သော်တာပြူစ ကြည်စွကောင်းကင်
ညဥ့်ရင်ခွင်ဝယ် ငွေကြယ်စုံညီ
ပုဏ္ဏမီလ၀န်း ငွေရည်သွန်းချ
မြူစမှုန်ရီ ဝေသီမှိုင်းပြ
ရှုမ၀ပြန် ညဥ့်ဦးယံ...။
လေပြည်အနမ်း ညဥ့်ပန်းဝတ်မှုန်
သင်းပျံ့ ထုံကြည် ဝေရီယစ်မူး
သည်ညဥ့်ဦး၌ ညဥ့်ငှက်ရှိုက်သံ
ရိုက်ခတ်ညံသည် လေပြည်အနှောက်
ရော်ရွက်ခြောက်တို့  တဖြောက်ဖြောက်ကြွေ
ငိုချင်းရှည်ကျူး သည်ညဥ့်ဦး..။
လေညင်းအပြေး အတွေးဖြန့် ချီ
အတိတ်ဆီသို့  ရော်ရီမှန်းဆ
လွမ်းစလှစ်ကျူး ငယ်ချစ်ဦးထံ
တေးကာရန်ညည်း ချစ်မီးလောင်ကျွမ်း
သူ့ မျက်ဝန်းညို ပြုံးရိပ်ခိုတွဲ
ရင်ခွင်ထဲဝယ် တွယ်တာခွန်းချို
မြတ်နိုးလိုလဲ ကြမ္မာလွဲဖယ်
တနယ်စီခြား ဤခါများတွင်
ရင်ခွင်အသစ် ခိုဝင်ချစ်ကာ
ပျော်ရှာပြီထင့် မျှော်လင့်ဆွေးနှောက်
ဝေးရောက်ချစ်သူ မောင့်လိုလူအား
သူမေ့ထားပြီ မကြည်အတွေး
ဖော်ကွာဝေးသူ သောကဆူဝေ
ဖြေမပြေသော် ရည်မျှော်မှန်းဆွေး
လွမ်းတေးသီပြန် ညဥ့်ဦးယံ..။
တချိန်တခါက ..ရင်တွင်းဖြစ်ကဗျာ..
ငချွန်းယေ(၂၀၀၄)
ညဥ့်ရင်ခွင်ဝယ် ငွေကြယ်စုံညီ
ပုဏ္ဏမီလ၀န်း ငွေရည်သွန်းချ
မြူစမှုန်ရီ ဝေသီမှိုင်းပြ
ရှုမ၀ပြန် ညဥ့်ဦးယံ...။
လေပြည်အနမ်း ညဥ့်ပန်းဝတ်မှုန်
သင်းပျံ့ ထုံကြည် ဝေရီယစ်မူး
သည်ညဥ့်ဦး၌ ညဥ့်ငှက်ရှိုက်သံ
ရိုက်ခတ်ညံသည် လေပြည်အနှောက်
ရော်ရွက်ခြောက်တို့  တဖြောက်ဖြောက်ကြွေ
ငိုချင်းရှည်ကျူး သည်ညဥ့်ဦး..။
လေညင်းအပြေး အတွေးဖြန့် ချီ
အတိတ်ဆီသို့  ရော်ရီမှန်းဆ
လွမ်းစလှစ်ကျူး ငယ်ချစ်ဦးထံ
တေးကာရန်ညည်း ချစ်မီးလောင်ကျွမ်း
သူ့ မျက်ဝန်းညို ပြုံးရိပ်ခိုတွဲ
ရင်ခွင်ထဲဝယ် တွယ်တာခွန်းချို
မြတ်နိုးလိုလဲ ကြမ္မာလွဲဖယ်
တနယ်စီခြား ဤခါများတွင်
ရင်ခွင်အသစ် ခိုဝင်ချစ်ကာ
ပျော်ရှာပြီထင့် မျှော်လင့်ဆွေးနှောက်
ဝေးရောက်ချစ်သူ မောင့်လိုလူအား
သူမေ့ထားပြီ မကြည်အတွေး
ဖော်ကွာဝေးသူ သောကဆူဝေ
ဖြေမပြေသော် ရည်မျှော်မှန်းဆွေး
လွမ်းတေးသီပြန် ညဥ့်ဦးယံ..။
တချိန်တခါက ..ရင်တွင်းဖြစ်ကဗျာ..
ငချွန်းယေ(၂၀၀၄)
0 comments:
Post a Comment