ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ်အပြောင်းအလဲတ စ်ခုကို နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေ လက်တွဲပြီး ကြိုးစားခဲ့တာ ခုဆို လမ်းခုလပ်ရောက်နေပါပြီ။ စနစ်ကိုပြောင်းလဲဖို့ ကြိုးစားမှုနဲ့အတူ အဲဒီကြိုးစားမှုကြောင့် ပြောင်းလဲလာတဲ့ စနစ်နဲ့ လိုက်လျောညီထွေနေနိုင်ဖို့ ကြိုးစားသူတွေဖက်မှာလည်း မိမိတို့ရဲ့ အရိုးစွဲနေတဲ့ အကျင့်စရိုက်ပြောဆိုပြုမူပုံ တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ စံသတ်မှတ်မှုမရှိပေမယ့် နိုင်ငံကောင်းဖို့အတွက် ကျွန်တော်တို့မှာ ကိုယ်စီကိုယ်ငှ ပြောင်းလဲသင့်တာလေးတွေ ရှိနေပါတယ်။
Sunday, December 27, 2015
Saturday, December 26, 2015
ဘကြီးအောင် ပဟေဠိနှင့် ကဗျာများ၏ချစ်ပုံပြင်
မိုးသားဖွဲဖွဲတို့သည် လမ်းပေါ်ရှိ ရေအိုင်ကွက်လေးများပေါ်သို့ ဖွဖွညင်သာစွာတို့ထိလျှက်ရှိသည်။ လမ်းဘေးတဖက်တချက်ရှိ ခါးစောင်းခန့်မြင့်သော မြက်ရိုင်းတို့က လေနှင့်အတူ ယိမ်းထိုးနေကြသည်။ မိုးဖွဲဖွဲအောက် ထီးမပါပဲလမ်းလျှောက်ရသည်မှာ သူ့အတွက် အရာရာမေ့ပျောက်ခြင်းနှင့်အတူ စိတ်ချမ်းမြေ့မှုအား တဒင်္ဂခံစားရစေသည်။ မိုးရေစက်များကြောင့် သူဝတ်ထားသည့် တိုက်ပုံ စိုထိုင်းလာသော်လည်း မိုးနံ့သင်းသည့် လတ်ဆတ်သောလေအား ရှူရှိုက်ကာ လေကိုဆန်၍ လမ်းလျှောက်ရသည့် အရသာကို ကလေးငယ်ပမာ သူမြတ်နိုးသည်။ မိုးတစတစသည်းလာခြင်းနှင့်အတူ လေကလည်း ပိုပြင်းလာသည်။ သူဝတ်လာသည့် ယောပုဆိုးက လေပြင်းကြောင့် နောက်သို့ တဖြတ်ဖြတ်လွင့်နေသည်။ ခဏကြာသောအခါ သူ့တကိုယ်လုံး ရွှဲရွှဲစိုသွားသည်။ မိုးတိတ်သွားသောအခါ လမ်းပေါ်တွင် ခြေကျင်းဝတ်မြှုပ်ခန့် ရေတို့တင်ကျန်ခဲ့သည်။ မိုးကား လမ်းပေါ်မှနေ၍ မျက်စိတဆုံး လှမ်းမြင်နေရသည့် လယ်ကွင်းပြင်သို့ လေနှင့်အတူ မြူးတူးစွာ လိုက်ပါသွားလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကား စိမ်းစိုလန်းဆန်းလျှက်ပင်။ သူ့ရင်တွင်းသို့ ကာရန်တချို့ အစီအရီ ၀င်ရောက်လာသည်။ မိုးရေအောက်၌ ကလေးတစ်ယောက်ပမာ ပျော်ရွှင်မြူးတူးခဲ့သော သူ့အတွက် ထိုနေ့က ကလေးကဗျာနှစ်ပုဒ် ရလိုက်သည်။ အချိန်ကား ၁၉၃၁ ခုနှစ်။
ကြင်ဖက်များစွာ သာသနာ အပိုင်း(၁)
(၁) ခရစ်ယာန်ဘာသာ

၁၆ရာစုနဲ့ ၁၇ ရာစုအတွင်း ဥရောပနယ်ချဲ့စနစ်ကြောင့် ခရစ်ယာန်သာသနာဟာ မြောက်အမေရိကတိုက်ကို စပိန်၊ပြင်သစ်၊အင်္ဂလိပ် နယ်ချဲ့သမားတွေနဲ့အတူ ရောက်ရှိလာခဲ့ပါတယ်။ ပထမဆုံးရောက်ရှိခဲ့တဲ့ ခရစ်ယာန်ဂိုဏ်းကတော့ စပိန်တွေနဲ့အတူ ပါလာတဲ့ ရိုမန်ကက်သလစ်ဂိုဏ်းဖြစ်ပြီး အဲဒီနောက်မှာတော့ ပရိုတက်စတင့်၊ အင်္ဂလိကန်၊ ဘက်ပ်တစ် စတဲ့ ဂိုဏ်းတွေ အမေရိကကို တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါတယ်။
ကောင်းကင်ဘုံရဲ့ အမှောင်ခြမ်း (သို့) ကော့တောင်ကျွန်း မာဖီးယား
ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ အာရှတိုက်မှာ နာမည်အကြီးဆုံးလို့ ပြောလို့ရမယ် ထင်ပါတယ်။ သာယာလှပတဲ့ ကမ်းခြေတွေ၊ အရှေ့တောင်အာရှကို ကိုယ်စားပြုနိုင်တဲ့ ရသာကောင်းမွန်လှတဲ့ စားသောက်ဖွယ်ရာတွေ၊ လွတ်လပ်ပွင့်လင်းတဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ၊ လွယ်လင့်တကူ ၀ယ်ယူနိုင်တဲ့ မူးယစ်ဆေးဝါးတွေ၊ တခြားနိုင်ငံတွေထက်စာရင် အစစအရာရာ ဈေးနှုန်းသက်သာမှု စတဲ့အချက်တွေဟာ ထိုင်းနိုင်ငံကို နှစ်စဉ်ကြိတ်ကြိတ်တိုး ၀င်လာနေတဲ့ တိုးရစ်တွေအတွက် အဓိကဆွဲဆောင်မှု ဖြစ်နေပါတယ်။ အနောက်နိုင်ငံသား အဖြူတွေအပေါ် တခြားလူမျိုးတွေထက် ပိုပြီး ဖော်ရွေရင်းနှီးလိုတဲ့ ထိုင်းလူမျိုးတွေရဲ့ စရိုက်ကြောင့်လည်း ထိုင်းနိုင်ငံဟာ အနောက်နိုင်ငံသားတွေအတွက် Paradise တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံအကြောင်း ထဲထဲဝင်ဝင် မသိသေးသရွေ့ကတော့ လူတော်တော်များများရဲ့ စိတ်ထဲမှာ ထိုင်းနိုင်ငံဟာ တိုးရစ်တွေအတွက် အိပ်မက်ထဲက ကောင်းကင်ဘုံတစ်ခုအဖြစ် တည်ရှိနေအုန်းမှာပါပဲ။ ဒီဆောင်းပါးမှာ လူအများစု ကောင်းကင်ဘုံလို့ ထင်မှတ်တဲ့ နေရာထဲက အမှောင်ခြမ်း သို့မဟုတ် လူအများစု မသိသေးတဲ့ ထိုင်းနိုင်ငံရဲ့ ဒုစရိုက်လောကအကြောင်းကို တင်ပြသွားမှာဖြစ်ပါတယ်။
အိမ်ဖြူတော်၏ လျှို့ဝှက်ချက်များ
ကမ္ဘာ့အကြီးမားဆုံး စစ်အင်အားရဲ့ ဗဟိုချက်မ၊ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ စနစ်အကျဆုံး လုံခြုံရေးစနစ်များနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးနဲ့ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးရဲ့ နေအိမ်ကို ပြပါဆိုရင် 1600 Pennsylvania Avenue မှာ တည်ရှိတဲ့ အမေရိကန်ပြည်ထောင်စုသမ္မတရုံး သို့မဟုတ် အိမ်ဖြူတော်ကိုပဲ လူတိုင်းပြေးမြင်မိမှာ သေချာပါတယ်။ဒီအချက်တွေဟာ ကမ္ဘာပေါ်က လူအများစု အပေါ်ယံသိထားတဲ့ အချက်တွေပါ။ ဒါပေမယ့် အိမ်ဖြူတော်မှာ လူတွေ မြင်ဖူးနေကျ ဂန္တ၀င်ဆန်တဲ့ ဗိသုကာလက်ရာတွေနဲ့ လှပစိမ်းစိုနေတဲ့ ဥယျာဉ်မြက်ခင်းတွေရဲ့ နောက်ကွယ်မှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပါတယ်။ အဲဒီလျှို့ဝှက်ချက်တွေထဲက တချို့ကို ဗဟုသုတအဖြစ် မျှဝေပါရစေ။ တချို့ လျှို့ဝှက်ချက်တွေဟာ အများထင်ထားသလိုမဟုတ်ပဲ စနစ်ကျပြီး အရမ်းတင်းကြပ်ထားတဲ့ ကြားက အစီအစဉ်မကျပဲ ကမောက်ကမ ချွတ်ယွင်းချက်တွေ ဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်တွေကို လူတွေမသိအောင် ဖုံးကွယ်ထားလို့ နှစ်ပေါင်းအတော်ကြာတဲ့အထိ တိမ်မြှုပ်နေခဲ့တာပါ။
ပတ်ဝန်းကျင်တွင်း ဆူညံခြင်း ကင်းရှင်းကြပါစေ
The traditional definition of noise is “unwanted or disturbing sound”.
ဆူညံခြင်းသည် မလိုလားသော (၀ါ) စိတ်အနှောင့်အယှက်ဖြစ်စေသော အသံဟု အဓိပ္ပါယ်ရသည်။ ဆူညံခြင်းသည် သဘာဝအလျှောက်ဖြစ်ပေါ်လာသည်ထက် လူတို့၏ဖန်တီးမှုကြောင့် ထွက်ပေါ်လာသည်က ပိုများသည်။ သဘာဝအလျှောက်ဖြစ်ပေါ်လာသည့် မိုးရွာခြင်း၊ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်တော်လဲခြင်း စသည့် အခြင်းအရာများကား တခြားထိခိုက်ပျက်စီးစေမှုများမှ လွဲ၍ လူသားတို့အတွက် အမြဲတစေ စိတ်အနှောင့်အယှက်ဖြစ်စေသော အရာများမဟုတ်ချေ။
ဆူညံခြင်းသည် မလိုလားသော (၀ါ) စိတ်အနှောင့်အယှက်ဖြစ်စေသော
အဘများနှင့် အင်္ဂါနံ (တစ်ခန်းရပ်ပြဇာတ်
NLD တွေ ဒေါင်းအရှင်လေးတွေကိုင်ပြီး မဲဆွယ်တော့ ကြံ့ခိုင်ရေးက အဘတွေ နေမထိထိုင်မရ ဖြစ်ကုန်သတဲ့။
အဘတစ်ယောက်ကပြောတယ်။ ဒါ ယတြာဖြစ်ရမယ်တဲ့။ ယတြာလို့ အသံကြားလိုက်တာနဲ့ ဦးဌေးဦး ခေါင်းထောင်သွားတယ်။ ဦးသိန်းစိန် မျက်နှာလှမ်းကြည့်တော့ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေတဲ့ပုံ သွားတွေ့တယ်။ ဦးဌေးဦး ရုံးကနေ ကားနဲ့ ချက်ချင်း အပြင်ထွက်သွားတယ်။ တစ်နာရီလောက်ကြာမှ ရေးကြီးသုတ်ပြာနဲ့ ပြန်ရောက်လာတယ်။ ရုံးခန်းထဲက အဘတွေ ဦးဌေးဦးဆီ အပြေးအလွှား ၀ိုင်းအုံသွားကြတယ်။
အဘတစ်ယောက်ကပြောတယ်။ ဒါ ယတြာဖြစ်ရမယ်တဲ့။ ယတြာလို့ အသံကြားလိုက်တာနဲ့ ဦးဌေးဦး ခေါင်းထောင်သွားတယ်။ ဦးသိန်းစိန် မျက်နှာလှမ်းကြည့်တော့ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေတဲ့ပုံ သွားတွေ့တယ်။ ဦးဌေးဦး ရုံးကနေ ကားနဲ့ ချက်ချင်း အပြင်ထွက်သွားတယ်။ တစ်နာရီလောက်ကြာမှ ရေးကြီးသုတ်ပြာနဲ့ ပြန်ရောက်လာတယ်။ ရုံးခန်းထဲက အဘတွေ ဦးဌေးဦးဆီ အပြေးအလွှား ၀ိုင်းအုံသွားကြတယ်။
သိုင်းလောက၏ စိမ်ခေါ်သံ (၂၀၁၅ သိုင်းလောကအဖွင့်ကျမ်း)
တိတ်ဆိတ်သော ညတစ်ည .... ညဥ့်ငှက်တောင်ပံခတ်သံသဲ့သဲ့နှင့် ခွေးအူသံတချို့မှလွဲ၍ အရာခပ်သိမ်းသည် အိပ်မောကျလျက်ရှိနေသည်။ လရောင်ပြပြအောက်တွင် အရိပ်နက်တစ်ခု ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။
"ချောက်!!ချက်!! ...ချောက်!!ချက်!!
နက်ရှိုင်းသောအတွင်းအားကို စုစည်း၍ ရိုက်လိုက်သော ကီးဘုတ်ရိုက်သံသဲ့သဲ့ အရိပ်နက်ထံမှ ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်း အရိပ်နက်၏ လက်တွင် ကိုင်ထားသော လေးထာင့်သဏ္ဍာန်အရာထံမှ အလင်းရောင်တစ်ခု အမှောင်ထုကို ထိုးခွင်း၍ ထွက်ပေါ်လာသည်။
"ခွီး" သောက်ရေးထဲ password မေ့နေပြန်ဘီ"
Friday, October 3, 2014
ထိုင်းနိုင်ငံ၌ ကျွန်ခံစဉ်
![]() |
| Koh Tao ကျွန်းပေါ်မှ ဘွရှင် အလုပ်လုပ်ခဲ့ဖူးသည့် Charm Churee Villa Resort |
Thursday, October 2, 2014
ရွှေနန်းရှင်နှင့် အာဏာပိုင် အပိုင်း(၂)
အသက်ကိုးနှစ်လောက်ကတည်းက
ထိုင်းဘုရင်ဖြစ်လာတဲ့ အနန္ဒမဟီဒေါဟာ ဖခင်ဖြစ်သူ နိုင်ငံခြားရောက်နေတဲ့အချိန် ဂျာမနီနိုင်ငံ၊
Heidelberg မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ထိုင်းဘာသာစကားထက် ဥရောပဘာသာစကားတွေကို ပိုကျွမ်းကျင်ပြီး
အနောက်တိုင်းယဉ်ကျေးမှုနဲ့ ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ သူ့ခမည်းတော်မင်းသား မဟီဒေါကိုယ်တိုင်က
ထီးညွှန့်နန်းလျာမဖြစ်ခဲ့တဲ့အတွက် အနန္ဒမဟီဒေါနဲ့ ဘူမိဘောတို့ညီအစ်ကိုဟာ နောင်တချိန်မှာ
ဘုရင်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ကြပါဘူး။ အနန္ဒမဟီဒေါဘုရင်ဖြစ်ပြီးတဲ့အချိန်ထိ
နိုင်ငံခြားမှာ ကြီးပြင်းလာခဲ့တဲ့ ညီနောင်နှစ်ပါးဟာ အချင်းချင်းစကားပြောရင် မိခင်ထိုင်းဘာသာစကားနဲ့
မပြောပဲ ပြင်သစ်စကားနဲ့ပဲ ပြောလေ့ရှိတယ်လို့ သိရပါတယ်။ ကိုယ်ဟန်အမူအရာ ယဉ်ကျေးသိမ်မွေ့ပြီး
ကျန်းမာရေးချူချာတဲ့ အနန္ဒမဟီဒေါဟာ မိခင်ဖြစ်သူရဲ့ အချစ်ဆုံးသားကြီးဖြစ်ပါတယ်။
Monday, September 29, 2014
ဇာတ်သိမ်း၏ နောက်ကွယ်
ပြဿနာများဖြင့်
ကန့်လန့်ကာချ၍ ဇာတ်သိမ်းခဲ့လေပြီ။ ဘ၀တွင် မျှော်လင့်ခဲ့သမျှ၊ ရည်မှန်းခဲ့သမျှ၊ ကြိုးစားတည်ဆောက်ခဲ့သမျှသော
အရာဟူသမျှတို့ကား ဇာတ်သိမ်းခန်းနှင့်အတူ ပါသွားလေပြီ။ သူရင်ဆိုင်ရန် မျှော်လင့်ခဲ့သည့်
ဇာတ်သိမ်းခန်းကား ဤသို့မဟုတ်ချေ။ မီးစာမကုန်မှီ ဆီမခန်းမှီ ရင်ကွဲခန်းဖြင့် အိပ်မက်တို့
ဇာတ်သိမ်းခဲ့လေပြီ။
ဆောင်းကြိုရာသီ၏
ညသည် လေရူးများဖြင့် သွေးပျက်ဖွယ် ကောင်းလှသည်။ ၀ါကျင့်ကျင့် လမ်းမီးရောင်များ အောက်တွင်
လေတိုက်၍ ယိမ်းနွဲ့နေသော သစ်ပင်တို့သာ သက်ရှိအနေဖြင့် မြင်တွေ့နေရသည်။ ၀ရံတာ၌ သူထွက်ထိုင်နေသည်မှာ
ညနေစောင်း ကတည်းကပင်။ ဆေးလိပ်တစ်ဗူး ကုန်သွားသည်ကို သတိထားမိတော့မှ ညသန်းခေါင် ကျော်နေပြီကို
သူသတိပြုမိသည်။ ညစာ မစားရသေးသဖြင့် ဗိုက်က အောင့်လာသည်။ ထိုင်ခုံမှထသည့်အချိန် ထုံကျင်နေသည့်
ခြေထောက်များက ခန္ဓာကိုယ်အား မတ်တပ်ရန် ခွင့်မပြု။ ကြမ်းပြင်ပေါ် ထိုင်ချရင်း အိတ်တွင်းမှ
ဖုန်းကို ထုတ်ကြည့်မိသည်။ ဖုန်းမျက်နှာပြင်ပေါ်မှ သူမ၏အပြုံးသည် သူ့အား တဒင်္ဂ လန်းဆန်းသွားစေသည်။
မခေါ်ဖြစ်သည့် နံပါတ်လေးအား ၀တ္တရားမပျက်ဖွင့်ကြည့်ပြီးနောက် အိမ်တွင်းသို့ သူပြန်ဝင်လာခဲ့သည်။
***********
Sunday, May 11, 2014
ရခိုင်သားတို့ အိမ်ပြန်ချိန်

ဓာတ်ပုံ - အေးမောင်
သတိ - အက်တမ်ဗုံး (ပေါက်ကွဲတတ်သည်)
တစ်ယောက်စ၊နှစ်ယောက်စမှသည် အသုတ်လိုက်၊ အသုတ်လိုက်မှသည် အစုလိုက်၊အပြုံလိုက် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် တရွေ့ရွေ့ထွက်ခွာလာခဲ့သည့် နောက်ပိုင်းတွင် အဖရခိုင်ပြည်ကား ခြောက်ကပ်မှုအပေါင်း သရဖူဆောင်းလျှက် ရှိနေလေတော့သည်။ တစ်ခေတ်တစ်ခါက စည်ကားမှုအပေါင်းကား အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့ရလေပြီ။ ပွဲလမ်းသဘင်တို့သည်လည်း တချိန်က ကြက်ဝိုင်းမျှပင် မစည်နိုင်တော့ချေ။ သန်သန်မာမာ အရွယ်ကောင်းတို့ကား ရခိုင်ပြည်၌ ရှားပါးလှချေသည်။ စစ်တမ်းကောက်လျှင် နို့သောက်နှင့် ဒုတ်ထောက်အရွယ်တို့ကို အများဆုံးတွေ့ရပေလိမ့်မည်။ ယောင်္ကျားသားများ မဆိုထားလင့်၊ အရွယ်ကောင်း မိန်းမများပင် မွေးရပ်မြေအား စွန့်ခွာ၍ ရေကြည်ရာ၊မြက်နုရာသို့ ၀မ်းစာရှာထွက်ကြရလေသည်။ တရပ်တမြေတွင် ကာယ၊ဥာဏတို့ကို အရင်းတည်၍ ၀င်ငွေရှာပြီး ရသည့်ဝင်ငွေဖြင့် ရခိုင်ပြည်မှ ခလေးသူငယ်၊ အိုမင်းမစွမ်းများ ရှင်သန်ရပ်တည်ရေးကို ဖြည့်ဆည်းရလေသည်။ များမကြာသော ကာလအတွင်း မိသားစုလိုက်ပါ တရပ်တရွာသို့ ပြောင်းရွေ့ကြလေသည်။ ဤကား ရခိုင်ပြည်တွင် နစ္စဒူဝဖြစ်ပျက်နေသည့် သင်္ခါရတရားများ ပင်တည်း။
Wednesday, January 22, 2014
ရွှေနန်းရှင်နှင့် အာဏာပိုင် အပိုင်း(၁)
ရွှေနန်းရှင်နှင့် အာဏာပိုင်
၂၀၁၃ခုနှစ် ဒီဇင်ဘာလငါးရက်နေ့မှာ ဗန်ကောက်မြို့ ဘုရင့်နန်းတော်ရှေ့မှာ အ၀ါရောင် အလံတွေကိုင်ဆောင်ပြီး အ၀ါရောင်တီရှပ်တွေ ၀တ်ဆင်ထားတဲ့ ထိုင်းပြည်သူတွေနဲ့ စည်ကားနေပါတယ်။ အဲဒီနေ့ရက်ဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ သက်တော် ၈၆နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ်။ နန်းတော်တွင်းမှာတော့ အစိုးရအကြီးအကဲတွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ ထိုင်းသူကောင်းမျိုးတွေဟာ ချပ်ဝတ်တန်ဆာ၊ မှူးမတ်အဆောင်အယောင်တွေနဲ့ ဘုရင်မင်းမြတ်ရဲ့ မိန့်ခွန်းကို နာခံဖို့ စောင့်ဆိုင်းနေကြပါတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက ဘူမိဘောဘုရင်မင်းမြတ်ဟာ ထိုင်းပြည်သူတွေကို နန်းတော်လသာဆောင်ပေါ်ကနေ မိန့်ခွန်းပြောနေကျပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျန်းမာရေးယိုယွင်းနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ ဘုရင်မင်းမြတ်ဟာ နန်းတော်တွင်းက ညီလာခံပလ္လင်တော်ပေါ်ကပဲ စာရွက်ကြည့်ပြီး မိန့်ခွန်းပြောခဲ့ရပါတယ်။

၂၀၁၃ခုနှစ် ဒီဇင်ဘာလငါးရက်နေ့မှာ ဗန်ကောက်မြို့ ဘုရင့်နန်းတော်ရှေ့မှာ အ၀ါရောင် အလံတွေကိုင်ဆောင်ပြီး အ၀ါရောင်တီရှပ်တွေ ၀တ်ဆင်ထားတဲ့ ထိုင်းပြည်သူတွေနဲ့ စည်ကားနေပါတယ်။ အဲဒီနေ့ရက်ဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ သက်တော် ၈၆နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ်။ နန်းတော်တွင်းမှာတော့ အစိုးရအကြီးအကဲတွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ ထိုင်းသူကောင်းမျိုးတွေဟာ ချပ်ဝတ်တန်ဆာ၊ မှူးမတ်အဆောင်အယောင်တွေနဲ့ ဘုရင်မင်းမြတ်ရဲ့ မိန့်ခွန်းကို နာခံဖို့ စောင့်ဆိုင်းနေကြပါတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက ဘူမိဘောဘုရင်မင်းမြတ်ဟာ ထိုင်းပြည်သူတွေကို နန်းတော်လသာဆောင်ပေါ်ကနေ မိန့်ခွန်းပြောနေကျပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျန်းမာရေးယိုယွင်းနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ ဘုရင်မင်းမြတ်ဟာ နန်းတော်တွင်းက ညီလာခံပလ္လင်တော်ပေါ်ကပဲ စာရွက်ကြည့်ပြီး မိန့်ခွန်းပြောခဲ့ရပါတယ်။

Monday, November 18, 2013
သိုင်းလောက၏ စိမ်ခေါ်သံ (အဌမပိုင်း)
ညအမှောင်ကား
လရောင်မှုန်ဝါးဝါးအောက်တွင် စောင်ခြုံကွေးလျှက်ရှိနေသည်။ တစ်လောကလုံး
တိတ်ဆိတ်ငြိမ်သက်လျှက်။ ထိုအချိန်တွင် တောတန်းတစ်နေရာမှ သာယာသည့်
စောင်းသံနှင့်အတူ ဆွေးမြည့်ကြေကွဲလှိုက်မောစရာ တေးသံသဲ့သဲ့ ပျံ့လွင့်လာသည်။
♫♪♫ ပိုးကိုက်ပါလာသည့် ပန်းကို ပွင့်လာသည့်အခါ ဥယျာဉ်မှူးခမျာ ♫♪♫
♫♪♫ ပန်းတစ်ပင်လုံးကို အမြစ်ပါမကျန်အောင် တူးဆွ၍ ပစ်ရိုးမရှိခဲ့ပါ♫♪♫
♫♪♫ ....♫♪♫ ....♫♪♫.... ♫♪♫ ....♫♪♫.... ♫♪♫... ♫♪♫..... ♫♪♫ ..♫♪♫
♫♪♫ ဆိုးလိုက်သည့် လမ်းတ၀ိုက်မှာ ပိုးကိုက်သည့်ပန်း စိုက်ခဲ့မိလို့ ဥယျာဉ်မှူးသနားစရာ♫♪♫
♫♪♫ ...♫♪♫..... ♫♪♫.... ♫♪♫ ....♫♪♫ ...♫♪♫.... ♫♪♫.... ♫♪♫ ...♫♪♫... ♫♪♫ ...♫♪♫
!!!!! ၀ှစ် !!!! ၀ှစ် ..ဖလတ်!!!
ဘွရှင်ရဲ့ အငြိမ့်သဘင်
ခွန်းတောက်
ဘွရှင် - မျိုးမြန်မာ ရှေးရိုးစဉ်အလာမညှိုးအောင်လို့
(အို တယ်ဆိုတဲ့စာပါလား ကိုဘွရေ < ဆရာ ကြယ်> )
မျိုးမြန်မာ ရှေးရိုးစဉ်အလာမညှိုးအောင်လို့
ဆရာကြယ် - မောင်ဘွ မညှိုးအောင် ဘာဆေးကောင်းလဲငှင်
ဘွရှင် - ခွီး ခွန်းတောက်တောင် ဖြောင့်အောင်မဆိုရဘူး ရောဂါလာတက်ပြနေတယ် သေနာကျ
ဘွရှင် - မျိုးမြန်မာ ရှေးရိုးစဉ်အလာမညှိုးအောင်လ
(အို တယ်ဆိုတဲ့စာပါလား ကိုဘွရေ < ဆရာ ကြယ်> )
မျိုးမြန်မာ ရှေးရိုးစဉ်အလာမညှိုးအောင်လ
ဆရာကြယ် - မောင်ဘွ မညှိုးအောင် ဘာဆေးကောင်းလဲငှင်
ဘွရှင် - ခွီး ခွန်းတောက်တောင် ဖြောင့်အောင်မဆိုရဘူး ရောဂါလာတက်ပြနေတယ် သေနာကျ
Friday, November 1, 2013
Thursday, July 11, 2013
မြင့်မိုရ်တောင်အစုစုတို့အား ဇီးစေ့ဖြင့်ထုခြင်း (၀ံသာနု အယ်ဒီတာ့အာဘော်)
ဆိုရေးရှိကဆိုအပ်ရာ၏တဲ့။
ဆိုရိုးစကားရှိပါတယ်။ အဲဒီတော့ခါ ထောက်ပြဝေဖန်စရာ မျက်စိရှေ့
ကွက်ကွက်ကွင်းကွင်း မြင်နေပါလျှက်နဲ့ မမြင်ချင်ယောင်ဆောင်နေလို့ေ တာ့ မဖြစ်ပါဘူး။အ၀င်ဆိုးပေမယ့် ဆေးခါးကြီးဆိုတာ ရောဂါပျောက်ဖို့တိုက်တယ်လို့ ပဲ မှတ်ယူစေချင်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးလော ကမှာ အကွဲအပြဲတွေ၊ အပြန်အလှန်ဆော်ပလော်တီးမှုတွေ၊ ခါးအောက်ပိုင်းထိုးတာတွေ
တော်တော်ခေတ်စားနေပါတယ်။ ဒီလိုအဖြစ်မျိုးတွေဟာ နာတာရှည်ဖြစ်သွားမယ်ဆိုရင်
တိုင်းပြည်အတွက်အနာဂတ်မှာ ကောင်းသောရလာဒ်ဖြစ်လာမယ် မထင်ပါဘူး။
ဒီလိုပြဿနာတွေအတွက် တာဝန်အရှိဆုံးက ဘယ်သူတွေဖြစ်ပါသလဲ။
ဆန့်ကျင်ဖက်အုပ်စုတွေ အကုန်လုံးကို တပြိုင်နက်မေးမယ်ဆိုရင်
အပြန်အလှန်လက်ညိုးထိုးရင်း အကုန်လုံးတရားခံဖြစ်သွားမယ့် မေးခွန်းပါ။ ရွှေစွန်ညိုကစားသလို ရှေ့ဆုံးကလူကခါးလေးတစ်ချက်ယိမ်း၊
ခြေလှမ်းတစ်ချက် ဘေးရွေ့လိုက်တာနဲ့ နောက်ဆုံးကလူ လျှာထွက်အောင် ပတ်ပြေးရသလိုပဲ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရွှေ့တဲ့နောက် ကို နောက်လိုက်တွေ အိုးနင်းခွက်နင်းလိုက်နေရပါ တယ်။ အဲဒီတော့ခါ ခေါင်းဆောင်တွေမှာ တာဝန်အရှိဆုံးလို့ပြောလို့ရ ပါပြီ။
သို့ဖြစ်ပါ၍ ပညာ၊သဘာ၊အတွေ့အကြုံ၊ ကျော်ကြားမှုနှင့် သြဇာရှိမှုအစရှိသည့်
ဂုဏ်အရှိန်အ၀ါ ကြီးမြတ်လှစွာသော၊ မြင့်မိုရ်တောင်ကဲ့သို့
မြင့်မားလှသည့်အဆင့်အတန်းတွ င် ရပ်တည်နေကြပါကုန်သော ပုဂ္ဂိုလ်အစုစုတို့အား ဇီးစေ့ဖြင့်ထုပါအံ့။ အနာကျက်၍ အထာညက်ကြပါစေကုန်သတည်း။
ခြေလှမ်းတစ်ချက် ဘေးရွေ့လိုက်တာနဲ့ နောက်ဆုံးကလူ လျှာထွက်အောင် ပတ်ပြေးရသလိုပဲ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရွှေ့တဲ့နောက်
စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် (၀ံသာနုအယ်ဒီတာ့ အာဘော်)
အရပ်ထဲ
ရယ်စရာဟာသအနေနဲ့ လူတော်တော်များများ ကြားဖူးတဲ့
မေးခွန်းလေးတစ်ခုရှိပါတယ်။ ဘုရားလောင်း မဟာဇနက္ကမင်းသား သင်္ဘောပျက်လို့
ဆီဦးထောပတ်တ၀စား၊ လင်းယဉ်တိုင်ဖျားပေါ်တက်၊ သားစားငါးတွေထူပြောပြီး
လှိုင်းလေထန်တဲ့ ပင်လယ်ပြင်ထဲ ခုန်ဆင်းမယ့်အချိန်
စကားကြီးသုံးခွန်းပြောခဲ့တယ်။ အဲဒါ ဘာလဲသိလား ဆိုတဲ့မေးခွန်းပါ။ ရုတ်တရက်ဆိုတော့ မေးခံရတဲ့လူအတွက် အဖြေရှာမရပါဘူး။
အဖြေက တစ်၊နှစ်၊သုံးလို့ ရေပြီး ၀ုန်းခနဲခုန်ဆင်းတာပါတဲ့။
ခမ်းနားတဲ့အကြောင်းအရာကို မဆီမဆိုင်အချက်နဲ့ ဟာသဖောက်ထားတဲ့
ရယ်စရာဟာသလေးတစ်ခုပါ။
Subscribe to:
Posts (Atom)




















