ပေါက်ကရ လေးဆယ်

Subscribe:

Saturday, December 26, 2015

အဘများနှင့် အင်္ဂါနံ (တစ်ခန်းရပ်ပြဇာတ်


NLD တွေ ဒေါင်းအရှင်လေးတွေကိုင်ပြီး မဲဆွယ်တော့ ကြံ့ခိုင်ရေးက အဘတွေ နေမထိထိုင်မရ ဖြစ်ကုန်သတဲ့။

အဘတစ်ယောက်ကပြောတယ်။ ဒါ ယတြာဖြစ်ရမယ်တဲ့။ ယတြာလို့ အသံကြားလိုက်တာနဲ့ ဦးဌေးဦး ခေါင်းထောင်သွားတယ်။ ဦးသိန်းစိန် မျက်နှာလှမ်းကြည့်တော့ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေတဲ့ပုံ သွားတွေ့တယ်။ ဦးဌေးဦး ရုံးကနေ ကားနဲ့ ချက်ချင်း အပြင်ထွက်သွားတယ်။ တစ်နာရီလောက်ကြာမှ ရေးကြီးသုတ်ပြာနဲ့ ပြန်ရောက်လာတယ်။ ရုံးခန်းထဲက အဘတွေ ဦးဌေးဦးဆီ အပြေးအလွှား ၀ိုင်းအုံသွားကြတယ်။
"ကျုပ်တို့မဲဆွယ်တဲ့နေရာမှာ သူတို့လိုမျိုး လာဘ်ကောင်လိုတယ်တဲ့။ အင်္ဂါနံသက်ရှိဖြစ်ရမယ်လို့ ပြောလိုက်တယ်"

"အင်္ဂါနံသက်ရှိ?????""

အဘတွေကြားမှာ ပွက်လောရိုက်သွားတယ်။ ဦးကျော်ဆန်းက လှမ်းပြောတယ်။

"အာ့ဆို စာကလေးပေါ့"

ဦးအောင်သိန်းလင်း - " အာ ဘယ်ကလာ ဆက်ရက်က အကောင်ပိုကြီးတယ်လေ"

ဦးအုန်းမြင့် - "ခင်ဗျားတို့ကတော့လုပ်ပြီ အဲဒီစာကလေးတွေ ဆက်ရက်တွေက ဟိုထမီခြုံတွေကိုင်တဲ့ ဒေါင်းလောက်ကြီးမလား။ လူမြင်မကောင်းဖြစ်မှာပေါ့"

ဦးသိန်းအောင် - " အာ့ဆို ဆိုက်ကားစီးလေ။ အဲဒါလည်း အင်္ဂါနံပဲဥစ္စာ"

ဦးသာအေး - "ခွီးး!! ဆိုက်ကား နင်ပဲနင်း။ အဲဒါသက်ရှိမှမဟုတ်တာ။
အကောင်ကြီးကြီးလိုချင်ရင် ဆင်လည်း အင်္ဂါနံပဲလေ။ နေပြည်တော်က ဆင်ဖြူတော်တွေစီးပြီး မဲဆွယ်ကြတာပေါ့။"

ဦးဝေလွှင် - "ခင်ဗျားတို့ပြောနေတာတွေက မဟုတ်သေးပါဘူး။ ဆင်ဆိုတာ ဗုဒ္ဓဟူးနံ ကိုယ်စားပြုဗျ။ ကျုပ်တို့လိုနေတာ အင်္ဂါနံ ကိုယ်စားပြုသက်ရှိသတ္တ၀ါ ဥပမာ ခြင်္သေ့"

ဦးခင်ရီ - "နင့်ဂျီးဒေါ် ခြင်္သေ့ အရှင်လတ်လတ်ကို နင်ပဲကိုင်ပြီး မဲဆွယ်။ ငါတော့ မကိုင်ရဲဘူး။

ဦးလှဆွေ - " သားတစ်ခုပြောကျိမယ်နော်။ ဟွာလေ အင်္ဂါနံသက်ရှိဆိုတော့ ဇီးကွက်လည်း အင်္ဂါနံပဲလေ။ ဇီးကွက်တွေ သားတို့ အညာမှာပေါတယ်။ ညဖက် ကြွက်သေကောင်ပုတ်နဲ့ ထောင်ရင် အများကြီးမိတယ်။

ဦးမြင့်လှိုင် - "ဇီဝဇိုးငှက်လည်း အင်္ဂါနံပဲလေ။ အကောင်သေးရင် အကောင်လေးငါးဆယ်လောက် လှောင်အိမ်ထဲထည့်လွယ်ပြီး မဲဆွယ်ကြတာပေါ့။

ဦးဌေးဦး - "မင်းအိုင်ဒီယာက မဲဆွယ်ရင် မဲရမရတော့ မသိဘူး။ အခါကြီးရက်ကြီး ဘုရားနားမှာ သွားထိုင်ရင်တော့ ပိုက်ဆံရလောက်တယ် ဟွန်း"

"အဟမ်း အဟမ်း"

ဦးသိန်းစိန်ဆီက ချောင်းဟန့်သံထွက်လာတော့ အဘတို့အုပ်စု ငြိမ်ကျသွားပါတယ်။

"ခုနကပြောသလို ကျွန်တော်တို့ မဲဆွယ်ဖို့အတွက် အင်္ဂါနံသက်ရှိလိုတယ်။ အကောင်ကြီးကြီးလည်း ဖြစ်ရမယ်။ လူလည်းစိတ်ဝင်စားရမယ်ဆိုတော့ခါ ခုနကပြောသလို ... နေအုန်း ခုနက ငါပြောမိပါလိမ့်???"

ဦးရဲမြင့် - "သမ္မတကြီး ဘာမှမပြောရသေးဘူးလေ ခိခိ"

ဦးသိန်းစိန် - " ငါသိတယ် လျှာမရှည်နဲ့ မှူးဇော် လာစမ်းဒီကို"

မှူးဇော် - "ဟုတ် လာပါပြီ သမ္မတကြီး"

ဦးသိန်းစိန် - "မင်းအဘတွေကို အင်္ဂါနံသက်ရှိ အကောင်ကြီးကြီးနှစ်ကောင်လောက် ရွေးပေးလိုက်ကွာ။ ငါခေါင်းကိုက်လာပြီ။ နွားနို့သွားသောက်လိုက်အုန်းမယ်"

မှူးဇော် - " အဘတို့ ဘာမှစိတ်မပူနဲ့ သက်လား။ သားမှာ အင်္ဂါနံ သက်ရှိအကောင်ကြီးကြီး နှစ်ကောင် ရယ်ဒီရှိပီးသား"

ဦးအုန်းမြင့် - "ဘာကောင်တွေလဲဟင်??"

မှူးဇော် - " ဇာဇာထက်နဲ့ ဇွန်သဉ္စာ"

အဘများအဖွဲ့ - " ဂိန်!!!!"

ဘွရှင် (နိုဝင်ဘာ ၃၊ ၂၀၁၅)

0 comments:

Post a Comment