ပေါက်ကရ လေးဆယ်

Subscribe:

Monday, April 16, 2012

နွားကျောင်းသားတို့ အိမ်ပြန်ချိန်

 
ပုဇွန်ဆီ
ရောင်နီအိုကလွှမ်း
နေရီရီ ဆည်းဆာသန်းတော့
လယ်စခန်းဆီက အပြန်
ဘုတ်မြည်သံ အီချိုနွဲ့
ညှင်းတွဲ့တွဲ့ ချိုးကူဟန်
ဆူဆူညံတဲ့ ခလောက်
ကွင်းတလျှောက်တွင်မှ
ဖုန်ရောင်တွေ ထိန်ထိန်တောက်တဲ့
တဟဲ့ဟဲ့ ငေါက်သံတွေအကြား
နွားကျောင်းသားတို့ အိမ်ပြန်ချိန်။
 
ငချွန်းယေ(၉.၄.၂၀၁၂)

1 comment:

  1. ကွင်းရဲ.အနောက် ပုဇွန်ဆီရောင်တောက်ချိန်
    ရွာအ၀င်တမာပင်ရပ်ဆီက
    ဖိုးတုတ်တို. ဖော်တစ်သင်း
    မောင်းရင်းနဲ.၀င်

    ဝေမင်း :P

    ReplyDelete