ပေါက်ကရ လေးဆယ်

Subscribe:

Sunday, April 15, 2012

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဌာနေတိုင်းရင်းသားဖြစ်သည့် အစ္စလာမ်ဘာသာဝင် ကမန်လူမျိုး

ကမန်လူမျိုးသည်လည်း ရခိုင်လူမျိုးစုဝင်ဖြစ်သည်။ ရခိုင်လူမျိုးစုကြီးထဲတွင် ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်မျိုးနွယ်စုများ အကျုံးဝင်ကြောင်း အထင်အရှားတွေ့ရှိရပေသည်။ ““ ကမန် ”” တိုင်းရင်းသားမျိုးနွယ်စုသည် ရခိုင်ပြည်နယ်ကို အခြေပြုမှီတင်းနေထိုင်ကြသော မျိုးနွယ်စုများအနက် မျိုးနွယ်စုတစ်ခုဖြစ်သောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက တရားဝင် သတ်မှတ်ထားသော တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) စုတွင် တစ်စုအပါအ၀င်ဖြစ်ပါသည်။

၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင် လက်ထက် ရခိုင် ဘုရင့် နိုင်ငံတော် ကို ဗမာ ဘုရင် သိမ်းပိုက် သဖြင့် ရခိုင် ဘုရင် မင်းစောမွန် သည် ဘင်္ဂလား ဒေသရှိ ဂေါလ်ဒေသ သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂေါလ် ဆူလတန် ဘုရင်က ကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလား ဂေါလ် ဆူလတန် ဘုရင် ၏ အကူအညီ ဖြင့် ရခိုင် ထီးနန်း ကို အရ ယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ် ကို စတင် တည်ထောင် ခဲ့ပါသည်။ မြောက်ဦးခေတ် တွင် ရခိုင့် တပ်မတော်၌ အာရပ် မှစစ်သည် တော်များ၊ ဥရောပ မှ ပေါ်တူဂီများ နှင့် ဂျပန် တို့ပါအမှုတော် ထမ်းခဲ့သည်ကို တွေ့ရှိရ သည်။ ယင်းအာရပ် မှစစ်သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်း နှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်း တို့ကို ရခိုင် တို့က ကမန် ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည် ၌ တိုင်းရင်းသား မျိုးနွယ်စု အဖြစ် အသိအမှတ် ပြုထားပါသည်။
ယင်းမူဆလင် ဘာသာဝင် ကမန် တို့သည် ရခိုင်ပြည်၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုး ကို လုံးဝ ပြုလုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့် ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင် တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင် လာခဲ့ကြသော လူမျိုး တစ်မျိုး ဖြစ်သည်။ ကမန်သည် ရိုဟင်ဂျာ လူမျိုးများ မဟုတ်ပေ

မောင်ဆန္ဒ (လယ်ဝေး) ၏ ကမန်မျိုးနွယ်စုသမိုင်း

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားမျိုးနွယ်စုများ မပျောက်မပျက်စေရန် မိသားစုအနည်းငယ်မျှသာရှိသော မျိုးနွယ်စုမှစ၍ထိန်းသိမ်းဖော်ထုတ်ကာ တိုင်းရင်းသားမျိုးနွယ်စုများစွာပါဝင်သော နိုင်ငံတော်ကြီးကို စုစည်းခိုင်မာစေသည်နှင့်အညီ ကျွန်ုပ်တို့မှာလည်း ““ ကမန် ”” အမျိုးသားများ၏ ပကတိမှန်ကန်သော သမိုင်းဖြစ်စဉ်တစ်စောင်ကို ကမန်အမျိုးသားများနှင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ လွယ်လင့်တကူသိရှိနိုင်စေရန်နှင့် နောင်အကြောင်းတစ်စုံတစ်ရာအတွက် လိုအပ်ပါက အထောက်အထားတစ်ရပ်အဖြစ် သုံးစွဲတင်ပြနိုင်ရန် ဤသမိုင်းမှတ်တမ်းတစ်စောင်ကို ပြုစုရခြင်းဖြစ်ပါသည်။ ထို့အပြင် ကချင်၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသား အများစုများမှ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်ကြသူများရှိသကဲ့သို့ တိုင်ရင်းသားစစ်စစ်များထဲမှ အစ္စလာမ် ဘာသာကို ယုံကြည်သက်ဝင်ကြသူများ ရှိသေးကြောင်းကိုလည်း ကျွန်ုပ်တို့ ဖော်ထုတ်လိုရင်းဖြစ်သည်။
ရခိုင်ရာဇ၀င်ထဲမှ ကမန်သမိုင်းကိုလေ့လာလျှင် ကမန်သည်အိမ်နီးနားချင်းဆက်စပ်နေသောနိုင်ငံ တစ်ခု၏ လူမျိုးတစ်မျိုးမှပေါက်ဖွားလာသော မျိုးနွယ်စုတစ်မျိုးမဟုတ် ““ မည်သည့်အိမ်နီးနားချင်းနိုင်ငံတစ်နိုင်ငံတွင်မှ ကမန်ဟူသော အမည်ဖြင့် လူမျိုးများနေထိုင်ကြကြောင်း သမိုင်းအထောက်အထားများ လုံးဝမရှိပါပေ””။ ကမန်မျိုးနွယ်စုသည် ရခိုင်လူမျိုးစုကြီးထဲတွင် အထင်အရှားပါဝင်နေပြီး ကမ္ဘာအရပ်ရပ် မည်သည့်တိုင်းပြည်နိုင်ငံများတွင်မျှ ကမန်လူမျိုးစုနှင့်မျိုးနွယ်တူ တိုင်းတစ်ပါးသားကျောထောက်နောက်ခံလူမျိုးဟူ၍ လုံးဝမရှိသော မြန်မာနိုင်ငံတိုင်းရင်းဖွားမျိုးနွယ်စုတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ သမိုင်းစဉ်တစ်လျှောက်တွင် မည်ကဲ့သို့သော အခက်အခဲများ ကြုံကြိုက်ခဲ့ပါစေ၊ တိုင်းတစ်ပါးနိုင်ငံများသို့ လူမျိုးစုအလိုက် ထွက်ပြေးတမ်းရှောင်ခြင်း၊ တိုင်းတစ်ပါးအားကိုး အားထာပြုခြင်းများလည်း မရှိဖူးပါချေ။ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ပြီး ရခိုင်ရိုးရာ ယဉ်ကျေးမှုအတိုင်းပင် ဆက်လက်နေထိုင်လျက်ရှိသော တိုင်းရင်းသားမျိုးနွယ်စုတစ်ခုပင်ဖြစ်သည်။ ကမန်များမှာ ရခိုင်ပြည်နယ်တွင် ပေါက်ဖွားကြီးပြင်းကြပြီး မြန်မာပြည်အတွင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုတစ်စုဖြစ်သည်။ အမေကျော် ဒွေးဒေါ်လွမ်းစရာ နိုင်ငံရပ်ခြားသံယောဇဉ် တစ်စုံတစ်ရာမရှိပါချေ။ ကမန်မျိုးနွယ်စုသည် ရခိုင်ဘုရင့်တပ်မတော် ““ လေးသည်တော် ”” တပ်ကို အစွဲပြုရာမှ ပေါ်ပေါက်လာသော ဘုရင့်တပ်မတော်၏ အမည်နာမကိုအကြောင်းပြုသော လူမျိုးစုတစ်စုသာဖြစ်သည်။ ထို့အတွက်ကြောင့်ကမန်သည် ရခိုင်ထဲမှ ရခိုင်များသာဖြစ်ကြသည်ဆိုသည့် အကြောင်းအချင်းရာကိုမမှန်ကန်ကြောင်း ငြင်းချက်ထုတ်နိုင်မည်မဟုတ်ပေ။
အချုပ်ဆိုရသော် ကမန်အမျိုးသာများသည် ရခိုင်နွယ်ဖွားတိုင်းရင်းသားလူမျိုးတစ်ရပ်ဖြစ်သည့်အားလျော်စွာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာအစဉ်အလာကောင်းများကို ထိန်းသိမ်းလျက်ရှိကြပါသည်။ ရခိုင်ပြည်နယ်အပါအ၀င် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝစဉ်တိုးတက်သာယာရေးနှင့်လွတ်လပ်ရေး ထိန်းသိမ်းကာကွယ်ရေးတို့တွင် ကျရာဂကဏ္ဍမှ ကျရာတာဝန်များကို ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။

ကမန်လူမျိုးများထဲမှ ထင်ရှားကျော်ကြားမြန်မာမွတ်စလင်များ

  1. ဦးထွန်းစိန် (ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး ဥက္ကဋ္ဌ )
  2. ဘရှင် (၁၉၂၀ ပထမကျောင်းသားသပိတ်ကို ဦးဆောင်သူ တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတွင်ပါဝင်သူ)
  3. သခင်သန်းမောင် (လွတ်လပ်ရေးမော်ကွန်းဝင်)
  4. သခင် ယဲ့သက်အောင်
  5. သခင်မောင်ညွန့်
  6. ဟိုက်ကုတ်တရားသူကြီး ဦးစီဘူး ( ၁၉ ဇူလိုင် နိုင်ငံတော် လုပ်ကြံမှုကို စစ်ဆေးစီရင်သော တရားရေးအဖွဲ့ဝင်)၊
  7. အိုင်စီအက်(စ်) ဦးကျော်သိန်း (အတွင်းဝန်ဟောင်း)
  8. ဗိုလ်မှူးထွန်းမြိုင် (တပ်မတော် ဒုလက်ထောက်စစ်ရေးချုပ် ငြိမ်း)
  9. ဗိုလ်မှူးကြီး ခင်မောင်စော (လေ) (သူရ နှစ်ထပ်ကွမ်း)၊
  10. ဗိုလ်မှူးကြီးကျော်ခင် (ဆေးဘက်ဆိုင်ရာဦးဆောင်ညွှန်ကြားရေးမှူး)၊
  11. ဒုတိယ ဗိုလ်မှူးကြီးဝင်းဖေ (တပ်မတော် ဒုတိယ စစ်ဥပဒေချုပ် ငြိမ်း)
  12. ဗိုလ်မှူးဘိုးဖြူ (တပ်မတော် ရေ)
  13. ရှေ.နေကြီး ဦးဖိုးခိုင် (ပါလီမန် အမတ်)
  14. သီရိပျံချီဦးဘစိန်
  15. ဒေါက်တာရီရီ (သီရိပျံချီဦးဘစိန် ၏ သမီး)
  16. ဒေါ်အေးညွန့် (ပါလီမန်အမတ် ၊ ရှေ.နေကြီး ဦးဖိုးခိုင်၏ သမီး )
  17. ပါမောက္ခ ဦးအောင်ခင် (ဓာတုဗေဒပါမောက္ခ )
  18. အတွင်းဝန် ဦးအုန်းခင် (တရားရေးဝန်ကြီးဌာန)
  19. ဦးသာညွန့် (ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး)၊
  20. ဆရာကြီး ဦးမောင်တင် (တိုင်းပညာဝန်)
  21. အမျိုးသားကျောင်းဆရာကြီး ဦးညိုဘူး (ဒုတိယ အင်ဂျင်နီယာချုပ် ၊လွတ်လပ်ရေးရပြီးခေတ် လျှပ်စစ်ဓါတ်အားပေးရေး လုပ်ငန်းဌာန)

ကိုးကား

မောင်ဆန္ဒ(လယ်ဝေး) ကမန်မျိုးနွယ်စုသမိုင်း ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ(နိုင်ငံဂုဏ်ရည်စာပေတိုက်)ကုန်သည်လမ်း၊ စာပေဗိမာန်၊ ရန်ကုန်မြို့။

Copy from;
http://wikimyanmar.co.cc

မှတ်ချက်

            ဒီပို့စ်ကိုတင်ရတဲ့ရည်ရွယ်ချက်က ရိုဟင်ဂျာဆိုတဲ့ဘင်္ဂလီတွေဟာ ကမန်လူမျိုးတွေရဲ့သမိုင်းကို သူတို့သမိုင်းလုပ်ပြီး မြန်မာနိုင်ငံရဲ့တစ်စိတ်တစ်ဒေသ၊ရခိုင်ပြည်နယ်ရဲ့ ဘူးသီးတောင်၊မောင်တော ဒေသကိုဖဲ့ထုတ်ဖို့နှစ်ပေါင်းများစွာကြံစည်နေတာကို တားဆီးဖို့အတွက်နဲ့ မြန်မာလူမျိုးတွေဟာ မူဆလင်ဘာသာဝင်တွေကို တိုင်းရင်းသားအဖြစ်အသိမှတ်မပြုပါဘူးဆိုပြီး ကမ္ဘာတ၀ှန်းလုံးကို သူတို့ဝါဒဖြန့်နေတာကို ချေဖျက်နိုင်ဖို့ဖြစ်ပါတယ်။ ကမန်လူမျိုးတွေရဲ့ သစ္စာရှိမှုကြောင့် ရခိုင်ဘုရင်တွေလက်ထက်မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရတဲ့အပြင် သူရဲကောင်း လေးသည်တော်များအဖြစ် သူကောင်းပြုပြီး မြောက်ဦးမြို့တော်မှာ ဗလီဆောက်လုပ် ကိုးကွယ်ခွင့်ပေးခဲ့ပါတယ်။ အဲဒီဟာတွေကို ရိုဟင်ဂျာတွေက သူတို့လူမျိုးတွေပါလို့ ကမန်လူမျိုးတွေကို ခုတုံးလုပ်ပြီး ကမ္ဘာပတ်အော်ဟစ်နေကြပါတယ်။ ယခုခေတ်အထိ ကမန်လူမျိုးတွေဝတ်ပြုတဲ့ဗလီနဲ့ ကုလားတွေဝတ်ပြုတဲ့ဗလီမတူပါဘူး။ ကမန်တွေဟာ ရခိုင်တွေနဲ့ဘယ်သောအခါမှ ရန်မီးမပွားခဲ့သလို ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ အမြဲစည်းလုံးစွာနေထိုင်ခဲ့ကြတဲ့ မြန်မာနိုင်ငံရဲ့ တစ်မျိုးတည်းသောတိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပါတယ်။ စစ်အာဏာရှင်တွေလက်ထက်မှာ တခြားတိုင်းရင်းသားများနည်းတူ ကမန်တွေဟာလည်း လူမျိုး၊ဘာသာရေး ခွဲခြားခံခဲ့ရပါတယ်။ ဒီဟာကို အခွင့်ကောင်းယူပြီး ဘင်္ဂလီတွေဟာ ကမန်တွေကိုသူတို့အုပ်စုထဲကိုအတင်းထည့်သွင်းပြီး ကမန်သမိုင်းကိုပုံတူကူး၊ဌာနေတိုင်းရင်းသားအဖြစ်တဖက်သတ်ကြေငြာပြီး မူဆလင်တွေအားလုံးကို အစိုးရနဲ့ ကျန်တဲ့တိုင်းရင်းသားတွေက ဘာသာရေးမုန်းတီးမှုကြောင့် သတ်ဖြတ်ညှင်းဆဲနေပါတယ်လို့ ကုလသမဂ္ဂနဲ့အနောက်နိုင်ငံအစိုးရတွေဆီမှာ မျက်ရည်ခံထိုးနေကြပါတယ်။ သူတို့ရဲ့လုပ်ရပ်ကို ပိုမိုခိုင်မာအောင်ဖန်တီးနေသူတွေက ပြည်တွင်းက ဘာသာရေးမုန်းတီးမှုကိုရှေ့တန်းတင်တဲ့ လူတစ်စုသာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ အဲဒီလိုဗုဒ္ဓဘာသာဝင်တွေက အစ္စလာမ်ဘာသာကိုဖိနှိပ်စော်ကားမှုလုပ်တာမျိုးကို ပိုသဘောကျကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက် သူတို့ပြောနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အနောက်နိုင်ငံတွေနဲ့ အာရပ်ကမ္ဘာမှာမျက်ရည်ခံထိုးဖို့သက်သေပြစရာရနေလို့ပါပဲ။ ဒီပြဿနာတွေကို တကယ်တမ်းရင်စီးခံစားနေရတာက တိုင်းရင်းသားကမန်မူဆလင်တွေပါ။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လူနည်းစုတိုင်းရင်းသားဖြစ်တဲ့ ကမန်လူမျိုးတွေကို ရိုဟင်ဂျာဘင်္ဂလီတွေ ဇာတ်သွင်းဝါးမြိုတာ မခံရလေအောင် ကာကွယ်ဖို့ ကျွန်တော်တို့ ပြည်ထောင်စုသား အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသားတွေဟာ ကိုယ့်တိုင်းရင်းသားအစစ်အမှန်တွေကို ဘာသာရေး၊လူမျိုးရေးခွဲခြားမှုမရှိဘူး၊ လူ့အခွင့်အရေးချိုးဖောက်မှုမရှိဘူးဆိုတာကို သက်သေပြဖို့ ကမန်တိုင်းရင်းသားတွေဟာ အထင်ရှားဆုံးသက်သေတစ်ခုပါပဲ။ ပြည်ထောင်စုသားအားလုံး ဘာသာလူမျိုးမခွဲခြားပဲ ပြည်ပကနေ ခိုးဝင်လာပြီး ယာရှင်ကိုမျောက်ကနှင်ဖို့ ကြိုးပမ်းနေကြတဲ့ ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီအမျိုးယုတ်တွေကို အတူလက်တွဲဆန့်ကျင်တိုက်ပွဲဝင်ဖို့ အချိန်ရောက်နေပါပြီ။ အဲဒါကြောင့် ကမန်လူမျိုးတွေရဲ့သမိုင်းကို လူအများသိအောင် ၀ိုင်းဝန်းဖော်ထုတ်ပေးဖို့ ခုချိန်မှာလိုအပ်နေပါတယ်။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ ကျွန်တော်တို့အားလုံးဟာ ခေတ်အဆက်ဆက် တစ်သွေးတည်းတစ်သားတည်း အတူနေခဲ့ကြတာပါ။ အားလုံးလက်ခံကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်။

Kaman Muslims(Ethnic)

The real Muslim settlement began only after Min Saw Mun (Man Saw Muan) regained the throne of Arakan with the help of the Sultan of Gaur. There were some Muslim troops in Mrauk U to protect Min Saw Mun (Man Saw Muan) from the Burmese invasion. About two hundred years later, some followers of Mogul Prince Shah Shuja joined the descendants of these soldiers. These groups of mercenaries were Afghans and Moguls. They were called "Kamans", meaning archers in Persian language. Their descendants still live in the Rakhine State, particularly in Akyab (Sittwe) District and Rambree Island. Now they are assimilated into the Arakanese society. Only in religion and complexion do they differ from the Arakanese (Rakhaing), they know the Arakanese language, literature and Buddhist traditions very well. Most of them have Burmese/Arakanese names. They rarely used their Muslim names.
                                                           ငချွန်းယေ(၂၁.၂.၂၀၁၂)



0 comments:

Post a Comment