ပေါက်ကရ လေးဆယ်

Subscribe:

Monday, April 16, 2012

ကျန်စစ်ပြောင်....:p

ကျန်စစ်ပြောင်..:p

အများသူငါ လှောင်ပြောင်ရယ်မောကြပေမယ့်
ပြောင့်သဘော ဖြူဖြူစင်းရယ်က
ငြူစူကင်းလို့ အမျက်ဖြေ
နိုင်ကျဉ်းလွတ်လို့  သက်သေပြု
ဇေယျတုရယ်နဲ့ 
မင်္ဂလာပေါင်းစုံစုလို့ ကွယ်

ဘုစုခရုရယ်ပါမကျန်
ရယ်သံမောသံ ဆူညံညံနဲ့ 
မြန်မာပြည် တာရှည်ငြိမ်းရအောင်ပ
ပြောင်စွမ်းဆောင် လုံ့ လပြုခဲ့တယ်
ဤလူ့ ဘောင်ခေတ်အပြောင်းတွင်လ
ဗုံမောင်းသံ အပျော်ညံအောင်လို့ ကွယ်
ပြောင်ရယ်....

ဒီတောင်ကို ပြောင်တကယ်ကျော်ခဲ့ပြီပေါ့.....ဟီးဟီး
                                                                      ငချွန်းယေ(၁၃.၁.၂၀၁၂..သောကြာနေ့  ညနေ ၆နာရီ ၃၀)

Myanmar Nationalist ၀ိုင်းတော်သားအချို့  လွတ်ငြိမ်းချမ်းသာခွင့်အပြီး အဆိုပါအချိန်မတိုင်မှီကာလက မိမိရေးသားခဲ့သော နိုင်ငံတော်သမ္မတနှင့် မင်းကျန်စစ်သို့ တမ်းချင်း ကဗျာအတွက် ပြန်လည်တောင်းပန်ရန် မကျေမနပ် ၀ိုင်းဝန်းတောင်းဆိုနေကြသဖြင့် အားလုံးပျော်ရွှင်ကြည်နူးခဲ့ကြသည့် လွန်ခဲ့သော သောကြာနေ့ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနေ့ အစိုးရရုံးပိတ်ရက် ဖြစ်ပေါ်ရေးနှိုးဆော်စာlink တွင် Status အဖြစ် စပ်ဆိုခဲ့သည့် အထက်ပါ ကဗျာအား ပြန်လည်တင်ဆက်လိုက်ပါသည်။ အားလုံးမေတ္တာကျဲ၍ ၀ိုင်းဆဲနိုင်ကြပါစေ...ဟီးဟီး

0 comments:

Post a Comment