ပေါက်ကရ လေးဆယ်

Subscribe:

Sunday, April 15, 2012

......ဆိုရင်

တစ်နေ့နေ့ပေါ့လေ..ချစ်သူမင်္ဂလာပွဲလုပ်ချင်တဲ့ ဟိုတယ်မှာ မင်္ဂလာဆောင်နဲ့ဒင်နာနှစ်မျိုးစလုံးကို လုပ်ပေးနိုင်မယ်ဆိုရင်၊ ချစ်သူသွားချင်တဲ့ ဘယ်နေရာကိုမဆို ဟန်းနီးမွန်းထွက်ပေးနိုင်မယ်ဆိုရင်၊ ကိုယ့်ခြံကိုယ့်ဝင်းလေးထဲမှာ ကိုယ်ပိုင်ဂရမ်ရှိတဲ့ အိမ်လေးတစ်လုံးနဲ့ နေနိုင်မယ်ဆိုရင်၊ ကိုယ်ပိုင်ကားမရှိပေမယ့် မိန်းမဘယ်သွားသွား တက္ကစီငှားပေးနိုင်မယ်ဆိုရင်၊ရှော့ပင်ထွက်တဲ့အခါ မိန်းမစိတ်ဝင်စားလို့ကိုင်ကြည့်တဲ့ပစ္စည်းကို ဒါလေးယူလိုက်ရမလား မမေးခင် ကိုယ့်အိတ်ကပ်ပြန်စမ်းစရာမလိုပဲ အသဲလိုချင်ရင်ယူလိုက်လေလို့ ရင်ကော့ပြီးပြောနိုင်မယ်ဆိုရင်၊
မိန်းမခလေးမွေးတဲ့အခါ ဆေးရုံစရိတ်အတွက် လူတကာဆီ ပိုက်ဆံလိုက်ချေးစရာမလိုပဲ တာဝန်ကျဆရာဝန်တွေ၊ သူနာပြုတွေကိုပါ လက်ဆောင်ပေးနိုင်မယ်ဆိုရင်၊ စီးပွားရေးအတွက် မပူရပဲ အေးအေးလူလူ စာရေးနိုင်မယ်ဆိုရင်၊နှစ်ဖက်မိဘတွေကို လစဉ်မှန်မှန် ထောက်ပံ့ကန်တော့နိုင်မယ်ဆိုရင်၊ ညီ၊ညီမ၊ယောက်ဖ၊ခယ်မ မျက်နှာမငယ်အောင် ထောက်ပံ့ပေးကမ်းနိုင်မယ်ဆိုရင်၊ နယ်ပြန်ပြီး တစ်နှစ်တခါ မိသားစုစုံစုံညီညီ အဖေ့အတွက် အလှူလုပ်ပေးနိုင်မယ်ဆိုရင်၊ မိန်းမရေ ကိုယ်အိမ်ဖော်တွေချက်တာမကြိုက်ဘူးကွာ ကိုယ့်မိန်းမလက်ရာလေးပဲ စားချင်တယ်လို့ ချွဲနိုင်တဲ့အခြေအနေမှာရှိမယ်ဆိုရင်၊ စနေ၊တနင်္ဂနွေ ဘောပွဲသွားကြည့်တာကို ကြည်ဖြူတဲ့မိန်းမမျိုးနဲ့ ညားမယ်ဆိုရင်၊ တစ်လတစ်ခါ အပေါင်းအသင်းနဲ့တွေ့လို့ အရက်သောက်ဖြစ်တာကို မဆူမဆောင့်ပဲ ကြည်ဖြူတဲ့ မိန်းမမျိုးနဲ့ညားမယ်ဆိုရင်၊ ကိုယ်ရေးတဲ့စာတွေကို ဘေးနားကထိုင်ဖတ်ပြီး ရေးနေတဲ့အကြောင်းအရာအပေါ်မှာ အပြန်အလှန်ဝေဖန်ဆွေးနွေးပေးနိုင်မယ့် မိန်းမမျိုးနဲ့ ညားမယ်ဆိုရင်၊ မိန်းမစားဖို့ တခါတလေဟင်းချက်ကျွေးတာကို အမြဲတမ်းချက်ကျွေးဖို့ မပူဆာတတ်တဲ့ မိန်းမမျိုးနဲ့ ညားမယ်ဆိုရင်၊ သားသမီးတွေရှေ့မှာ ယောင်္ကျားကို မြည်တွန်တောက်တီးမလုပ်တတ်တဲ့ မိန်းမမျိုးနဲ့ ညားမယ်ဆိုရင်၊ ကိုယ်အားပေးတဲ့ ဘောလုံးအသင်းကို လိုက်အားပေးပြီး ကိုယ်ထောက်ခံတဲ့ပါတီကိုမဲထည့်မယ့် မိန်းမမျိုးနဲ့ ညားမယ်ဆိုရင်၊ နေ့ခင်းနေ့လည် လူတကာအိမ်လျှောက်သွား အတင်းမပြောတတ်တဲ့ မိန်းမမျိုးနဲ့ ညားမယ်ဆိုရင်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး အမြဲတစေ သပ်သပ်ရပ်ရပ်နေတတ်တဲ့ မိန်းမမျိုးနဲ့ ညားမယ်ဆိုရင်၊ ဟင်းချက်မကောင်းရင်တောင်မှ ယောင်္ကျားကိုချစ်တဲ့စိတ်နဲ့ ယောင်္ကျားသင်ပေးတာကို ကြိုးစားသင်ယူချင်စိတ်ရှိတဲ့ မိန်းမမျိုးနဲ့ ညားမယ်ဆိုရင်...စသဖြင့်..စသဖြင့်  အထက်ဖော်ပြပါ အချက်များနှင့် တခြားအချက်ပေါင်းများစွာ ပြည့်စုံမယ်ဆိုရင် ကျွန်တော်မျိုးကြီး အိမ်ထောင့်တာဝန်ကို ရာသက်ပန် ရိုးမြေကျထမ်းဆောင်ဖို့ အသင့်ရှိပါသည်။ ထိုသို့စဉ်းစား၊တွေးတော၊ကြံဆ၊ကြိုးစားရင်း ခုထိမရနိုင်သေးပဲ အသက်သုံးဆယ်ပြည့်တော့မည် ဖြစ်ပါကြောင်း....ဟီးဟီး(ဝေဖန်နိုင်ရန်အတွက် တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ အပုတ်ချလိုစိတ်လုံးဝမရှိပါ..ခိခိ)..ဖေ့ဘွတ်မှာ စတေးတပ်တင်တာရှည်သွားလို့ နုတ်တင်လိုက်ရတယ်...:p
                                                                    ငချွန်းယေ(၁၈.၃.၂၀၁၂)

0 comments:

Post a Comment