ပေါက်ကရ လေးဆယ်

Subscribe:

Monday, April 16, 2012

နိုင်ငံတော် သမ္မတ


*နိုင်ငံတော် သမ္မတ*
ဂျိုထောင်ကာ အားမာန်ကြွ
ဘို့ လှလှ နွားတစ်ကောင်
ဥဿဖသူ့ အဆောင်ယောင်
ဆင်ပြောင်နှယ် ခွန်အား
ချွန်ကားတဲ့ သူ့ ဦးချို
ထွားစိုတဲ့ ကိုယ်လုံး

အားတကုန်ဆောင့်ကာရုန်းပေမယ့်
အသက်ဆုံးတောင် သူမလွတ်နိုင်ဘု
ဝဋ်မကျွတ်တော့ မှိုင်။
ဘွတ်အဲဆို ငယ်စဉ်ကတည်းရယ်က
ဆွဲလျှက်ခို နှာဝဖျားမှာကွယ့်
နဖားရယ် အမည်ရ
သွယ်လျလျ ကြိုးတစ်ပင်
ရစ်ဝင်တဲ့ ဒုက္ခ
ဖင်ဝကို ကြိမ်လာတို့ ခါမှ
မခို့ တရို့ ထကာ သွားနေရပါတဲ့
နွားလား ဥဿဖ။

                                                        ငချွန်းယေ(၃.၁.၂၀၁၂)
                                     လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင်                       နိုင်ငံရေးအကျဉ်းသားများ အနည်းငယ်မျှသာပါရှိသည်ကို မကျေနပ်၍ ရေးခဲ့သည့် ကဗျာ

0 comments:

Post a Comment