ပေါက်ကရ လေးဆယ်

Subscribe:

Monday, April 16, 2012

ပလတ်စတစ်များနှင့် ကျွန်တော်တို့ ကမ္ဘာ အပိုင်း(၃)

ပလတ်စတစ်များနှင့် ကျွန်တော်တို့ကမ္ဘာ အပိုင်း(၃)


  ဒီရက်ပိုင်း သတင်းတွေလိုက်ဖတ်၊ သူများတွေရေးတဲ့ ပို့ စ်တွေလိုက်ဖတ်နေရလို့  ဒီလက်ကျန်အပိုင်းလေးကို ခုမှတင်ဖြစ်တဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ ပလတ်စတစ်ဟာ ရေဆူမှတ်ထက်နိမ့်တဲ့ အပူချိန်အောက်မှာအရည်ပျော်နိုင်လို့  သူ့ ထဲမှာပါဝင်တဲ့ အညစ်အကြေးတွေကိုဖယ်ရှားတဲ့နေရာမှာ ခက်ခဲစေတဲ့အတွက်  Recycle လုပ်တဲ့နေရာမှာ တခြားပစ္စည်းတွေထက်စာရင် အရမ်းခက်ခဲပါတယ်။Recycle လုပ်ခြင်းကိုတိုးတက်အောင်လုပ်ဖို့ ဆိုတာ ဗြိတိန်မှာရှိတဲ့ ပလတ်စတစ်စက်မှုဇုန်တွေရဲ့  အဓိကမျှော်မှန်းထားတဲ့အရာနှစ်ခုထဲက တစ်ခုဖြစ်ပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းတိုင်းက စက်ရုံတွေကနေ ထုတ်လုပ်တဲ့ပလတ်စတစ်ပစ္စည်း အမျိုးအစားတစ်ခုချင်းစီထွက်ရှိတဲ့နှုန်း(ဥပမာ ပုလင်းတွေ၊ ကာတွန်းဗူးခွံတွေ၊ အောက်ခံပြားတွေ၊ ပလတ်စတစ်အိတ်တွေ) နဲ့  တစ်နိုင်ငံလုံးကသုံးစွဲပြီးသား ပလတ်စတစ်အမှိုက်တွေကို Recycle ပြန်လုပ်နိုင်မှုနှုန်းထားကို ထုတ်လုပ်မှုရဲ့  ၂၃%ကနေ ၄၅%ထိတိုးမြှင့်နိုင်ဖို့ အတွက် တာဝန်ရှိသူတွေဆီကနေ စနစ်တကျစစ်တမ်းကောက်ယူပြီး ခန့်မှန်းတွက်ချက်တာတွေ လုပ်ဆောင်နိုင်တယ်ဆိုရင် တိုးတက်တယ်လို့ ပြောလို့ ရပါတယ်။
PAFA က Barry Turner ရဲ့ အပြောအရကတော့ လက်ရှိလုပ်နေဆဲ Recycling ဟာ လက်ရှိအချိန်မှာ အဲဒီလိုမျိုးအသက်မ၀င်သေးပါဘူးတဲ့။ ဟန်ချက်ညီညီတိုးတက်ဖို့ ဆိုရင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ခွဲခြားစွန့်ပစ်လို့ရတဲ့ အမှိုက်ပုံးတွေ ဒါမှမဟုတ် ရိုးရိုးအမှိုက်ပုံးတွေကို Public Area တွေမှာ ခုထက်ပိုပြီးများများထားဖို့ လိုအပ်နေပါသေးတယ်လို့Trner ကဆိုပါတယ်။



  ဗြိတိန်ပလတ်စတစ်စက်မှုဇုံတွေရဲ့၂၀၂၀မှာ ပလတ်စတစ်စွန့် ပစ်အမှိုက် ကင်းစင်ရေးဆိုပြီး သူတို့ဘာသာ ချမှတ်ထားတဲ့ရည်မှန်းချက်ဟာ ပလတ်စတစ်အမှိုက်တွေကို မြေမြှုပ်ပစ်ဖို့ ဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက် ပလတ်စတစ်အမှိုက်တွေတွေကို အကြီးအကျယ်မီးရှို့ ဖျက်ဆီးရမှာဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ အစည်းတွေနဲ့ အငြင်းပွားစရာဖြစ်နေပြီးတော့ Health Protection Agency က ဒီလိုလုပ်ဖို့ အတွက် ခေတ်မှီစီမံကိန်းတွေကို ချပြပေမယ့် ဒီစီမံကိန်းတွေကနေ မီးရှို့ မှုကြောင့်ထွက်လာမယ့် မီးခိုးပြာမှုန်တွေကို ဘယ်လောက်များများ ဖယ်ရှားဖျက်ဆီးပစ်နိုင်မလဲဆိုတာကို တော်တော်များများက သံသယရှိနေကြပါတယ်။ ဒီလို မီးရှို့ ဖျက်ဆီးမှုတွေဆီကနေထွက်ရှိလာမယ့် ဓာတ်ငွေ့ပမာဏဟာ အရမ်းမြင့်ပြီး တစ်နာရီစာထုတ်လွှတ်မှုဟာ တခြား ဓာတ်ငွေ့ သုံးစွမ်းအင်ထုတ်လုပ်မှုနဲ့ နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုတွေထက် အဆတစ်ရာပိုမိုမြင့်မားပြီး 540g CO2(ကာဗွန်ဒိုင်အောက်ဆိုဒ်) per kilowatt hour ရှိနေပါတယ်။




 အထက်မှာပြောခဲ့တဲ့ စက်မှုဇုန်တွေရဲ့ စီမံချက်တွေအစား  ပလတ်စတစ်ပစ္စည်းများ စွန့်ပစ်သုံးစွဲပုံအဆင့်ဆင့်(Reduce,Reuse,Recycle)မှာ အထူးအလေးထားလုပ်ဆောင်တာမျိုးကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ တိရစ္တာန်များကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားသူများက ပိုမိုလိုလားကြပါတယ်။ဒီလိုမျိုးအခြေအနေတွေကို ပိုပြီးခရီးရောက်အောင် မောင်းနှင်တဲ့အနေနဲ့  ကုန်ခဲ့တဲ့လကပဲ ဗြိတိန်အစိုးရက ပလတ်စတစ် Recycling Targetကို 50%ထိတိုးတက်အောင် လုပ်ဆောင်ဖို့  အဆိုပြုခဲ့ပါတယ်။တကယ်လို့ အစိုးရပိုင်းကသာ ဒီကိစ္စကို ဖိဖိစီးစီးလုပ်ဆောင်မယ်ဆိုရင် Food Recyclingအပိုင်းမှာ သုတေသနလေ့လာတွေ့ ရှိချက်များအရအကြံပြုထားတဲ့ လိုတာထက်ပိုပြီးဝယ်ယူသုံးစွဲမှုတွေ၊အဲဒီဝယ်ယူထားတဲ့ ပစ္စည်းတွေကို ထုတ်ပိုးရမှုတွေကို လျှော့ချခြင်းစတာတွေနဲ့  ခုမျက်မှောက်ခေတ်မှာ တိုးတက်လာနေတဲ့ ပုံမှန်ရိုးရိုးသုံးစွဲနေကျဒြပ်ပေါင်းမျိုးမဟုတ်ပဲ အလိုအလျှောက်ရှာဖွေစက်နဲ့ တွေ့ ရှိနိုင်တဲ့ ဆိုးဆေးသစ်တစ်မျိုးကို အသုံးပြုထုတ်လုပ်ထားတဲ့ ပလတ်စတစ်အိတ်အနက်တွေကို အသုံးပြုခြင်းစတဲ့ လုပ်ဆောင်ချက်တွေနဲ့  အပြောင်းအလဲဖြစ်ပေါ်လာအောင် တွန်းအားပေးဆောင်ရွက်တာမျိုးတွေကို စနစ်တကျလုပ်သင့်ပါတယ်။
            ဗြိတိန်နိုင်ငံရဲ့ Recycling အကြောင်းကိုလေ့လာပြီးရင် တခြားနေရာတွေရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာကြည့်ကြရအောင်ပါ။ ခုကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ပလတ်စတစ်စက်မှုလုပ်ငန်းရှင်များအဖွဲ့  စုစုပေါင်း ၄၇ ဖွဲ့ ဟာ ကမ္ဘာ့သမုဒ္ဓရာတွေနဲ့  ပင်လယ်တွေထဲကို ပလတ်စတစ်အမှိုက်စွန့် ပစ်နေတာတွေကို ရပ်တန့် စေဖို့ အတွက် ရံပုံငွေထူထောင်ခြင်း၊သုတေသနအစီအစဉ်များဆောင်ရွက်ခြင်းစတာတွေကို စတင်ပူးပေါင်းလုပ်ဆောင်နေကြပြီဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ အရင်က ပလတ်စတစ်စွန့်ပစ်မှုနဲ့ ပတ်သက်လို့  ထိန်းသိမ်းဆောင်ရွက်ဖို့  ဘာအစီအစဉ်မှ မရှိခဲ့တဲ့ ဘယ်လ်ဂျီယံလိုနိုင်ငံလိုမျိုး ဥရောပနိုင်ငံတော်တော်များများမှာ ပလတ်စတစ်အမှိုက်ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ပြန်လည်ထူထောင်ရေးလမ်းစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော်နေကြပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမှာ ပလတ်စတစ်ထုတ်လုပ်သူလုပ်ငန်းရှင်တွေဟာ သူတို့ ထုတ်လုပ်လိုက်တဲ့ ပလတ်စတစ်ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေအပေါ်မှာ ရာခိုင်နှုန်းအလိုက် တာဝန်ယူကြရပါတယ်။ဒါပေမယ့် ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး Friends of the Earth's waste campaigner Julian Kirby က သူ့ အမြင်ကို ခုလိုပြောသွားပါတယ်။
    "The idea of producer responsibility is one of the ones people are most agreed on,but no-one's sure how."
At an industrial area in the outskirts of Jammu,India,plastic bags are washed and hung out to dry,for reuse.But most of the 256 million tonnes of plastic produced globally each year are not recycled,ending up fouling the environment.



ဂါဒီးယန်းသတင်းစာမှ ဆောင်းပါးရှင် Juliette Jowit ၏
Global hunger for plastic packaging leaves waste solution a long way off ဆောင်းပါးအား ဘာသာပြန်ဆိုဖော်ပြသည်။
မူရင်းသတင်းစာ ဆောင်းပါး>>

                                                                       ငချွန်းယေ(၂၁.၁.၂၀၁၂)
                               
နောက်ဆက်တွဲ ဗဟုသုတအနေနဲ့  တစ်ခုထပ်ပြီး မျှဝေပါရစေ

ခုလူတွေအ၀တ်လျှော်တဲ့အခါ ထွက်လာတဲ့ အညစ်အကြေးတွေ၊ဆပ်ပြာနဲ့ ရေတွေထက် အ၀တ်လျှော်စက်ထဲက ဘာတွေထပ်ထွက်လာနိုင်ပါသလဲ။ သိပ္ပံပညာရှင်တွေဟာ ခုခေတ်မှာ အ၀တ်လျှော်တာကနေထွက်ရှိလာတဲ့ အင်မတန်သေးငယ်တဲ့ပလတ်စတစ်အမှုန်တွေကြောင့် ကမ္ဘာတ၀ှမ်းလုံးကရေအရင်းအမြစ်တွေကို ခြိမ်းခြောက်နေပြီဆိုတာကို ထောက်ပြလာကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ် ၀တ်ဆင်နေတဲ့ အ၀တ်အစားတွေဟာ ပလတ်စတစ်နဲ့ အခြား အတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။အ၀တ်လျှော်တဲ့အခါ ထွက်လာတဲ့ အဲဒီပလတ်စတစ်အမှုန်တွေဟာ ပင်အပ်ခေါင်းထက်တောင်မှသေးငယ်ပြီး အိုင်ယာလန်နိုင်ငံ၊ Dublinတက္ကသိုလ်က Mark Anthony Browne ရဲ့ အဆိုအရ အ၀တ်အစားတစ်ထည်ကို တစ်ခါလျှော်တိုင်းမှာ ကျွတ်လာတဲ့ ဆိုးဆေးပမာဏဟာ တစ်ကြိမ်စီတိုင်းမှာ အမျှင်ပေါင်း 1900fibres ရှိနေပါတယ်တဲ့။အဲဒီဆိုးဆေးတွေထဲမှာ ညစ်ညမ်းတဲ့ပလတ်စတစ်အမှုန်တွေ ပါဝင်နေပါတယ်လို့  သူကပြောပါတယ်။ ဒီပလတ်စတစ်အမှုန်ပမာဏ နည်းနည်းမှာ အန္တရာယ်ရှိတဲ့ပေါင်းစပ်ပစ္စည်းတွေပါဝင်နေပြီးတော့ ဒီလိုမျိုးအရာတွေကို တိရိစ္ဆာန်တွေက မြိုချမိရင် အဲဒီတိရိစ္ဆာန်တွေကနေ စားသုံးတဲ့လူတွေဆီကိုပါရောက်ရှိနိုင်ပါတယ်။ဥပမာ ဒီပစ္စည်းတွေပျော်ဝင်နေတဲ့ ရေထဲက ကဏန်း၊ ပုဇွန်၊ကမာကောင်တို့ ၊ငါးတို့ ကို စားသုံးမိရင် စားသုံးမိတဲ့လူရဲ့ ဆဲလ်တွေထဲမှာ ဒီမိုက်ခရိုပလတ်စတစ်တွေဟာ လပေါင်းများစွာကြာတဲ့အထိ ရှိနေနိုင်ပါတယ်။သိပ္ပံပညာရှင်များအနေနဲ့  ဒီမိုက်ခရိုပလတ်စတစ်တွေကို မိလ္လာပြွန်တွေဆီကနေ စစ်ထုတ်ဖို့ နည်းလမ်းတွေကို စနစ်တကျတိုးတက်လာအောင်လုပ်ဆောင်ဖို့ နဲ့  ဘယ်လိုချည်မျှင်မျိုးကို အသုံးပြုရင် လူတွေ၊ကုန်းနေရေနေ တိရိစ္ဆာန်တွေအားလုံးအတွက် ဒီပြဿနာကို အပြေလည်ဆုံးဖြစ်စေနိုင်မလဲဆိုတာကို လေ့လာဆန်းစစ်ဖို့အထူးလိုအပ်နေပါတယ်လို့  သူ့ ရဲ့American Chemical Society journal မှာပါရှိတဲ့ Environmental Science&Technology ဆောင်းပါးမှာ Mark Antony Browne က တင်ပြသွားခဲ့ပါတယ်။(The Philadelphia Inquirer/MCT Information Services)

 

 နောက်ပိုင်း အချိန်ရရင် ဂျပန်နိုင်ငံမှာ Recycling Management ကိုဘယ်လိုလုပ်ဆောင်နေတယ်ဆိုတဲ့ဆောင်းပါးကို ဘာသာပြန်ပြီးတင်ဆက်ပေးပါအုန်းမယ်..ဒီတစ်ပတ်အတွက် ပလတ်စတစ်ကဏ္ဍကတော့ ဒီလောက်ပါပဲ..ခုသူများတွေရေးနေကြတဲ့ နိုင်ငံရေးပို့ စ်တွေနောက်ကို အမှီလိုက်ဖတ်ပြီး စိတ်ကထင်ရာမြင်ရာ ပေါက်ကရလေးဆယ်တွေ လိုက်ရေးရမှာမို့ နောက်အပတ်တွေမှာမှ ကြွတ်ကြွတ်အိတ်နဲ့  ပြန်ဆုံကြရအောင်..:p
ဝင်ရောက်ဖတ်ရှုမျှဝေပေးကြတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမများကို ကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment