ပေါက်ကရ လေးဆယ်

Subscribe:

Saturday, December 26, 2015

အဘတို့ရဲ့ ဘွ

၂၀၁၈.ခုနှစ် တစ်ခုသော နေ့လည်ခင်း. .!!

"ဆိုက္ကားအားလား. ."

"အားပါဒယ်. .ဦးဇင်း
ငင်. .ဘူးး. .ဘူးလက် .. ဦးဇင်း. .ဘူးလက်. ."

"Lol!!!ကသိန်းအောင်။ ဒကာကြီး ဝမ်းသာလိုက်တာကွာ
မတွေ့ရတာတောင် အတော်ကြာပြီ
ဒါနဲ့ ဘောက်မယ်ကြောင့် ဒီဘွ ရောက်နေတာတုန်းး"

"အင်း. .မဲရှုံးလို့ပေါ့ ဦးဇင်းရယ်. ."

"ဦးဇင်း မဟုတ်ပါဘူးကွ ကိုရင်ကြီးပါ
ကျောင်းထိုင်ဆြာတော်ကို သိက္ခာထပ်ပေးဖို့လျှောက်တော့မင့်နဲ့ သိက္ခာနဲ့ တန်သလား မလုပ်ပေးနိုင်ဘူးလို့ပြောလို့
ခုထိ ကိုရင်ကြီး ဘွနဲ့နေရတုန်းဟေ့. ."

"aww!! ဆိုးပ ဘူးလက် အဲလေကိုရင်ကြီးရေ"

"ခုနမေးဒါ ဖြေပါဦး ဆိုက္ကားနင်းနေရတဲ့အကြောင်းလေး. .
သွားရင်းပြောကြတာပေါ့ ဟျောင့် မု မု. ."

ကသိန်းအောင်တျောက်ဆိုက္ကားကို ပျင်းရိလေးပင်စွာ နင်းရင်း.....

"ပျော့မပျောချင်ပါဘု ကိုရင်ကြီးရယ် ယောက္ခမတွေပေါ့ လွှတ်တော်ထဲလည်း မရောက် တရာ့ကိုးတရာ့တဆယ် လုပ်နေတဲ့ ကျော့်ကို ဆိုက္ကားတစီး ဝယ်ပေးပြီး ချမ်းသာအောင်နင်းပေရော့ဆိုလို့ နင်းနေရတာာ
ဒီသောက်ပါးစပ်က ဆတ်ဆော့ပြီး ထွက်ခဲ့တာလေ ဆိုက္ကားနင်းရင်တောင်ချမ်းသာဒယ်လို့ "

"အေးလေ!! မင်းပြောခဲ့တာပဲ နို့ စုမိဆောင်းမိ မရှိသေးဘူးလား"

"ဘယ်ကလာ ရှိရမှာတုန်း များလိုက်တဲ့ ဆိုက္ကားသမား အလှည့်ကျအောင်တောင် မနည်းစောင့်ရဒယ် ရပ်ကွက်ထဲက လမ်းတွေက
မကောင်းတော့ စမုတ်တိုင်ကျိုးတာနဲ့ ဘီးပေါက်တာနဲ့ ယောက္ခမကို အုံနာကြေးပေးဖို့တောင် အနိုင်နိုင်ရယ် ဟင့် ပြောရင်းဆိုရင်း ဟိုသဒေါင်းဇား အောင်သိန်းလင်းကို စိတ်နာလာဘီ ဒီလမ်းတွေအကုန်လုံး ဒင်းတစ်ခြမ်းပဲ ခင်းသွားလို့ ခုလိုဖြစ်ကုန်တာ "

"မင်း ဘွလည်း ဆိုးလှချည်လား အို. .ဒါနဲ့ ကိုမြင့်လှိုင်သတင်း
ဘာကြားသေးလဲ. ."

"သူလား ဆေးရုံတက်နေတယ်လေ"

"ဟေ!!ဘာလို့တုန်းးဟ. ."

"သူမှာလည်း အလုပ်အကိုင်မရှိ ကြွေးတွေကလည်ပင်း နစ်နေတော့ အကြွေးဆပ်နိုင်အောင်ဆိုပြီးထမင်းတနပ်လျော့စားတယ်ဆိုပဲ နေ့တိုင်းလိုလို ဆိုတော့ ဘယ်ခံနိုင်မတုန်း အာ့နဲ့ အစာအိမ်ရောဂါဖြစ်ပြီး ဆေးရုံတက်နေရတာ ဆေးကုစရိတ်ကြောင့် အကြွေးမကျေတဲ့အပြင်
အိမ်ပါပေါင်လိုက်ရပါရောလား. ."

ဆိုက္ကားပေါ်မှာ စကားပြောဆိုရင်း လမ်းတဝက်လောက် အရောက် ဘူးလက်က တစုံတယောက်ကို မြင်လိုက်ဟန်ဖြင့်. .

"ဟာ !!ဟိုမှာာ ကိုအုန်းမြင့်မလား
ကိုအုန်းးမြင့်. .ကိုအုန်းမြင့်. ."

ကသိန်းအောင်က ထိတ်လန့်တကြားလေသံဖြင့်. .

"ဟာာာ မခေါ်နဲ့ မခေါ်နဲ့. ."

သို့သော်လည်း နောက်ကျသွားလေပြီ။
အနှီပုဂ္ဂိုလ်ကား သူ့နာမည်ခေါ်သံကြားကာ အနားသို့ ချက်ချင်း ရောက်လာသည်။

"ဘယ်သူများလဲလို့
သိန်းအောင်ကိုးး မင်းငါ့ကို
ဟိုနေ့က အရက်တိုက်မယ်ပြောပြီး
ကတိမတည်ဘူးး"

ပြောပြောဆိုဆိုနဲ့ ကသိန်းအောင် ပါးကို"ဖြန်းးး. ."ခနဲ ရိုက်ချလိုက်သည်။

"ကျော်ခေါ်တာ မဟုတ်ဘူးဗျ ဒီကိုရင်ကြီး ခေါ်တာ. .ဟင့်"

ကိုရင်ကြီး ဘူးလက် လန့်ဖြန့်သွားသည်။

"ဟျောင့်. .ဟျောင့် ဘာလုပ်တာလဲဟ
ကိုယ့်အချင်းချင်း ရိုက်ဈာလား. ."

"ငါရိုက်ချင်လို့ ရိုက်တယ်ကွာ ဘာဖြစ်လဲ ကိုရင်လည်း ဂရုမစိုက်ဘူး ဘုန်းကြီးကပ်တဲ့ ဆွမ်းမှ ဘုန်းပေးလာတဲ့ အုန်းမြင့်တဲ့ တမြင့်ပဲ ရှိဒယ် ကဲကွာာာ. .!!"

"ဖြန်းး ဖြန်းးးး"

"ဟျောင့်!!ဟျောင့် စတော့ပ် ငါပါဟ . .ဟ ဘူးလက်လှဆွေ
ကိုရင် ဘူးလက်ပါဟ. ."

"သိသားပဲ ဒီမျက်ခွက်ကို ခွေးချီသွားတောင် မှတ်မိတယ် ခင်ညားဖေ့ဘုတ်မှာ ရွစိတက်လို့ ကျုပ်တို့တဖွဲ့လုံး မဲရှုံးရတာ လုံးဝမကျေဘူး။ သောက်မြင်ကတ်လို့ကို ရိုက်တယ်ကွာ. ."

"ဖြန်းး ဖြန်းးးး"

"အားးး!!
သိန်းအောင်ရေ မဟန်ဘူးကွ ဆိုက္ကားကို အမြန်. .မု မု. ."

နှစ်ယောက်သား အပြေးကောင်း၍ လွတ်သွားလေသည်။ ဆက်နေလျှင် အုန်းမြင့်လက်ချက်ကြောင့် အသက်ထွက်သွားနိုင်သည်။ ကသိန်းအောင်တယောက် ပါးကိုပွတ်ရင်း ဆိုက်ကားဆက်နင်းနေသည့် အချိန်တွင်

"ဟိုးးး ဆိုက်ကားဆရာ နောက်ခုံမှာ တယောက်လောက် လမ်းကြုံလိုက်လို့ရမလားဗျ ဒီနားလေးတင်ပဲ"

"ငင် ဒုသမ္မတဂျီး!!!"

"ဟေ ငါကဘယ်သူများလဲလို့ သိန်းအောင်ကိုး ဒီကိုယ်တော်လည်း ငါမြင်ဖူးပါတယ်"

"ဘူးလက်လေ ဒုသမ္မတကြီး ခု ကိုရင်ကြီးဖြစ်နေပြီ"

"အေးကွာ ခုလို ကိုယ့်လူတွေနဲ့ ပြန်ဆုံရတာ အရမ်းဝမ်းသာတယ်။ သိန်းအောင်ရေ အချင်းချင်း ပိုက်ဆံမယူနဲ့တော့ကွာ မင်းတို့နှစ်ယောက်ကို ငါမုန့်ဟင်းခါး ၀ယ်ကျွေးမယ်"

"ဟင့် လုပ်ပီ အုံနာကြေးမရနိုင်သေးဘူးဆိုနေမှ ကုန်းဆင်းမယ့်လူဒွေချည်းပဲ လာတွေ့နေရဒယ် ဒါနဲ့ ဒုသမ္မတဂျီးက ခု အမတ်ပြန်ရွေးခံရတယ် မှုတ်လား"

"အေးကွာ ပြန်သာအရွေးမခံရရင် ခုလောက်ဆို မင်းလိုမျိုးဆိုက်ကားနင်းနေရပြီ။ ခုရတဲ့ အမတ်လစာကလည်း မလောက်ပါဘူးကွာ။ လွှတ်တော်သွားတက်ရတဲ့ စရိတ်က မင်းတို့သိတဲ့အတိုင်းပဲ။ ငါ့မှာရတာက ဆယ်သိန်းပဲရှိတာ။ အထည်ကြီးပျက်ဆိုတော့ ကုန်ပေါက်တွေကလည်း မနည်းဘူး။ အဲဒါ ခုဆို ငါ့အိမ်ရှင်မက ငါ့ကို တစ်ရက်နှစ်ထောင်နဲ့ လောက်အောင်သုံးခိုင်းနေလို့ ဂွကျနေတယ်။"

"ကျော်တို့ထက်တော့ သာပါသေးဒယ် ဒုသမ္မတဂျီးရယ် ဟင့်"

"ကဲ ရောက်ပြီ လာ လာ ဆိုင်ထဲဝင်ရအောင်"

" ကြွကြပါ ကြွကြပါ ကျော်တို့ဆိုင်မှာ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲ၊ အသုတ်စုံ၊ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ရှမ်းခေါက်ဆွဲ၊ ရခိုင်မုန့်တီ၊ နန်းကြီးသုတ်၊ မုန့်ဖတ်သုတ် အစုံရတယ်နော်။ အအေးလည်း အစုံရတယ်။ မိဘပြည်သူတွေ ဘာသုံးဆောင်ကြမလဲ"

"ငင် !!!!!!!!! နိုင်ငံတော်သမ္မတကြီး !!!!!"

ရေးသူ - ဘွရှင် (နိုဝင်ဘာ ၁၂၊ ၂၀၁၅)
အိုင်ဒီယာ ခရက်တစ် - မတင်ရွှေလင် tongue emoticon tongue emoticon

0 comments:

Post a Comment