်မာစာပေလေ့လာသူ နိုင်ငံခြားပညာရှင်များ၊ သုတေသီများ၊ ကျောင်းသူကျောင်းသားများအတွက် အထောက်အကူဖြစ်စေရန် သီးသန့်ရည်စူး၍ စေတနာအပြည့်ဖြင့် အားထုတ်ပြုစုခဲ့ခြင်းဖြစ်ပါသည်။
နောက်ဆုံးပြောကြားလိုသည်မှာ စာရေးသူအနေဖြင့် ဤစာတမ်း ရေးသားပြုစုသည့်အချိန်တွင် မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ ဥပက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါး နှလုံးသွင်း၍ ရေးသားပြုစုခဲ့ပါသည်။ (၁) မြန်မာ့စာပေနယ်ပယ်အတွင်း လေ့လာလိုက်စားသူများ အားလုံးအား မေတ္တာပို့ပါသည်။ (၂) သတိမမူပဲ လွဲမှားစွာအဓိပ္ပါယ်ကောက်ယူ ရေးသားမိခဲ့သူများကိုလည်း ဂရုဏာသက်မိပါသည်။ (၃) စာပေလေ့လာ လိုက်စား ရေးသားပြုစုသူများ၏ ကြိုးစားမှုရလာဒ်အဖြစ် ရရှိလာသော အောင်မြင်မှုများကို မိမိ၏အောင်မြင်မှုကဲ့သို့ နှလုံးသွင်း၍ မုဒိတာပွားခဲ့ပါသည်။ (၄) တိကျမှန်ကန်သော အချက်အလက်များကို လက်သင့်မခံလိုပဲ မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုသာ စွဲမြဲစွာယုံကြည်နေကြသူများ ရှိနေသေးပါကလည်း ၎င်းတို့အား ဥပက္ခာပြုထားပါမည်။
Notes:
1 U Tin Htway, "Trash
from Treasure, In the Case of Judson's Burmese English Dictionary", in
"Tradition and Modernity in Myanmar", The International Conference on
Myanmar, Berlin, 1993.
2 See and compare: U Tin
Htway, A Glimpse of General Observations on Burmese pum, South Asian
Digest of Regional Writing, Heidelberg, Vol. 9, pp. 16, 25-27.
3 See also Thakhin Tin
Mya, Anti-Fascists Revolution, Head Quarter and Ten Divisions, (in
Burmese), Rangoon, 1968, p. 21.
4 Ibid, p. 51.
5 Japanese trained Indian
National Army (INA) headed by Subhas Chandra Bose.
6 Dr. Annemarie Esche was
the chief supervisor and consultant on Mr. Jens Lorenz's thesis on Gen. Aung
San; Dr. Esche and Jens Lorenz translated Gen. Aung San's speeches from Burmese
into German. U Thein Pe Myint was a communist who was to become a close friend
of both Dr. A. Esche and her husband Dr. Otto Esche, who served as first
secretary of the then East German Embassy in Rangoon (1962-66 and 1975-79). U
Thein Pe Myint's wife, Daw Khin Kyi Kyi, was also mentioned by Dr. A. Esche as
one of the consultants in her foreword to her above-mentioned dictionary. One
wonders from which informant Dr. A. Esche received her information? Certainly,
neither from the scholars mentioned in her foreword nor from the standard
literature would substantiate such an interpretation. One can only assume that
she obtained this interpretation either from the Indian (people from the
subcontinent) community living in Rangoon or some "hearsay scholars".
(
Dr. Annemarie Esche သည် Mr.
Jens Lorenz ၏ မဟာဝိဇ္ဇာဘွဲ့ရရန်တင်သွင်းသော
"ဗိုလ်ချုပ်အောင်ဆန်းနှင့်မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ" အမည်ရှိ
ကျမ်းအတွက် တာဝန်ခံ ကြီးကြပ် စစ်ဆေးခဲ့သူဖြစ်သည့်အပြင် Dr.
A. Esche နှင့် Mr.
Jens Lorenz တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း များကိုလည်း
ဂျာမန်ဘာသာသို့ပြန်ဆိုခဲ့ကြပါ၏။ ကွန်မြူနစ်တစ်ဦးဖြစ်သည့်
ဦးသိန်းဖေမြင့်သည် Dr. A. Esche ၎င်း၏ခင်ပွန်းသည်
ထိုစဉ်က ရန်ကုန်ရှိအရှေ့ဂျာမနီသံရုံးမှ
ပထမအတွင်းဝန် (၁၉၆၂ - ၆၆ နှင့် ၁၉၇၅--၇၉) Dr.
Otto Esche တို့ နှင့်အလွန်ရင်းနှီး
ကျွမ်းဝင်သောသူ ဖြစ်ပါသည်။ ဦးသိန်းဖေမြင့်၏
ဇနီး(ဆရာမ)ဒေါ်ခင်ကြည်ကြည်၏အမည်ကိုလည်း Dr. A. Esche က
၎င်းနှီးနှောတိုင် ပင်ဆွေးနွေးသူ ပညာရှင်များစာရင်းတွင်ဖော်ပြထားပါသည်။ သို့ပါလျက် Dr. A. Esche သည်
အဘယ့်ကြောင့် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုသုံးခဲ့မိပါသနည်း၊ အဘယ်သို့သော
"မဟာ ပျင်ငြာယှိ" ထံမှ မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို
ရခဲ့ပါသနည်း ဟုစာရှုသူတို့အံ့ဩစွာ စဉ်စားနေ ကြပါလိမ့်မည်။ အထူး စဉ်စားစရာမလိုပါ။ Dr. A. Esche သည်
၎င်းနှီးနှောတိုင်ပင်ဆွေးနွေးသူ ပညာရှင်များစာရင်းပါပုဂ္ဂိုလ်များ နှင့်လည်းတိုင်ပင်ဆွေးနွေးခဲ့ဟန်မတူပါ။
ခိုင်မာသည့် မြန်မာစာပေ အရင်းအမြစ်များတွင်လည်း ရှာဖွေခြင်းမပြုခဲ့ပဲ
သာမန်လူများထံမှရသော ကြားဖူးနားဝ
ပါးစပ်ရာဇ၀င် များကို အခြေခံကိုးကားခြင်း၏ရလာဒ်တစ်ခုဖြစ်လျှင်ဖြစ်မည်၊
သို့မဟုတ်လျှင် မြန်မာနိုင်ငံ အတွင်း နေထိုင်ကြသော အိန္ဒိယ၊ပါကစ္စတန်နှင့်
ဘင်္ဂလီလူမျိုးများ၏ ကိုယ်လိုရာဆွဲပြီး ကုလားဟူသော အသုံး အနှုန်းသည် အသားမဲများ(ဝါ) ငမဲများဟု
နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ် ကြောင်း
ညည်းညူရေရွတ်ပြီးပြောဆိုလေ့ရှိကြသည်ကို နားယောင်မိသွားရှာသည်လည်းဖြစ်နိုင်ပါကြောင်း။)
U Khin Maung Saw(Berlin)၏ (Mis)Interpretations of Burmese Words:Part I.In the case of the term Kala (Kula) သုတေသနစာတမ်းအား တိုက်ရိုက်ဘာသာပြန်ဆိုသည်။ လိုအပ်ချက်များ၊မှားယွင်းမှုများရှိမည်ဆိုပါက ဘာသာပြန်ဆိုသူတွင်သာ တာဝန်ရှိကြောင်း သိစေအပ်ပါသည်။
မြတ်သိန်းထွန်း
9.11.2012
Download ယူပြီး သိမ်းထားချင်သူများအတွက် အင်္ဂလိပ်ဘာသာမူရင်းနှင့် မြန်မာဘာသာပြန်တို့အား အောက်ဖော်ပြပါ link များတွင် ရယူနိုင်ပါသည်။
http://www.mediafire.com/? ib9klb75onpdm0s (ဘာသာပြန်)
http://www.mediafire.com/? twi92t8uwu70nkk (မူရင်း)
U Khin Maung Saw(Berlin)၏ (Mis)Interpretations of Burmese Words:Part I.In the case of the term Kala (Kula) သုတေသနစာတမ်းအား တိုက်ရိုက်ဘာသာပြန်ဆိုသည်။ လိုအပ်ချက်များ၊မှားယွင်းမှုများရှိမည်ဆိုပါက ဘာသာပြန်ဆိုသူတွင်သာ တာဝန်ရှိကြောင်း သိစေအပ်ပါသည်။
မြတ်သိန်းထွန်း
9.11.2012
Download ယူပြီး သိမ်းထားချင်သူများအတွက် အင်္ဂလိပ်ဘာသာမူရင်းနှင့် မြန်မာဘာသာပြန်တို့အား အောက်ဖော်ပြပါ link များတွင် ရယူနိုင်ပါသည်။
http://www.mediafire.com/?
http://www.mediafire.com/?
0 comments:
Post a Comment