ပေါက်ကရ လေးဆယ်

Subscribe:

Monday, September 29, 2014

ဇာတ်သိမ်း၏ နောက်ကွယ်


ပြဿနာများဖြင့် ကန့်လန့်ကာချ၍ ဇာတ်သိမ်းခဲ့လေပြီ။ ဘ၀တွင် မျှော်လင့်ခဲ့သမျှ၊ ရည်မှန်းခဲ့သမျှ၊ ကြိုးစားတည်ဆောက်ခဲ့သမျှသော အရာဟူသမျှတို့ကား ဇာတ်သိမ်းခန်းနှင့်အတူ ပါသွားလေပြီ။ သူရင်ဆိုင်ရန် မျှော်လင့်ခဲ့သည့် ဇာတ်သိမ်းခန်းကား ဤသို့မဟုတ်ချေ။ မီးစာမကုန်မှီ ဆီမခန်းမှီ ရင်ကွဲခန်းဖြင့် အိပ်မက်တို့ ဇာတ်သိမ်းခဲ့လေပြီ။
ဆောင်းကြိုရာသီ၏ ညသည် လေရူးများဖြင့် သွေးပျက်ဖွယ် ကောင်းလှသည်။ ၀ါကျင့်ကျင့် လမ်းမီးရောင်များ အောက်တွင် လေတိုက်၍ ယိမ်းနွဲ့နေသော သစ်ပင်တို့သာ သက်ရှိအနေဖြင့် မြင်တွေ့နေရသည်။ ၀ရံတာ၌ သူထွက်ထိုင်နေသည်မှာ ညနေစောင်း ကတည်းကပင်။ ဆေးလိပ်တစ်ဗူး ကုန်သွားသည်ကို သတိထားမိတော့မှ ညသန်းခေါင် ကျော်နေပြီကို သူသတိပြုမိသည်။ ညစာ မစားရသေးသဖြင့် ဗိုက်က အောင့်လာသည်။ ထိုင်ခုံမှထသည့်အချိန် ထုံကျင်နေသည့် ခြေထောက်များက ခန္ဓာကိုယ်အား မတ်တပ်ရန် ခွင့်မပြု။ ကြမ်းပြင်ပေါ် ထိုင်ချရင်း အိတ်တွင်းမှ ဖုန်းကို ထုတ်ကြည့်မိသည်။ ဖုန်းမျက်နှာပြင်ပေါ်မှ သူမ၏အပြုံးသည် သူ့အား တဒင်္ဂ လန်းဆန်းသွားစေသည်။ မခေါ်ဖြစ်သည့် နံပါတ်လေးအား ၀တ္တရားမပျက်ဖွင့်ကြည့်ပြီးနောက် အိမ်တွင်းသို့ သူပြန်ဝင်လာခဲ့သည်။
                                                       ***********

Sunday, May 11, 2014

ရခိုင်သားတို့ အိမ်ပြန်ချိန်


ဓာတ်ပုံ - အေးမောင်
သတိ - အက်တမ်ဗုံး (ပေါက်ကွဲတတ်သည်)

တစ်ယောက်စ၊နှစ်ယောက်စမှသည် အသုတ်လိုက်၊ အသုတ်လိုက်မှသည် အစုလိုက်၊အပြုံလိုက် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် တရွေ့ရွေ့ထွက်ခွာလာခဲ့သည့် နောက်ပိုင်းတွင် အဖရခိုင်ပြည်ကား ခြောက်ကပ်မှုအပေါင်း သရဖူဆောင်းလျှက် ရှိနေလေတော့သည်။ တစ်ခေတ်တစ်ခါက စည်ကားမှုအပေါင်းကား အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့ရလေပြီ။ ပွဲလမ်းသဘင်တို့သည်လည်း တချိန်က ကြက်ဝိုင်းမျှပင် မစည်နိုင်တော့ချေ။ သန်သန်မာမာ အရွယ်ကောင်းတို့ကား ရခိုင်ပြည်၌ ရှားပါးလှချေသည်။ စစ်တမ်းကောက်လျှင် နို့သောက်နှင့် ဒုတ်ထောက်အရွယ်တို့ကို အများဆုံးတွေ့ရပေလိမ့်မည်။ ယောင်္ကျားသားများ မဆိုထားလင့်၊ အရွယ်ကောင်း မိန်းမများပင် မွေးရပ်မြေအား စွန့်ခွာ၍ ရေကြည်ရာ၊မြက်နုရာသို့ ၀မ်းစာရှာထွက်ကြရလေသည်။ တရပ်တမြေတွင် ကာယ၊ဥာဏတို့ကို အရင်းတည်၍ ၀င်ငွေရှာပြီး ရသည့်ဝင်ငွေဖြင့် ရခိုင်ပြည်မှ ခလေးသူငယ်၊ အိုမင်းမစွမ်းများ ရှင်သန်ရပ်တည်ရေးကို ဖြည့်ဆည်းရလေသည်။ များမကြာသော ကာလအတွင်း မိသားစုလိုက်ပါ တရပ်တရွာသို့ ပြောင်းရွေ့ကြလေသည်။ ဤကား ရခိုင်ပြည်တွင် နစ္စဒူဝဖြစ်ပျက်နေသည့် သင်္ခါရတရားများ ပင်တည်း။

Wednesday, January 22, 2014

ရွှေနန်းရှင်နှင့် အာဏာပိုင် အပိုင်း(၁)

ရွှေနန်းရှင်နှင့် အာဏာပိုင်

၂၀၁၃ခုနှစ် ဒီဇင်ဘာလငါးရက်နေ့မှာ ဗန်ကောက်မြို့ ဘုရင့်နန်းတော်ရှေ့မှာ အ၀ါရောင် အလံတွေကိုင်ဆောင်ပြီး အ၀ါရောင်တီရှပ်တွေ ၀တ်ဆင်ထားတဲ့ ထိုင်းပြည်သူတွေနဲ့ စည်ကားနေပါတယ်။ အဲဒီနေ့ရက်ဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ သက်တော် ၈၆နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ်။ နန်းတော်တွင်းမှာတော့ အစိုးရအကြီးအကဲတွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ ထိုင်းသူကောင်းမျိုးတွေဟာ ချပ်ဝတ်တန်ဆာ၊ မှူးမတ်အဆောင်အယောင်တွေနဲ့ ဘုရင်မင်းမြတ်ရဲ့ မိန့်ခွန်းကို နာခံဖို့ စောင့်ဆိုင်းနေကြပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ဘူမိဘောဘုရင်မင်းမြတ်ဟာ ထိုင်းပြည်သူတွေကို နန်းတော်လသာဆောင်ပေါ်ကနေ မိန့်ခွန်းပြောနေကျပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျန်းမာရေးယိုယွင်းနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ ဘုရင်မင်းမြတ်ဟာ နန်းတော်တွင်းက ညီလာခံပလ္လင်တော်ပေါ်ကပဲ စာရွက်ကြည့်ပြီး မိန့်ခွန်းပြောခဲ့ရပါတယ်။


Monday, November 18, 2013

သိုင်းလောက၏ စိမ်ခေါ်သံ (အဌမပိုင်း)

ညအမှောင်ကား လရောင်မှုန်ဝါးဝါးအောက်တွင် စောင်ခြုံကွေးလျှက်ရှိနေသည်။ တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်လျှက်။ ထိုအချိန်တွင် တောတန်းတစ်နေရာမှ သာယာသည့် စောင်းသံနှင့်အတူ ဆွေးမြည့်ကြေကွဲလှိုက်မောစရာ တေးသံသဲ့သဲ့ ပျံ့လွင့်လာသည်။

♫♪♫ ပိုးကိုက်ပါလာသည့် ပန်းကို ပွင့်လာသည့်အခါ ဥယျာဉ်မှူးခမျာ ♫♪♫
♫♪♫ ပန်းတစ်ပင်လုံးကို အမြစ်ပါမကျန်အောင် တူးဆွ၍ ပစ်ရိုးမရှိခဲ့ပါ♫♪♫
♫♪♫ ....♫♪♫ ....♫♪♫.... ♫♪♫ ....♫♪♫.... ♫♪♫... ♫♪♫..... ♫♪♫ ..♫♪♫
♫♪♫ ဆိုးလိုက်သည့် လမ်းတ၀ိုက်မှာ ပိုးကိုက်သည့်ပန်း စိုက်ခဲ့မိလို့ ဥယျာဉ်မှူးသနားစရာ♫♪♫
♫♪♫ ...♫♪♫..... ♫♪♫.... ♫♪♫ ....♫♪♫ ...♫♪♫.... ♫♪♫.... ♫♪♫ ...♫♪♫... ♫♪♫ ...♫♪♫

!!!!! ၀ှစ် !!!! ၀ှစ် ..ဖလတ်!!!

ဘွရှင်ရဲ့ အငြိမ့်သဘင်

ခွန်းတောက်

ဘွရှင် - မျိုးမြန်မာ ရှေးရိုးစဉ်အလာမညှိုးအောင်လို့
(အို တယ်ဆိုတဲ့စာပါလား ကိုဘွရေ < ဆရာ ကြယ်> )
မျိုးမြန်မာ ရှေးရိုးစဉ်အလာမညှိုးအောင်လို့

ဆရာကြယ် - မောင်ဘွ မညှိုးအောင် ဘာဆေးကောင်းလဲငှင်

ဘွရှင် - ခွီး ခွန်းတောက်တောင် ဖြောင့်အောင်မဆိုရဘူး ရောဂါလာတက်ပြနေတယ် သေနာကျ

Friday, November 1, 2013

To whom it may concern


 


sometimes I said, U are naughty
It doesn't mean U behave badly

sometimes I said, U are crazy
It doesn't mean U are wildly

Thursday, July 11, 2013

မြင့်မိုရ်တောင်အစုစုတို့အား ဇီးစေ့ဖြင့်ထုခြင်း (၀ံသာနု အယ်ဒီတာ့အာဘော်)

ဆိုရေးရှိကဆိုအပ်ရာ၏တဲ့။ ဆိုရိုးစကားရှိပါတယ်။ အဲဒီတော့ခါ ထောက်ပြဝေဖန်စရာ မျက်စိရှေ့ ကွက်ကွက်ကွင်းကွင်း မြင်နေပါလျှက်နဲ့ မမြင်ချင်ယောင်ဆောင်နေလို့တော့ မဖြစ်ပါဘူး။အ၀င်ဆိုးပေမယ့် ဆေးခါးကြီးဆိုတာ ရောဂါပျောက်ဖို့တိုက်တယ်လို့ပဲ မှတ်ယူစေချင်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးလောကမှာ အကွဲအပြဲတွေ၊ အပြန်အလှန်ဆော်ပလော်တီးမှုတွေ၊ ခါးအောက်ပိုင်းထိုးတာတွေ တော်တော်ခေတ်စားနေပါတယ်။ ဒီလိုအဖြစ်မျိုးတွေဟာ နာတာရှည်ဖြစ်သွားမယ်ဆိုရင် တိုင်းပြည်အတွက်အနာဂတ်မှာ ကောင်းသောရလာဒ်ဖြစ်လာမယ် မထင်ပါဘူး။ ဒီလိုပြဿနာတွေအတွက် တာဝန်အရှိဆုံးက ဘယ်သူတွေဖြစ်ပါသလဲ။ ဆန့်ကျင်ဖက်အုပ်စုတွေ အကုန်လုံးကို တပြိုင်နက်မေးမယ်ဆိုရင် အပြန်အလှန်လက်ညိုးထိုးရင်း အကုန်လုံးတရားခံဖြစ်သွားမယ့် မေးခွန်းပါ။ ရွှေစွန်ညိုကစားသလို ရှေ့ဆုံးကလူကခါးလေးတစ်ချက်ယိမ်း၊
 ခြေလှမ်းတစ်ချက် ဘေးရွေ့လိုက်တာနဲ့ နောက်ဆုံးကလူ လျှာထွက်အောင် ပတ်ပြေးရသလိုပဲ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရွှေ့တဲ့နောက်ကို နောက်လိုက်တွေ အိုးနင်းခွက်နင်းလိုက်နေရပါတယ်။ အဲဒီတော့ခါ ခေါင်းဆောင်တွေမှာ တာဝန်အရှိဆုံးလို့ပြောလို့ရပါပြီ။ သို့ဖြစ်ပါ၍ ပညာ၊သဘာ၊အတွေ့အကြုံ၊ ကျော်ကြားမှုနှင့် သြဇာရှိမှုအစရှိသည့် ဂုဏ်အရှိန်အ၀ါ ကြီးမြတ်လှစွာသော၊ မြင့်မိုရ်တောင်ကဲ့သို့ မြင့်မားလှသည့်အဆင့်အတန်းတွင် ရပ်တည်နေကြပါကုန်သော ပုဂ္ဂိုလ်အစုစုတို့အား ဇီးစေ့ဖြင့်ထုပါအံ့။ အနာကျက်၍ အထာညက်ကြပါစေကုန်သတည်း။