ပေါက်ကရ လေးဆယ်

Subscribe:

Friday, January 4, 2013

သိုင်းလောက၏ စိမ်ခေါ်သံ ပဉ္စမပိုင်း

ကမ္ဘာပျက်မည်ဟူသော ကောဟာလဟသည် ဆောင်းကာလ၌ သိုင်းလောကသားများအား ထင်သလောက်အိပ်မက်ဆိုး မမက်စေခဲ့ပေ။ လက်ပတောင်းတောင်မှ မီးလောင်ဗုံး၏ ဒဏ်ရာဒဏ်ချက်များကြောင့် ကမ္ဘာပျက်၍ သေသွားလည်း အေးတာပဲဟု ခံယူသူများပင် ရှိနေသည်။ ဆိုင်ကယ်စီးရင်း လေယာဉ်ပျံဝင်တိုက်၍ ကွယ်လွန်သူအပါအ၀င် ရုပ်ဆိုးအကျည်းတန်မှုများဖြင့် ၂၀၁၂ခုနှစ်အား ကန့်လန့်ကာချခဲ့သော်လည်း သိုင်းလောကတစ်ခုလုံး ဟက်ပီးနယူရီးယား ကြွေးကြော်သံများဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။တရုတ်ကို အသေအလဲကြည့်မရသော်လည်း တရုတ်ပစ္စည်းနှင့်မကင်းနိုင်သည့် သိုင်းလောကသည် တင်ပါး၌ မိတ်အင်ချိုင်းနားတံဆိပ်ကပ်ကာ ဇူကာဘတ်၏ ဖေ့ဘုတ်စားသောက်ဆိုင်တွင် ပဲများ၍ ဟန်ရေးပြလျက်ရှိသည်။

ထိုသို့သော နှစ်ကူးခါနီးအခါသမယတွင် အစ်မဖြစ်သူ ယာယာဖွကြီးမှ သူနှင့်အတူ ဖြတ်ဖောက်ချုပ်လုပ်ရန် ဆေးရုံအတူတက်ရင်း ခင်မင်ခဲ့သော အော်ပရေးရှင်းမအောင်မြင်၍ အငုပ်ကျန်ရစ်ကာ နှစ်ဖက်ချွန်ဘ၀ရောက်သွားသည့် ဂျီပုန်းသိုင်းသမား ကုလားဆင်သွေး(Kyalsin Tway)၏ ချစ်လှစွာသောညီမရင်း အိန်းအိန်းနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားပေးရန် စီစဉ်သည်ကို လက်မခံသဖြင့် အိမ်မှနှင်ချခြင်း ခံလိုက်ရသည့် သိုင်းလောကသုခမိန် လူပျိုကြီး ကွန်ဖြူးရှပ်ဘွရှင်သည် အေးမြသော ဆောင်းကာလတွင် နေစရာအိမ်မရှိ၍ ဇူကာဘတ်၏ စားသောက်ဆိုင်တွင် အရက်တစ်အိုး အကြွေးဝယ်သောက်ကာ ရည်းစားဖြစ်သူအား စောင့်မျှော်လျက်ရှိသည်။ သို့သော် ဘွရှင်၏ချစ်သူမှာ ၎င်းမိဘများက ဘွရှင်နှင့်သဘောမတူသဖြင့် အိမ်ပြင်ထွက်ခွင့်မပြုသည့်အတွက် ရောက်မလာပေ။

ထိုအချိန်တွင် ဘေးစားပွဲဝိုင်းမှ တိုက်ပုံအနက်နှင့်ငွေဓားလွယ်ထားသော သိုင်းသမားတစ်စုနှင့် ကာလနာသိုင်းသမား ဆူး လှည်း တို့ စကားများသံကြားလိုက်ရသည်။

"မင်းတို့ရဲ့ မာမီဂွမ်ကိုပြောလိုက် အွန်လိုင်းပေါ်တက်ငိုပြလိုက်၊ အပြင်မှာချောင်းပစ်လိုက် လုပ်ပြမနေနဲ့လို့"
"၀ူတန်းစစ်ခွေး မင်းမိုက်ရိုင်းလှချည်လား"

တိုက်ပုံနက်များ ငွေဓားဆွဲထုတ်လိုက်ကြသည်။ ဆူးလှည်းဖက်မှလည်း ပေါတာကြီး စိုင်းနော် ခမ်း နှင့် Koko Way Byin အစရှိသည့် သိုင်းသမား လက်နက်ကိုင်ကာ ၀င်လာကြသည်။ ဘွရှင် စိတ်ညစ်သွားသည်။ ထိုအချိန်တွင် ဧရာဝတီသတင်းစာရောင်းသမား ဆိုင်တွင်းသို့ ၀င်ရောက်လာသည်။

"သတင်းထူးတွေ သတင်းထူးတွေ ရခိုင်တပ်မတော် AA က ကေအိုင်အေဖက်ကနေ ၀င်တိုက်မည် သတင်းထူးတွေ သတင်းထူးတွေ အစိုးရစစ်တပ်က ကချင်ပြည်နယ်အတွင်း လေယာဉ်ပျံဖြင့် ဗုန်းကျဲ
အစိုးရစစ်လေယာဉ်အား ကေအိုင်အေဖက်မှ ပစ်ချ သတင်းထူးတွေ သတင်းထူးတွေ"

စားသောက်ဆိုင်အတွင်း သတင်းစာအလုအယက်ဝယ်ကြပြီး ဝေဖန်ငြင်းခုန်သံများဖြင့် ညံစီသွားသည်။ ငြင်းခုန်မှုများ တစတစပြင်းထန်လာပြီး လက်ပတောင်းသိုင်းလောက သရဖူလုပွဲမှ ရန်ငြိုးများ ပြန်ပေါ်လာပြီး ၀ံသာနုသိုင်းသမား ဂျိမ်းနှင့် အော်မေ့ဂိုဏ်းမှ စာပေသိုင်းသမား ပုရစ်တို့ လက်ဝါးချင်းရိုက်၍ အတွင်းအားပြိုင်ကြတော့သည်။ ဂျိမ်း၏ အစိုးရထိုးစစ်ထောက်ခံအတွင်းအားကို ပုရစ်က ကေအိုင်အေ၏တရားမျှတမှု အတွင်းအားဖြင့် ပြန်လည်အံတုသည်။

"ခင်ဗျားက အဖြူရောင်သိုင်းသမား မဟုတ်ဘူး ကိုဂျိမ်း"
"ငါဝတ်ထားတာ အဖြူရောင်လေ မနေ့ကမှလျှော်ပြီး မီးပူတိုက်ထားတာ ဘာလို့အဖြူရောင်မဖြစ်ရမှာလဲ"
"ခင်ဗျားက အဲအကျီင်္တစ်ထည်တည်းကို ထပ်တလဲလဲဝတ်ပြီး တစ်လမှတစ်ခါလျှော်တာလေ ဒီမှာကျုပ်အကျီင်္နဲ့လာယှဉ်ကြည့် ခင်ဗျားလိုညစ်တီးညစ်ပတ် ၀ါကျင့်ကျင့် အဖြူရောင်မဟုတ်ဘူး"
"ခွီးးးးးးး!!"

အတွင်းအားပြိုင်ရင်း နှစ်ယောက်သားငြင်းခုန်ကြပြန်သည်။ ထိုအချိန်တွင် အော်မေ့ဂိုဏ်းမှ ငရဲ သား က ပုရစ်ဖက်မှ ၀င်တိုက်သည်။ နှစ်ယောက်တစ်ယောက် အတွင်းအားချင်းမညီမျှ၍ ဂျိမ်းဒေါသထွက်လာသည်။

"မင်းတို့ကောင်တွေက ပြောတော့ဒီမို ဒီမို လုပ်တော့ အာဏာရှင်ဒီဇိုင်းနဲ့ ၀ိုင်းအနိုင်ကျင့်တယ် တော်ပြီ မင်းတို့လိုကောင်မျိုးတွေနဲ့ ဖိုက်ရတာ ငါသိက္ခာကျတယ် ကဲ တာ့တာ"
"၀ုန်းးးးးး!!"

အတွင်းအားကို အမြင့်ဆုံးတင်ကာ ဆောင့်တွန်းလိုက်ပြီးနောက် ၀ံသာနုသိုင်းသမားဂျိမ်း ဘလော့ခြင်းသိုင်းကွက်ဖြင့် တိုက်ပွဲစည်းအပြင်သို့ နောက်ဂျွမ်းပစ်ထွက်သွားတော့သည်။ ဆိုင်အတွင်းတိုက်ပွဲများကြောင့် အရက်တစ်အိုးဖြင့် စည်းစိမ်ခံနေသော ဘွရှင်တစ်ယောက် အလွန်စိတ်ညစ်လျက်ရှိသည်။ သို့သော် သိုင်းမတတ်သော သူ့အတွက် သိုင်းလောကသားများအား တားဆီးဖြောင်းဖြရန် မတတ်နိုင်ပဲ ရှိနေသည်။ ဆိုင်အပေါ်ထပ် VIP ခန်းများအတွင်းတွင် သီးခြားစီစောင့်ကြည့်နေသော ၀ူတန်းဂိုဏ်းလက်ယာရံနှင့် မူဂျာဟစ်အထောက်တော် အောင်တင်တို့ ဆိုင်အောက်ထပ်မှ ရန်ပွဲများကို အရသာခံစောင့်ကြည့်လျှက် ရှိနေကြသည်။

ရန်ပွဲများကြောင့် စိတ်ညစ်လာသော ဘွရှင်သည် ဆိုင်အတွင်းဆက်နေချင်စိတ်မရှိတော့ပဲ ထွက်ခွာမည်ဟု စားပွဲမှထလိုက်ရာ သူ့ခါးကြားတွင် အမြဲထိုးကာသိမ်းဆည်းထားသည့် အတုမရှိဝံသာနုသိုင်းကျမ်းကြီး ပျောက်ဆုံးနေသည်ကို သတိထားမိသွားသည်။ ထိုသိုင်းကျမ်းကား မူဂျာဟစ်ဂိုဏ်း၏ သိုင်းကွက်အားလုံးကိုချေဖျက်နိုင်သည့် ဘွရှင်အနှစ်နှစ်အလလ စုဆောင်းထားသော သိုင်းကျင့်စဉ်များအား မှတ်သားထားသည့် ကျမ်းကြီးတစ်စောင်ပင်ဖြစ်သည်။ ဘွရှင်ဒေါသအိုး ပေါက်ကွဲလေပြီ။

"ခွေးမသား ကုလားဒွေ ခွေးကျင့်ခွေးကြံ ကြံဒယ် ငါ့ဝက်ဆိုက်ကိုဟက်တယ် မင်းတို့ကောင်တွေကို နုတ်နုတ်စဉ်းပစ်မယ် မိုက်တဲ့ကောင်ထွက်ခဲ့စမ်း"

မူဂျာဟစ်များက ဓားဆွဲထုတ်၍ ဘွရှင်အား ရင်ဆိုင်ရန်ပြင်ဆင်လိုက်ကြသည်။ သို့သော် ဘွရှင်နောက်တွင် လက်နက်ကိုယ်စီကိုင်ဆောင် အသင့်ပြင်ထားကြသည့် အဖြူရောင်၊အနက်ရောင်၊ ရောင်စုံ သိုင်းလောကသား တပြုံကြီးအား မြင်တွေ့လိုက်သည့်အတွက် ကြောက်လန့်ကာ ကိုယ်ရှိန်သတ်လိုက်ကြသည်။ ဘွရှင်တစ်ယောက် စိတ်ရှိလက်ရှိ ဆဲဆိုအော်ဟစ်စိမ်ခေါ်ပြီးနောက် ဆိုင်အတွင်းမှ ဒေါသတကြီး လှည့်ထွက်သွားသည်။ ထိုအချိန်တွင်....

"၀ှစ်!!! ၀ှစ်!!!"

မူဂျာဟစ်များထံမှ လျှို့ဝှက်လက်နက်ပုန်းများ ဘွရှင်ထံ ပြေးဝင်သွားသည်။ မူဂျာဟစ်များ ကလိမ်ကကျစ် နောက်ကျောမှ လုပ်ကြံသည့် လက်နက်ပုန်းဒဏ်ကြောင့် ဘွရှင်ခမျာ အတွင်းဒဏ်ရာရရှိပြီး Like လုပ်မရ Message ပို့မရ Comment ပေးမရသော ဘ၀သို့ တစ်လတိတိဆိုက်ရောက်သွား လေတော့သည်။

ထို့ကြောင့် အတွင်းဒဏ်ရာကုစားရန် ငွေလိုလာသဖြင့် ကြံရာမရသော ဘွရှင်ခမျာ နှစ်သစ်ကူး အထူးအစီအစဉ်အဖြစ် သူနှင့်မောင်နှမပြုထားသည့် သိုင်းလောကလှပျိုဖြူ အပျိုကြီးများအား လေလံပစ်၍ ဆေးကုစရိတ်ရှာကြံရတော့သည်။ လေလံတင်ရာတွင် နာမည်ကြီး အော်မေ့ဂိုဏ်းမှ ဒီမိုဖက်တီးအား လူကြိုက်များစေရန် အလို့ငှာ လေလံတင်မိသည်။ ကံဆိုးသည်က လေလံပွဲသို့ ဒီမိုဖက်တီး၏ အချစ်ဟောင်း၊ ဒီမိုဖက်တီးထံ အသည်းခွဲခံခဲ့ရ၍ ယောင်္ကျားဘ၀ကို စိတ်နာပြီး ဝှေးစိကိုဖြုတ်၍ တရုတ်ထံရောင်းစားကာ ဖြတ်ဖောက်ချုပ်ဘ၀ ခံယူမည်အထိ အချစ်ကြီး၍ အမျက်ကြီးခဲ့သော ပလေတို ဒီမို တစ်ယောက် တပည့်တပန်းများဖြင့် လေလံဆွဲရန် ၀င်ရောက်လာသောအခါ.....

"ထွီ!!! အဲဒီဝက်မကြီး သိန်းလေးဆယ်နဲ့ ဘယ်သူဆွဲမလဲ"
" ငါဆွဲမယ်ကွ အဲဒီဝက်မကြီးကို ပေါ်ပြီး တရုတ်ကို အိတ်စပို့လုပ်ရင် မနည်းမြတ်မှာ"

ပလေတို၏ လူများက ဒီမိုဖက်တီးအား လက်ညှိုးငေါက်ငေါက်ထိုးရင်း တစ်ယောက်တစ်ပေါက် ရန်စလိုက်ကြသည်။ စင်ပေါ်တွင် အလှပဆုံးဖီးလိမ်းပြင်ဆင်ထားသည့် ဒီမိုဖက်တီးတစ်ယောက် ဒေါသအိုးပေါက်ကွဲလေတော့သည်။

"ဟဲ့ စောက်ကောင်ဒွေ သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ် နင်တို့အပေါက်တွေကို ငါ့ဥစ္စာနဲ့ လာဆို့မယ် လာခဲ့ ဟောဒီက အမေ့ထမီပျံ အောက်စလန် သိုင်းကွက်.... ယားးးး!!!!"

ဒီမိုဖက်တီး ဒေါသအိုးပေါက်ကွဲပြီး ပတ်ရမ်းသဖြင့် ဘွရှင်၏ လေလံပွဲပျက်ရလေတော့သည်။ ပွဲပျက်အပြီး စိတ်ပျက်လက်ပျက် မှိုင်နေသော ဘွရှင်ထံ ဒီမိုဖက်တီး ပြေရာပြေကြောင်း လာချော့သည်။

"ဘွဘွ နာစိတ်မကောင်းပါဘူးဟယ် နီ့ကိုတော့ နာစောက်ရမ်းခင်ပါတယ် ဒါပေမယ့် နင့်ထဲက စစ်ခွေးတွေနဲ့ နာမဖြစ်ဘူး တာ့တာနော် ဘွဘွကို နာ ခပ်လှမ်းလှမ်းကပဲ လွမ်းနေပါ့မယ် ဟင့်"

နှုတ်ဆက်ပြီးသည်နှင့် ဒီမိုဖက်တီးတစ်ယောက် ဘွရှင်အနီးမှ ထွက်ခွာသွားလေတော့သည်။ တိုက်ပွဲတွင် အနိုင်မရလိုက်သည့် အဖြစ်ကို အခဲမကျေဖြစ်နေသည့် ပလေတိုတို့အုပ်စုကား ဒီမိုဖက်တီးအား လက်စားချေရန် ကြံစည်ကြတော့သည်။

များမကြာမီ လက်စွမ်းထက်သည့် ပလေတိုတို့အဖွဲ့ ဒီမိုဖက်တီး၏ အိမ်ဂေဟာသို့ ထွင်းဖောက်ဝင်ရောက်၍ ၎င်း၏အတွင်းခံပစ္စည်းများအား တစ်ခုမကျန်ခိုးယူလာခဲ့ကြရာ ဒီမိုဖက်တီးခမျာ အရှက်ကြီးရှက်၍လား သို့မဟုတ် ၀တ်စရာမကျန်တော့၍လား မသိ၊ အစအနမတွေ့ရတော့ချေ။ အဆိုပါအတွင်းခံများအား ပလေတိုဒီမိုက ယုဇနပလာဇာအနီးတွင် ဖျာခင်းရောင်းချလျှက်ရှိကြောင်းFNG မှပြောကြားသွားပါသည်။ ဒီမိုဖက်တီး၏ အတွင်းခံဘောင်းဘီများမှာ အမျိုးအစားကောင်းမွန်လှသဖြင့် ၀ူတန်းဂိုဏ်းသားများ အလုအယက် ၀ယ်ယူအားပေးလျက်ရှိကြပြီး လက်ယာရံမှူးဇော်နှင့် ပြန်ကြားရေး ဒုဂိုဏ်းချုပ် ဦးရဲထွဋ်တို့ပင် ၎င်းတို့၏ အိမ်ရှင်မများအတွက် VIP Discount ဖြင့် တစ်ထည်စီဝယ်ယူအားပေးသွားကြောင်းလည်း သိရသည်။ ပလေတိုဖျာခင်းချရောင်းနေသည့် အတွင်းခံဘောင်းဘီများ၊ ဇာဘော်လီများထဲတွင် ဒီမိုဖက်တီးထံ ယုံကြည်စိတ်ချစွာအပ်နှံထားသည့် ခင်ကလျာစိုး၊ မာမီထား၊ သိုးကလေးတို့၏ ဇာဘော်လီများ၊ အသားကပ်ဘောင်းဘီများ၊ လစဉ်သုံးပစ္စည်းများပါ ပါသွားသဖြင့် ၎င်းတို့မှာ စောင်ပတ်၍ နေရကြောင်း နီးစပ်သူများထံမှ သိရှိရသည်။

ထိုအချိန်တွင် ဒီမိုဖက်တီး အိမ်ဂေဟာအတွင်း ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ၀ူတန်းဂိုဏ်းသားတစ်ဦးသည် ဒီမိုဖက်တီး၏အတွင်းခံဘောင်းဘီများကို ရှူရှိုက်ကြည့်ရင်း အနံ့အသက်အား အလွန့်အလွန်သဘောကျနှစ်ခြိုက်လာသဖြင့် အဆိုပါဘောင်းဘီများကို ၀တ်ဆင်ကာ ဒီမိုဖက်တီးဖက်ရှင်ဖြင့် ဟန်ရေးပြနေသည်ကို လမ်းသွားလမ်းလာများ တွေ့မြင်ခဲ့ရသည်ဟု သတင်းကြားရသည်။ ထို့ကြောင့် မကြည့်လိုက်ရ ခေတ်မမှီမဖြစ်ရလေအောင် ဘွရှင်တစ်ယောက် ရေးကြီးသုတ်ဖျာ သွားကြည့်ရာ အဆိုပါ ဒီမိုဖက်တီးဖက်ရှင်ဖြင့် မခို့တရို့ Cat Walk လျှောက်ကာ ဟန်ရေးပြနေသော ၀ူတန်းဂိုဏ်းသားအား အ၀တ်အစားမပါပဲ မျက်နှာသုတ်ပုဝါကြီးကြီးတစ်ထည်အား မလုံ့တလုံ ကိုယ်မှာပတ်ထားသည့် ခွန်ဒီးယမ်တစ်ယောက် ဒေသတကြီးရန်တွေ့နေသည်ကို အံ့သြဖွယ်တွေ့ရှိလိုက်ရလေတော့သည်။

"ဟဲ့ စောက်ကောင်မ အခြောက်မ ချဉ်ပေါင်ရိုးမ ဒုတ်ထိုးမ စစ်ခွေးမ နင့်ကိုယ်ပေါ်က ငါ့အ၀တ်အစားတွေ အခုချွတ်စမ်း အဲလေ ဒီမိုဖက်တီးအ၀တ်အစားတွေကို ခုချက်ချင်းချွတ်စမ်း မချွတ်လို့ကတော့ နင်တို့ဂိုဏ်းက မှူးဇော်နဲ့ရဲထွဋ်အပါအ၀င် ရှိသမျှလူတွေရဲ့ မိန်းမတွေမှာရှိတဲ့ အတွင်းခံတွေ အကုန်ငါပြန်ခိုးမှာ ဒီမိုဖက်တီးဆိုတာ အီလီနွိုက်တက္ကသိုလ်ကဆင်းလာတာ နင်တို့လို စောက်ဆင့်မရှိတဲ့ ရုရှားပြန်တွေ အဲလောက်အဆင့်ရှိရင် ငါတို့ဘယ်လောက်အဆင့်ရှိမလဲဆိုတာ စောင့်ကြည့်လိုက် ဒါဗြဲ!!!"

ဆက်ရန်......ကုန်ကြမ်းထပ်ရလျှင်..:p

0 comments:

Post a Comment